Monday, November 24, 2014

မြန်မာအသင်းပါဝင်သည့် အုပ်စု(ခ)တွင် ထိုင်းအသင်းဦးဆောင်နေ

စင်ကာပူမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၄ ဆူဇူကီးဖလား အုပ်စု(ခ)အဖွင့်ပွဲစဉ်များကို နိုဝင်ဘာ ၂၃ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကာ ပထမပွဲစဉ်တွင် မြန်မာအသင်းနှင့် မလေးရှားတို့မှာ ဂိုးမရှိသရေရလဒ်ဖြင့် ရမှတ်တစ်မှတ်စီခွဲယူခဲ့ရပြီး ဒုတိယပွဲတွင်မူ ထိုင်းအသင်းမှာမူ လက်ရှိ ချန်ပီယံလည်းဖြစ်သည့် အိမ်ရှင် စင်ကာပူအသင်းကိုနောက်ကျ ပယ်နယ်တီဂိုးနှင့် (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။



မြန်မာနှင့်မလေးရှားပွဲတွင် မလေးရှားကွင်းလယ်လူ ဂယ်ရီရောဘတ် ပွဲချိန် (၃၅)မိနစ်တွင် နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရမှုကြောင့် မြန်မာအသင်းမှာ လက်ကျန်ပွဲချိန် (၁)နာရီခန့်ကို တစ်ယောက်အသာဖြင့် ကစားခဲ့ရခြင်းဖြစ်သည်။ သို့သော် မြန်မာ အသင်းတိုက်စစ်တွင် တွဲလုံးများပျောက်ဆုံးနေကာ တကိုယ်တော်အစွမ်းဖြင့်ထိုးဖောက်နေမှုများကြောင့် မလေးရှားခံစစ် လွယ်လွယ်ကူကူပဲ ရှင်းထုတ်ခဲ့ပြီး နည်းပြ အေဗရာမိုဗစ်၏ နည်းဗျူဟာပိုင်း ရိုးစင်းလွန်းမှုနှင့် တိုက်စစ်မြှင့်သင့်သည့် အချိန်တွင် အပြောင်းအလဲမလုပ်ဘဲ လူစားလဲမှုနောက်ကျခြင်းတွေကြောင့် အနိုင် ရသင့်သော်လည်း သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ စင်ကာပူကို အနိုင်ရခဲ့သည့် ထိုင်းအသင်းမှာ ရမှတ်(၃)မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်လျက်ရှိနေပြီး မြန်မာအသင်း မှာမူ လက်ကျန်(၂)ပွဲတွင် အမှားထပ်အဖြစ်မခံတော့သည့် အခြေအနေသို့ ရောက်သွားခဲ့သည်။

Eleven Media Group

No comments:

Post a Comment