ငလျင်လှုပ်ခတ်အပြီး အဆောင်တစ်ခု၏ ပြိုကျသွားသော နံရံအား ဖုန်းဖြင့် ရိုက်ကူးထားပုံ။ ဓာတ်ပုံ - AFP
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် နိုဝင်ဘာ ၂၂ ရက် အင်အား ၅ ဒသမ ၉ ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ငလျင် ကြောင့် နှစ်ဦးထက်မနည်း သေဆုံးကာ ၆၀ ခန့် ဒဏ်ရာရရှိသွားကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ သည်။
တောင်တန်းများရှိသည် ကန်ဒင်းပြည်နယ် အနောက်မြောက်ဘက် မြေအောက် ၃၉ ကီလိုမီတာကို ဗဟိုပြု ကာ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အဆောက် အအုံများ လှုပ်ခါသွားခဲ့သော်လည်း ပျက်စီးမှုပမာဏ ကို ထုတ်ပြန် ထားခြင်းမရှိသေးကြောင်း သိရသည်။
စီချွမ်ပြည်နယ်အတွင်းမှ ကန်ဒင်းဒေသတွင် နေထိုင်သူလူဦးရေ တစ်သိန်းခန့်ရှိပြီး အများစုသည် တိဘက် လူမျိုးများ ဖြစ်သည်။ငလျင်ကြောင့် ကွဲကျလာသည့် မှန်တစ်ချပ် ဦးခေါင်းကို ထိမှန်မှုကြောင့် အသက် ၇၀ အရွယ် အမျိုးသမီး တစ်သီး သေဆုံးခဲ့ကြောင်း နှင့် ဒဏ်ရာရသူ ၆၀ ခန့်ကို ဂန်ဇီဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး သုံးဦးသည် ဒဏ်ရာ ပြင်းထန်ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။
ငလျင်ဗဟိုဖြစ်ခဲ့သည့် တာဂေါင်းမြို့တွင် ငလျင်လှုပ်ခတ်အပြီး ထွက်ပြေးကြရမှ မူလတန်းကျောင်း တစ်ကျောင်းတွင် ကျောင်းသား ၄၂ ဦးခန့် ဒဏ်ရာ ရရှိ သွားကြောင်း သိရသည်။ ငလျင်ဒဏ် ခံခဲ့ရသူ ၅၅၀၀၀ ဦးခန့်ရှိခဲ့ကြောင်း ပြည်သူ့ရေးရာဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဆင်ဟွာ သတင်းဌာန က ဖော်ပြ ခဲ့သည်။
Ref: AFP
Mizzima - News in Burmese
No comments:
Post a Comment