ဒီအမှုတွဲကို ဒီနေ့ မနက်ပိုင်းမှာ သုံးသပ်ပြီးတာနဲ့ ညနေပိုင်း ဒါမှမဟုတ် မနက်ဖြန် မနက်မှာ ကော့စမွီခရိုင်အစိုးရရှေ့နေလက်ထ
ဒါပေမယ့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကတော့ ဒီအမှုတွဲတခုလုံး ပြန်လည်စစ်ဆေးခွင့် ရဖို့ တောင်းဆိုထားတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်
ဒါအပြင် လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရသူ မြန်မာလူငယ် ၃ ဦးနဲ့လည်း ဒီကနေ့မှာ သူတို့ကို ထိန်းသိမ်းထားတဲ့ ကော့ဆမွီခရိုင် တရားရုံးအချုပ်ခန်းမှာ သွားရောက် တွေ့ဆုံခဲ့တယ်လို့ ဦးကျော်သောင်းက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ မိမိနိုင်ငံသား လူငယ်တွေအတွက် တရားမျှတမှု ရရှိစေဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ချုပ်၊ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင
ဒီမတိုင်ခင် အောက်တိုဘာ ၅ ရက် မနေ့က ထိုင်းမြန်မာသံရုံး၊ ရှေ့နေများအဖွဲ့နဲ့ မြန်မာ အလုပ်သမားကူညီရေးအဖွဲ့က ကိုယ်စားလှယ်တွေဟာ အခင်းဖြစ်ပွားရာ ကော့တောင်ကျွန်း ကို သွားရောက်ပြီး အဲဒီက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အလုပ်သမားအားလုံးနီးပါးက တရားခံအစစ်ဟာ အဖမ်းခံထားရတဲ့လူငယ်တွေ မဟုတ်နိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။
ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိတဲ့ ထိုင်းလူမျိုးအသိုင်းအ၀ိုင်းတွေ
ထိုင်းရဲတပ်ဖွဲ့ ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာမှာ မေးမြန်းချက်တွေမှာတော့ “သေဆုံးသူရဲ့ တယ်လီဖုန်းကို တရားခံမြန်မာအလုပ်သမားက ခိုးယူပြီး အိမ်နောက်ဖေးမှာ ပစ်ထားတယ်လို့ ရဲတွေက ပြောခဲ့ပေမယ့် သေဆုံးသူရဲ့ သူငယ်ချင်းက ဖုန်းကို ရဲလက်ထဲ အပ်ထားပြီးကြောင်း ဓာတ်ပုံတွေ့ရတဲ့အပေါ် မေးမြန်းထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ တရားခံက ခိုးသွားတဲ့ဖုန်းဟာ သေဆုံးသူ အမျိုးသမီးဖြစ်တဲ့ ဟန်နာရဲ့ ဖုန်း မဟုတ်ဘဲ ဒေးဗစ်ဆိုတဲ့ သေဆုံးသူအမျိုးသားရဲ့ ဖုန်းလို့ ပြန်ဖြေဆိုပါတယ်။
စီစီကင်မရာမှာ တွေ့ရတဲ့ လူငယ်ရဲ့ ဆံပင်ပုံစံက ဖြောင့်ပြီး မြန်မာအလုပ်သမားရဲ့ ဆံပင်က တွန့်နေတဲ့မေးခွန်းမှာလည်း ရဲတပ်ဖွဲ့က တဦးတည်းဖြစ်ကြောင့် ဆံပင်ပုံစံဟာ နေ့စဉ် ဖြီးသင်တဲ့ပေါ် မူတည်ပြောင်းလဲတတ်ကြောင်း ဖြေကြားပါတယ်။
ဗြိတိန်လူငယ် ၂ ဦးဟာ ပေါက်တူးပေါက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပေမယ့် ဓာတ်ပုံတွေမှာ ဓားလို ချွန်ထက်တဲ့ ဒဏ်ရာတွေနဲ့ တွေ့ရကြောင်း မေးခွန်းပေါ်မှာတော့ ဒဏ်ရာက ပေါက်တူးရဲ့ အစွန်းပိုင်းခုတ်ခံရတာ ဖြစ်ကြောင်း၊ အမျိုးသမီးအလောင်းကတော့ မြင်မကောင်းအောင်ကွဲနေလို့ ထုတ်ဖော်ပြသခြင်းမရှိကြောင်း၊ ဒါပေမယ့် သူတို့ဆီမှာ ဓာတ်ပုံအထောက်အထား သိမ်းထားကြောင်း ပြန်ဖြေပါတယ်။
အလုပ်သမားတွေကို ပထမအကြိမ် ဒီအန်အေစစ်ဆေးစဉ်က သေဆုံးသူနဲ့ တူသူ မရှိကြောင်း ပြောပြီး ဒုတိယအကြိမ် ပြန်ဖမ်းပြီးမှ တူညီကြောင်းပြောဆိုတဲ့ မေးခွန်းမှာတော့ ကော့တောင်ကျွန်းမှာ မှတ်ပုံတင်းထားတဲ့ အလုပ်သမား ၄ ထောင်ကျော်ရှိပြီး မှတ်ပုံမတင်ရသေးသူ ၃ ထောင်ကျော် ရှိကြောင်း၊ သူတို့မှာ အထောက်အထား မရှိတဲ့အတွက် တခါတည်းအပြီး မစစ်နိုင်ဘူးလို့ ပြန်ဖြေကြားခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့လူမှုကွန်ရက်စာမျ
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားအရေးတွေ ဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင
“ထိုင်းရဲနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ
ကော့တောင်ကျွန်းက မှတ်ပုံတင်မရှိသေးသူ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၃ ထောင်ကျော်အတွက် လာမည့် အောက်တိုဘာ ၁၃ ရက်ကနေ ၂၇ ရက်နေ့တွေအတွင်း အလုပ်သမားရုံး တာဝန်ရှိသူတွေ ကွင်းဆင်းပြီး မှတ်ပုံတင်ပေးမယ်လို့လည်း ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။
DVB
No comments:
Post a Comment