
ဂျီဟတ်ဝါဒီ ISIS အဖွဲ့သည် အီရတ်၏ ဒုတိယမြို့တော် မိုဆူးလ် (Mosul) ၏ အနောက်မြောက်ပိုင်းရှိ ဇူးမား (Zumar) ဒေသအား စနေနေ့ က စတင်တိုက်ခိုက် ခဲ့ကြရာ၊ နှစ်လနီးပါး ကြာလာပြီဖြစ်သော တိုက်ပွဲများတွင် ကာ့ဒ်တပ်ဖွဲ့များလည်း ပိုမိုနက်ရှိုင်းစွာ ပါဝင်လာခဲ့သည်။
ထို့ပြင် ထိုနေရာ အနီးအနားရှိ ဆီးရီးယား နယ်ခြား ဒေသတစ်ခုတွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲ တစ်ခုတွင်လည်း နောက်ထပ် ပက်ရှ်မာဂါ တပ်သား နှစ်ဦး သေဆုံး သွား ခဲ့သည်ဟု ဆိုသည်။ ပက်ရှ်မာဂါ တပ်သားများ အနေဖြင့် ISIS တပ်သား ၁၀၀ ဝန်းကျင်ခန့်ကို တိုက်ပွဲ အတွင်း သတ်ဖြတ် နိုင်ခဲ့ကြောင်းနှင့် ၃၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မျိုးချစ် ကာ့ဒစ်စတန် အစည်းအရုံးမှ အရာရှိက ဆိုသည်။
ပက်ရှ်မာဂါ တပ်ဖွဲ့သည် ဂျီဟတ်ဝါဒီ ISIS အဖွဲ့ကို တွန်းလှန်တိုက်ခိုက်ခဲ့သော်လည်း တနင်္ဂနွေနေ့တွင် ဆုတ်ခွာခဲ့ရာ ISIS အနေဖြင့် Ain Zalah နှင့် Batma ရေနံမြေ နှစ်ခုအပါအဝင် ထိုဒေသတစ်ဝိုက်ကို သိမ်းယူသွားနိုင်ခဲ့ကြကြောင်း ပက်ရှ်မာဂါ အရာရှိများက ဆိုခဲ့ကြသည်။
mizzimaburmese
No comments:
Post a Comment