7daydaily
Monday, August 18, 2014
မလေးရှားရှိ မြန်မာနိုင်ငံသား ၇၅ ဦးကိစ္စ သံတမန်နည်းဖြင့် ညှိနေဟု မြန်မာသံရုံးပြော
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ လေဆိပ်တွင် မြန်မာနိုင်ငံသား ၇၅ ဦးဖမ်းဆီးထိန်းသိမ်းခံရခြင်းနှ င့် ပတ်သက်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးက ကြေညာချက်တစ်စောင် ယနေု့ထုတ်ပြန်လိုက်သည်။မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး ၅၂ ဦးအား ထောင်ဒဏ်ချမှတ်လိုက်ခြင်းကြောင့်  ပြစ်ဒဏ်ကို သက်ညှာစွာ စဉ်းစားပေးရန်နှင့် ကျန်အပြစ်မဲ့ထိန်းသိမ်းခံထားရသော
သူများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရန်အတွက် မလေးရှားနိုင်ငံ
မြန်မာသံရုံးက သံတမန်နည်းလမ်းအရ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။မလေးရှားနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိ၏ နိုင်ငံကူးလက်မှတ်တွင်ပါရှိသည့် ပြည်ဝင်ခွင့်(ဗီဇာ)အပါအ၀င် အခြားအချက်အလက်များကို ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်သင့်ကြောင်း မလေးရှားနိုင်ငံမြန်မာသံရုံးက နှိုးဆော်ထားသည်။
7daydaily
7daydaily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment