
ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍“ဒီကြားဖြတ်ရွေးကောက်ပွဲကို ဘာကြောင့် လုပ်ရတာလဲ။ အထွေထွေရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ မလိုအပ်ဘဲ လုပ်တာဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်မှ ဆိုသည်။ ထို့နောက်
ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ခံကိုယ်စားလှယ်လူငယ်များကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပြီး လက်ရှိ ဒီချုပ် လူငယ်များ ဗဟုသုတ လိုက်စားမှုနည်းပါးနေမှုကို အားမရစသဖြင့် နိုင်ငံရေးစာအုပ်များ၊ ပါတီသမိုင်းနှင့် မူဝါဒလုပ်ငန်းများ ဖတ်ခိုင်းရန်လိုသည် ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် ၆ လ အကြာ မတ်လ ၃၁ ရက်က ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီမှ နေရာအပြည့် ဝင်ပြိုင်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက "ကျွန်တော်တို့ ဒီနေ့ CEC အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်ပြောနိုင် တာကတော့ အခုပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာအားလုံး ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုတာပါပဲ။ အဲဒီကိစ္စကို ဒီနေ့ဆုံးဖြတ်ခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်းတွေတော့ မရွေးချယ်ရသေးပါဘူး" ဟု ပြောကြား ခဲ့သည်။
သြဂုတ်လ ၄ ရက်နေ့ အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဦးဥာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်း၊ ဦးဟံသာမြင့် အပါအဝင် အဖွဲ့ဝင် ၁၂ ဦး တက်ရောက်ခဲ့ပြီး ၄၃၆ လက်မှတ်ကောက်ခံရရှိမှုကို အဓိကဆွေးနွေး ခဲ့ကာ ဒုတိယအဆင့်အနေဖြင့် PR ကန့်ကွက်ရေး လှုပ်ရှားမှုများဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်များကို ဇွန်လိုင်လ ၁၉ ရက်နေ့ နောက်ဆုံးထား ကောက်ယူခဲ့ရာ ယခုအခါ ရက်သတ္တပတ် ၂ ပတ်ကြာသည်အထိ လက်မှတ်အရေအတွက် စာရင်းအတိအကျ ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။ ဒီချုပ်ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်းနှင့် နီးစပ်သည့် မြစ်မခမီဒီယာတွင် မဲလက်မှတ်အရေအတွက်မှာ ၁ ဒဿမ ၇ သန်းသာ ရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
Eleven Media Group
No comments:
Post a Comment