‘‘သူတို့ ဟိုဘက်နိုင်ငံမှာ သင်တန်းတက်ခဲ့တဲ့ အထောက် အထားတွေတော့ ရှိနေပြီ။ လက် ရှိက စစ်ဆေး နေဆဲ အနေအထား ပဲ ရှိပါသေးတယ်’’ ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ်၊ ရဲ မှူးချုပ် ၀င်းခေါင်က ပြောသည်။
အာဆီယံ အစည်းအဝေး ကာလမတိုင်မီ ရဲတပ်ဖွဲ့က သတိ ပေးခဲ့သည့် နယ်စပ်မှ ခိုးဝင်လာ ပြီး ပြည်တွင်းသို့ရောက်နေသည် ဆိုသော အကြမ်းဖက်သမား လေး ဦးကို နိုဝင်ဘာ ၁၄ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန်းနီမြို့၊ အေးရှားဝေါလ်ဂိတ်တွင် ဖမ်းမိ ခဲ့ခြင်းဖြစ်သည်။
‘‘ဒီအမှုက တရားရုံးတင်ပြီး တရားရုံးအဆုံးအဖြတ် နာခံရမှာဖြစ်တဲ့အတွက် စစ်ဆေးပြီး သက်သေ အထောက်အထား ခိုင်လုံ တာနဲ့ တရားရုံးကိုတင်မှာ ဖြစ်ပါ တယ်။ ဒီထက်တော့ ပိုမပြောနိုင် သေးပါဘူး’’ ဟု ရဲမှူးချုပ် ၀င်း ခေါင်က ပြောသည်။
အဆိုပါ အကြမ်းဖက်သမား လေးဦးသည် နိုဝင်ဘာ ၈ ရက် တွင် မော်လမြိုင်မြို့၌ ခိုလှုံနေ သည်ဟု စတင်သတင်းထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်တွင် ဖမ်း မိခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က အကြမ်းဖက် သမားများအဖြစ် သ တင်းထုတ်ပြန်ထားသူများမှာ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(RSO)မှ ဖြစ်သည်ဟု ဆိုသည်။
7Day DAILY
No comments:
Post a Comment