Friday, November 28, 2014

လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေနှင့် စရိတ် ကျပ် ၁ဝ သိန်းမှ ၁၆ သိန်း တိုးမြှင့်သတ်မှတ်ရေးအပေါ် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲ၍ ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်မည်

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖွဲ့ဦးစီးအဖွဲ့ဝင်များ၏ချီးမြှင့်ငွေနှင့် စရိတ်များ တိုးမြှင့်သတ်မှတ်ရေးအပေါ် လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသည့်အတွက် ပြည်ထောင်စု လွှတ်တော်တွင် အဆုံးအဖြတ်ခံယူ မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက် အမျိုး သား လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့သည်။



ပြင်ဆင်သည့် ဥပဒေကြမ်း၏အပိုဒ် ၂ တွင် ပြည်သူ့လွှတ်တော်က ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီး(သို့) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ် ပိုင်အုပ် ချုပ်ခွင့် ရ ဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များ ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (က)တွင်အနည်းဆုံး ကျပ် ၁ဝ သိန်းမှ အများဆုံးကျပ် ၁၆ သိန်းဟု ပြင်ဆင် ထားမှုအပေါ် အမျိုးသားလွှတ်တော်က ကျပ် ၁ဝ သိန်းဟု ပြင်ဆင်အတည်ပြုခဲ့သည်။

အဆိုပါဥပဒေကြမ်းတွင် ပြည်သူ့လွှတ် တော်ကပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် များနှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း(သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များ၏ချီးမြှင့်ငွေနှင့် စရိတ် များဆိုင်ရာ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (က)တွင် ပါရှိသည့် ကျပ်သုံးသိန်းဆိုသည့် စကားရပ် အစား ‘အနည်းဆုံးကျပ် ၁ဝ သိန်းမှ အများ ဆုံး ကျပ် ၁၆ သိန်း အထိ’ ဆိုသည့် စကား ရပ်ဖြင့် အစားထိုးရမည်ဟု ပြင်ဆင်အတည် ပြုထားသည်။

ထို့အပြင် ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)တွင်ပါရှိ သော ကျပ်နှစ်သိန်းဆိုသည့် စကားရပ်ကို အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံးကျပ် ၁ဝ သိန်းအထိဆိုသည့် စကားရပ်ဖြင့် အစား ထိုးရမည်ဟု ပြည်သူ့လွှတ်တော်က အတည် ပြုထားမှုအား အမျိုးသားလွှတ်တော်က ကျပ် ငါးသိန်းဟု ပြင်ဆင်အတည်ပြုထားခဲ့သည်။

ပြည်သူ့လွှတ်တော်က ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း(သို့) ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ဂ)တွင် ပါရှိသော ကျပ်နှစ် သိန်း ဆိုသည့် စကားရပ်ကို အနည်းဆုံး ကျပ် ၅ သိန်းမှ အများဆုံး ကျပ် ၁ဝ သိန်းအထိ ဆို သည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု အတည်ပြုထားသည်။

ပြည်သူ့လွှတ်တော်က ပုဒ်မ ၃၊ ပုဒ်မ ခွဲ(ဃ)တွင်ပါရှိသော ကျပ်တစ်သိန်း ဆိုသည့် စကားရပ်ကို အနည်းဆုံးကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်း အထိဟု အတည်ပြု ထားခဲ့ပြီး အမျိုးသားလွှတ်တော်က ကျပ်သုံး သိန်းဟု ပြင်ဆင်အတည်ပြုခဲ့သည်။ အဆိုပါ ဥပဒေကြမ်း၏ ဥပဒေပုဒ်မ ၆ တွင် ပါရှိသော တစ်ရက်တည်းခိုနေထိုင်စရိတ် ကျပ် ၂ဝဝဝ ဆိုသည့်စကားရပ်နှင့် ကျပ် ၃ဝဝဝ ဆိုသည့် စကားရပ်တို့ကို ကျပ် ၅ဝဝဝ ဆိုသည့် စကား ရပ်ဖြင့် အစားထိုး ရမည်ဟု ပြည်သူ့လွှတ် တော်က အတည်ပြုထားသည်။


Eleven Media Group

No comments:

Post a Comment