
သီတဂူဆရာတော်၏ တရားပွဲသို့ ကျောင်းသား၊ ကျောင်းသူ ထောင်နှင့်ချီ၍ လာရောက် တရားနာယူခဲ့ပြီး တက္ကသိုလ် ဓမ္မာရုံအတွင်း နေရာ မလောက်ငသောကြောင့် ဓမ္မာရုံအပြင်ရှိ မြက်ခင်းပြင်တွင် တရားနာယူခဲ့ရကြောင်း တက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောဆိုသည်။
“တရားပွဲကို ကျောင်းသားတွေ ဦးဆောင်ပြီး ကျင်းပတာပါ။ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေက ပံ့ပိုးပေးရုံပဲ လုပ်ခဲ့ရတယ်” ဟု မုံရွာတက္ကသိုလ်မှ အမည်မဖော်လိုသည့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဌာနမှူးတစ်ဦးက ဆိုသည်။
တက္ကသိုလ်နယ်မြေအတွင်း သြဂုတ်လအတွင်းမှ စတင်၍ တရားပွဲများကို မုံရွာတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းက ဦးဆောင်ကျင်းပခဲ့ရာ သြဂုတ်လ ၅ ရက် နေ့တွင် အရှင်ဆေကိန္ဒ တရားဟောပြော ခဲ့ပြီးနောက် ယခု သီတဂူဆရာတော်က ဟောပြောခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment