
“ဒီနယ်မြေက ပအို့ဝ်အသွင်ပြောင်းပြည့်သူ့စစ်အဖွဲ့တွေ လှုပ်ရှားနေတဲ့နေ မြေပါ၊ ရွက်ဆစ်အဖွဲ့ တွေဝင် လာတော့ နှစ်ဖက်ပြဿနာဖြစ်တာပေါ့၊ တိုက်ပွဲတွေဖြစ်မှာကိုပဲ စိုးရိမ်တယ်” ဟု ဒေသခံ ပအို့ဝ် တိုင်းရင်းသား တစ်ဦးက ပြောသည်။ မိုင်းပွန်တိုက်နယ်၊ နမ့်ထဗိုကျေးရွာအုပ်စု၊ လုံထွေကျေးရွာအနီး တစ်ဝိုက်သို့ RCSS/SSA အဖွဲ့ဝင်များ ၀င်ရောက်လာမှုကြောင့် နယ်မြေခံ ပြည်သူ့ စစ်အဖွဲ့(PNO) နှင့် ထိပ်တိုက်တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း နယ်မြေခံတပ်ရင်းမှ အရာရှိတစ်ဦးက ပြောသည်။
PNO အဖွဲ့သည် ဟိုပုံးမြို့နယ်အတွင်းရှိ ထန်စမ်းဂူနှင့် ကျောင်းထိုင်ဆရာ တော် ဟိုပုံးကိုရင်လေး၏ သာသနာပြုနယ်မြေအား လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိရာ ဟိုပုံး၊ မိုင်းပွန်၊ ပင်လုံ၊ လွိုင်လင်စသည့် ဆက်စပ်နယ်မြေများ၌လည်း လှုပ်ရှားသွားလာလျက်ရှိကြောင်း သိရသည်။ RCSS/SSA အဖွဲ့မှ PNLO/PNLA နယ်မြေအား ၀င်ရောက်ကျူးကျော်မှုကြောင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သလို PNO လှုပ်ရှားရာနယ်မြေတွင်းသို့လည်း ၀င်ရောက်လာပြီး ရန်စနှောင့်ယှက်မှုများ ကြောင့် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရှိရသည်။
ခွန်သာထွန်း
No comments:
Post a Comment