
ဘာလော့တယ်လီသည် ကြာသပတေးနေ့မှာ မီလန်တွင်၎င်း၏နောက်ဆုံးနေ့ဖြစ်လာနိုင်သည်ဟုစကိုင်းအီတာလီယာသို့ ထုတ်ပြောထားသည်။ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးအတွက်ပရီးမီးယားလိဂ်သို့ ဒုတိယအကြိမ်ပြန်လာခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကမှမန်စီးတီးအသင်းကို စွန့်ခွာခဲ့သူဖြစ်သည်။
ဘာလော့တယ်လီ၏ကစားသမားဘ၀တစ်လျှောက်အငြင်းပွားဖွယ် ဖြစ်ရပ် များဖန်တီခဲ့ရာတွင်ပရီးမီးယားလိဂ် နေ့ရက်များက အဆိုးဆုံးဖြစ်သည်။
ဘာလော့တယ်လီ၏အေးဂျင့် ရိုင်ယိုလာသည် အပြောင်းအရွှေ့ကိစ္စဆွေးနွေးရန်ဗုဒ္ဓဟူးနေ့တွင် အင်္ဂလန်သို့ရောက်လာခဲ့သည်။ မန်စီးတီးတွင်ပွဲ ၈၀ ကစားပြီး ဂိုး၃၀ သွင်းခဲ့သော ဘာလော့တယ်လီသည် စီးရီးအေတွင်လည်း ၅၄ ပွဲ၌ ဂိုး ၃၀သွင်းနိုင်ခဲ့သည်။
၎င်းသည် နိုင်ငံနှစ်နိုင်ငံမှ လိဂ်နှစ်ခုတွင်ကစားပြီးချန်ပီယံလိဂ်၊ အက်ဖ်အေ၊ ပရီးမီးယားလိဂ်နှင့် ကိုပါအီတာလီယာဖလား ရရှိထားသည်။
Mizzima
No comments:
Post a Comment