မျိုးစောင့် ဥပဒေတွေဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ အပါအဝင် ဥပဒေကြမ်း လေးခုကို နိုဝင်ဘာလ ၂၆ရက်နေ့က လွှတ်တော်သို့ တင်သွင်းလိုက်ပြီလို့ နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားရေးမှူး တစ်ဦးရဲ့အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းနှစ်ခုကို ပြည်ထောင်စု အစိုးရအဖွဲ့ကနေ လွှတ်တော်သို့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ တင်သွင်းခဲ့တာပါ။

မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း၊ တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကြမ်းတွေကိုတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကနေ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။
ဒီနေ့ထုတ် အစိုးရပိုင် သတင်စာတွေမှာတော့ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း ဖော်ပြထားပြီး ကျန်ဥပဒေကြမ်းများ ကိုလည်း ဆက်လက်ဖော်ပြမယ်ဆိုပြီး အဲဒီသတင်းစာတွေမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ ထုတ်ဝေတဲ့ အစိုးရပိုင် သတင်းစာတွေမှာလည်း ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဖော်ပြခဲ့ဖူး ပါတယ်။
The Voice Weekly
No comments:
Post a Comment