Wednesday, October 1, 2014

အလုပ်ရမည်ဆိုကာ ရွာသားမျာကိုလိမ်ညာငွေယူ



မော်လမြိုင်မြို့၊  ကျောက်တန်းကျေးရွာ၌ စက်တင်ဘာလ(၂၁) ရက်နေ့ နံနက်(၈)နာရီခန့်တွင်အသက်(၄၀)ကျော်ခန့် လူတစ်ဦး သည် ရွာထဲရှိ
လူ(၈)ဦးအား အလုပ်ပေးမည်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် (၆၀၀၀)ဖြင့် ကျပ် ၄၈၀၀၀ လိမ်လည်ယူဆောင်သွားသည်ဟု သိရှိ ရသည်။
အဆိုပါ လိမ်ညာသူသည် ကျောက်တန်းကျေးရွာဆိုင်ကယ် အငှားဂိတ်၌ မိမိသည် စစ်မှုထမ်းဟောင်း ပြန်တမ်းဝင်အရာရှိတစ်ဦး ဖြစ်ပြီး ယခုအချိန်တွင် ရွှေသံလွင်ကုမ်္ပဏီ၏အလုပ်သမားခေါ်ဆောင် ရေးအဖွဲ့မှ တာဝန်ရှိသူဖြစ်ကြောင်း၊ ကျောက်တန်းကျေးရွာမှ ရွာသား များ အလုပ်အကိုင်လိုပါက ၎င်းနှင့်အတူလိုက်၍ အလုပ်လုပ်နိုင် ကြောင်းနှင့် လိုအပ်သော စာရွက်စာတမ်းများပြု လုပ်ကာ အလုပ်သွင်း ပေးမည်ဟုပြောကြောင်း ရွာသား(၈)ဦးကို ခေါ်ဆောင်လိုက်ပါ ခဲ့သည့် ဦးကံကြည်က ပြောသည်။

““ကျွန်တော့်ကိုကျတော့ ကိုကံကြည် မိတ်္တူဆိုင်ရှာပြီး မိတ်္တူဆွဲ လိုက်၊ သူကဒီနေ့ အစိုးရရုံးပိတ်ရက်ဆိုတော့ အလုပ်သမားမှတ်ပုံတင် ရုံးကစာရေးမကိုသွားခေါ်မယ်။ အပြင်မှာပဲအလုပ်သမားမှတ်တင်လုပ် လိုက်မယ်။ အလုပ်သမားမှတ်ပုံတင်ရှိမှ အလုပ်လုပ်လို့ရတယ်လို့ ပြော ပြီးထွက်သွားတယ်။ ကျွန်တော် မိတ္တူဆွဲပြီး ပြန်လာပြီး မြို့တော်ဦး ကားဂိတ်မှာ (၂)နာရီလောက်စောင့်နေတယ်။ အဲဒီလူပေါ်မလာတော့ ဘူး””ဟု ဦးကံကြည်ကပြောသည်။

ထို့ပြင်ရွာသား(၈)ဦးအား (၁)လ လျှင် လုပ်ခလစာကျပ်(၁၅၀၀၀၀)ရရှိမည်ဖြစ်ပြီး ရက်အပိုကြေး(၁)လ လျှင် ကျပ်(၁၅၀၀၀)၊ တစ်နှစ်ပြည့်ပါက အပိုကြေးကျပ်(၁၅၀၀၀၀) ထပ်ဆောင်းပေးမည့်အပြင် ၀တ်စုံ(၂)စုံနှင့်လုပ်သားကတ်ပြားပါ ပေး မည်ဖြစ်ကြောင်း၊

အလုပ်လုပ်ရမည့်နေရာသည်ကျောက်တန်းကျေးရွာ နားတွင်တည်ရှိသော အသေးစားစက်မှုဇုန်စီမံကိန်း နယ်မြေတွင်ဖြစ်ပြီး  ရွှေသံလွင်ကုမ်္ပဏီမှ လမ်းတံတားပစ္စည်းများအားစောင့်ရသောအလုပ် လုပ်ရမည်ဟု လိမ်လည်သူက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ရွာသား များက မိမိတို့ရွာမှကားငှား၍ လိမ်ညာသူခေါ်ဆောင်ရာသို့ လိုက်ပါ သွားရာ မော်လမြိုင်မြို့ထဲရှိ အလုပ်သမားမှတ်ပုံတင်ရုံး ဟောင်း ရှိရာ မြို့တော်ဦး ကားမှတ်တိုင်အရောက်တွင် ကားထဲမှ ရွာသား ဦးကံကြည် နှင့် လိမ်ညာသူတို့နှစ်ဦးဆင်းခဲ့ကြောင်း၊

ကားပေါ်မှကျန်သောသူများ က မော်လမြိုင်၊ သံလွင်တံတား အောက်ဘက်ရှိ ရွှေသံလွင်ကုမ္ပဏီ  ၌ အလုပ်လုပ်ရန် ပြောဆိုထားပြီးဖြစ်သောကြောင့် ကျန်လုပ်သား (၈)ဦးသည် မော်လမြိုင်တံတားထိပ်သို့ သွားခဲ့သည်ဟု လိုက်ပါခဲ့သူ ဦးသံချောင်းက ပြောသည်။

““ဦးလေးတို့ လိမ်ခံထိသွားပြီ ဒီလိုမျိုး လာမေးတာ လေးငါးခါရှိပြီ။ ဒီမှာအလုပ်သမားခေါ်တာ မရှိဘူး””ဟု ရွှေသံလွင်ကုမ္ပဏီကပြောဆိုသဖြင့် လုပ်သား ၈ဦးလှည့်ပြန်ခဲ့ရသည် ဟုဦးသံချောင်းကပြောသည်။

 အဆိုပါရွာသားများအား အလုပ်အကိုင် ရရှိရန် ပြောဆိုသော ကျောက်တန်းကျေးရွာသည် နိုင်ငံတော်က အသေးစား စက်မှုဇုန်တည်ထောင်ရန်သတ်မှတ်လိုက် သည့်နေရာနှင့် နီးသည့်အတွက် အဆိုပါ စက်မှုဇုန်နေရာတွင် ရွှေသံလွင်ကုမ္ပဏီအပါ အ၀င် အခြားသော ကုမ္ပဏီများလည်း မြေကွက်များ ၀ယ်ယူကာ လုပ်ငန်းများ ဆောင်ရွက်နေသည်ဟုသိရှိရသည်။

 ချိုမာအောင်-မွန်ပြည်နယ်  (မြစ်မခ)
Hot News Journal 

No comments:

Post a Comment