ပြည်ပသို့ ဆန်တင်ပို့ ရောင်းချသော အာရှနိုင်ငံများ အနက် မြန်မာနိုင်ငံသည် ဈေးနှုန်း အပြောင်းအလဲအများဆုံးဖြစ်ပြီး လယ်သမားများအတွက် အကျိုး အမြတ်မှာ အနည်းဆုံးဖြစ်နေ ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ နိုင်ငံဆန်ဈေးနှုန်း အတက်အကျ မြန်ဆန်နေမှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး အစီရင်ခံစာတွင် ဖော်ပြသည်။
‘‘ဆန်ဈေးနှုန်းမတည်ငြိမ်တဲ့ ကိစ္စဟာ မြန်မာနိုင်ငံက လူတိုင်း နဲ့သက်ဆိုင်တဲ့ ကိစ္စပဲ’’ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် အဗ္ဗဒူလာရေဆက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။
ဆန်းစပါးဈေးနှုန်းအပြောင်း အလဲပိုမိုကြီးမား အောင်ပြုလုပ် သော အချက်များမှာ မျိုးစပါးဈေး ကွက်စုစည်းမှု အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး အား နည်းခြင်း၊ ဖုန်းဆက်သွယ်ရေး ကွန်ရက်အားနည်းခြင်း၊ ဈေးကွက် သတင်းအချက်အလက်များ ယုံကြည်စိတ်ချရမှုမရှိခြင်း၊ ဆန် စပါးသိုလှောင်ထားရန် ကုန်ကျစရိတ် မြင့်မားနေခြင်းတို့ ကြောင့်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆန်ဈေးနှုန်းအတက်အကျ မြန်ဆန်မှုသည် နိုဝင်ဘာ၊ ဒီဇင် ဘာနှစ်လတွင် စပါးအလုံးအရင်းထွက်ပေါ် လာမှုနှင့် သက်ဆိုင်သည်။ စပါးအဓိကစိုက်ပျိုးသော အိမ်နီးချင်း နိုင်ငံများတွင် လစဉ်နီးပါးစပါး အသစ်များ ခွဲခြားထွက်ရှိခြင်းကြောင့် ဈေးမတည်ငြိမ်မှုပြဿနာ နည်းကြောင်း ကမ္ဘာ့ဘဏ်၏ အကြီးတန်း စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးပညာရှင် Sergly Zorya က ပြောကြားသည်။
‘‘ဆန်စပါး ထုတ်လုပ်မှုဟာ ရာသီအလိုက်ပြုလုပ်ရတဲ့အတွက် ဈေးနှုန်းမတည်ငြိမ်မှုက ဈေး ကွက်တွေ ထဲမှာ ဖြစ်လေ့ရှိတဲ့ကိစ္စ တစ်ခုပဲ’’ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ပျိုးရေး၌ ရေသွင်း စနစ် ကောင်းမွန်စွာ မရှိခြင်း၊ လယ်သမားများ နည်းပညာ အသစ်များ အသုံးမပြုနိုင်ခြင်း၊ ဆန်ထွက်သည့်ဒေသတွင် သယ်ယူပို့ဆောင်မှုမကောင်းခြင်း၊ ပြည်ပဈေးကွက်ရွေးချယ်စရာမရှိ ခြင်းစသည်တို့ကြောင့် ဈေးကွက်ကို ရိုက်ခတ်မှုများဖြစ်ပေါ်ပြီး အတက်အကျ မြန်ဆန်ခြင်းဖြစ်သည်ဟု ၎င်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တွင် တစ်နှစ်တာကာလပတ်လုံး ဆန်စပါးထွက်ရှိမှုညီညီမျှမျှဖြစ် ရန် စိုက်ပျိုးထုတ်လုပ်ခြင်း သည် ဆန်ဈေးနှုန်း မတည်ငြိမ်မှုကို လျှော့ချနိုင်သည်ဟု ဖော်ပြထား သည်။ စီးပွားရေးလုပ်ကိုင်ရာ၌စရိတ်များသက်သာမှုရှိခြင်း၊ ဆန် စက်များနှင့် အရင်းအနှီးရှာဖွေနိုင် မည့် နည်းလမ်းများ တိုးတက် ကောင်းမွန်စေခြင်း၊ သိုလှောင် စရိတ်များလျှော့ချပြီး ဆန်စပါး ကုန်သွယ်နိုင်မှု အရေအတွက် တိုးလာပါက ဈေးနှုန်းတည်ငြိမ်မှု ကိုထိန်းထားခြင်း စသည်တို့ကူညီ ပေးနိုင်မည်ဟု အစီရင်ခံစာတွင် အကြံပြုထားသည်။
ကမ္ဘာ့ဘဏ်အနေဖြင့် အစီ ရင်ခံစာကောက်ယူရာတွင် ပေါ် ဆန်းနှင့် မနောသုခစိုက်ပျိုးထုတ် လုပ်မှုဈေးကွက်အခြေအနေနှင့် စားသုံးမှုပုံစံ၊ ပြည်ပသို့ရောင်းချမှု တို့ကို ဆန်စပါးအဓိက စိုက်ပျိုး သော တိုင်းဒေသကြီးလေးခုတွင် ကောက်ယူခဲ့သည်။ ကမ္ဘာ့ဘဏ် အနေဖြင့် ဧရာဝတီ၊ ပဲခူး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့တွင် ကွင်းဆင်းလေ့လာ ကောက်ယူခဲ့ခြင်း ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ အကြီးတန်းစိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးပညာရှင် Sergly Zorya က ပြောကြား သည်။
မြန်မာနိုင်ငံတွင် ရေသွင်း စိုက်ပျိုးနည်းဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရန် ဆည်မြောင်းစနစ် မကောင်းမှုကြောင့် မိုးရေကိုသာ ယနေ့ထိအားထားနေရကြောင်း စိုက်ပျိုးရေးပညာရှင် ဒေါက်တာ ထွန်းဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း တွင် ဆည်ရေသောက်စနစ်များမှာ ရေများကို ရေမြောင်းစနစ် မကောင်းသဖြင့် အသုံးပြုခြင်း ထက် မြောင်းဖောက်နေရခြင်းဖြင့် သာ အချိန်ကုန်နေရကြောင်း ပခုက္ကူမြို့နယ် ကန်စွန်းခင်းကျေး ရွာမှ လယ်သမားတစ်ဦးက ပြော ကြားသည်။
‘‘ဒါတွေက လူတိုင်းသိပြီး သားပဲ။ လုပ်ဖို့အတွက်က ငွေလို တယ်’’ဟု မြန်မာနိုင်ငံ တောင်သူ လယ်သမားအသင်းဥက္ကဋ္ဌ ဒေါက် တာစိုးထွန်းက ပြောကြားသည်။
လက်ရှိမြန်မာနိုင်ငံတွင် ငွေ ကြေးနှင့် ပံ့ပိုးမှုများစွာရှိနေသည့် နေပြည်တော်မှ လယ်ဧကငါးရာ အောင်မြင်နေမှုသည် သာဓက တစ်ခုဖြစ်သည်။ ယင်းကြောင့် ကမ္ဘာ့ဘဏ်အနေဖြင့် ဈေးနှုန်း အပြောင်းအလဲနည်းပြီး လယ် သမားများ ဘဝဆင်းရဲတွင်းမှ လွတ်ကင်းရန် မိုးစပါးဧက ၁၇ သန်းနှင့် နွေစပါးသုံးသန်းကျော် အတွက် မည်သို့သောငွေကြေး ထောက်ပံ့မှုများ ပေးမည်ကိုသာ သိလိုကြောင်း ၎င်းက ပြောကြား သည်။
7 Day Daily
No comments:
Post a Comment