
ထို့အပြင်ကျန်စွပ်စွဲခံထားရ သူနှစ်ဦးမှာ မိုင်းထောင်သည့်ကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိ ကြောင်း ဖြေကြားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်း ခရိုင်တရားရုံးတွင် ၁၀ လကျော် ကြာစစ်ဆေးလျက်ရှိပြီး လာမည့် သြဂုတ် ၂၇ ရက်၌ အဆိုပါစွပ် စွဲခံထားသူ စောမြင့်လွင်(ခ) မော ထ၊ ဦးမြဖူးနှင့် ဇော်လတ်မောင် တို့ကို တရားခွင်တွင်စတင် စစ်ဆေးမည်ဖြစ်သည်။
ထို့ကြောင့်စွပ်စွဲခံထားသူ ဘက်မှ တရားခံပြသက်သေများ ကို သြဂုတ် ၁၄ ရက်တွင် တောင်း ခံခဲ့ပြီး စောမြင့်လွင်အတွက် ဖြောင့်ချက်ပေးမည့် တရားခံပြ သက်သေမရှိခဲ့ပေ။ ထို့အပြင် လက်ရှိ၎င်းတို့သုံးဦးကို ပေါက်ကွဲ စေတတ်သော ပုဒ်မ-၃ ဖြင့် တရားစွဲဆိုထားလျက်ရှိပြီး ပြစ်မှုကျူး လွန်ထင်ရှားပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ် နိုင်သည့်အတွက် ဇော်လတ်မောင် နှင့် မြဖူးတို့က ယင်းပုဒ်မမှာ ပြင်း ထန်၍ ပုဒ်မပြင်ဆင်ပေးရန် ရန် ကုန်တိုင်းတရားလွှတ်တော်ရုံးသို့ တင်သွင်းထားကြောင်း သတင်းရရှိသည်။
Western Park စားသောက် ဆိုင်တွင် ၂၀၁၃ ခုနှစ်ကဖြစ်ပွားခဲ့ သော ဗုံးပေါက်ကွဲမှုနှင့် ပတ် သက်၍ စွပ်စွဲခံထားရသူ စောမြင့် လွင်(ခ) မောထက တရားရုံး၌ ဖြောင့်ချက်ပေးခဲ့သည်။
ဗုံးဖောက်ခွဲမှုအတွက် စွပ်စွဲခံရသူများကို ရုံးထုတ်ခဲ့စဉ် (ဓာတ်ပုံ - နစ်ကီ)
7Day Daily
No comments:
Post a Comment