မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ ပီကင်းကို ပျံသန်းရင်း အခုထိ အစရှာလို့မရပဲ ပျောက်ဆုံးနေခဲ့တဲ့ MH 370 ဘိုရင်း ဂျက်လေယာဉ်ဖြစ်စဉ်အပြီး မကြာသေးခင်ကပဲ ယူကရိန်းနိုင်ငံအရှေ့ဘက်မှာ ရုရှားလိုလားသူ ယူကရိန်း ခွဲထွက်ရေးသမား စစ်သွေးကြွတွေက မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခဲ့လို့ ပျက်ကျခဲ့ရပါ တယ်။ ဒါကြောင့် လေယာဉ်စီးခရီးသည်တွေအနေနဲ့ မလေးရှားလေကြောင်းလိုင်းအပေါ် ယုံကြည်မှုတွေကျ ဆင်း လာ ခဲ့ပါတယ်။ အခုတော့ မလေးရှားအစိုးရအနေနဲ့ MAS ကို ရာနှုန်းပြည့် နိုင်ငံပိုင်လေကြောင်းလိုင်းအဖြစ်ပြောင်းလဲပြီး ခရီးသည်တွေရဲ့ ယုံကြည်မှုကို ရရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

ဧရာဝတီ BLOG
No comments:
Post a Comment