
အဆိုးရွားဆုံးသော စံချိန်များနှင့် အဆင့်ခုနစ်နေရာသာရပြီး ယခုနှစ်ရာသီတွင် ဥရောပပြိုင်ပွဲပင် ၀င်ပြိုင်ခွင့်မရခဲ့ပေ။
သို့သော် ယခုနှစ်ဘောလုံးရာသီတွင် ၀ါရင့်နယ်သာလန်နည်းပြကြီးလူးဝစ္စဗန်ဟားကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး နောက် လု့ခ်ရှောနှင့် ဟာရီယာတို့ကိုဝယ်ယူခဲ့ပြီး အပြောင်းအရွှေ့စရိတ် ပေါင် သန်း ၂၀၀ အထိ အသုံးပြုခွင့်ရထား ၍ သြဂုတ် ၃၁ ရက် အပြောင်းအရွှေ့ဈေးကွက်မပိတ်မီတွင်ထိပ်တန်းကစားသမားသစ်များ ထပ်မံခေါ်ယူဦးမည်ဖြစ်ရာ မန်ယူပရိသတ်များက ယခုနှစ်ရာသီတွင် မန်ယူအသင်းချန်ပီယံပြန်ဖြစ်မည်ဟု ယုံကြည်မျှော်လင့်နေကြသည်။
ထိုအထဲတွင် မန်ယူပရိသတ် ပိုလန်သူ အမျိုးသမီးအတွင်းခံကြော်ငြာ မော်ဒယ်လ် မိုနီကာပီရက်စင်စကာလည်း ပါဝင်သည်။၎င်းမှာ မန်ယူအမာခံပရိသတ်ဖြစ် ပြီး သူမအကြိုက်ဆုံး ဘောလုံးသမားမှာ ရွန်နီဟု ဖွင့်ဟခဲ့သည်။ ယခု ၂၀၁၄-၂၀၁၅ ဘောလုံးရာသီတွင် မန်ယူပရီးမီးယားလိဂ်ချန်ပီယံဆု ဖလားရရှိပါက ရာနှုန်းပြည့် အ၀တ်အစားမပါသော သူမ၏ခန္ဓာကိုယ် ပကတိအလှအား ဖော်ချွတ် ပြသသွားမည်ဟုလည်း မိုနီကာက ကတိပြုကြွေးကြော်ခဲ့သည်။
စံတော်ချိန်
shwemyanmarmediagroup
No comments:
Post a Comment