
တောင်ကိုရီးယားနာမည် ကျော် သရုပ်ဆောင်မင်းသား ကွမ်ဆန်းဝူသည် ၎င်း၏ဇနီး သရုပ်ဆောင်မင်းသမီးဆန်းထယ် ယောင်း အတွက် မွေးနေ့ ဂုဏ်ပြု တေးသီချင်း သီဆိုပေးခဲ့သည်။
ကွမ်ဆန်းဝူတို့ ဇနီးမောင်နှံ သည် ဆန်းထယ်ဟောင်း၏ အစ် မဖြစ်သူ ဇနီးမောင်နှံနှင့်အတူ မွေးနေ့ပါတီပွဲ ကျင်းပခဲ့ခြင်းဖြစ် သည်။
ကွမ်ဆန်ဝူးသည် သီချင်းဆို ပြီးနောက်တွင် ဇနီးဖြစ်သူအား Happy Birthday ဟု ပြောကြား ခဲ့ပြီး စတိတ်စင်ပေါ်မှ ဆင်း၍ ဇနီးဖြစ်သူအား နမ်းခဲ့သည်ဟု Han Cinema ဖျော်ဖြေရေးသ တင်းက ဖော်ပြသည်။
သြဂုတ် ၁၉ ရက်တွင် အသက် (၃၄) နှစ်ပြည့်သော ဆန်းထယ်ယောင်းသည် လာမည့် ဖေ ဖော်ဝါရီလတွင် ကွမ်ဆန်းဝူ၏ ဒုတိယမြောက် ရင်သွေးကို မွေး ဖွားပေးမည်ဖြစ်သည်။ ကွမ်ဆန်း ၀ူတို့ စုံတွဲ၌ သားယောက်ျားလေး တစ်ဦးထွန်းကားထားပြီး ဒုတိယ မြောက်ကလေးမှာ သမီး မိန်းက လေးဖြစ်သည်ဟု သိရသည်။
ကွမ်ဆန်းဝူသည် လက်ရှိ တွင် Temptation အမည်ရ အ ချစ်ဇာတ်လမ်းတွဲ၌ ကေဒရာမာ စတား ချွဲဂျီဝူနှင့် ပူးတွဲသရုပ် ဆောင်လျက်ရှိသည်။
Ref: Han Cinema
7Day DAILY
7Day DAILY
No comments:
Post a Comment