မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ကာ Singapore Management Universtiy မှကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံမှ ပညာရှင်များတွေ့ဆုံပြီး လူရွယ်ခေါင်းဆောင်မှု စွမ်းရည်သင်တန်းများ ပို့ချရေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲဟာ ပညာရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ နယ်ပယ်အသီးသီးမှာ လူရွယ်ခေါင်းဆောင်တွေ မွေးထုတ်ပေးဖို့ ပါဝင်ခွင့်ရတယ်လို့ ဦးမောင်မောင်စိုးတင့်က ဒီဆွေးနွေးပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ လူရွယ်ခေါင်းဆောင်မှု စွမ်းရည်သင်တန်းများ ပို့ချရေးဆွေးနွေး ပွဲကို မြန်မာနိုင်ငံ ကဏ္ဍအသီးသီးက ပညာရှင် ၁၅ ဦးခန့် တက်ရောက်ခဲ့ပါတယ်။ Singapore Management University ဟာအာဆီယံနိုင်ငံတွေမှာရှိတဲ့ လူငယ်တွေအတွက် ခေါင်းဆောင်မှုဆိုင်ရာစွမ်း ဆောင်ရွည်မြှင့်တင်ပေးမှုကို အဓိကဆောင်ရွက်ပေးနေတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။
MRTV-4
No comments:
Post a Comment