မြန်မာသမ္မတဦးသိန်းစိန်နှင့် ကနေဒါဝန်ကြီး
ကနေဒါနိုင်ငံ၏ အထူးဦးစားပေး ကူညီမည့် နိုင်ငံ ပေါင်း ၂၀ စာရင်းတွင် မြန်မာ နိုင်ငံကို ထည့်သွင်းထားပြီး ရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ တွင် အကူအညီပေးလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ်က ပြောကြားသည်။
သမ္မတနှင့် ကနေဒါဝန်ကြီး တို့တွေ့ဆုံမှုတွင် မြန်မာ−ကနေဒါ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် မြန်မာတွင် လူထုအခြေပြုအဖွဲ့ အစည်းများ တိုးတက်ရန်နှင့် ငြိမ်း ချမ်းရေးဖြစ်စဉ်များ တိုးတက်စေ ရေးအတွက် ကနေဒါက ပါဝင်ကူ ညီရန် ကမ်းလှမ်းခဲ့ကြောင်း ၎င်း က ပြောသည်။
ထို့အပြင် ရှည်လျားသည့် နယ်စပ်လမ်းကြောင်းကို ပိုင်ဆိုင် ထားသည့် ကနေဒါအနေဖြင့် နယ်စပ်လုံခြုံရေးနှင့် ကာကွယ်ထိန်းသိမ်းရေးနှင့် ပတ်သက် ၍ မြန်မာနိုင်ငံကို နည်းပညာအကူအညီများ ပေးအပ်မည်ဖြစ်သည်။
‘‘ကနေဒါမှာလည်း ရှည် လျားတဲ့နယ်နိမိတ် ရှိတယ်။ နယ် စပ်ဒေသကို ထိန်းကျောင်းတဲ့အ ခါ သူတို့မှာ အတွေ့အကြုံရှိတဲ့ အတွက် အခုမြန်မာ လ၀က နဲ့ ပူး ပေါင်းပြီး နည်းပညာအကူအညီ ပေးရေးတွေ စနေပါပြီ။ ဒီအစီ အစဉ်က နယ်စပ်ဒေသအားလုံး နဲ့ ဆိုင်ပါတယ်’’ ဟု ဦးရဲထွဋ် က ပြောသည်။
ယင်းအပြင် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် လူကုန်ကူးမှုဖြစ်စဉ် များတွင် နှစ်နိုင်ငံပူးပေါင်းမည်ဖြစ် ပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ ကမ်းရိုးတန်း တစ်လျှောက် နယ် နိမိတ်ထိန်းသိမ်းကိုင်တွယ်ရေး ကိစ္စများ အကူအညီပေးမည်ဖြစ် ကြောင်း တွေ့ဆုံပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲ ၌ ပြောကြားသည်။
7Day Daily
No comments:
Post a Comment