ဂါဇာကမ်းမြှောင်ဒေသအနီး တပ်စွဲထားသည့် အစ္စရေးတင့်ကားများ Photo - BBC
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း မိမိတို့၏ တပ်မှူးသုံးဦး သေဆုံး သွားမှုအတွက် လက်တုံ့ပြန်မည်ဟု ဟားမားစ်တို့က ခြိမ်းခြောက် လိုက်သည်။
“ကျုပ်တို့ရဲ့ ခုခံတိုက်ခိုက်မှု အောင်လံကို အကျဆုံးခံမှာ မဟုတ်ဘူးလို့ ကတိပေး တယ်။ ခေါင်းဆောင်သုံးဦးဟာ ညီအစ်ကိုတော်တွေနဲ့အတူ သူတို့ရဲ့သွေးကို ဂါဇာပြည်သူတွေအတွက် စတေးခံခဲ့တယ်။ ခေါင်းဆောင်တွေကို သတ်ပစ်ရုံနဲ့ ကျုပ်တို့ရဲ့ ခွန်အားကို ယုတ်လျော့သွားအောင် မလုပ်နိုင်ဘူး”ဟု သတင်းဌာန များထံသို့ အယ်လ်ကွာဆမ် အဖွဲ့က အီးမေးလ် ပေးပို့ခဲ့သည်။
ထို့အပြင် “ကျုပ်တို့ခေါင်းဆောင်တွေ သေဆုံးသွားခြင်းဟာ ကျုပ်တို့ကို ပိုပြီး ခွန်အားတိုးပွားလာစေတယ်။ ရန်သူတွေဟာ ဒီရာဇဝတ်မှု အပါ အဝင် ကျုပ်တို့ပြည်သူတွေကို ဖိစီးခြိမ်းခြောက်ခဲ့သမျှ လုပ်ရပ်အားလုံးအတွက် အရမ်းကြီးမားတဲ့ တန်ဖိုးမျိုး ပေးဆပ်ရစေမယ်”ဟုလည်း အစ္စရေးကို ရည်ရွယ်ကာ ခြိမ်းခြောက်ထားခဲ့ကြောင်း သိရသည်။
အယ်လ်ကွာဆမ် တပ်ဖွဲ့က ရာဖာရှိ နေအိမ်တစ်လုံး ဗုံးကြဲခံရမှုတွင် တပ်မှူး အဆင့် ရှိ မိုဟာမက် အဘူရှာမယ်လာ၊ ရေ့ဒ်အယ်လ်အတ္တာနှင့် မိုဟာမက် ဘာဟွမ်းတို့ သေဆုံးခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။ ဩဂုတ်(၂၁)ရက် ဗုံးကြဲမှုတွင် အရပ်သားများ အပါအဝင် ပါလက်စတိုင်း (၂၇)ဦး သေဆုံးပြီး (၂၅)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။
Ref: Xinhua
7Day DAILY
No comments:
Post a Comment