Wednesday, January 21, 2015

လွတ်မြောက်လာသော ရဲသုံးဦးကို စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့၍ စစ်ဆေးမည်ဟုဆို


သေနတ်နှင့် ကျည်များ ကေအိုင်အေလက်ထဲတွင် ထားခဲ့ ရခြင်းကြောင့် လွတ်မြောက်လာ သည့် ရဲတပ်ဖွဲ့ဝင် သုံးဦးကို နေ ပြည်တော်က စုံစမ်း စစ်ဆေးရေး ခုံရုံးဖွဲ့၍ စစ်ဆေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ဘယ်လိုပဲဖြစ်ဖြစ် ရဲစည်း ကမ်းထိန်းသိမ်းရေးလုပ်ထုံးလုပ် နည်းနဲ့ ဆက်လုပ် ရမှာပဲ။ အပြစ် ရှိလား၊ အပြစ်ကင်းလွတ်သလား ဆိုတာ။ ပြီးတော့ သူတို့မှာ တာ ၀န်မရှိဘူးဆိုရင်တော့ အပြစ် လွတ်မှာပေါ့။ ကောင်းကောင်း ဆိုးဆိုး ရဲလုပ်ထုံး လုပ်နည်းနဲ့အ ညီ လုပ်ရမှာပေါ့’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိ တစ် ဦးကပြောသည်။


ဖားကန့်ရဲစခန်းမှ ဒုရဲအုပ် မြင့်စိုး၊ တပ်ကြပ်စိုင်းခွန်လတ်နှင့် ဒုတပ်ကြပ် ဇော်ဝင်းထွန်းတို့ သုံး ဦးကို ဇန်န၀ါရီ ၁၄ ရက်တွင် ကေ အိုင်အေက ဖမ်းဆီးသွားခြင်းဖြစ် ပြီး ခြောက်ရက်အကြာ ဇန်န၀ါရီ ၁၉ ရက်တွင် အစိုးရအဖွဲ့နှင့် ငြိမ်း ချမ်းရေးအကျိုးတော် ဆောင်များ ၏ ညှိနှိုင်းမှုဖြင့် ပြန်လွှတ်ပေးခဲ့ သည်။ သို့သော်လက်နက်ခဲယမ်း များကိုမူ ကေအိုင်အေက ပြန်မ ပေးပေ။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရန်သူ၏ ရှေ့မှောက်တွင် မိမိ၏ လက်နက်များ၊ ခဲယမ်းမီးကျောက် များ(သို့) ပစ္စည်းကိရိယာတန် ဆာပလာများကို ယုတ္တိတန်သော အကြောင်းမရှိဘဲ စွန့်ပစ်လျှင် (သို့)သူရဲဘောနည်းခြင်းကို ပြသ ရာရောက်သည့် အမူအရာဖြင့် မသင့်မလျော်ပြုလျှင် ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၁ အရ အပြစ်ပေးအရေးယူခံရမည် ဟု ပြဋ္ဌာန်းထားသည်။

‘‘ဒီကလေးတွေ ကိစ္စက ဖြစ် လာတဲ့ အကြောင်းတရားပေါ်မှာ လည်း မူတည်တာပေါ့။ ဒီကိစ္စမှာ။အဲဒါမျိုးလက်နက်စွန့်ရတယ်ဆို ရင် တပ်ဖွဲ့စည်း မျဉ်းစည်းကမ်းအ ရ သူရဲဘောကြောင်တယ်လို့ ထင် တာကိုး။ လူနဲ့ လက်နက်နဲ့ ကင်း ကွာသွားပြီဆိုရင်တော့ တာဝန် တော့ရှိတယ်။ အဲဒီလိုစုံစမ်းရေးခုံ ရုံးကတော့ ဖွဲ့ခံရမှာပေါ့။ ခုတော့ ဘယ်လိုဆုံးဖြတ်ကြမယ် မသိဘူး’’ ဟု အငြိမ်းစားရဲမှူး ကြီးတစ်ဦးက သုံးသပ်သည်။ ထိုဖြစ်စဉ်တွင် ကာယကံရှင်ရဲတပ်ဖွဲ့ဝင်များ အပေါ်အပြစ်ရှိ၊ မရှိ ဆုံးဖြတ်ရန် မှာ နေပြည်တော်မှ ရဲအရာရှိ ကြီးများ၏ သဘောထားပေါ်၌ အဓိကမူတည်နေကြောင်း ၎င်းက ပြောသည်

7Day Daily

No comments:

Post a Comment