Showing posts with label မှုခင်းသတင်း. Show all posts
Showing posts with label မှုခင်းသတင်း. Show all posts
Saturday, October 17, 2015
ရခိုင်ပြည်နယ်တွင် တစ်သောင်းတန်ငွေစက္ကူအတုတွေ့ရှိမှု များလာ
အောက်တိုဘာလ ဆန်းမှစတင်၍ ရခိုင်ပြည်နယ်အ တွင်း မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့နယ်များတွင် ကျပ် တစ်သောင်းတန်ငွေစက္ကူအတု တွေ့ရှိရမှုများပြားနေကြောင်း သ တင်းရရှိသည်။‘‘ဘဏ်ကို ငွေသွင်းလာတဲ့ လူတွေမှာ အများဆုံးတွေ့လာရ တာ ဖြစ်ပါတယ်။ အပြင်မှာတော့ ဘယ်လောက်ထိ ပြန့်နေမလဲဆို တာကို မပြောတတ်တော့ပါဘူး။ အရင်ကလည်း ပျောက်နေပြီးတော့အခုအောက်တိုဘာလဆန်းပိုင်း ကစပြီး အများဆုံးတွေ့လာရတာ ဖြစ်ပါတယ်’’ဟု မင်းပြားမြို့နယ်မှ ဘဏ်ဝန်ထမ်းတစ်ဦးက ပြော သည်။ ရခိုင်ပြည်နယ်တွင် တစ် သောင်းတန်ငွေစက္ကူအတုပျံ့နှံ့ နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံ အများစုသည် ငွေအတု၊ အစစ်ခွဲ ခြားမသိ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် ငွေအတုများကို အစစ်နှင့် ရောနှောလက်ခံမိကြောင်း မြောက်ဦးမြို့မဈေးတွင် ကုန်မျိုးစုံရောင်းချသည့် ဈေးသည်တစ်ဦးက ပြောသည်။
Saturday, September 12, 2015
လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး ကွင်းလုံးကျွတ် လွတ်တော့မလား လူသတ်လက်နက်ပေါက်တူးပေါ်ရှိ ဒီအင်န်အေသည် မြန်မာလုပ်သားနှစ်ဦးမှ မဟုတ်ကြောင်း နာမည်ကြီးထိုင်းအမျိုးသမီးမှုခင်းဆရာဝန် ထွက်ဆို
ထိုင်းနိုင်ငံတရားမျှတရေးဝန်ကြီးဌာန၊
မှုခင်းဆေးသိပ္ပံဌာနမှူး ဒေါက်တာ ပွန်တစ်သည် လိပ်ကျွန်းလူသတ်မှု
ဒီအင်န်အေစစ်ဆေးချက်များနှင့်ပတ်သက်၍ တရားရုံးသို့ လာရောက်ထွက်ဆိုရာ
ပေါက်တူးတွင်တွေ့ရှိသည့် ဒီအင်န်အေသည် မြန်မာလုပ်သား နှစ်ဦး၏
ဒီအင်န်အေနှင့် မတူညီ ကြောင်း ထွက်ဆိုခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့က
လိပ်ကျွန်း လူသတ်မှု ဒီအင်န်အေစစ်ဆေး ရာတွင် လုပ်ထုံးလုပ်နည်းအတိုင်း
လုပ်ဆောင်ခဲ့ခြင်းမရှိဟု ဒေါက် တာ ပွန်တစ်က ထွက်ဆိုကြောင်း
မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
‘‘တစ်ချက်က
ပေါက်တူးကို ဒီအင်န်အေစစ်တယ်။ လူသတ် တရားခံရဲ့ ဒီအင်န်အေတွေ့တယ်။ ဒါပေမဲ့
အဲဒီဒီအင်န်အေက ဇော် လင်းရယ်၊ ၀င်းဇော်ထွန်းရယ်၊ မောင်မောင်တို့ရဲ့
ဒီအင်န်အေ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြော ရမယ်ဆိုရင် ရှင်းနေတာပဲ။ တခြား
သူတစ်ယောက် ရှိတယ်ပေါ့။ နောက်တစ်ချက်က ဒီအင်န်အေ ရယူတဲ့အခါမှာ
အော်တိုစက်ကို သုံးမယ်ဆိုရင် မစစ်ခင်ကတည်း က စစ်မယ့်သူရဲ့ နာမည်၊ လိပ်စာ
တို့ထည့်ရတယ်။ တရားရုံးမှာ တင်ထားတဲ့အမှုက အရင်စစ်ပြီးမှ နာ မည်၊
လိပ်စာတို့ယူထားတယ်။ စာသားတွေကို ပြင်ထားတယ်ဆိုတာ နာရီကွာခြားချက်၊
ရက်စွဲကွာခြား ချက်တွေမှာ တွေ့ရတယ်လို့ ထွက်ဆိုသွားပါတယ်။ ကွဲလွဲနေတာ
ပေါ့’’ဟု ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
Friday, March 13, 2015
ထိုင်း အငှား မော်တော်ဆိုင်ကယ် လုယက်သူ မြန်မာ ၄ ဦးကို ဖမ်းဆီး
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အငှား မော်တော်ဆိုင်ကယ်ကို ဓားနဲ့တေ့ လုယက်တဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိတယ်လို့ မဲဆောက်ရဲတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးထားတဲ့သူတွေကတော့ အောင်ဝင်းထွန်း ( ၂၁ ) နှစ်၊ မောင်ကျော် ( ၂၀ ) နှစ်၊ အောင်ထွန်း ( ၂၁ ) နှစ် နဲ့ ကိုချိုင်း ( ၂၁ ) နှစ်တို့ ဖြစ်ပြီး မတ် ၁၂ ရက် မနက်ပိုင်းက အငှားဆိုင်ကယ် မောင်းနှင်တဲ့ ထိုင်းအမျိုးသမီး ၂ ဦးဆီကနေ ဆိုင်ကယ် ၂ စီးလုယက်သွားတာလို့ ရဲဝန်ထမ်းက ပြောပါတယ်။
ဖမ်းဆီးထားတဲ့သူတွေကတော့ အောင်ဝင်းထွန်း ( ၂၁ ) နှစ်၊ မောင်ကျော် ( ၂၀ ) နှစ်၊ အောင်ထွန်း ( ၂၁ ) နှစ် နဲ့ ကိုချိုင်း ( ၂၁ ) နှစ်တို့ ဖြစ်ပြီး မတ် ၁၂ ရက် မနက်ပိုင်းက အငှားဆိုင်ကယ် မောင်းနှင်တဲ့ ထိုင်းအမျိုးသမီး ၂ ဦးဆီကနေ ဆိုင်ကယ် ၂ စီးလုယက်သွားတာလို့ ရဲဝန်ထမ်းက ပြောပါတယ်။
Tuesday, October 21, 2014
အပြေးချန်ပီယံ Pistorius ထောင်ဒဏ်ငါးနှစ်ကျ

တောင်အာဖရိက အပြေးချန်ပီယံ Oscar Pistorius ဟာ သူ့ရဲ့ချစ်သူ Reeva Steenkamp ကို သေနတ်နဲ့ ပစ်သတ်မှုနဲ့ တောင်အာဖရိက တရားသူကြီး တဦးက ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချ လိုက်ပါတယ်။
အမှုစစစ်ချိန် ကတည်းကနေဆိုရင် ခုနစ်လနီးပါး ကြာပြီးတဲ့နောက် တရားသူကြီး Thokozile Masipa က ပရီတိုးရီးယားမြို့ တရားရုံးမှာ ဒီကနေ့ ပြစ်ဒဏ် ချမှတ်လိုက်တာပါ။
Thursday, May 22, 2014
ဘက္ထရီအိုး(၂)လုံးအား မသင်္ကာဖွယ်လိုက်လံရောင်းချနေသည်ကို တွေ့ရှိသဖြင့် အရေးယူစစ်ဆေးရာမှ မော်တော်ယာဉ်များမှ ဘက္ထရီအိုး ခိုးယူခဲ့မှုများပေါ်ပေါက်
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ သည်၁၇.၅.၂၀၁၄ရက်နေ့
၀၇၀၀အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပျံ ရပ်ကွက်၊
အထည် အဟောင်းဆိုင်များအနီး၌ ခိုးမှုပြစ်ချက်ဟောင်းရှိသူ ခေါလေး (ခ)ဇော်ဝင်း၊(၃၅)နှစ်၊ (ဘ)ဦးမောင်မောင်၊ သာကေတမြို့နယ်နေသူမှ ဘက္ထရီအိုး(၂)လုံးအား မသင်္ကာဖွယ်လိုက်လံရောင်းချ နေသည်ကို တွေ့ရှိရပြီး ၎င်းထံမှ ကွင်း၊ဂွ(၂)ချောင်းတို့ကိုလည်းတွေ့ရှိရသဖြင့် စစ်မေးရာ အဆိုပါ ဘက္ထရီအိုးများကို ၎င်းပိုင်ဆိုင်ကြောင်းခိုင်လုံစွာ ပြောပြနိုင်ခြင်းမရှိသည့်အပြင် ကွင်း၊ဂွများမှာ မော်တော်ယာဉ်များမှဘက္ထရီအိုးများဖြုတ်ခိုးရာတွင်အသုံးပြုသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် မင်္ဂလာတောင် ညွန့်မြို့မရဲစခန်း (ပ)၃၂၈/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၇၉/၅၄ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
Tuesday, April 15, 2014
စကားများရန်ဖြစ်ပြီးဓါးဖြင့်ထိုးကာဝိုင်းဝန်းရိုက်နှက်ခဲ့ကြသဖြင့် ခင်ပွန်းဖြစ်သူ သေဆုံးပြီး ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးမှ အရေးယူပေးရန်တိုင်တန်း
ရန်ကုန်၊ ဧပြီ ၁၄
၁၄.၄.၂၀၁၄ရက်နေ့ ၁၂၃၀အချိန်တွင် ဒဂုံတောင်မြို့နယ်၊ (၅၅)ရပ်ကွက်နေ မ၀င်းဝင်းမြင့်မှ ၎င်းသည် ခင်ပွန်းဖြစ်သူ ကိုကိုနိုင်နှင့်အတူ တစ်လမ်းတည်း
နေ မယဉ်ယဉ်မွှေး၏နေအိမ်တွင်ရှိနေစဉ် ကြက်ဖ(ခ)မိုးကျော်ကျော်၊(၁၉)နှစ်၊ (ဘ)ဦးကျော်ညွန့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူရောက်ရှိလာပြီး ၀ါးလုံးကိုင်ကာ ၎င်းနှင့် ခင်ပွန်းဖြစ်သူတို့အား ရန်ပြုစိန်ခေါ်ခဲ့ကြောင်း၊ အနီး
ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းဖြန်ဖြေပေးသဖြင့် ကြက်ဖ(ခ)မိုးကျော်ကျော်မှာ
ပြန်သွားခဲ့ပြီး ခဏအကြာတွင် ပြန်လည်ရောက်ရှိလာကာ ခင်ပွန်းဖြစ်သူ
အား ဓါးဖြင့်ထိုးခဲ့၍ ၀ဲဘက်ချိုင်းအောက်ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့
ကြောင်း၊ ထိုအချိန်တွင် ကြက်ဖ(ခ)မိုးကျော်ကျော်၏အစ်ကိုဖြစ်သူ
ကျော်သူအောင်၊ (၂၅)နှစ်၊ (ဘ)ဦးကျော်ညွန့်ရောက်ရှိလာပြီး ၎င်းအား သံတူရွင်းဖြင့်ရိုက်နှက်ခဲ့၍ ၀ဲဘက်လက်နှင့်ဂုတ်ပိုးတို့၌ နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိုသို့ဒဏ်ရာရရှိခဲ့သဖြင့် နေအိမ်သို့ပြန်ပြေးစဉ် ကြက်ဖ(ခ)
မိုးကျော် ကျော်၏အစ်မ ဖြစ်သူ မသီသီသော်၊ (၃၀)နှစ်၊ (ဘ)ဦးကျော်ညွန့်မှ
နေအိမ်ပေါ်သို့ရောက်ရှိလာပြီး ၎င်းအားဆံပင်ဆွဲ၍ ပါးရိုက်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုကိုနိုင်မှာလည်း ရရှိသည့်ဒဏ်ရာဖြင့် သင်္ဃန်းကျွန်းစံပြ
ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခဲ့ပြီး ၎င်းမှာလည်း ပြင်ပလူနာ
အဖြစ် ဆေးကုသခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ကျူးလွန်ကြသူများကို အရေးယူပေးပါရန်တိုင်တန်းလာခဲ့ပါသည်။
တိုင်တန်းချက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၃၆၆/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၀၂/၃၂၅/၄၅၁/ ၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူ
များဖြစ်သည့် ကြက်ဖ(ခ)မိုးကျော်ကျော်၊ ကျော်သူအောင်နှင့် မသီသီသော်
တို့ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Subscribe to:
Posts (Atom)
