အီဘိုလာကို ခြောက်လမှ ကိုးလအတွင်း ထိန်းချုပ်မည်ဟု WHO ထုတ်ပြန်
ကမ္ဘာကိုစိန်ခေါ်လျက် ရှိသည့် အီဘိုလာကူးစက်မြန် ရောဂါအား ခြောက်လမှ ကိုးလ
အတွင်း ထိန်းချုပ်နိုင်ရန် စီစဉ် လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့(WHO)က သတင်းထုတ်ပြန်သည်။ အီဘိုလာရောဂါသည် အ နောက်အာဖရိက
နိုင်ငံများ၌ ၁၉၇၆ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး ယင်းနှစ်၌
ဖြစ်ပွားသူဦးရေမှာ ၃၁၈ ဦးသာရှိခဲ့ရာမှ ယခု ၂၀၁၄ ခုနှစ်တွင်မူ ၃၀၆၉ ဦးရှိသည်။ ထို့အပြင်သေဆုံးမှုမှာလည်း သြဂုတ် ၂၉ရက်အထိ ၁၅၅၂ ဦးရှိနေပြီဖြစ်သည်။ ထို့ကြောင့် လိုအပ်သော ဆေးဝါးပစ္စည်း၊ ကျန်းမာရေးဝန် ထမ်းများနှင့် ဆရာဝန်များထောက်ပံ့ခြင်းတို့ဖြင့် ယင်းရောဂါကိုခြောက်လမှ ကိုးလအတွင်း အပြီးသတ်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
သြဂုတ် ၈ ရက်က အီဘိုလာ ရောဂါသည် ကမ္ဘာလုံးဆိုင်ရာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ကြုံတွေ့နေရပြီဖြစ်ကြောင်းနှင့် ဖြစ်ပွားခဲ့မှုသမိုင်း၌လည်း နှစ်ပေါင်းလေးဆယ်အတွင်း အဆိုးဆုံးအခြေအနေဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကြေညာခဲ့သည်။
‘‘ဒါတောင်ဇာစ်မြစ်က တော ထဲလာတာဆိုတော့ သိတာထက် ကို လေးဆပိုဆိုးနိုင်တယ်။
ရောဂါဖြစ်ပွားတဲ့ ပမာဏထက် အများ ကြီးပိုဆိုးမယ်။ ဒါတွေကို ထိန်း ချုပ်ဖို့က
ကြီးကြီးကျယ်ကျယ်လုပ်မှသာရမှာပါ’’ဟု ယင်းရောဂါ အကြောင်းလေ့လာပြုစုနေသူ ဆေးသိပံ္ပဦးစီးဌာန၊ အဏုဇီဝဗေဒဌာနမှ အငြိမ်းစားဌာနမှူးပါမောက္ခဒေါ်ကြည်ကြည်သင်းကဆိုသည်။
အီဘိုလာရောဂါအတွက် ယခုအချိန်ထိ ကုသဆေးနှင့် ကာကွယ်ဆေးမှာ မရှိသေးပေ။
သို့သော်မကြာသေးမီက ယင်းရောဂါကုသရန် အမေရိကန်နိုင်ငံမှ Zemapp
ဆေးဝါးကိုစမ်းသပ်ထုတ်လုပ်ခဲ့ပြီး WHO ကလည်း လူနာများကို ဆေးစမ်းသပ်ခွင့်ပြုခဲ့စဉ်လူနာနှစ်ဦး၏ ကျန်းမာရေး အခြေအနေပြန်လည်ကောင်းမွန်ခဲ့သည်ဟု နိုင်ငံတကာသတင်းများ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်းသို့ ရော ဂါပိုးမ၀င်ရောက်စေရန်
အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ သင်္ဘောဆိပ်များနှင့် နယ်စပ်ထွက်ပေါက်များ၌
စောင့်ကြပ်ကြည့်ရှုခြင်း၊ လူနာတွေ့လျှင် ကုသရန်တိုင်းနှင့်
ခရိုင်ဆေးရုံကြီးများကို ပြင်ဆင်ထားပြီး ယင်းလုပ်ငန်းများကို WHO
ညွှန်ကြားချက်အတိုင်းသတ်မှတ် ကာလအထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ကျန်းမာရေးဦးစီးဌာန၊ဗဟိုကူးစက်ရောဂါဌာနမှ တွဲဖက်ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်ကပြောသည်။
လက်ရှိအချိန်တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ယင်းရောဂါ သည် ကမ္ဘာကို
စိန်ခေါ်နေသည့် အပြင်းထန်ဆုံးကပ်ရောဂါတစ်ခု ဖြစ်ပြီး နှစ်ပေါင်းလေးဆယ်အ
တွင်း အဆိုးဆုံးအခြေအနေဖြစ် ခြင်းကြောင့် တိုင်းပြည်အသီးသီး ၌
ကာကွယ်ရေးလုပ်ငန်းများ ပြု လုပ်ထားရမည် အသိပေးကြေညာထားသည်။
7Day Daily
No comments:
Post a Comment