
ဩဂုတ်(၁၁)ရက်တွင် မာလီကီက “ဒီနေ့ ကျွန်တော့်အနေနဲ့ ပြည်ထောင်စုတရားရုံးမှာ သမ္မတနဲ့ ပတ်သက်ပြီး ကနဦးအဆင့် အရေးဆိုတိုင်ကြားမှု တစ်ရပ်ကို တင်သွင်းပါမယ်”ဟု မာလီကီက ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည်။ ၎င်းက အီရတ်တွင် မကြာသေးမီက သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံထားရသည့် ကားဒစ်ရှ် စစ်မှုထမ်းဟောင်း မာဆွမ်သည် မိမိကို ဝန်ကြီးချုပ်ရာထူးတွင် ခန့်အပ်ရန် မဖြစ်မနေ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး သမ္မတ အနေဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို နှစ်ကြိမ်မျှ ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲထားသည်။
မာလီကီ၏ ညွန့်ပေါင်းအစိုးရသည် ဧပြီလ ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံး ရရှိခဲ့သော်လည်း လွှတ်တော်က မာလီကီကို ဝန်ကြီးချုပ်အဖြစ် တတိယသက်တမ်း တာဝန်ယူရေးအတွက် ခွင့်ပြုရန် ငြင်းဆိုထားသည်။ ယင်းအခြေအနေတွင် သမ္မတ မာဆွမ်က ကြားဝင်ဖြေရှင်းရန် လက်ရှောင်နေခဲ့သည်။ မာဆွမ်နှင့် မာလစ်ခ်တို့သည် ဝန်ကြီးချုပ်နေရာ အမည်တင်သွင်းရေးအတွက် ဆွေးနွေးနေမှုသည် သတ်မှတ်ရက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
မာလီကီ၏ ရုပ်မြင်သံကြား ကြေညာချက် ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ၎င်းကို သစ္စာခံသည့် ရှီးယား လက်နက်ကိုင် တပ်ဖွဲ့များသည် ဘဂ္ဂဒက်ရှိ အချက်အခြာကျသော နေရာများတွင် ဖြန့်ကျက် နေရာယူထားလိုက်သည်။ သို့သော်လည်း ဘဂ္ဂဒက်တွင် ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေ တစ်စုံတစ်ရာ မရှိသေးကြောင်း သိရှိရသည်။
_Ref:BBC
No comments:
Post a Comment