ချင်းတောင်တန်း တစ်နေရာရှိ မြွေလိမ်မြွေကောက်တောင်တက်လမ်းအတိုင်း လေးဘီးတပ်သစ်သား ယာဉ်တစ်စီး တောင်ခြေမှ တရွေ့ရွေ့ တက်လာနေသည်။
ကလေးတစ်စုကို ထိုယာဉ် ငယ်လေးပေါ်တွင် စီးစေပြီး မိဘ များဖြစ်ဟန်တူသည့် အမျိုးသမီး တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ကအားဖြင့် တွန်းကာတွန်းကာတောင်ပေါ်သို့ တဖြည်းဖြည်းချင်း ရွေ့လျားလာကြသည်။
ထိုယာဉ်မှာ ချင်းရိုးရာ လက် မှုပညာဖြင့် ထင်းရှူးသားကိုထွင်း ကာ လက်ဖြင့်ပြုလုပ်ထားသည့် ဒေသအခေါ် ထင်းကားစက်မဲ့မော် တော်ယာဉ်ဖြစ်သည်။
ထိုထင်းကားဘေးမှ ကျပ်သိန်းရာချီတန်သော ဇိမ်ခံကားများတစ်စီးပြီးတစ်စီး ဖြတ်ကျော်သွားကြသည်။ ချင်းပြည်နယ်၏နာမည်ကျော် အသည်းနှလုံးပုံရိဒ်ရေကန်သို့လာရောက်သော အိမ်စီးဇိမ်ခံ ကားငယ်များလည်း ထိုထင်းကားငယ်လေးကို အထူးအဆန်းသဖွယ် ငေးမောကြည့်ရင်း ဖြတ်ကျော် သွားကြသည်။
ထင်းကား တစ်ကားဖြစ် တည် လာရန် အဓိကလိုအပ်သည် မှာ ထင်းရှူးပင်တစ်ပင်ဖြစ်သည်။
ထင်းကားတစ်စီးပြုလုပ်ရန် အရေးကြီးဆုံးဖြစ်သည့် ဘီးများကို ထင်းရှူးပင်စည်အား ခုတ်ထွင် ပြီး အဝိုင်းပုံသဏ္ဌာန်ဖြစ်အောင် ပထမဆုံးခုတ်ထွင်ရသည်။ ရရှိ လာသည့် သစ်သားအဝိုင်းကို အခြောက်ခံကာ ခြောက်သွေ့သွား မှသာလျှင် အဝိုင်းပုံသဏ္ဌာန်မပျက် ရှိနေသည့် ထင်းရှူးသားပတ်ပတ် လည်တွင် ဆိုင်ကယ်စက်ဘီးတာ ယာအဟောင်းများတပ်ဆင်ကာ ဘီးကိုပြုလုပ်ကြရသည်။
ထို့နောက် ဝန်စည်စလယ် များတင်ဆောင်ရာတွင် ပေါ့ပါး စွာ တင်ဆောင်နိုင်ရန်နှင့် ကြမ်းတမ်းသော လမ်းမများပေါ်၌ ခုန် ပေါက်မနေစေရန် ကွေး၍ဆန့်၍ မကျိုးနိုင်သည့် သစ်သားများကို ဘီး၏အပေါ်ဘက်တွင် လေးထုပ် အဖြစ်တပ်ဆင်ကာ လေးထုပ် အပေါ်မှ ထင်းရှူးသားများဖြင့် လက်ရန်းတန်း များပြုလုပ်ပြီးပါက ငွေကြေးကုန်ကျမှုအနည်းဆုံးနှင့် ဝန်စည်စလယ်အများအပြားတင်ဆောင်နိုင်သည့် ထင်းကားအဖြစ် အသုံးပြုနိုင်ပြီဖြစ်သည်။
အဆိုပါထင်းကားများကို ချင်းတိုင်းရင်းသားတို့ တောင်တန်းပေါ်ရှိ လမ်းမများပေါ်တွင် ထင်းများ၊ တောင်ယာထွက်သီးနှံများ တင်ကာတွန်း၍ တစ်ဖုံ၊ စီး၍တစ်လှည့် သွားလာနေကြသည် ကို ချင်းတောင်တန်းပေါ်သို့ ရောက်ဖူးသူတိုင်း အထူးအဆန်းသဖွယ် ချင်းတောင်တန်းနေရာ အနှံ့ အပြား ၌ တွေ့မြင်နိုင်ကြမည် ဖြစ်သည်။
‘‘သစ်သားအစိုမှာ တာယာ တပ်မိရင်တော့ သစ်သားခြောက် သွားတဲ့အခါမှာ တာယာနဲ့သစ် သားတခြားစီဖြစ်ပြီး အသုံးပြုလို့ မကောင်းတော့ဘူး’’ဟု တီးတိန် မြို့မှ ချင်းတိုင်းရင်းသား ကိုမာန် က ပြောသည်။
ချင်းတောင်တန်းပေါ်တွင် အသုံးပြုသည့်ကားဖြစ်ရန် အတက်၌ လူအားဖြင့် တွန်းတင်ရပြီး အဆင်းတွင်မူ တောင်ပေါ်မှ အရှိန်ဖြင့်လှိမ့်ချကြပြီး ကွေ့ကာကောက်ကာဖြင့် တည်ဆောက်ထားသည့် ကားလမ်းမကြီး အတိုင်း အရှိန်ဖြင့် လှိမ့်ချနိုင်ရန်ကားလက်ကိုင်ကဲ့သို့ လက်ကိုင်အဝိုင်းပုံစံ တစ်ခုပြုလုပ်ကာ လူတစ်ဦးက ကိုင်ပြီး ရှေ့ဘီးနှစ်ဖက်ကို ဘယ်ညာလိုသလို ကွေ့နိုင်ရန် ပြုလုပ်ထားသည်။ ကုန်းဆင်းအတိုင်း တောင်အောက်သို့ လိမ့်ကျမသွားစေရန် လက်ကိုင်အောက်ဘက်တွင် နောက်ဘီးကိုထိန်းနိုင်သည့် ခြေအားဖြင့်ဖိနင်းရသည့် စတီးကြိုးများကိုလည်း တပ်ဆင်ထားသေးသည်။
ထင်းကားသည် ချင်းတိုင်း ရင်းသားတို့၏ ရိုးရာလက်မှုပညာ ဖြင့် ပြုလုပ်ထားသည့်ကားတစ်စီး ဖြစ်သည်။ တောင်ယာထွက်သီးနှံများ တင်ဆောင်ကာ တွန်း၍တစ်ခါ၊လှိမ့်ကာ တစ်လှည့်ဖြင့် မြို့ပေါ်များသို့ သွားရောက်ပြီးတောင်ယာ ထွက် သီးနှံများရောင်းချကြသည်။
တောင်ယာလုပ်ငန်းခွင်နား သည့်နွေဦးရာသီဆိုလျှင်တော့ တစ်နှစ်တာပတ်လုံး ထင်းအသုံး ပြုနိုင်ရန် တောင်ပေါ်တက်ကာ ထင်းခုတ်ပြီး ကားပေါ်တွင် ထင်းများ တင်ဆောင်ကာ ထင်းတင် သည့် ကားအဖြစ်လည်း အသုံးပြု ကြသည်။
ချင်းတောင်တန်းတွင်တော့ ထင်းကားမှာ ဝန်စည်စလယ်များ သယ်ဆောင်ရာ ယာဉ်ဖြစ်သလို ကလေးငယ်များအတွက် ဆော့ ကစားစရာတစ်ခုဆိုလည်းဟုတ် သည်။ ကျောင်းပိတ်ရက်များတွင် မြေကွက်ကျယ်ကျယ်ပြန့်ပြန့် ဆော့ကစားစရာမရှိသလို အခြား ကစားစရာများလည်းမရှိကြသည့် ချင်းတိုင်းရင်းသား ကလေးငယ် များအနေဖြင့် တောင်ပေါ်မှ တောင်အောက်သို့ အကြိမ်ကြိမ် တွန်းတင်လှိမ့်ချခြင်းဖြင့် တစ် ယောက်တစ်လှည့် အလှည့်ကျ ဆော့ကစားလေ့ရှိကြသည်။
‘‘ကျွန်တော်တို့ငယ်ငယ် တုန်းက ကားအသစ်ဆိုရင် လူကြီး တွေ က ပေးမဆော့ကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ လူကြီးတွေ တောင်ယာသွားနေတဲ့အချိန် ယူ
ပြီး ဆော့ကြတာပဲ’’ဟု ကိုမာန်က ပြောသည်။
ထိုသို့ ဆော့ကစားခြင်းအား ဖြင့် အရှိန်မထိန်းနိုင်ဘဲ မကြာခဏ တိမ်းမှောက်ကာ ခြေကျိုး၊ လက် ကျိုးခြင်းများဖြစ်ကြသော်လည်း ဒဏ်ရာပျောက်သွားပါက ထပ်မံ ဆော့ကစားကြပြန်သည်ဟု ထင်း ကားပေါ် တက်ထိုင်လိုက်ရင်း လက်ကိုင်အဝိုင်းကိုကိုင်ကာ ငယ် ဘဝကို တမ်းတဟန်ဖြင့် ကိုမာန် က ပြောသည်။
ပင်လယ်ရေ မျက်နှာပြင် အထက် အနိမ့်ဆုံးပေပေါင်းလေး ထောင်ကျော်တွင် နေထိုင်ကြ သော ချင်းတိုင်းရင်းသားတို့ အတွက် အမျိုးမျိုးအသုံးဝင်သည့် ထင်းကားသည် ငွေကြေးတန်ဖိုး မည်မျှရှိသည်ကိုမူ အတိအကျမည်သူမျှ သတိထားမိခြင်း မရှိဘဲ လိုအပ်ပါက ထင်းရှူးသားများကို ခုတ်ကာထွင်းကာဖြင့်ပြုလုပ်ကြမည်ဖြစ်သည်။
ထိုသို့ ပြုလုပ်ရန်လည်း ငွေ ကြေးများစွာ ကုန်ကျခြင်းမရှိဘဲ လိုအပ်သည့်ထင်းရှူးသားအပြည့် အစုံရှိလျှင်ပင် အချိန်ကာလကြာ မြင့်စွာ တည်ဆောက်စရာမလိုသည့် ထင်းကားကို တောင်ယာခုတ်သော မိသားစုတိုင်း ပိုင်ဆိုင်ကြမည်ဖြစ် သည်။ ထိုကဲ့သို့ ပိုင်ဆိုင်နိုင်ရန်လည်း မိဘများထံမှ လက်ဆင့်ကမ်းအမွေဖြစ် ချင်းတိုင်းရင်းသားတိုင်း ထင်းကားပြုလုပ်သည့်အတတ် ပညာကိုတတ်မြောက်ကြသည်။
သို့သော် လွန်ခဲ့သည့် ငါးနှစ်ကျော်ကာလမှ စတင်ကာ ချင်းတောင်တန်းပေါ်တွင် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များ ခေတ်စားလာခဲ့ပြီး တောင်ယာထွက် သစ်သီးဝလံ များတင်ပို့ရောင်းချ ကြရန် ချင်းတိုင်းရင်းသားတို့၏ ထင်းကားမှာ ယခင်ကထက် အသုံးပြုသူနည်းပါးလာပြီဖြစ်သည်။
‘‘ဈေးနှုန်းသက်သာတဲ့ တ ရုတ်နိုင်ငံထုတ် ဆိုင်ကယ်တွေ ပေါ်လာပြီးနောက်ပိုင်း မြို့ပေါ် တွေမှာ ထင်းကားတွေက တဖြည်း ဖြည်းရှားသွားပြီ။ ကျေးရွာတွေမှာ တော့ အများကြီးရှိပါသေးတယ်’’ ဟု တီးတိန်ဘာသာစကားဖြင့် အ ပတ်စဉ် သတင်းစာထုတ်ဝေနေ သည့် တီးတိန်ပို့စ်အယ်ဒီတာချုပ် ကိုထန်ဗန်းလျံက ပြောသည်။
အကြောင်းရင်းမှာ ကျေးရွာများနှင့် မြို့ပေါ်သို့ ဆက်သွယ်သွား လာသည့် ကားလမ်းများကောင်းမွန်မှု မရှိသေးခြင်း၊ တောင်ယာ ထွက်သီးနှံများကို ရောင်းချခြင်းဖြင့် အသက်မွေးကြသည့် ချင်းတိုင်းရင်းသားတို့အဖို့ ဆိုင်ကယ်ဝယ်ရန် ငွေကြေး မတတ်နိုင်ကြခြင်း စသည့်အခက်အခဲများကြောင့်ဖြစ်သည်ဟု ကိုထန်ဗန်းလျံက ပြောသည်။
ချင်းတိုင်းရင်းသားတို့၏ လူနေမှုပုံစံကို ဖော်ပြနေသည့် ထင်းရှူးသားများဖြင့်ပြုလုပ်ထား သော ထင်းကားကို ပြည်မမှ အလည်လာရောက်ကြသူများက တော့ ထင်းများတင်ကာစက်မပါ ဘဲ ကုန်းဆင်းအတိုင်း လှိမ့်ဆင်း သွားသည့် ထင်းကားများတွေ့ပါက အမှတ်တရဓာတ်ပုံရိုက်ကြဦး မည်ဖြစ်သည်။ ထင်းကားပေါ်တွင်စီးကာ တစ်လှည့်၊ တွန်းကာတစ်ဖုံဖြင့် တောင်တက်လမ်းမကြီး အ တိုင်း ဆော့ကစားနေကြသည့် အဝတ်အစား ခပ်နွမ်းနွမ်းဝတ်ဆင် ထားသော ချင်းတိုင်းရင်းသား ကလေးငယ်များကို ချင်းတောင်တန်းပေါ် သွားကားလမ်းမကြီး ဘေးတွင် မကြာခဏတွေ့မြင်ကြ ရဦးမည်ဖြစ်သည်။
7Day
No comments:
Post a Comment