ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် နိုင်ငံသား စိစစ်ထားမှု ခံယူခဲ့သည့်
ဘင်္ဂါလီများအနက် နိုင်ငံသားဖြစ်ခွင့် ရသူများ ကျမ်းသိစ္စာ ကျိန်ဆိုပွဲကို
မြေပုံဒေသခံများက ဆန္ဒပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း မြို့မိမြို့ဖ
တစ်ဦးဖြစ်သူ ဦးမောင်ရေချမ်းက ပြောကြားသည်။
အဆိုပါ ကျမ်းသိစ္စာ ကျိန်ဆိုပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း တက်ရောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ ကျမ်းသိစ္စာ ကျိန်ဆိုပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း တက်ရောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
၁၉၈၂ ခုနှစ် နိုင်ငံသားစိစစ်မှုအရ ဘင်္ဂါလီ ၁၀၉၄ ဦးအနက် နိုင်ငံသားဖြစ်ခွင့်ရသူ ၄၀ ဦး၊ နိုင်ငံသားပြုခွင့်ရသူ ၁၆၉ ဦး ရှိပြီး ၎င်းတို့အနက် အချို့မှာ အထောက်အထား မပြည့်စုံသူများ ပါဝင်ခြင်း၊ စစ်ဆေးမှု ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဦးမောင်ရေချမ်းက ဆိုသည်။
“တစ်မြို့လုံး အိမ်တံခါးပိတ်ပြီး ဆန္ဒပြမယ်။ အိမ်ရှေ့မှာ ဆိုင်းဘုတ် ထောင်တဲ့သူလည်း ထောင်မယ်” ဟု နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ ဆန္ဒပြမည့် အစီအစဉ်ကို ၎င်းက ပြောဆိုသည်။
နိုင်ငံသားပြုခွင့်ရသူ ၁၆၉ ဦး အနက် ၉၀ ဦးမှာ မိဘအမည်သာ သိရှိပြီး မိဘမှတ်ပုံတင် မပါသူ၊ အဘိုးအဘွား အမည်မသိသူ၊ တိုင်းရင်းသား ဘာသာစကား မပြောဆိုတတ်သူများ ပါဝင်နေကြောင်း နိုင်ငံသားစိစစ်မှု မြို့နယ်အဆင့် စိစစ်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်သူ ဦးမောင်ရေချမ်းက ရှင်းပြသည်။
မြို့နယ်အဆင့် စိစစ်ခဲ့စဉ်က တင်ပြခဲ့သည့် ပမာဏထက် ဗဟိုအဆင့် ဆုံးဖြတ်ရာတွင် နိုင်ငံသားပြုခွင့်ရသူ ပမာဏမှာ ပိုများနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
နိုင်ငံသားဖြစ်ခွင့် ရသူနှင့် နိုင်ငံသားပြုခွင့် ရရှိသူများ ကိစ္စကို စက်တင်ဘာလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြေပုံမြို့ခံများကို ရှင်းပြခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယင်းအစည်းအဝေးတွင် နိုင်ငံသားပြုခွင့်ရသူ စာရင်းကို ပြသခဲ့သော်လည်း နိုင်ငံသားဖြစ်ခွင့် ရသူများကို ပြသခြင်း မရှိခဲ့သဖြင့် နိုင်ငံသားဖြစ်ခွင့် ရသူများတွင် အထောက်အထား ပြည့်စုံ မပြည်စုံကိုမူ ပြောဆို၍ မရသေးကြောင်း ဦးမောင်ရေချမ်းက ဆိုသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကမူ အဆိုပါ ဘင်္ဂါလီများကို စိစစ်ရာတွင် မြို့နယ်၊ ပြည်နယ်၊ ဗဟိုအဆင့်ဆင့် စိစစ်ကာ ခွင့်ပြုခြင်း ဖြစ်ကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် မီဒီယာများကို ပြောဆိုသည်။
မိဘအုပ်ထိန်းသူများ နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားပြုခွင့် ရသဖြင့် သားသမီးများမှာ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့် ရရှိမည်ဖြစ်ရာ အသက် ၁၈ နှစ် အထက် ၃၈၃ ဦး၊ ၁၈ နှစ်အောက် ၂၈၂ ဦးလည်း ယင်းအခွင့်အရေးကို ရရှိမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
The Voice Weekly
No comments:
Post a Comment