တယ်လီ နောမှဆင်းမ်ကတ်များကို အောက်တို ဘာ ၁၃ရက်နေ့ နောက်ပိုင်းမှသာ ရန်ကုန်တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ကျပ် ၁၅ဝဝတန်ဆင်းမ်ကတ် များကို ရန်ကုန်၌ စတင်ရောင်းချနိုင် ရန်အတွက် နက်ဝေါ့ခ်ပိုင်း နောက်ဆုံး အဆင့် စစ်ဆေးနေပြီး တာဝါတိုင် အရေအတွက်နှင့် လိုက်၍ ဝန်ဆောင် မှုပေးနိုင်ရန် အပြီးသတ်ပြင်ဆင် ဆောင်ရွက်လျက်ကြောင်း ဆိုင်ပေါင်း တစ်ထောင်ဝန်းကျင်၌ ဝယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။
ယင်းအော်ပရေတာမှ ဆင်းမ် ကတ်များကို မည်သည့်ဂျီအက်စ် အမ်ဟန်းဆက် တွင် မဆို ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး ဖုန်းခေါ်ဆို ခြင်း အပြင် အင်တာနက် တစ်ပြိုင်နက် အသုံးပြုနိုင်မည်ဖြစ်ကာ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုခြင်းများကို ပါ ပြုလုပ်နိုင် ကြောင်း သိရသည်။
ယင်းသို့ တယ်လီနောမှ ကျပ် ၁၅ဝဝဖြင့် ရောင်းချသော်လည်း ဝယ် ယူသူများပြား သဖြင့် မန္တလေးနှင့်နေ ပြည်တော်တွင် စတင်ရောင်းချချိန်၌ ကျပ်ငါးထောင်ပေါက်ဈေးဖြင့်ပြန် လည် ရောင်းချမှုများရှိခဲ့သည်ဟု သိရသည်။
ဖုန်းခေါ်ဆိုခနှုန်းထားများကို မည်သည့်အော်ပရေတာထံ ခေါ်ဆို သည်ဖြစ်စေ တစ်မိနစ်လျှင် ၂၅ ကျပ် သတ်မှတ်ထားပြီး SMS တစ်စောင် လျှင် ၁၅ ကျပ်ဟု သတ်မှတ်ထား သည်။
ယင်းဖုန်းသုံးစွဲသူများ အတွက် ကျပ်တစ်ထောင်တန် ငွေဖြည့်ကတ် ဖြည့်သွင်း ပါက အခမဲ့ဖုန်းခေါ်ဆိုခွင့် ၁၅ မိနစ်နှင့် အင်တာနက် 15 MB၊ ကျပ် ၃ဝဝဝ ငွေဖြည့်သွင်းပါက မိနစ် ၃ဝ ဖုန်းခေါ်ဆိုခွင့်နှင့် အင်တာနက် 30 MB၊ ကျပ် ၅ဝဝဝ ငွေဖြည့်သွင်း ပါက ဖုန်းခေါ်ဆိုခွင့်မိနစ် ၆ဝ နှင့် အင်တာနက် 60 MB၊ ကျပ်တစ်သောင်း တန် ငွေဖြည့်သွင်းပါက မိနစ် ၁၂ဝ နှင့်အင်တာနက် 120 MB အခမဲ့ အသုံးပြုခွင့် ပေးသွားမည်ဖြစ်သည် ဟု သိရသည်။
PPT
Yangon Media Group
No comments:
Post a Comment