Tuesday, September 23, 2014

ဖက်ဒရယ်နှင့်ပတ်သက်၍ တပ်မတော်ထိပ်ပိုင်း မကျေလည်၊ ဆွေးနွေးပွဲ ပထမနေ့ သဘောတူညီချက်မရသေး

တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး တတိယမူကြမ်းအ တွက် ဆွေးနွေးပွဲပထမနေ့တွင် ဖက်ဒရယ်နှင့်ပတ်သက်၍ တပ်မ တော် ထိပ်ပိုင်းမှ မကျေလည်မှု များရှိနေပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စ ရပ်များကိုလည်း ဆွေးနွေးမှု မပြု လုပ်နိုင်သေးကြောင်း သတင်းရရှိ သည်။
‘‘အရင်တစ်ပတ်တုန်းကပေါ့ နော်။ ဖက်ဒရယ်ကိစ္စတွေ ချမှတ် သွားတဲ့အပေါ်မှာ အထက်ပိုင်း တပ်ဘက်ဆိုင်ရာက သိပ်မကျေ လည်ဘူး’’ ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြော ကြားသည်။

တိုင်းရင်းသားများ အဓိကတောင်းဆိုခဲ့သော ဖက်ဒရယ် မူကို အစိုးရဘက်မှ လက်ခံခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များအရ ဆောင်ရွက်သွားရန် ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် NCCT တို့ကြား ငါးကြိမ် မြောက်တရားဝင်ဆွေးနွေးပွဲဖြစ် သော သြဂုတ်လ ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
 နိုင်ဟံသာက   ပြီးခဲ့သည့် ရက်ပိုင်းတွင် UNFC ကို ဝေဖန်ပြောဆိုမှုများ ရှိခဲ့ပြီး ယင်းအတွက်ကြောင့်ပင် အခြေအနေမှာ ကောင်းမွန်သည့် အနေအထား မဟုတ်သေးကြောင်း ဆက်လက် ပြောကြားသည်။
ထို့အပြင် ယခု ဆွေးနွေးပွဲ တွင် အဓိကညှိနှိုင်းရမည့် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များကိုလည်း အ စိုးရဘက်မှ လက်မခံသေးသော ကြောင့် မဆွေးနွေးနိုင်သေးကြောင်း နိုင်ဟံသာက ဆိုသည်။
‘‘သူတို့ဘက်က တင်ပြတာ က ဒါတွေကို နောက်မှ ထားပါ။ ဒါတွေကို အခုကတည်းက ထည့် ဆွေးနွေးနေရင် ဒါတွေနဲ့ တစ်ဆို့ ပြီးတော့မှ တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး နှောင့်နှေးသွားနိုင် တယ်ဆိုတဲ့ သဘောပေါ့။ အဲဒီလို တင်ပြတာရှိတယ်’’ ဟု ဆိုသည်။
စက်တင်ဘာ ၂၂ မှ ၂၆ ရက်အထိ ကျင်းပမည့် အပစ်ရပ်ဆွေး နွေးပွဲ ပထမရက်တွင် သဘောတူညီမှု ရရှိခဲ့သည့် အချက်မရှိ ကြောင်းလည်း သတင်းရရှိသည်။
‘‘အချက်က အနည်းငယ်ပဲ ကျန်တဲ့အတွက် အကျေအလည် ဆွေးနွေးရမယ့် သဘောရှိပါတယ်’’ ဟု မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တစ်ခုတည်းသော သဘောတူညီချက်စာချုပ် (မူကြမ်း)တွင် နှစ်ဖက်ညှိနှိုင်းရန် ကျန်ရှိနေသော အချက်များမှာ ကြားကာလတပ်များ ရပ်တည်ခြင်း၊ အဓမ္မလူသစ်စုဆောင်းခြင်း (အပစ်ရပ်စဲထားချိန်)၊ နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်မည့် ပုံစံ၊ ပါဝင်လက်မှတ်ရေးထိုးသူများ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းခြင်းတို့ဖြစ်သည်။
တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ မပြေလည်သေးပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် မလွယ်ကူသေး ကြောင်း နိုင်ဟံသာက ဆက်လက် ပြောသည်။
UPWC နှင့် NCCT တို့၏ (၆)ကြိမ်မြောက် တရားဝင်ဆွေးနွေး ပွဲသို့ UPWC ဒုဥက္ကဋ္ဌ ဦးအောင် မင်း၊ ဦးသိန်းဇော်၊ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီးများ တက် ရောက်ခဲ့ပြီး NCCT မှ အဖွဲ့ခေါင်း ဆောင် နိုင်ဟံသာ ဦးဆောင်တက်ရောက်ခဲ့သည်။

7 Day Daily

No comments:

Post a Comment