
တရုတ်နိုင်ငံတောင်ပိုင်းရှိ ရှန် ကျန်းမြို့တွင် မျိုးသုဉ်းပျောက်ကွယ် တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေ ရသည့် ကြီးမားသော ရေပုတ်သင် တစ်ကောင်ကို စားသုံးနေသော အရာရှိအဖွဲ့ကို ဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းခဲ့သော သတင်းထောက် များကို ဝိုင်းရိုက်နှက်မှုနှင့် ပတ်သက် ၍ ရဲချုပ်တစ်ဦးကို အလုပ်ဖြုတ်လိုက် ကြောင်း The Straits Times သတင်း အရ သိရသည်။
အရာရှိအဖွဲ့သည် ပင်လယ်စာ စားသောက်ဆိုင်တစ်ဆိုင်တွင် ကမ္ဘာ့ အကြီးမားဆုံး ကုန်းနေရေနေ သတ္တဝါ ဖြစ်သော ရေပုတ်သင်ကို စားသုံး ကြောင်း စွပ်စွဲခံခဲ့ရသည်ဟု ပြီးခဲ့ သောလက ပြည်တွင်းမီဒီယာများ တွင် ဖော်ပြခဲ့သည်။
အရာရှိအဖွဲ့ သည် ၄င်းတို့၏ ဂုဏ်ပြုညစာစား ပွဲကို ဓာတ်ပုံရိုက်ရန် ကြိုးပမ်းခဲ့သော သတင်းထောက်သုံးဦးကို ရိုက်နှက် ခဲ့ပြီး ၄င်းတို့၏ ဖုန်းများနှင့် ကင်မ ရာများကို လုယူဖျက်ဆီးခဲ့ကြကြောင်း Southern Metropolis နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။
အဆိုပါအမှုသည် သမ္မတရှီ ကျင့်ဖျင်၏ နိုင်ငံတစ်ဝန်းအဂတိလိုက် စားမှုတိုက်ဖျက်ရေးများ စတင်ပြု လုပ်ချိန်ကတည်းက ပေါ်ပေါက်လာ ခဲ့သော ဆန်းပြားသောအမှုတစ်ခု ဖြစ်သည်။
Reuters
Democracytoday
Yangon Media Group
No comments:
Post a Comment