ရီးယဲမက်ဒရစ် ကွင်းလယ်တောင်ပံ ကစားသမား အိန်ဂျယ် ဒီမာရီယာအတွက် အသင်းမှ ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ဖွယ်ရှိကြောင်း မန်ချက်စတာယူနိုက်တက် မန်နေဂျာ လူုးဝစ်ဗန်ဂါးလ်က အရိပ်အမြွက် ပြောကြားလိုက်သည်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူပြီးနောက် ရီးယဲမက်ဒရစ်က ရောင်းချရန် စီစဉ်ထားသည့် ဒီမာရီယာသည် ပီအက်စ်ဂျီနှင့် သတင်းများ ထွက်ပေါ် ခဲ့သော် လည်း ကစားသမား၏ ပြောင်းရွှေ့ကြေး ကြီးမြင့်မှုကြောင့် ၎င်းကိုခေါ်ယူရန် ပြင်သစ်ချန်ပီယံအသင်းက လက်လျှော့သွားခဲ့သည်။
ထို့နောက်တွင် အသင်း၏ ကွင်းလယ်တောင်ပံ ကစားသမား နေရာအတွက် အသင်းက ဒီမာရီယာကို ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ဖွယ်ရှိကြောင်း ဗန်ဂါးလ်က အရိပ်အမြွက် ဆိုခဲ့သည်။
“အခုအချိန်မှာ အသင်းမှာ နံပါတ် ၉ ကစားသမား ၅ ယောက်ရှိပြီး နံပါတ် ၁၀ ကစားသမား ၄ ယောက်ရှိပါတယ်။ အသင်းရဲ့ တိုက်စစ်ကို ပုံဖော်ပေးမယ့် တောင်ပံ ကစားသမားတွေ မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့မှာ ရော်နယ်ဒိုနဲ့ ဒီမာရီယာတို့ကို တောင်ပံ ကစားသမားတွေ မရှိဘူးလို့ ပြောလို့ရပါတယ်။ ကျွန်တော့်အနေနဲ့ ဝယ်ဖို့လိုအပ်တယ်လို့ထင်တဲ့ နေရာအတွက် ဝယ်ယူမှုတွေ ပြုလုပ်သွားမှာပါ" ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
မန်ချက်စတာယူနိုက်တက်သည် ဘယ်နောက်ခံလူ လုခ်ရှောနှင့် ကွင်းလယ် ကစားသမား အန်ဒါဟာရဲရားတို့ကို အိုးထရတ်ဖို့ဒ်သို့ ခေါ်ယူ ထားခဲ့သော်လည်း ဗန်ဂါးလ်အနေဖြင့် အင်အားဖြည့်တင်းမှုများ ဆက်လက်ပြုလုပ်လိုလျက်ရှိသည်။
နယ်သာလန် လက်ရွေးစင် ကစားသမားနှင့် အေဂျက်ဇ် ကစားသမားဖြစ်သူ ဒါလေဘလိုင်းသည် ဗန်ဂါးလ်၏ ခံစစ်ပိုင်း ဖြည့်တင်းမည့် ပစ်မှတ်စာရင်းတွင် ပါဝင်နေပြီး မိမိအနေဖြင့် ဒတ်ခ်ျကစားသမားများကို ခေါ်ယူရာ၌ မည်သည့် ပြဿနာမျှ မရှိကြောင်း အသက် ၆၃ နှစ်အရွယ် မန်နေဂျာက ဆိုခဲ့သည်။
“ကျွန်တော်လိုချင်တဲ့ အဆင့်တစ်ခုမှာရှိတဲ့ ဒတ်ခ်ျကစားသမားတွေကို ကျွန်တော် ခေါ်ယူသွားမှာပါ။ လူမျိုးရေးက ကျွန်တော် စိုးရိမ်ပူပန်တဲ့ အကြောင်းအရင်းတစ်ရပ် မဟုတ်ပါဘူး။ ဒါပေမဲ့ ဒတ်ခ်ျ ကစားသမားတွေဟာ အခြားနိုင်ငံသား ကစားသမားတွေ ထက် ဈေးသက်သာ ပါတယ်။ နောက်ပြီး သူတို့ဟာ အင်္ဂလိပ် ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားနိုင်သူတွေပါ" ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
Ref: Goal
Soccer Myanmar
No comments:
Post a Comment