ခေါင်းကိုက်ခြင်းကို ဆေးသောက်စရာမလိုဘဲ သက်သာစေမည့် လွယ်ကူ ရိုးရှင်းသော နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။ သွေးကြောများ ရောင်ရမ်းမှုကို လျှော့ချပေးသည့် ကဖိန်းဓာတ်က ခေါင်းကိုက်မှုကြိမ်နှုန်းနှင့် ပြင်းထန်မှုနှစ်မျိုးလုံးကို လျော့ကျစေနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ ကဖိန်းတစ်မျိုးတည်းသောက်သုံးနို
အိပ်ရေးမ၀ခြင်း၊ စိုးရိမ်စိတ်၊ စိတ်ဖိစီးမှုစသော အကြောင်းအရာများကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းနှင့် ခေါင်းနှင့် လည်ပင်းထဲရှိ သွေးကြောများ ကျုံ့ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းကို အကိုက်အခဲပျောက်ဆေးမလိုဘဲ ကုသရန်မှာ မျက်နှာသုတ်ပ၀ါတစ်ထည်ကို ရေနွေးထဲတွင် ထည့်စိမ်ကာ အရည်ညှစ်ပြီး ခေါက်၍ နဖူး (သို့မဟုတ်) လည်ပင်းနောက်နားတွင်ကပ်ထားပါက တောင့်တင်းနေသော ကြွက်သားများကို ပြေလျော့သွားစေနိုင်သည်။
ဦးခေါင်းတစ်နေရာတွင် သွေးကြောများ ကျုံ့ခြင်း၊ ကျယ်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ဦးခေ
မျက်ခုံးနှစ်ခုကြား အပေါ်နေရာများကို လက်ခလယ်သုံး၍ နှိပ်နယ်ပါ။ ခေါင်းကိုက်သက်သာစေရန် နှစ်မိနစ်မှ သုံးမိနစ်အထိ နာရီ လက်တံအတိုင်း နှိပ်နယ်ပါ။
သွေးကြောဆိုင်ရာခေါင်းကိုက်ဝေဒန
ချင်းစိမ်းရေနွေးကြမ်းကို ခေါင်းတစ်ခြမ်းကိုက် ရောဂါအတွက် သောက်သုံးသင့်သည်။ ရေနွေးကြမ်းသုံးခွက်စာ ပမာဏတွင် လတ်လတ်ဆတ်ဆတ်ထုချေထားသော ချင်းစိမ်းလက်ဖက်ရည်ဇွန်း နှစ် ဇွန်းစာထည့်ပြီး လေးမိနစ်မှ ငါးမိနစ်အထိ စိမ်ထားကာ ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းအောင် သောက်သုံးနိုင်သည်။
ခေါင်းကို တစ်ခုခုဖြင့် စည်းနှောင်ထားခြင်းဖြင့်လည်း ဦးခေါင်းသို့ သွေးပို့လွှတ်ခြင်းလျော့ကျကာ ခေါင်းကိုက်ဝေဒနာကို မိနစ်အနည်းငယ်အတွင်း သက်သာစေနိုင်သည်။
7Day Daily
No comments:
Post a Comment