ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ဗြိတိသျှ ခရီးသွားနှစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်အပေါ် ထိုင်းရဲ တပ်ဖွဲ့အနေနဲ့ ခြိမ်းခြောက်အကြပ်ကိုင် အနိုင်အထက်ပြုပြီး အဓမ္မ၀န်ခံခိုင်း ခဲ့တာမျိုး မရှိခဲ့ကြောင်း ထိုင်းရဲချုပ်က မနေ့ကခုခံကာကွယ် ပြောဆို ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံသားနှစ်ယောက်က သူတို့ လူသတ်မှုကျူးလွန် ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ကြသလို၊ အလောင်းတွေ မှာတွေ့ရတဲ့ DNA ခေါ် မျိုးဗီဇတွေနဲ့ သူတို့ရဲ့ မျိုးဗီဇတွေ တူညီနေတာလည်း ငြင်းလို့မရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ထိုင်းအမျိုးသား ရဲချုပ်ဗိုလ်ချုပ်ကြီး ဆွန်ယွတ်က ဒီအမှုမှာပါဝင်ဆောင်ရွက်နေကြတဲ့ ရဲဝန် ထမ်းအားလုံးဟာ သူတို့တာဝန်ကို တကယ်ပဲ ကောင်းကောင်း မွန်မွန် ဆောင်ရွက်ခဲ့ကြတယ်ဆိုတာ အတိအလင်း ပြောချင်တယ်လို့ ပြောကြား ခဲ့ပါတယ်။ ဒါပေမဲ့ဒီအမှုကိုစုံစမ်းဖို့ မြန်မာသံရုံးက တာဝန်ပေးထားတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ ဒီအမှုဟာ ခိုင်မာတဲ့ အချက်တွေပေါ်မှာ အခြေခံ ထားတာ မဟုတ်ဘဲ ဆင်ထားတဲ့အမှုဖြစ်ကြောင်း၊ အမှုတွဲမှာ ဖေါ်ပြထား တာတွေနဲ့ သက်သေအထောက် အထားတွေ ဟာ ကိုက်ညီမှု မရှိကြောင်း ပြောခဲ့ ပါတယ်။
ဒီအမှုကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ တရားရုံးကို တင်မှာဖြစ်ပါတယ်။
RFA Burmese
No comments:
Post a Comment