Sunday, September 14, 2014

မောင်တောခရိုင်အတွင်း အခြေခံပညာကျောင်းများတွင် လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် လှုံ့ဆော်မှုဖြစ်ပေါ်နေ၍ ဆရာ၊ ဆရာမများ စိုးရိမ်


Photo: မောင်တောခရိုင်အတွင်း အခြေခံပညာကျောင်းများတွင် လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် လှုံ့ဆော်မှုဖြစ်ပေါ်နေ၍ ဆရာ၊ ဆရာမများ စိုးရိမ်

Published on: September 13, 2014

မောင်တောမြို့နယ်အတွင်း ကျောင်းဆရာမအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ဘင်္ဂါလီကျေးရွာအနီးတွင် တွေ့ရစဉ်
မောင်တောခရိုင်အတွင်းရှိ ကျေးရွာအချို့နှင့် အခြေခံပညာကျောင်းများတွင် လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်စေနိုင်သော လှုံ့ဆော်မှုဖြစ်ပေါ်နေ၍ ဆရာ၊ ဆရာမများ စိုးရိမ်နေကြောင်း သိရသည်။

စက်တင်ဘာ ၁ဝ ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာ မူလတန်းလွန်ကျောင်းမှ စားပွဲခုံတွင် ရခိုင်ပြည်သည် ရိုဟင်ဂျာပြည်ဖြစ်သည်ဟု စာတန်းတစ်ခုရေးသား ထားသည်ကို တွေ့ရှိခဲ့ရပြီး အောက်တိုဘာ ၂၅ ရက်ကလည်း ဘူးသီးတောင်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဘင်္ဂါလီကျောင်းသားများက နိုင်ငံတော်သီချင်းကို စာသားများပြောင်းလဲသီဆိုခြင်း ရှိခဲ့ကြောင်းနှင့် စက်တင်ဘာ ၂ ရက်က ဘူးသီးတောင်မြို့နယ် သရက္ကင်းမနူး ကျေးရွာအုပ်စု ကြက်မောက်တောင်(သစ်) အမကကျောင်းတွင် ကျောင်းအုပ်ရုံးခန်းကို ချိုးဖျက်ဝင်ရောက်ပြီး ရုံးသုံးစာရွက် စာတမ်းများကို ဖျက်ဆီးခြင်း၊ နိုင်ငံတော်အလံကို မဖွယ်မရာ ပြုလုပ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အရေးယူခဲ့ရကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်းမှ ကျောင်းအုပ်တစ်ဦးက “အခု စက်တင်ဘာ ၆ ရက်က ပညာရေးမှူးရုံးကနေ လုံခြုံရေးသတိထားဖို့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။ လက်ထောက် ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေကိုလည်း ထပ်ဆင့်အသိပေးထားဖို့ ညွှန်ကြားထားပါတယ်။ ဆရာ၊ ဆရာမတွေ အသွားအပြန် ကျောင်းတက်နေရတဲ့လမ်းတွေ၊ ရွာတွေဆိုတာ အားလုံးဘင်္ဂါလီ ရွာတွေချည်းပဲ” ဟု ပြောကြားသည်။

လက်ရှိတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအနေဖြင့် ဘင်္ဂါလီကျေးရွာများရှိ ကျောင်းများသို့သွားရန် စိုးရိမ်နေကြပြီး အုပ်စုဖွဲ့ သွားလာနေရကြောင်း၊ သို့ရာတွင် ဆရာ၊ ဆရာမများအား သက်ဆိုင်ရာမှ လုံခြုံရေးချမပေးဘဲ ကျောင်းတက်ရန် အခက်အခဲရှိ၊ အန္တရာယ်ရှိသည့် ဆရာ၊ ဆရာမများကိုသာ ကျောင်းပျက်သည်ဟု ပြစ်တင်အရေးယူမှုများ ရှိကြောင်း ဆရာတစ်ဦးက ဆိုသည်။ 
 မောင်တောခရိုင်အတွင်းရှိ ကျေးရွာအချို့နှင့် အခြေခံပညာကျောင်းများတွင် လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်စေနိုင်သော လှုံ့ဆော်မှုဖြစ်ပေါ်နေ၍ ဆရာ၊ ဆရာမများ စိုးရိမ်နေကြောင်း သိရသည်။

စက်တင်ဘာ ၁ဝ ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာ
မူလတန်းလွန်ကျောင်းမှ စားပွဲခုံတွင် ရခိုင်ပြည်သည် ရိုဟင်ဂျာပြည်ဖြစ်သည်ဟု စာတန်းတစ်ခုရေးသား ထားသည်ကို တွေ့ရှိခဲ့ရပြီး အောက်တိုဘာ ၂၅ ရက်ကလည်း ဘူးသီးတောင်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဘင်္ဂါလီကျောင်းသားများက နိုင်ငံတော်သီချင်းကို စာသားများပြောင်းလဲသီဆိုခြင်း ရှိခဲ့ကြောင်းနှင့် စက်တင်ဘာ ၂ ရက်က ဘူးသီးတောင်မြို့နယ် သရက္ကင်းမနူး ကျေးရွာအုပ်စု ကြက်မောက်တောင်(သစ်) အမကကျောင်းတွင် ကျောင်းအုပ်ရုံးခန်းကို ချိုးဖျက်ဝင်ရောက်ပြီး ရုံးသုံးစာရွက် စာတမ်းများကို ဖျက်ဆီးခြင်း၊ နိုင်ငံတော်အလံကို မဖွယ်မရာ ပြုလုပ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အရေးယူခဲ့ရကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်းမှ ကျောင်းအုပ်တစ်ဦးက “အခု စက်တင်ဘာ ၆ ရက်က ပညာရေးမှူးရုံးကနေ လုံခြုံရေးသတိထားဖို့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။ လက်ထောက် ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေကိုလည်း ထပ်ဆင့်အသိပေးထားဖို့ ညွှန်ကြားထားပါတယ်။ ဆရာ၊ ဆရာမတွေ အသွားအပြန် ကျောင်းတက်နေရတဲ့လမ်းတွေ၊ ရွာတွေဆိုတာ အားလုံးဘင်္ဂါလီ ရွာတွေချည်းပဲ” ဟု ပြောကြားသည်။

လက်ရှိတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအနေဖြင့် ဘင်္ဂါလီကျေးရွာများရှိ ကျောင်းများသို့သွားရန် စိုးရိမ်နေကြပြီး အုပ်စုဖွဲ့ သွားလာနေရကြောင်း၊ သို့ရာတွင် ဆရာ၊ ဆရာမများအား သက်ဆိုင်ရာမှ လုံခြုံရေးချမပေးဘဲ ကျောင်းတက်ရန် အခက်အခဲရှိ၊ အန္တရာယ်ရှိသည့် ဆရာ၊ ဆရာမများ ကိုသာ ကျောင်းပျက်သည်ဟု ပြစ်တင်အရေးယူမှုများ ရှိကြောင်း ဆရာတစ်ဦးက ဆိုသည်။


ပြည်မြန်မာ
မောင်တောမြို့နယ်အတွင်း ကျောင်းဆရာမအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ဘင်္ဂါလီကျေးရွာအနီးတွင် တွေ့ရစဉ်

No comments:

Post a Comment