ဖြစ်စဉ်မှာ မေ ၂၂ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် သရုပ်ဆောင်ဘုဏ်းသိုက်သည် ယာဉ်မရပ်ရန် သတ်မှတ်ထားသော နေရာတွင် ၎င်း၏ကားကို ရပ်နားထားသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကရိန်းဖြင့်ဆွဲကာ အရေးယူခြင်းကို မချေမငံပြောဆိုကာ ကားကိုပြန်လည်ရယူပြီ မောင်းနှင်ထွက်သွားသဖြင့် ပုဇွန်တောင်ယာဉ်ထိန်းရဲတပ်ဖွဲ့မ
“တရားရုံးမှာ လက်ခံစစ်ဆေးဖို့အတွက် ဒီနေ့ပဲ အမှုဖွင့်လိုက်ပါတယ်။ ရုံးချိန်းကိုတော့ ညှိနှိုင်းပြီး ချိန်းဆိုစစ်ဆေးသွားမည်” ဟု ပုဇွန်တောင်မြို့နယ်၊ တရားသူကြီး ဦးနေအောင်မြင်က ပြောသည်။
အဆိုပါကားကို ယာဉ်မရပ်ရန် သတ်မှတ်ထားသည့်နေရာဖြစ်သည့် ဗိုလ်တထောင်ဘုရားလမ်းပေါ်တွင် ရပ်နားထားခဲ့သဖြင့် ဖမ်းဆီးရေးဆောင်ရွက်နေသည့်အဖွဲ့
ထိုသို့ ၅၂လမ်းရုံး၌ ၄င်းပိုင်မော်တော်ယာဉ်အား ထိန်းသိမ်းထားစဉ် သရုပ်ဆောင်ဘုဏ်းသိုက်ရောက်ရှိလာ
“ဖမ်းဆီးထိန်းသိမ်းထားတဲ့ကားကို
ထိုသို့ဆောင်ရွက်ခဲ့သည့်အတွက် ပုဇွန်တောင်မြို့မရဲစခန်းမှ (ပ) ၁၁၄/၂၀၁၄ ဖြင့်၊ ပြစ်မှုပုဒ်မ ၃၅၃ ဖြင့် ဇွန်လ ၂ ရက်နေ့တွင် အမှုဖွင့်ပြီး ပုဇွန်တောင်မြို့နယ် တရားရုံးက သြဂုတ် ၈ ရက်တွင် လက်ခံစစ်ဆေးသွားမည်ဖြစ်သည်။
“အမှုနဲ့ပတ်သက်ပြီး လောလောဆယ်တော့ ပြောစရာမရှိပါဘူး။ ရှေ့နေငှားပြီးတော့ အမှန်တရား ပေါ်ပေါက်အောင် ဆောင်ရွက် သွားမယ်” ဟု ဘုဏ်းသိုက်၏ဇနီး အဆိုတော် ချမ်းချမ်းက ပြောသည်။
ယာဉ်မရပ်ရနေရာများတွင် ရပ်နားသည့်ယာဉ်များကို ကရိန်းဖြင့် ဆွဲသည့်စနစ် စတင်ခဲ့သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ၂၀၁၄ သြဂုတ်လဆန်းပိုင်းအထိ ပုဇွန်တောင်မြို့နယ်တွင် ယာဉ်အစီးရေ ၅၅၁ စီး အရေးယူနိုင်ခဲ့ကြောင်း သိရှိရသည်။
Shwe Myitmakha Media Group
No comments:
Post a Comment