Showing posts with label မိုလေ၀သ. Show all posts
Showing posts with label မိုလေ၀သ. Show all posts

Friday, October 9, 2015

လေပြင်းတိုက်ခတ်ခြင်း နဲ့ မိုးကြီးမည့်သတိပေးချက်

မနက်(၆)နာရီအချိန်တိုင်းတာချက်
၉-၁၀-၂၀၁၅
နံနက်(၆း၁၇)နာရီ။
(၉-၁၀-၂၀၁၅)ရက် နံနက် (၆)နာရီအချိန် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းကိုဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။

Wednesday, December 31, 2014

အချိန်အခါမဟုတ် မိုးရွာနိုင်

ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲ မိုးလေဝသ တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ ညနေမှ နောက် ၃ ရက်အတွင်း စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း

Friday, December 26, 2014

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ရန် တာစူနေ

ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသည့် လေဖိအား နည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ မြစ်ဝ ကျွန်းပေါ်နှင့်     ကမ်းလွန် ပင်လယ်ပြင်၌     လေပြင်းများ တိုက်ခတ်နိုင်ပြီး မိုးရွာသွန်းနိုင် ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက   ခန့်မှန်း သည်။

အဆိုပါ လေဖိအားနည်းရပ် ၀န်းသည် မုန်တိုင်းငယ်အဆင့် ဖြစ်ပေါ်ပါက ဘင်္ဂလားဒေ့ရှ်ကမ်း ရိုးတန်းသို့ ၀င်ရောက်နိုင်ပြီး ဆိုင် ကလုန်းမုန်တိုင်းအဆင့်သို့ ပြောင်း လဲပါက အိန္ဒိယနိုင်ငံသို့ဝင်ရောက် ဖွယ်ရှိကြောင်း မိုးဇလက ခန့်မှန်း ထားသည်။

Saturday, November 8, 2014

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းမှာ ဆိုင်ကလုန်းအဆင့်သို့ မရောက်ရှိဘဲ အားပျော့သွားပြီဖြစ်ကြောင်း မိုးဇလထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသောမုန်တိုင်းမှာ ဆိုင်ကလုန်းအဆင့်သို့ မရောက်ရှိဘဲ အားပျော့သွားပြီး နိုဝင်ဘာ ၉ ရက်တွင် မုန်တိုင်းမှာ လုံးဝပျက်ပြယ်သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈ဝ ခန့်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲလ်ယားမြို့၏ အနောက်မြောက်ဘက် မိုင် ၃၆ဝ ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၁ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုခဲ့ကြောင်းနှင့် အဆိုပါမုန်တိုင်းငယ်သည် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိအချိန်တွင် အားပျော့သွားပြီဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း ဆက်လက်စောင့်ကြည့်နေရဆဲ

ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းသည် ပိုမိုအားကောင်း လာခြင်းမရှိသော်လည်း အ၀ါ ရောင်အဆင့် သတ်မှတ်၍ သတိ ပေးထားဆဲဖြစ်ပြီး မြန်မာနိုင်ငံအ နှံ့ အချိန်အခါမဟုတ် မိုးရွာနေဦး မည်ဖြစ်ကြောင်း မိုး/ဇလဌာန ဒု တိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

Thursday, November 6, 2014

ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့ အခါလွန်မိုး ရွာသွန်း

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲခဲ့ပြီး အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံဒေသ အနှံ့တွင် အခါလွန်မိုးများ ရွာသွန်းနေပြီး ဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

“လေဖိအားနည်းရပ်ဝန်းက ပိုအားကောင်းလာပြီးတော့ မုန်တိုင်းငယ်အဆင့်ကို ပြောင်းသွားပါပြီ။ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၄၈ဝ ခန့် အိန္ဒိယနိုင်ငံ ပို့ဘလဲလ်ယားမြို့ အနောက်မြောက်ဘက် မိုင် ၃၂ဝ ခန့် ဗီဇဿာပတåနမ်မြို့ အရှေ့တောင်ဘက် မိုင် ၃၇ဝ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်။ မုန်တိုင်းငယ်က အနောက်မြောက်ဘက်ကို ဦးတည်နေတဲ့အတွက် အိန္ဒိယနိုင်ငံကို ဝင်ရောက်ဖို့ရှိတယ်” ဟု ဦးကျော်မိုးဦးက ပြောကြားသည်။

မုန်တိုင်းအရှိန်ကြောင့် မိုး သုံးရက်ဆက် ရွာမည်

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့် ဖြစ်လာပြီးယင်းအရှိန်ကြောင့် နေရာအချို့တွင် မိုးသုံးရက်ဆက်ရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

ယင်းမုန်တိုင်းငယ်မှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်းမရှိသည့်အတွက် အ၀ါအဆင့် သတ်မှတ် ထားသည်။

Friday, June 13, 2014

သုံးရက်ကြာ မိုးကြီးမည်

ရန်ကုန်မြို့တွင် ဇွန်လ ၁၂ ရက်က တစ်နေ့လုံးမိုးသည်းထန်စွာရွာသွန်းသောကြောင့် သွားရေးလာရေး အခက်အခဲဖြစ် ခဲ့ရာ ရေလျှံနေသော လမ်းပေါ်မှ လမ်းလျှောက်ပြန်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အာရေဗျ ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော နွားနောက်မုန်တိုင်းအရှိန် ကြောင့် ရန်ကုန်မြို့ အပါအဝင်  မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ နောက်သုံးရက်အထိ မိုးကြီးမည်ဖြစ်ပြီး ရေကြီးရေလျှံမှု များဖြစ် ပေါ် လာနိုင်ကြောင်း သတင်းရရှိသည်။

Thursday, June 12, 2014

နွားနောက်အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအချို့ နေရာကွက် မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော် နှင့် ဆက်စပ်နေသည့် အာရေဗျ ပင်လယ်အောက်ထဲတွင် မြန်မာ နိုင်ငံ မိုး/ဇလဌာနမှ အမည်ပေး ထားသည့် နွားနောက် (Nanauk) မုန်တိုင်းတိုက်ခတ်နေပြီး ယင်းမုန် တိုင်း၏ အရှိန်ကြောင့် မြန်မာ နိုင်ငံဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင်ကာ ကမ်းရိုးတန်းဒေသ များအား လေပြင်းအန္တရာယ် ကျ ရောက်နိုင်ကြောင်း ပညာရှင်များ က သတိပေးထားသည်။

Wednesday, June 11, 2014

အယ်လ်နီညို

အယ်လ်နီညိုသည်
စပိန်ဘာသာစကား။ မြန်မာလိုရေနွေးစီးကြောင်းဟု ခေါ်ဆိုသည်။ သမုဒ္ဒရာရေစီးကြောင်း။ ၁၉၈ဝ ပြည့်နှစ် မတိုင်မီအချိန်က ငါးနှစ်မှ ခုနစ်နှစ်ကြား တစ်ခါသာဖြစ်ပေါ်တတ်သည့် ပုံမှန်သဘာဝဖြစ်စဉ် တစ်ခု။ သက္ကရာဇ် ၁၅၅ဝ ခန့်ကစပြီး ရေလုပ်သားများ ဤဖြစ်စဉ်ကို စတင်သတိပြုမိလာ ခဲ့ကြသည်။ ရေနွေးစီးကြောင်းရောက် လာချိန် ငါးများ ရှားပါးသွားသည်ကို သတိထားမိရာမှ ဤအယ်လ်နီညိုဖြစ်စဉ်ကို သိလာခဲ့ကြရခြင်းဖြစ်သည်။
ထိုစဉ်က အယ်လ်နီညိုသည် သာမန်ဖြစ်စဉ်တစ်ရပ်ပင်။ ငါးများကို ရှားပါးစေသည့် ထိရောက်မှုတစ်ခုလောက်သာ သိထားခဲ့ကြသည်။ ထို့ထက် ဆိုးကျိုးသက်ရောက်စေမှု၊ အထူးသဖြင့် ကမ္ဘာ့ရာသီဥတုကို ထိခိုက်ပျက်ပြား စေမှုကို ၁၉၈၂ ခုနှစ်တွင်မှ လူများသတိပြုသိရှိလာခဲ့ကြသည်။ သဘာဝတရား၏ လျှို့ဝှက်နက်နဲမှု။ အကျိုးသက်ရောက်မှုတစ်စုံတစ်ခုရှိလာခဲ့မှ အကြောင်းတရားကို ရှာဖွေလေ့လာဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

Tuesday, June 10, 2014

မြန်မာတစ်နိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေ ၀င်ရောက်ခဲ့သော်လည်း အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုနည်းပါးနေ

အနောက်တောင်မုတ်သုံလေသည် ဇွန် ၇ ရက်မှစတင်ကာ တစ်နိုင်ငံလုံးသို့ ၀င်ရောက်ခဲ့ပြီဖြစ်သော်လည်း အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုနည်းပါးနေသေးကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

"စနေနေ့ကနေစပြီးတော့ တစ်နိုင်ငံလုံးကိုမုတ်သုံဝင်သွားခဲ့ပြီ၊ အခုလောလောဆယ် မုတ်သုံက အားကောင်းနေတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းတွေက မုတ်သုံအားကောင်းတဲ့အချိန်မှာ မိုးရတာက နည်းတယ်။ တစ်ပြည်လုံးတော့ ပျံ့ပျံ့နှံနှံရွာတယ်။ အလယ်ပိုင်းမှာ မြို့တိုင်းတော့မရွာပေမယ့် မြို့တချို့တော့ရွာတယ်။ မိုးရွာသွန်းမှုက ပုံမှန်ထက်နည်းနေတယ်" ဟု ဦးကျော်မိုးဦးက ဆက်လက်ပြောကြား သည်။

Saturday, May 31, 2014

နေထီးဆောင်းခြင်း

ဒီကနေ့ ပြည်မြို့ဘက်မှာ နေထီး ဆောင်းတာကို တွေ့ကြရတော့ လူတွေအမျိုးမျိုးပြောနေကြတယ် လို့ သတင်းမီဒီယာဌာနကြီးတစ် ခုက အသိတစ်ယောက်က ဖုန်း ဆက်ပြောလာပါတယ်။
နောက်ပြီးတော့လည်း မေး လာသေးတယ်။ အဲဒါကို လူတွေ က နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး နဲ့ပတ်သက်ပြီး နိမိတ်ကောက် အမျိုးမျိုး ပြောနေကြတာ ဆရာ ဘယ်လိုသဘောရပါသလဲတဲ့။

Friday, May 30, 2014

မေလ ၃၁ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်


weather31
မေ ၃၀ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
မေ ၃၁ ရက်နေ့

ခရမ်းလွန်ရောင်ခြည်ဆက်လက်မြင့်တက်နေ

မိုးဦးကာလသို့ရောက်ရှိနေသော် လည်း ခရမ်းလွန်ရောင်ခြည်ဆက် လက် မြင့်တက်နေဆဲဖြစ်သည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောကြားသည်။
ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်းအခြေအနေသည်လွန်ကဲအဆင့် ရှိသည့် ၁၁ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေပြီး ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့မှလွဲ၍ မြန်မာတစ်နိုင်ငံလုံး သို့ကျရောက်နိုင်ကြောင်း၊ ယခုလ ၃ဝရက်အတွက် ခန့်မှန်းချက်များ အနေဖြင့် ကော့သောင်း ၁၂ ဒသမ ၂၊ ထားဝယ် ၁၂ ဒသမ ၄၊ မော် လမြိုင် ၈ ဒသမ ၄၊ ရန်ကုန် ၈ ဒသမ ဝ၊ နေပြည်တော် ၁၂ ဒသမ ၅၊ မကွေး ၁၂ ဒသမ ၆၊ မန္တလေး ၁၂ ဒသမ ၃နှင့် မြစ်ကြီး နားတွင် ၁၈ ဒသမ ၈ဖြစ်ကြောင်း ဦးထွန်းလွင်ကခန့်မှန်းထားသည်။

Friday, May 23, 2014

မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းဘက်သို့ ရွေ့လျားလာ

Photo: မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းဘက်သို့ ရွေ့လျားလာ
Friday, May 23, 2014 

ဘင်္ဂလားပင်လယ်အော် တွင်ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည် မေလ ၂၂ ရက် ည ၆ နာရီအချိန်တိုင်းတာချက်များအရ ရခိုင်ကမ်းရိုးတန်းဘက်သို့ ဦး တည်ရွေ့လျား လာနေသော ကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး မြစ်ဝကျွန်းပေါ် နှင့် ရခိုင်ကမ်းရိုးတန်းဒေသ၌ မုန်တိုင်းအန္တရာယ်သတိပေးချက် ထုတ်ပြန်ထားကြောင်း မိုး/ဇလ ဌာနဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးကျော်မိုးဦးကပြောသည်။

‘‘မေ ၂၃ ရက် မနက်ကနေညနေအထိ ဂွမြို့နဲ့နီးတဲ့ ရခိုင်ကမ်းရိုးတန်းကို အနီးဆုံးကပ်လာပြီးမှ အဲဒီကတစ်ဆင့် အနောက်၊အနောက်မြောက်ဘက်(ဘင်္ဂလားဒေ့ရှ်ကမ်းခြေ)ကို ထောင်တက်သွားနိုင်တယ်။ ရခိုင်ကမ်းရိုးတန်းအတွက်တော့ လိမ္မော်ရောင် အဆင့်ရောက်နေတယ်’’ ဟု ဦးကျော်မိုးဦးကပြောသည်။

မုန်တိုင်းငယ်သည် မြန်မာ နိုင်ငံ၊ ဂွမြို့၏ အနောက်- အနောက်တောင်ဘက် (၁၂၅) မိုင်ခန့် ကျောက်ဖြူမြို့၏ အနောက် ဘက်မိုင် ၁၆၀ ခန့်နှင့် စစ်တွေမြို့ ၏ တောင်-အနောက်တောင် ဘက်မိုင် ၁၉၀ ခန့်အကွာ ပင် လယ်ပြင်ကို ဗဟိုပြုနေကာ မြန် မာနှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေ ဘက်သို့ ဆက်လက်ရွေ့လျားလာ ဖွယ်ရှိကြောင်း မိုး/ဇလက သတင်းထုတ်ပြန်သည်။

‘‘မြို့ထဲမှာတော့ လော်စပီ ကာနဲ့ မုန်တိုင်းအန္တရာယ်သတိ ပေးချက်ကို လိုက်ကြေညာနေ တယ်။ ၀င်မလာပါစေနဲ့လို့ပဲ ဆု တောင်းပါတယ်။ လူတွေကတော့ ထုံးစံအတိုင်း ကြောက်နေကြ တယ်။ တချို့ အိမ်ပြောင်းတဲ့ သူတွေ ပြောင်းနေကြတယ်’’ ဟု လပွတ္တာမြို့နယ် ပြင်စလူကျေးရွာ မှ ဒေသခံဦးစန်းလွင်က ပြော သည်။ မုန်တိုင်းငယ်၏ အရှိန် ကြောင့် ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်း ပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ် လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင်လေတိုက် နှုန်း ၄၅ မိုင်ခန့်အထိ ပြင်းထန်ကာ လှိုင်းကြီးနိုင်ကြောင်း မိုး/ဇလဌာနညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး ကပြောသည်။

ထို့အပြင် မြန်မာ့ကမ်းရိုး တန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့ ရှိ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များအား ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဖရုံကာကျွန်း၊ သံတွဲမြို့နယ်သပြုချိုင်၊ ကျောက်ဖြူးမြို့နယ် မယ်လမုချောင်း၊ သံတွဲမြို့နယ် ဆင်ခေါင်းဆိပ် လမ်း၊ တောင်ကုတ်မြို့နယ် သင်္ဘောဆိပ်၊ ဂွမြို့နယ် တင်တောကျေးရွာအုပ်စု၊ ငပုတောမြို့နယ် ဟိုင်ကြီးကျွန်း၊ ပြင်ခရိုင်ချောင်းဝကျေးရွာနှင့် ကဒုံကနိကျေးရွာတို့တွင် မုန်တိုင်းအန္တ ရာယ်ရှောင်နေရန် မိုး/ဇလက သတိပေးထုတ်ပြန်ထားသည်။

7Day News Journal 
 ဘင်္ဂလားပင်လယ်အော် တွင်ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည် မေလ ၂၂ ရက် ည ၆ နာရီအချိန်တိုင်းတာချက်များအရ ရခိုင်ကမ်းရိုးတန်းဘက်သို့ ဦး တည်ရွေ့လျား လာနေသော ကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး မြစ်ဝကျွန်းပေါ် နှင့် ရခိုင်ကမ်းရိုးတန်းဒေသ၌ မုန်တိုင်းအန္တရာယ်သတိပေးချက် ထုတ်ပြန်ထားကြောင်း မိုး/ဇလ ဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကပြောသည်။

Thursday, May 22, 2014

မုန်တိုင်းသတင်း

၂၀၁၄ခုနှစ်၊ မေလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန်( ၀၇း၀၀) နာရီ အချိန်ထုတ်ပြန်ချက် ယနေ့မြန်မာ စံတော်ချိန်(၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်၊ မြန်မာနိုင်ငံ ၊ဂွမြို့၏ အနောက်တောင်ဘက် မိုင်(၂၂၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် (၂၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါမုန်တိုင်းငယ်သည်မြောက်-အရှေ့မြောက်သို့ဆက်လက် ဦးတည်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။
မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာအဝါရောင်အဆင့်သာရှိသော်လည်း လာမည့်(၂)ရက် အတွင်းမြန်မာ

Friday, December 20, 2013

ကမ္ဘာကြည့် ကြည့်မြင်... အအေးပိုနေရတဲ့အကြောင်း

Photo: ကမ္ဘာကြည့် ကြည့်မြင်...
အအေးပိုနေရတဲ့အကြောင်း
Weather News Update
19-12-2013
9:45 pm

ဒီဇင်ဘာလဟာ ကမ္ဘာ့မြောက်ခြမ်းဒေသတွေမှာ ဆောင်းရာသီကာလဖြစ်ပါတယ်။ Northern Hemisphere Winter လို့ခေါ်ပါတယ်။ အချိန်ကာလအနေနဲ့တော့ ၂၀၁၃ - ဒီဇင်ဘာလ မှ ၂၀၁၄- ဖေဖေါ်ဝါရီလအကန်အထိ ကာလဖြစ်ပါတယ်။ ဒါကြောင့်အခုမှ အစဘဲရှိပါသေးတယ်။
ဒီလို ရေခဲမှတ်ရောက်အောင်အေးတဲ့ဒေသတွေ ဒီလိုအချိန်မှာ ကမ္ဘာ့မြောက်ဖက်ခြမ်းမှာ ကုန်းမြေ(၃)ခုလုံးပေါ်မှာ ရှိနေတတ်ပါတယ်။ ကုန်းမြေဆိုတာကလည်း အေးစရာရှိရင် ပိုအေးတတ်တဲ့သဘာဝကရှိနေတာကြောင့်ပါ။ ကမ္ဘာတစ်ပတ်ပတ်ကြည့်ရင် အေးခဲနေတဲ့ဒေသ(၃)နေရာအဖြစ် မြောက်အမေရိကတိုက်ရယ်၊ ဥရောပတိုက်ရယ်၊ အာရှတိုက်အလယ်ပိုင်းရယ် တွေ့ရလေ့ရှိလို့ Three Wave Structure လို့လည်းခေါ်လေ့ရှိပါတယ်။

အချို့နှစ်တွေမှာ အာတိတ်ဝင်ရိုးစွန်းဖက်ကလေအေးတွေအောက်ဖက်(တောင်ဖက်)အထိ ထိုဆင်း လာတာမျိုးနဲ့ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီလိုနှစ်မျိုးတွေမှာ အလွန်အေး တတ်ပါတယ်။ ရေခဲခေတ် ငယ်တစ်ခု(Little Ice Age)ကို ရောက်နေသလား လို့တောင်ပြောရပါတယ်။ အလွန်အေးလွန်းလို့ အဲဒီလိုဖြစ်စဉ်ကို Arctic Blast လို့ခေါ်လေ့ရှိကြပါတယ်။

အချို့နှစ်တွေမှာတာ့လည်း မြောက်ဖက်ကလေအေးတွေတောင်ဖက်အထိ ဆင်းမလာလို့ အအေးပေါ့နေတတ်ပါတယ်။ အထူးသဖြင့် အယ်လ်နီညိုဖြစ်တဲ့နှစ်တွေမှာ
ကြုံတွေ့ ရတတ် ပါတယ်။

ဒီနှစ်ကတော့ ပုံမှန်ပါဘဲ။ ဒါပေမယ့် ဆောင်းမြောက်လေတွေ အားကောင်းနေလို့ အအေးဓါတ်တွေ မြန်မာပြည်ထဲ ပိုမိုဝင်ရောက်လာနေတာကြောင့် အအေးပိုနေ ရခြင်းဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်
Weather News Update
19-12-2013
9:45 pm

ဒီဇင်ဘာလဟာ ကမ္ဘာ့မြောက်ခြမ်းဒေသတွေမှာ ဆောင်းရာသီကာလဖြစ်ပါတယ်။ Northern Hemisphere Winter လို့ခေါ်ပါတယ်။ အချိန်ကာလအနေနဲ့တော့ ၂၀၁၃ - ဒီဇင်ဘာလ မှ ၂၀၁၄- ဖေဖေါ်ဝါရီလအကန်အထိ ကာလဖြစ်ပါတယ်။ ဒါကြောင့်အခုမှ အစဘဲရှိပါသေးတယ်။

Wednesday, December 11, 2013

မုန်တိုင်းသတင်း သတိပေးချက်

ဆိုင်ကလုန်းမုန်တိုင်း " မဒီ " ၏ လက်ရှိ အခြေအနေ မှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မုန်တိုင်း အန္တရာယ် ကြိုတင် သတိပြုရန် လိုအပ်

နေပြည်တော် ၊ ၁၁-၁၂-၂၀၁၃

ယနေ့ညနေ ၅ နာရီခွဲ အချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်း နှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ် နေသော အားကောင်း သည့် ဆိုင်ကလုန်း မုန်တိုင်း ''မဒီ'' ( Madi ) သည် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့မြောက် ဘက်(၃၂၅) မိုင်ခန့် ၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ ၏ အနောက် - အနောက် မြောက်ဘက် (၄၈၅)မိုင် ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြု နေပါသည်။

Tuesday, December 10, 2013

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်း မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ အားလျော့ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်နိုင်ကြောင်းကို မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဆိုသည်။

"မုန်တိုင်းမဒီက အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကနေ အားလျော့ပြီးတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားပြန်လျော့သွားပြီးတော့ မြောက်ဘက်ကို ဆက်ရွေ့လျားနေတယ်။ လမ်းကြောင်းပြောင်း ပြီးတော့ မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ မရှိတော့ဘူး။ မိုးတိုင်းရဲ့အကျိုးဆက်ကြောင့် မိုးရွာ သွန်းမှုတွေ ဖြစ် ပွားနိုင် တယ်။ အဲဒီအတွက်ကြောင့် တောင်သူတွေအနေနဲ့ သတိရှိဖို့လိုတယ်" ဟု ဦးချစ်ကျော်က ဆိုသည်။

Monday, December 9, 2013

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း MADI မြန်မာနိုင်ငံဘက်သို့ ဦးတည်လာနိုင်သည့်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ဌာနမှ စောင့်ကြည့်နေ

ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဒီ (MADI) မြန်မာနိုင်ငံဘက်သို့ ဦးတည်လာနိုင်ကြောင်းနှင့် ဦးတည်ခြင်း ရှိမရှိကိုမူ စောင့်ကြည့်နေဆဲ ဖြစ် သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဒီဇင်ဘာ ၈ ရက် ည ၁၁ နာရီက ပြောကြားသည်။