
ပြည်တွင်းစစ်များ၊ တစ်ဖက်နှင့်တစ်ဖက် အမြင်လွဲမှားမှု များကလူထု၏ ငြိမ်းချမ်းခြင်းကို ပျက်ပြားစေခဲ့သဖြင့် မြန်မာ နိုင်ငံတွင် တရားဝင် တည်ဆောက်ထားသောပါတီအများစု၏ အဓိကဦးတည်ချက်ဆောင်ပုဒ်များမှာ ပြည်တွင်းငြိမ်းချမ်းရေး ပင်ဖြစ်နေကြောင်း အဆိုပါ ဖိုရမ်သို့ တက်ရောက်ခဲ့သော လူငယ်များက ဆိုသည်။
အဆိုပါ ဖိုရမ်အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ မြေယာစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင် ထွဋ်၊တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှတာဝန်ရှိသူများ၊လုပ်ငန်း ရှင်များ၊မြို့မိမြို့ဖ များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းဒေသ ကြီးအတွင်းရှိ ပါတီစုံမှတာဝန်ရှိသူများ စုစုပေါင်း (၆၀၄)ဦး တက်ရောက်ခဲ့သည်ဟု သိရှိရသည်။
ပြီးခဲ့သောလများအတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး ပြည်သူလူထုထံမှ လက်မှတ်(၅)သန်း ၀န်းကျင်ထောက်ပံ့မှုရရှိထားသောအမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှလည်း အခြေခံဥပဒေကို ပြင်ဆင်နိုင်ခဲ့ပါက ငြိမ်းချမ်း ရေးနှင့်ဖက်ဒရယ်အရေးပုဒ်မများကို ဦးစားပေးပြင် ဆင်သွား မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
Hot News Journal
No comments:
Post a Comment