
ထိုတရားရုံးက ၄င်းတို့၏အယူ ခံကို သြဂုတ် ၇ရက်တွင်ပယ်ချခဲ့ သည်။ ''ရာဇဝတ်အဖွဲ့အစည်းနဲ့ မာ ဖီးယားစတိုင်လ်အဖွဲ့အစည်းတွေ ဦး ဆောင်မှုတွေကြောင့် လူသတ်သမား လူဟန်နဲ့ လူဝေကို ပြင်းထန်တဲ့ပြစ် ဒဏ်တွေ ချမှတ်သင့်ပါတယ်''ဟု တရားရုံးက ပြောခဲ့သည်။
တရားရုံးက လူဟန်နှင့် လူဝေ တို့အား သေဒဏ်ချမှတ်မှုကို ထောက် ခံကြောင်း ပြောကြားခဲ့သည်။ လူ ဟန်သည် တရုတ်နိုင်ငံ စီချွမ်ပြည် နယ် အနောက်တောင်ပိုင်းအခြေစိုက် ဟန်လောင်ကုမ္ပဏီကို ဦးဆောင်သူ ဖြစ်ပြီး တစ်ခါက သြစတြေးလျလုပ် ငန်းတစ်ခုအတွက် ဒေါ်လာ တစ် သန်း ခန့်အသုံးပြုခဲ့သည်။
စီချွမ်ပြည်နယ်သည် တစ်ခါက တရုတ်နိုင်ငံ၏ လုံခြုံရေးအကြီးအကဲ အဖြစ် အာဏာရှိခဲ့သော ရှုယောင် ကန်၏ အခြေချရာနေရာတစ်ခုဖြစ် သည်။
သို့သော်လည်း ၄င်း၏အဂတိ လိုက်စားမှုကြောင့် စုံစမ်းစစ်ဆေးခံ နေရကြောင်း သိရသည်။ လူဟန် သည် ရှု၏သားဟု ယုံကြည်ရသော စီးပွားရေးသမားတစ်ဦးနှင့်ဆက် သွယ်နေကြောင်း စီးပွားရေးမဂ္ဂဇင်း Caixin တွင်ဖော်ပြထားသည်။ အဂတိ လိုက်စားမှုကြောင့် စုံစမ်းစစ်ဆေး ခံရသော ပထမဆုံးကွန်မြူနစ်ပါတီ ထိပ်တန်းအဖွဲ့ဝင်ဖြစ်လာခဲ့သည်။
Yangon Media Group
No comments:
Post a Comment