မြန်မာပြည်ချန်ပီယံ လက်ဝှေ့စိန်ခေါ်ပွဲအတွက် ကျပ်တစ်သိန်းတန် လက်မှတ်များရောင်းမည်
သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ သြဂုတ်လ ၁၇ ရက်နေ့တွင် ကျင်းပမည့်
မြန်မာပြည်ချန်ပီယံ လက်ဝှေ့စိန်ခေါ်ပွဲအတွက် ကျပ်တစ်သိန်းတန် လက်မှတ်များ ရောင်းချပေးမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးအောင်နိုင်မိုးက ပြောကြားသည်။
အဆိုပါ အထူးလက်မှတ်တစ်စောင်လျှင် သုံးဦးကြည့်ရှုနိုင်မည် ဖြစ်သောကြောင့်
လက်မှတ် ၁၆ စောင်သာ ရောင်းချမည် ဖြစ်ကြောင်း၊ ယင်းလက်မှတ်
ဝယ်ယူထားသူများသည် အရေးကြီး ပုဂ္ဂိုလ်များ ခုံတန်းနှင့်
လက်ဝှေ့ကြိုးဝိုင်းစင်ကြားရှိ စာပွဲဝိုင်းတွင်ထိုင်၍ ပြိုင်ပွဲကို
ကြည့်ရှုနိုင်ရန် စီစဉ်ထားသည်ဟု ၎င်းက ပြောဆိုသည်။
“အဲဒီလက်မှတ်ဝယ်ယူထားသူတွေ အနေနဲ့ စားပွဲဝိုင်းတစ်ခုမှာ
သုံးဦးထိုင်ကြည့်နိုင်ပါတယ်။ စနိုးတာဝါ၊ ရေသန့်၊ အာလူးကြော်၊ နေကြာစေ့
အစရှိတဲ့ စားသောက်ဖွယ်ရာတွေ ပြင်ဆင်ပေး ထားမယ်” ဟု ဦးအောင်နိုင်မိုးက
ရှင်းပြသည်။
ယင်းလက်ဝှေ့ပွဲကို အစောဆုံးလာရောက်သည့်
ရိုးရိုးတန်းလက်မှတ် ဝယ်ယူထားသည့် ပရိသတ် ၄၀၀ နှင့် အထူးတန်းလက်မှတ်
ဝယ်ယူထားသည့် ပရိသတ် ၂၀၀ ကို မြန်မာပြည် ချန်ပီယံလုပွဲ၌ ထိုးသတ်မည့်
တူးတူးနှင့် စောငမန်းတို့၏ ပုံများပါသည့် တီရှပ်များကို လက်ဆောင်ပေးမည်
ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦး ဖြစ်သည့် ဦးစိုးသန်းဝင်းက ပြောကြားသည်။
မြန်မာပြည် ချန်ပီယံလုပွဲအတွက် အထူးတန်းလက်မှတ် တစ်စောင်လျှင် ကျပ် ၂၀,၀၀၀၊
ပထမတန်းလက်မှတ် တစ်မှတ်တစ်စောင်လျင် ကျပ် ၁၅,၀၀၀ နှင့် ရိုးရိုးတန်း
လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀၀ သတ်မှတ်ထားကြောင်း T&T
ရိုးရာလက်ဝှေ့ကလပ် တည်ထောင်ထားသည့် ၎င်းကပြောဆိုသည်။ လက်ရှိ
မြန်မာပြည်ချန်ပီယံ စောငမန်း၏ ထိုးသတ်ကြေးမှာ ကျပ် သိန်း ၅၀ ဖြစ်ပြီး ၎င်းကို
စိန်ခေါ်ထိုးသတ်သည့် တူးတူး၏ ထိုးသတ်ကြေးမှာ ကျပ်သိန်း ၄၀ ဖြစ်သည်။
သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ၌ သြဂုတ်လ ၁၇ ရက်နေ့တွင် မြန်မာပြည်
ချန်ပီယံစိန်ခေါ်ပွဲအဖြစ် တူးတူး (နဂါးမာန်) က စောငမန်း (ရွှေဖူး) ကို
စိန်ခေါ် ထိုးသတ်မည်ဖြစ်ပြီး သရုပ်ပြတွဲဆိုင်းအဖြစ် ဝါရင့်ရိုးရာ
လက်ဝှေ့ကစားသမားဟောင်း ရွှေဝါထွန်း (ရွှေသောင်းရင်း) နှင့် လုံးချော(သတ္တိ)၊
စောရွှေကျော် (ရွှေဖူး) နှင့် စောလယ်ပွယ်ထူး (T&T)၊ သားအသဲတစ်ပွင့်
(စွမ်းကေကေ) နှင့်အားမာန် (T&T)၊ ဖိုးလပြည့် (ရွှေဖူး) နှင့် စောအယ်လေး
(ထော့မဲပါ)၊ ကျားပေါက် (ရွှေသောင်းရင်း) နှင့် ရဲတံခွန် (အလင်းရောင်)၊
ရဲရင့်အောင် (နဂါးမာန်) နှင့် စောဂပရေမှူး (ထော့မဲပါ)၊ ထွန်းထွန်း (ဝါဆို)
နှင့် စောဂေါ်မူတို (သတ္တိ) တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်သည်။ The Voice
No comments:
Post a Comment