Friday, January 18, 2013

ဂျကာတာ ရေဘေး ၄ ဦးသေဆုံး

ဂျကာတာ ရေဘေး ၄ ဦးသေဆုံး
Friday, January 18, 2013 

အင်ဒိုနီးရှားနိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ မုတ်သုံမိုး ရက်ပေါင်းအတန်ကြာ
ဆက်တိုက်ရွာသွန်းခဲ့တဲ့အတွက် မြို့တော် ဂျကာတာရဲ့ နေရာအတော်
များများ ခါးလည်လောက် ရေဖုံးလွှမ်းမှုဖြစ်ပွားနေပြီး၊ အနည်းဆုံး လူ ၄ ဦး သေဆုံး သွားခဲ့ပြီး ဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ မြို့ခံ ပြည်သူတွေမှာလည်း နေရေးထိုင်ရေး အခက်ခဲတွေ ကြုံတွေ့နေကြရပါတယ်။ အခုလိုရေတွေ ကြီးနေတဲ့အတွက် အစိုးရရုံး
အများအပြားနဲ့ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများ
ကြာသာပတေးနေ့မှာပိတ်ထားကြရပါတယ်။

လူဦးရေ ၁၄ သန်းနေထိုင်တဲ့ မြိ့တော်ရဲ့ လမ်းတွေ အများအပြားမှာလည်း
ရေတွေလျှံနေပြီး သွားလို့လာလို့ မရဖြစ်နေ ပါတယ်။

မိုးရွာသွန်းမှုဟာ လာမယ့်ရက်တွေအတွင်း ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ မိုးလေ၀သ ခန့်မှန်းချက်တွေမှာ ဖေါ်ပြနေပါတယ်။ 

ဒါဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး မိုးရွာသွန်းမှုလည်းဖြစ်ပါတယ်။
ရေတံခါးတွေနားမှာ မြင့်တက်လာနေတဲ့ ရေပမာဏဟာ အန္တရယ်ဖြစ်စေတဲ့ အနေအထားကို ရောက်နေပြီး ရေကြီးမှုဟာ မြို့ရဲ့တခြားနေရာ
တွေကို ပြန့်နှံ့သွားနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

အခုချိန်အထိ လူပေါင်း ၂ သောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း
ပေးထားရပါတယ်။

ဗွီအိုအေ

အင်ဒိုနီးရှားနိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ မုတ်သုံမိုးရက်ပေါင်းအတန်ကြာ ဆက်တိုက်ရွာသွန်းခဲ့တဲ့အတွက် မြို့တော် ဂျကာတာရဲ့ နေရာအတော် များများ ခါးလည်လောက် ရေဖုံးလွှမ်းမှုဖြစ်ပွားနေပြီး၊ အနည်းဆုံး လူ ၄ ဦး သေဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။

ပြန်ပေးဆွဲ အယ်ဂျီးရီယားစစ်သွေးကြွစခန်းကို စီးနင်း

Photo: ပြန်ပေးဆွဲ အယ်ဂျီးရီယားစစ်သွေးကြွစခန်းကို စီးနင်း
Friday, January 18, 2013 

Algeria နိုင်ငံမှာ နိုင်ငံခြားသား ၄၁ ယောက်ကို အစ္စလာမ် စစ်သွေးကြွတွေ
ပြန်ပေးဆွဲ ဖမ်းထားတဲ့ သဘာဝဓါတ်ငွေ့စက်ရုံဝန်းအပေါ် စစ်ဆင်မှု
အဆုံးသတ်သွားပြီလို့ အစိုးရပိုင် သတင်းအေဂျင်စီက ပြောပါတယ်၊ ဒါပေမဲ့
ပြန်ပေးဆွဲခံထားရသူတွေနဲ့ ပါတ်သက်တဲ့ သတင်း အတိအကျကတော့ ခိုင်ခိုင်မာမာမရသေးဘူးဖြစ်နေပါတယ်။ 

ဝင်ရောက်စီးနင်းမှုအတွင်း အကြမ်းဖက်သမား အများအပြား
သုတ်သင်နိုင်ခဲ့တယ်လို့ Algeria ပြန်ကြားရေးဝန်ကြီး Mohamed Said
ကပြောပါတယ်၊ ပြန်ပေးဆွဲခံထားရသူ တချို့လဲ သေဆုံးခဲ့တယ်လို့ သူက
ပြောပါတယ်။

Algeria ရဟတ်ယဉ်တွေနဲ့ တိုက်ခိုက်စဉ် စစ်သွေးကြွတွေကပြန်ပေးဆွဲထား
သူတွေကို နေရာပြောင်းဖို့ ကြိုးစားတဲ့အတွက်ပြန်ပေးဆွဲခံထားရသူ
၃၄ ယောက်နဲ့ ပြန်ပေးသမား ၁၅ ယောက် သေဆုံးခဲ့တယ်လို့Mauritania သတင်းအေဂျင်စီတခုက စစ်သွေးကြွ ပြောခွင့်ရသူကို
ကိုကားဖော်ပြပါတယ်။ 

ဒီသတင်းအရေအတွက်ကို သီးခြားအတည် မပြုနိုင်သေးပါဘူး။Algeria သတင်းအေဂျင်စီကတော့ ပြန်ပေးဆွဲခံထားရသူ ၄ ယောက်ထဲမနည်းကို
ကယ်တင်နိုင်ခဲ့ပြီးကျန်တဲ့သူတွေကတော့ထွက်ပြေးလွတ်မြောက်သွားကြ
တယ်လို့ပြောပါတယ်၊ Irish လူမျိုး ပြန်ပေးဆွဲခံထားရသူ တယောက်ကတော့
ဘေးကင်းလုံခြုံသွားတယ်ဆိုတာကိုတော့ သူနဲ့စကားပြောခဲ့ရတဲ့ 
မိသားစုတွေဆီကအတည်ပြုနိုင်ပါတယ်၊ တခြားပြန်ပေးဆွဲခံခဲ့ရသူတွေ
ထဲမှာ နော်ဝေး၊ ဂျပန်နဲ့အမေရိကန်လူမျိုးတွေ ပါဝင်ပါတယ်၊

ဗွီအိုအေ

Algeria နိုင်ငံမှာ နိုင်ငံခြားသား ၄၁ ယောက်ကို အစ္စလာမ် စစ်သွေးကြွတွေပြန်ပေးဆွဲ ဖမ်းထားတဲ့ သဘာဝဓါတ်ငွေ့ စက်ရုံဝန်း အပေါ် စစ်ဆင်မှုအဆုံးသတ်သွားပြီလို့ အစိုးရပိုင် သတင်းအေဂျင်စီ က ပြောပါတယ်၊ ဒါပေမဲ့ပြန်ပေးဆွဲခံထားရသူတွေနဲ့ ပါတ်သက်တဲ့ သတင်း အတိအကျကတော့ ခိုင်ခိုင်မာမာမရသေးဘူးဖြစ်နေပါတယ်။

Splitfire တိုက်လေယာဉ်များ ရှာဖွေတူးဖော်မှု

Photo
 
ဒုတိယကမ္ဘာစစ်ကာလအတွင်းက မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သော Splitfire တိုက်လေယာဉ်များ ရှာဖွေမှုကို ဗြိတိန်က ပြုလုပ်နေ ပြီဖြစ် သည်။ သတ္တုဗေဒလေ့လာဆန်းမှုနှင့် စာရင်းဇယားများအရ ဒုတိယ ကမ္ဘာစစ်အတွင်းက အသုံးမပြုရသေးသော ဗြိတိန်လေတပ်၏ Splitfire တိုက်လေယာဉ် အစင်း ၃၀ ကျော်ကို ရန်ကန်အပြည်ပြည် ဆိုင်ရာ လေဆိပ်နေရာတွင် မြှုပ်နှံထားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လေယာဉ်များကို အမေရိကန် စစ်ဘက်အင်ဂျင်နီယာ များ

ဗန်းမော် - မိုးမောက် ကားလမ်းပေါ် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ ခဲ့သဖြင့် ဒေသခံသုံးဦး ဒဏ်ရာရ


ဗန်းမော်မြို့ သုံးမိုင်ရွှေပြည်သာရပ်ကွက်၊ ပန်းသစ်စလ္ဘက်ရည်ဆိုင်မှ ဦးသန်းစိုးသည် သုံးဘီးဆိုင်ကယ် ၄ဟ/ ၃၉၆၆ဖြင့် နေအိမ်မှ၎င်း၏ကြက်ခြံသို့ ဇန်န၀ါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ကြက်များ

ကမ်းလက်ကို လှမ်းဆက်ရန် သင့်ပြီ ( KIA သို့ပေးစာ)

ကမ်းလက်ကို လှမ်းဆက်ရန် သင့်ပြီ ( KIA သို့ပေးစာ)
............................................................................
မောင်မောင်လွင်(ရွှေဘိုသား) 

ကျွန်ုပ်တို့ ကမ္ဘာကြီးအား အရှည်သဖြင့် တည်တံ့စေပြီး ဖွံ့ဖြိုး သာယာ လှပစေဖို့ အတွက် အဓိက လိုအပ် ချက်သည် အိုင်တီ နည်းပညာများ မြင့်မား လာရေးထက် ငြိမ်းချမ်းရေးသည် ပဓာနကျ ပါသည်။ ငြိမ်းချမ်းမှု ရှိမှသာလျှင် လူသားတို့ ဘ၀မြင့်မား တိုးတက် နိုင်မည် ဖြစ်သည်။ ထို့ အတွက်ကြောင့်ပင် ကမ္ဘာမြေတွင် မှီတင်း နေထိုင် ကြကုန်သော လူသားတို့ အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ် ၀ိုင်းဝန်း ကြိုးပမ်း တည်ဆောက် ကြရန် လိုအပ်ပေသည်။ ဤသည်ကိုလည်း ကျွန်ုပ်တို့ လူသားတိုင်းသည် နားလည် သဘောပေါက်ရန် အထူး လိုအပ် ပေသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ ကမ္ဘာကြီး ငြိမ်းချမ်းမှု အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ကောင်စီ၏ ချမှတ် ထားသော စည်းမျဉ်း ဥပဒေ နှင့် မူဝါဒများကို နိုင်ငံတကာ မှလည်း လိုက်နာကာ ဖော်ဆောင်လျက် ရှိကြသည်။ 

ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီး တို့တွင် ဒေသတွင်း မတူညီသော သဘောထား အမြင်များ ရှိကြသည်။ ထိုသို့ မတူညီသော သဘောထား အမြင်များအား နိုင်ငံရေး နည်းဖြင့် အေးချမ်းစွာ ဖြေရှင်း ဆောင်ရွက်ကြ သကဲ့သို့ နိုင်ငံရေး နည်းဖြင့် အေးချမ်းစွာ ဖြေရှင်း၍ မရသည့် အဆုံးတွင် စစ်ရေးအရ ဖြေရှင်းလျက် ငြိမ်းချမ်းရေး ကို ဖော်ဆောင်လျက် ရှိသည် ကိုလည်း ကျွန်ုပ်တို့ တွေ့မြင် နေရသည်။ မတူညီသော သဘောထား များရှိကြ သော်လည်း လူတိုင်းသည် မိမိ နိုင်ငံ၏ တည်ငြိမ် အေးချမ်းမှု နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကို လိုလားကြသည့် ရည်ရွယ်ချက် သည် တူညီ နေကြသည်။ ထိုသို့ကြောင့်ပင် ယနေ့ ကမ္ဘာ့ နိုင်ငံ အသီးသီး တို့တွင် ဒေသတွင်း ငြိမ်းချမ်းရေး ကို တည်ဆောက် ရာတွင် မတူညီသော သဘောထား များအား ဖယ်ရှားကာ တူညီသော ရည်ရွယ်ချက်ကို ရှေ့တန်းတင်ကာ နိုင်ငံရေး နည်းဖြင့် အေးချမ်းစွာ ဖြေရှင်း နေကြသည်ကို တွေ့မြင် ရသည်မှာ ၀မ်းသာ ပီတ ဖြစ်စရာပင် ဖြစ်သည်။ သို့သော်လည်း အချို့သော အဖွဲ့အစည်း များသည် အတ္တကို ဦးစားပေး ရှေ့တန်းတင် ကြသောကြောင့် မည်သို့ပင် ငြိမ်းချမ်းရေး ကို ကမ်းလှမ်းပြီး အေးချမ်းသော နည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းစေကာမူ လက်မခံဘဲ ပြည်သူလူထု ၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ်တို့ နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို နှောင့်ယှက် ဖျက်ဆီးနေသည် ကိုလည်း တွေ့မြင် ရသည်မှာ ၀မ်းနည်း ဖွယ်ရာပင် ဖြစ် သည်။ ဤသို့သော ငြိမ်းချမ်းရေးအား ဆန့်ကျင်သည့် လုပ်ရပ်ကို " အကြမ်းဖက်မှု _ Terrorize " ဟုခေါ်ဆိုသည်။ 

 ထိုသို့ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ဆန့်ကျင်နေသော အကြမ်းဖက်မှု များကို ကမ္ဘာ့ နိုင်ငံ အသီးသီး မှလည်း လက်မခံ သကဲ့သို့ အကြမ်းဖက် မှုများအား ကာကွယ်ရန် အတွက်လည်း နိုင်ငံ အချင်းချင်း ပူးပေါင်းကာ စစ်ရေး လေ့ကျင့်ခြင်း နှင့် နှိမ်နင်း ဆောင်ရွက်လျက် ရှိသည်ကိုလည်း တွေ့မြင်ရမည် သာဖြစ်သည်။ ဥပမာ အာဖဂန်နစ္စတန် တွင်ရှိသော တာလီဘန် များ ၊ မာလီနိုင်ငံ တွင် ရှိသည့် အယ်လ်ကိုင်ဒါ များနှင့် ချိတ်ဆက်လျက် ရှိသည့် စစ်သွေးကြွ များစသည့် အကြမ်းဖက် အဖွဲ့အစည်း များကို ကမ္ဘာ့ နိုင်ငံ အသီးသီးတို့မှ စုပေါင်းကာ နှိမ်နင်း တိုက်ခိုက်နေ သကဲ့သို့ ပြည်သူ တစ်ရပ်လုံးမှ အကြမ်းဖက် အဖွဲ့အစည်းများ အဖြစ် သိမြင်ကာ ဆန့်ကျင်လျက် ရှိသည်ကိုလည်း တွေ့မြင် နိုင်သည်။ တစ်ချိန်က ကမ္ဘာ့ ငြိမ်းချမ်းရေးကို တုန်လှုပ် ခြောက်ခြား စေခဲ့သော အကြမ်းဖက် ခေါင်းဆောင် တစ်ဦးဖြစ်သော အိုစမာဘင် လာဒင် အား သုတ်သင် ချေမှုန်း ရာတွင် နိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်းကြောင့် အောင်မြင် မှုများ ရရှိခဲ့သည်။ 

 ယခင်က ကမ္ဘာတစ်ဝန်းမှ အများသိ ကြသည့် အကြမ်းဖက် များဖြစ်သော တာလီဘန် ၊ အယ်လ်ကိုင်ဒါ ၊ ဆိုမာလီ ပင်လယ်ဓားပြ စသည် တို့ကိုသာ သိရှိ ကြသော်လည်း ယခုအခါတွင် မြန် မာ နိုင်ငံတွင် ကေအိုင်အေ ဟူသော လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက် လာကြောင်း သိနေကြပြီ ဖြစ်သည်။ KIA ဟူသော အဖွဲ့အစည်းကိုလည်း စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကမ္ဘာ့နိုင်ငံ အသီးသီးမှ အသိအမှတ်ပြု ခဲ့ကြပြီး ဖြစ်သည်။ ယနေ့ KIA ဟူသော အကြမ်းဖက် အဖွဲ့အစည်း ၏ လုပ်ရပ် များကြောင့် ကမ္ဘာ့ အလယ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာသည် ညိုးနွမ်းလျက် ရှိနေပေသည်။ သို့သော်လည်း နိုင်ငံတော် အစိုးရ အနေဖြင့် KIA ဟူသော လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်း သည်လည်း မြန်မာ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမ များမှ လူမျိုးစု ဖြစ်သည့် အားလျော်စွာ သွေးချင်း စိတ်ထားဖြင့် ယနေ့တိုင် ငြိမ်းချမ်းရေး အတွက် ကမ်းလက်ကို လှမ်းကာ ကြိုနေမြဲ ဖြစ်သည်။ 

 ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သည်လည်း ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အလျှောက် ကမ္ဘာ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင် ရာတွင်လည်း အားသွန် ခွန်စိုက် ကြိုးပမ်း ပါဝင် ဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့်ပင် နိုင်ငံတော်အား ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တည်ဆောက်ရာတွင် အဓိက ဖြစ်သော ဒေသတွင်း ငြိမ်းချမ်းရေးအား ဖော်ဆောင်လျက် ရှိသည်။ ထိုသို့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်ရာတွင် နိုင်ငံတော်၏ စစ်မှန်သော စေတနာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ရှိသည့်အနက် ၁၀ ဖွဲ့မှာ နိုင်ငံတော် အစိုးရ နှင့်အတူ လက်တွဲကာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အတူတကွ ဆောင်ရွက် နေကြသည်ကို တွေ့မြင်ရသဖြင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး မှ ၀မ်းသာပီတိ ဖြစ်နေကြသည်။ သို့သော်လည်း KIA အဖွဲ့ တစ်ခုတည်းသာ ယနေ့တိုင်အောင် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နည်းတူ နိုင်ငံတော် အစိုးရ နှင့် ငြိမ်းချမ်းရေး မတည်ဆောက်ဘဲ တိုင်းရင်းသား ပြည်သူတို့၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ် တို့အား ဖျက်ဆီး ကာ နိုင်ငံတော်၏ ဖွံ့ဖြိုးရေး လုပ်ငန်း များအား နှောင့်ယှက် နေသည် ကို တွေ့မြင် နေရ သည်မှာ ပြည်သူ တစ်ရပ်လုံးမှ ၀မ်းနည်း ဖွယ်ရာ အဖြစ် ခံစားလျက် ရှိပေသည်။

 နိုင်ငံတော် အစိုးရမှ ယနေ့တိုင် အောင်လည်း KIA အား ငြိမ်းချမ်းရေး ကမ်းလှမ်း လျက်ရှိသကဲ့သို့ KIA မှလည်း နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး အတွက် ကမ်းလှမ်းသော လက်အား ပုတ်ချလျက် ရှိသည်။ ထို့အပြင် ယခင်က KIA သည် ၄င်းတို့ လက်နက်ကိုင် အင်အား တောင့်တင်းရေး အတွက် အရွယ်မရောက် သူ ယောက်ျား ၊ မိန်းကလေး များအား " ပြည်နယ် ကောင်းစားရေး " ဟု ဟစ်ကြွေးကာ အဓမ္မ လူသစ် စုဆောင်းခြင်း သာ လုပ်ဆောင် နေရာမှ ယခုအခါတွင် နိုင်ငံတော်မှ ကချင် ပြည်နယ် အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမ များ၏ လူမှုဘ၀ မြင့်မားရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ဆောင် ထားသော လမ်းများ ၊ တံတားများ ၊ ဆက်သွယ်ရေး ရုံးများ ၊ လျှပ်စစ် တာဝါတိုင်များ ၊ မီးရထား နှင့် မီးရထား လမ်းများအား ဖျက်ဆီးလျက် ရှိသည်ကိုလည်း တွေ့မြင် ကြားသိ နေရသည်။ ထိုမှ တစ်ဆင့် တက်ကာ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း နှင့် တိုက်ပွဲတွင် ရှေ့မှ ထားကာ ခံကတုတ် သဖွယ် အသုံးပြုလျက် ရှိနေသည်။ KIA တို့၏ အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် ယခု အခါ ကချင်ပြည်နယ် ဒေသအချို့ တွင် ဒေသခံ တိုင်းရင်းသား များမှာ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း နှင့် အစာ ရိက္ခာ ပြတ်လပ်မှု တို့ဖြင့် အတိ ဒုက္ခ ရောက်လျက်က ရှိသည်။ ထို့အပြင် အပြစ်မဲ့ ခရီးသွား ပြည်သူတို့အား နေ့စဉ် သတ်ဖြတ်လျက် ရှိနေသည် ကိုလည်း တွေ့မြင် နေရသည်။ မကြာသေးမီ ဇန်န၀ါရီ ၁၀ ရက်နေ့ နှင့် ၁၄ ရက်နေ့ တို့တွင် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ တို့၏ မိုင်းထောင်ခြင်း ၊ လက်နက်ငယ် ဖြင့် ပစ်ခတ်ခြင်း တို့ကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ကချင်ပြည်နယ် ဒေသအချို့တွင် ဤကဲ့သို့ အစာ ရိက္ခာ ပြတ်လပ် ခြင်းသည် တိုင်းရင်းသား ပြည်သူ များသာမက KIA အကြမ်းဖက် အဖွဲ့တွင်လည်း ခံစားရလျက် ရှိကြောင်း နှင့် KIA အဖွဲ့ အတွင်း နိုင်ငံတော် အစိုးရ နှင့် ငြိမ်းချမ်းရေး အတွက် ပြုလုပ်သင့် - မသင့် သဘောထား ကွဲလွဲမှု များလည်း ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် KIA အကြမ်းဖက်က အဖွဲ့ အတွင်း အောက်ခြေမှ အဖွဲ့ငယ်များ သည် နိုင်ငံတော် ၏ စစ်မှန်သော စေတနာအား သိရှိ နားလည်ကာ တဖွဲဖွဲ လက်နက်ချ အလင်းဝင် လာကြ သည်ကို လည်း တွေ့မြင် နိုင်ပေသည်။
တိုင်းရင်းသား ပြည်သူလူထု ၏အသက် ၊ အိုးအိမ် ၊ စည်းစိမ် နှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး အတွက် အစဉ် စောင့်ရှောက်ရန် တာဝန်ရှိသော ပြည်သူ့ တပ်မတော်သည် မလွဲမရှောင် သာသည့် အခြေအနေတွင် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သော KIA တို့အား ပြန်လည် ထိုးစစ်ဆင် ခဲ့သည်။ တပ်မတော်မှ အကြမ်းဖက် KIA တို့အား ပြန်လည် ထိုးစစ်ဆင်နွှဲ ရာတွင် အိမ်နီးချင်း တရုတ် နိုင်ငံနှင့် ပူးပေါင်းကာ ၄င်းတို့အား လေကြောင်းဖြင့် တိုက်ခိုက် ပါသည်ဟု အသံကျယ်ကျယ် ဖြင့် ဟစ်ကြွေး နေသည်ကိုလည်း ကြားသိ နေရသည်။ ထို့အပြင် ဂျီနီဗာ ကွန်ဗင်းရှင်း အရ ပြည်တွင်း စစ်ပွဲတွင် လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်း မပြုနိုင်ကြောင်း ကိုလည်း အကြမ်းဖက် သမားတို့၏ ထုံးစံ အတိုင်း ထပ်ခါ တလဲလဲ အော်ဟစ် နေသံ ကိုလည်း ကြားနေရသည်။ သူခိုးက လူကို ပြန်ဟစ်နေသည် ဟုပင် ဆိုရမည် ဖြစ်သည်။ 

ဂျီနီဗာ ကွန်ဗင်းရှင်းတွင် ပြည်တွင်း အကြမ်းဖက် နှိမ်နင်းမှုတွင် လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်း မပြုရဟု မပါရှိပါ။ ဤသည်ကို KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းမှ သိပါလေစွ။ သိချင်လည်း သိပါမည် ၊ မသိချင် ယောင်ဆောင်ကာ သူတော်ကောင်း ဟန်ဆောင်၍ ဟစ်ကြွေး နေခြင်းပင် ဖြစ်ပေ လိမ့်မည်။ ကမ္ဘာ့ နိုင်ငံ အတော်များများသို့ ပြန့်နှံ့ လျက်ရှိသော အကြမ်းဖက် စစ်သွေးကြွ များဖြစ်သော တာလီဘန်များ ၊ အယ်လ်ကိုင်ဒါ များ စသည့် အကြမ်းဖက် သူများအား နှိမ်နင်း ရာတွင် နိုင်ငံတကာ ပူးပေါင်းလျက် လေကြောင်းဖြင့် တိုက်ခိုက် ချေမှုန်းလျက် ရှိသည်။ မာလီ နိုင်ငံတွင်းရှိ အယ်လ်ကိုင်ဒါ စစ်သွေးကြွ အကြမ်းဖက် များအား မာလီ အစိုးရ၏ အကူအညီ တောင်းဆို မှုကြောင့် ပြင်သစ် တပ်ဖွဲ့ဝင် များသည် ကွန်နာမြို့ တွင်းရှိ စစ်သွေးကြွာ အကြမ်းဖက် သမားများအား ဇန်န၀ါရီ ၁၁ ရက်နေ့တွငအ် လေကြောင်းမှ တိုက်ခိုက် ခဲ့သည်။ အကယ်၍ တပ်မတော်မှ KIA တို့အား လေကြောင်းမှ တိုက်ခိုက် ခဲ့သည် ဆိုသည့်တိုင် ဂျီနီဗာ ကွန်ဗင်းရှင်းအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မဆိုနိုင်ပါ။ ယနေ့ ကမ္ဘာ့ နိုင်ငံများ နည်းတူ အကြမ်းဖက် သမားများအား နှိမ်နင်း ခြင်း သာ ဖြစ် သည်။ နိုင်ငံတိုင်းတွင် ဒေသတွင်း အေးချမ်းမှု ရရှိစေရေး အတွက် အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဟူသည့် အထူး လေ့ကျင့် ပေးထားသော လက်နက်ကိုင် အဖွဲ့အစည်းများ ရှိသည်။ ထို အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့သည် လိုအပ်ပါက လေကြောင်းမှ ပစ်ကူပေး တိုက်ခိုက်ရန် အတွက်လည်း အထူး လေ့ကျင့် ပေး ထားကြသည်။ ဤသည်ကို KIA မှအပ နိုင်ငံတကာ မှလည်း လက်ခံသည်။ ထို့ကြောင့်ပင် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ တို့၏ သူတော်ကောင်း ဟန်ဆောင်ကာ ဟစ်ကြွေးနေသော အသံတို့အား မြန်မာ ပြည်သူ တစ်ရပ်လုံး သာမက နိုင်ငံ တကာမှလည်း နားပိတ်ကာ ကျောခိုင်းလျက် ရှိနေခြင်း ပင် ဖြစ်သည်။ 

အချုပ်အားဖြင့် ဆိုရသော် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ တို့သည် နိုင်ငံတကာ နည်းတူ မိမိနိုင်ငံ တွင်လည်း မတူညီသော သဘောထား များအား ဖယ်ရှားလျက် မိမိနိုင်ငံတော် ဖွံ့ဖြိုး တိုးတက် ရမည် ဟူသော တူညီသော ရည်မှန်းချက် တို့အား ရှေ့တန်းတင်ကာ တိုင်းရင်းသား သွေး ချင်းများ ဖြစ်သည့် အားလျော်စွာ ငြိမ်းချမ်းရေး အား ဆွေးနွေး သင့်ပေသည်။ ထို့အပြင် ယနေ့ KIA ၏ လုပ်ရပ်များ ဖြစ်သော စစ်ဆင်ရေး နှင့် မသက်ဆိုင်သည့် လမ်းများ ၊ တံတားများ ၊ လျှပ်စစ် တာဝါတိုင်များ ၊ ပြည်သူလူထု စီးနင်း လိုက်ပါလာသော မီးရထား များ စသည်တို့အား ဖောက်ခွဲ ဖျက်ဆီးခြင်း နှင့် ပြည်သူ လူထု၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ် တို့အား ဖျက်ဆီးနေသော မိမိတို့၏ အကြမ်းဖက် လုပ်ရပ် များအား မြန်မာ ပြည်သူ တစ်ရပ်လုံး သာမက ကမ္ဘာ့ နိုင်ငံ အသီးသီးမှပင် လက်ခံမည် မဟုတ်သည်ကို သိရှိ နားလည်ရန် လိုအပ်ပေသည်။ 

သို့ဖြစ်၍ အင်အား ချိနဲ့ နေပြီဖြစ်သော KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ များအနေဖြင့် အကြမ်းဖက် လုပ်ရပ်များ အားရပ်တန့်ကာ မိမိလူမျိုး ၊ မိမိတို့၏ ပြည်နယ်အား အခြား ပြည်နယ်များ နှင့် တိုင်းဒေသကြီး များနည်းတူ အေးချမ်း သာယာပြီး ဖွံ့ဖြိုး တိုးတက်မှု ကို ရယူရန်အတွက် နိုင်ငံတော်မှ ကမ်းလှမ်း လျက်ရှိသော ငြိမ်းချမ်းရေး လက်အား လှမ်းဆက်ရန် သင့်ပြီ ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။ 
Pyi Chit Tar Lay

ကျွန်ုပ်တို့ကမ္ဘာကြီးအား အရှည်သဖြင့်တည်တံ့စေပြီး ဖွံ့ဖြိုးသာယာလှ ပစေဖို့အတွက် အဓိကလိုအပ်ချက်သည် အိုင်တီနည်းပညာများ မြင့်မား လာရေးထက် ငြိမ်းချမ်းရေးသည်ပဓာနကျပါသည်။ ငြိမ်းချမ်းမှု ရှိမှသာ လျှင်လူသားတို့ ဘ၀မြင့်မားတိုးတက် နိုင်မည် ဖြစ်သည်။ ထို့ အတွက်ကြောင့်ပင် ကမ္ဘာမြေတွင် မှီတင်း နေထိုင် ကြကုန်သောလူသားတို့အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ် ၀ိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြရန် လိုအပ်ပေသည်။ ဤသည်ကိုလည်း ကျွန်ုပ်တို့လူသားတိုင်း သည် နားလည်သဘောပေါက်ရန် အထူးလိုအပ် ပေသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ကမ္ဘာကြီး ငြိမ်းချမ်းမှု အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေး ကောင်စီ၏ချမှတ်ထားသော စည်းမျဉ်းဥပဒေ နှင့် မူဝါဒများကို နိုင်ငံ တကာမှလည်း လိုက်နာကာ ဖော်ဆောင်လျက်ရှိကြသည်။

ဖိလစ်ပိုင်နိုင်ငံ လက်နက်ကိုင်အဖွဲ့အစည်း MILF ၏ ဗဟိုတပ်မဟာသို့ ၈၈မျိုးဆက်ကျောင်းသားများ ရောက်ရှိ

ဖိလစ်ပိုင်နိုင်ငံ လက်နက်ကိုင်အဖွဲ့အစည်း MILF ၏ ဗဟိုတပ်မဟာသို့ ၈၈မျိုးဆက်ကျောင်းသားများ ရောက်ရှိ
--------------------------------------------------------------
ဖိလစ်ပိုင်နိုင်ငံ၊ ကိုတာဘာတိုမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ (ဇန်န၀ါရီလ၊ ၁၇ ရက်) နံနက် ၈း ၁၅ နာရီက The Bangsamoro Leadership and Management Institute (BLMI) မှဖွင့်လှစ်ထားသည့် သင်တန်းကျောင်းသို့ သွားရောက်လေ့လာခဲ့ကြပြီးနောက် နံနက် ၉း ၂၀ နာရီခန့်တွင် ဖိလစ်ပိုင်နိုင်ငံ လက်နက်ကိုင်အဖွဲ့အစည်း Moro Islamic Liberation Front (MILF)  ၏ ဗဟိုတပ်မဟာ (Bangsamoro Arm Force)သို့ ရောက်ရှိခဲ့ကြပြီး တပ်ချုပ် Commder,  Rasid Ladiasan နှင့် ၎င်း၏ ဗိုလ်မှူးကြီးများနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံကြရာတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Von Al-Haq က ဖိလစ်ပိုင်နိုင်ငံ တပ်မတော်နှင့် ၎င်းတို့ လက်နက်ကိုင်တပ်တို့  ငြိမ်းချမ်းရေးရယူခဲ့ပုံအဆင့်ဆင့် နှင့် လက်ရှိအခြေအနေအထိ ရောက်ရှိလာစေရန် နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်းနှင့် ကြိုးပမ်းခဲ့ကြရပုံများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ၈၈မျိုးဆက်ကျောင်းသားများမှ သိလိုသည်များကို မေးမြန်းခဲ့ကြသည်။ ပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများသည် တပ်စခန်းအတွင်း လှည့်လည်လေ့လာခဲ့ကြပြီး နံနက် ၁၁း ၀၀ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။

ိလစ်ပိုင်နိုင်ငံ၊ ကိုတာဘာတိုမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုး ဆက်ကျောင်းသားများသည် ယနေ့ (ဇန်န၀ါရီလ၊ ၁၇ ရက်) နံနက် ၈း ၁၅ နာရီက The Bangsamoro Leadership and Management Institute (BLMI) မှဖွင့်လှစ်ထားသည့် သင်တန်းကျောင်းသို့ သွားရောက်လေ့လာခဲ့ကြပြီးနောက် နံနက် ၉း ၂၀ နာရီခန့်တွင် ဖိလစ်ပိုင်နိုင်ငံ လက်နက်ကိုင်အဖွဲ့အစည်း Moro Islamic Liberation Front (MILF) ၏ ဗဟိုတပ်မဟာ

အအေးပျံ့နှံ့ခြင်း ယခုလ ရက် ၂၀ ကျော်တွင် ထပ်မံဖြစ်ဦးမည်



ယခုလအတွင်းအအေးပိုလာခြင်းမှာ cold surge (အအေးပျံ့နှံ့မှု )ကြောင့် ဖြစ်ပြီး Cold Wave ( အအေး လှိုင်း ) ပြတ်ခြင်းကြောင့် မဟုတ်ကြောင်း မိုးဇလမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော် ကပြောသည်။
“လေအေးတွေက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ဟိမ၀န္တာတောင်ခြေအတိုင်းရွှေ့လာတယ် 3 ဒီဂရီ စင်တီ ဂရိတ် လောက်ပိုလာတယ်။အဲ့ဒါကို အအေးလှိုင်းပြတ်တယ်လို့ မခေါ်ဘူး”ဟု ၄င်းကထပ်မံပြောသည်။

Samsung စက်ရုံ တည်ထောင်မည် မဟုတ် ဟု DICA ငြင်းဆို

ကမ္ဘာကျော် အီလက်ထရောနစ်ကုမ္ပဏီကြီး Samsung သည် ပြည်တွင်း၌ စက်ရုံတည်ထောင်၍ ထုတ်ကုန် များ ထုတ်လုပ်သွားမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ရင်းနှီး မြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းတင်က The Voice Weekly သို့ ပြောကြားသည်။ "လက်ရှိအချိန် အထိ ကျွန်တော်တိုဆီမှာ လာတင်ထားတာ မရှိသေးပါဘူး။ ဆွေးနွေးတာမျိုးလည်း မရှိသေးပါဘူး" ဟု၎င်း ကရှင်းပြသည်။

စီမံကိန်းနှင့် ဒေသခံတို့ အကြား ပဋိပက္ခများသည် ရင်းနှီးမြုပ်နှံမှုအား အခက်အခဲ ဖြစ်စေနိုင်ဟု တရုတ်ဘက်မှဆို

စီမံကိန်းနှင့် ဒေသခံတို့ အကြား ပဋိပက္ခများသည် ရင်းနှီးမြုပ်နှံမှုအား အခက်အခဲ ဖြစ်စေနိုင်ဟု တရုတ်ဘက်မှဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၇။

တရုတ် နိုင်ငံမှ ပြုလုပ်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
နှင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတို့သည် ဒေသခံတို့နှင့် ပဋိပက္ခဖြစ်ပွား
လျက်ရှိပြီး အဆိုပါ ပဋိပက္ခများကြောင့် ရင်းနှီးမြုပ်နှံမှုအား အခက်အခဲ
ဖြစ်စေနိုင်သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးမှ ဒုဝန်ကြီးက ယနေ့တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

ဧရာဝတီ မြစ်ဆုံဒေသအား ရေအားလျှပ်စစ်စီမံကိန်း ပြုလုပ်ရာတွင် ဒေသခံ တိုင်းရင်းသားများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခဖြစ်ပွား
ခဲ့သောကြောင့် နိုင်ငံတော် သမ္မတမှ ၎င်း၏ သက်တမ်းအတွင်းရပ်ဆိုင်း ထားကြောင်း သိရပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပြုလုပ်
ရာတွင်လည်း ဒေသခံ ပြည်သူလူထုနှင့် ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့
ကြောင်း သိရသည်။

“အဲဒီ အခက်အခဲတွေ ပေါ်လာလို့ဖြေရှင်းလို့မရရင် ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ မှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။ အခက်အခဲကိစ္စ ဖြစ်ပေါ်လာစရာ ကိစ္စအကြောင်းအမျိုးမျိုးရှိပါတယ်။ ဖြစ်ပေါ်လာတဲ့ ကိစ္စ၊ ပြဿနာတွေ ကို ပေါ့ပေါ့ဆဆ ဖြေရှင်းလို့မရပါဘူး။တကယ်လို့ ဖြစ်ပေါ်လာရင်လည်း တရုတ်အစိုးရအနေနဲ့ ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ပါတယ်။” ဟု ဒုဝန်ကြီး က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး “တရုတ်မြန်မာ ဆက်ဆံရေးအနေနဲ့ ဒုဝန်ကြီး
ပြောသလို တရုတ်နိုင်ငံဟာ စီးပွားရေးအားကောင်းပါတယ်။ တရုတ်ပြည်
ကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါ အခက်အခဲအနည်းငယ် ရှိပါတယ်။ ဥပမာ-ကြေးနီတောင်စီမံကိန်း၊ ရေအားလျှပ်စစ်စီမံကိန်းတို့မှာ အခက်အခဲအနည်းငယ်တွေ့ရပါတယ်” ဟု တရုတ်ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိ သူတစ်ဦးကလည်း သုံးသပ် ပြောကြားသည်။

အဆိုပါ အခက်အခဲ ပြဿနာများကို လက်ရှိအစိုးရနှင့် တရုတ်နိုင်ငံမှ
ဆွေးနွေးခဲ့ကြောင်း သိရပြီး ပေါ်ပေါက်လာသော အခက်အခဲများကို သုံးသက်ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိကြောင်း တရုတ်နိုင်ငံမှ ဒုဝန်ကြီးက
ပြောကြားခဲ့သည်။

အောင်ပြည့်

တရုတ် နိုင်ငံမှ ပြုလုပ်လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတို့သည် ဒေသခံတို့နှင့် ပဋိ ပက္ခဖြစ်ပွားလျက်ရှိပြီး အဆိုပါပဋိပက္ခများကြောင့် ရင်းနှီးမြုပ်နှံမှုအား အခက်အခဲဖြစ်စေနိုင်သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူ သန်းရောင်းဝယ်ရေးမှ ဒုဝန်ကြီးက ယနေ့တွင် ထုတ်ဖော် ပြောကြား လိုက်သည်။

ဒေါ်စုကို ဆိုးလ် အမျိုးသားတက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့နှင်း

ဒေါ်စုကို ဆိုးလ် အမျိုးသားတက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့နှင်း

TEXT SIZE 
17.01.2013

မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အမျိုးသား တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်လိုက်ပါတယ်။ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေကို တန်ဖိုးထားလာဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်မားလာစေဖို့အတွက် ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အခုလို ဂုဏ်ပြုတာ လို့ ဆိုးလ်တက္ကသိုလ်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့မှာ တက္ကသိုလ်ဝင်းထဲမှာ ကျင်းပမယ့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးအပ်မယ့်အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ယူဖို့အတွက် စီစဉ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂုဏ်ထူးဆောင်ဘွဲ့ယူဖို့အပြင် ဇန်နဝါရီလ ၂၉ရက်ကနေ ဖေဖော်ဝါရီလ ၅ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ အယ်လ်ပို်င်းမြို့မှာ ကျင်းပမယ့် ၂၀၁၃ခုနှစ် ဆောင်းရာသီ ပြုံချမ်းအထူးအိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားနိုင်ငံကို ငါးရက်ကြာ အလည်အပတ်သွားရောက်မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်မြေ ကော့မှူး မြို့နယ်အတွင်းက စာသင်ကျောင်းတွေ ကို သွားရောက်စဉ်။
 
အေးချမ်းမွန်မှ  VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်ကို ရီးယားနိုင်ငံ ဆိုးလ်အမျိုးသားတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်လိုက်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေ ကိုတန်ဖိုးထားလာဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်မားလာစေဖို့အတွက်

Thursday, January 17, 2013

ဒုံးကျည် စမ်းသပ်မှု အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ အမေရိကန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်

ဒုံးကျည် စမ်းသပ်မှု အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ အမေရိကန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်

ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့မှု အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ် သွားရန် အမေရိကန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှု များသည် မကြာမီ ရက်ပိုင်းအတွင်း တိုးတက်မှုများ ရှိလာမည် ဖြစ်ကြောင်း အရှေ့အာရှ ဆိုင်ရာ အမေရိကန် အထူးသံတမန် ကတ်ကမ်းဘဲလ်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် တရုတ်နှင့် ရုရှား အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် အင်အားကြီး နိုင်ငံများနှင့် မြောက်ကိုရီးယား အစိုးရအား အရေးယူ နိုင်မည့် အစီအစဉ် များကို ဆွေးနွေး ပြောဆိုလျက် ရှိကြောင်း ဆိုးလ်မြို့၌ သတင်းထောက် များကို ပြောကြား ခဲ့ပါသည်။ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ပြီးခဲ့သည့် လအတွင်းက တာဝေးပစ် ဒုံးပျံကို အသုံးပြု၍ ဂြိုလ်တုတစ်စင်းကို ပစ်လွှတ် ခဲ့ပါသည်။ 

အမေရိကန် နိုင်ငံနှင့် ၎င်း၏ ရင်းနှီးသော မဟာမိတ် နိုင်ငံများကမူ အဆိုပါ လွှတ်တင် မှုသည် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုသာ ဖြစ်သည်ဟု သံသယ ရှိကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/4661-2013-01-17-15-24-41#.UPgMAe72ur0
ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့မှုအတွက် မြောက်ကိုရီးယား နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်သွားရန် အမေရိကန်အစိုးရ၏ ကြိုး ပမ်း ဆောင်ရွက်မှုများသည် မကြာမီ ရက်ပိုင်းအတွင်း တိုးတက်မှုများ ရှိလာမည် ဖြစ်ကြောင်း အရှေ့အာရှ ဆိုင်ရာ အမေရိကန် အထူးသံ တမန်ကတ်ကမ်းဘဲလ်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါ သည်။

“အမေရိကန်စစ်သားများ သေကြောင်းကြံစည်မှု စံချိန်တင်မြင့်တက်”

“အမေရိကန်စစ်သားများ သေကြောင်းကြံစည်မှု စံချိန်တင်မြင့်တက်”

အမေရိကန်စစ်တပ်အတွင်း မိမိကိုယ်ကို မိမိသေကြောင်းကြံစည်မှု ပိုမိုများပြားလာပြီး ယမန်နှစ်အတွင်း ၃၄၉ ကြိမ်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း AP က ဖော်ပြသည်။

ထိုပမာဏမှာ ၂၀၁၂ ခုနှစ်အတွင်း အာဖဂန်နစ္စတန် စစ်မြေပြင်တွင် သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင် အရေအတွက် ၂၉၅ ဦးထက် ပိုမိုများပြားပြီး ၂၀၁၁ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ၃၀၁ ကြိမ်ထက်လည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အချို့သော ကျွမ်းကျင်သူများကမူ ယခုနှစ်အတွင်းတွင်လည်း အမေရိကန်စစ်တပ်အတွင်း သေကြောင်းကြံစည်မှုများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ခန့်မှန်းပြောကြားသည်

အေးချမ်းမွန်မှ   Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အမေရိကန်စစ်တပ်အတွင်း မိမိကိုယ်ကို မိမိသေကြောင်းကြံစည်မှု ပိုမို များပြားလာပြီး ယမန်နှစ်အတွင်း ၃၄၉ ကြိမ်အထိ စံချိန်တင်မြင့်တက် ခဲ့ကြောင်း AP က ဖော်ပြသည်။
ထိုပမာဏမှာ ၂၀၁၂ ခုနှစ်အတွင်း အာဖဂန်နစ္စတန် စစ်မြေပြင်

ဒုတိယသမ္မတနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် တွေ့ဆုံရာတွင် အယ်လ်ဂျားဇီးယားကိစ္စထည့်သွင်း ဆွေးနွေးခဲ့

Photo: ဒုတိယသမ္မတနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် တွေ့ဆုံရာတွင် အယ်လ်ဂျားဇီးယားကိစ္စထည့်သွင်း
ဆွေးနွေးခဲ့
Thursday, January 17, 2013

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambia ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားဇန်န၀ါရီ ၁၅ ရက် ညနေပိုင်းက လက်ခံတွေ့ဆုံခဲ့ရာတွင် အယ်ဂျားဇီးရား သတင်းဌာန၏ မဟုတ်မမှန်လုပ်ကြံထုတ်လွှင့်မှုများကိစ္စကိုပါထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ပဋိပက္ခဒေသအတွင်း ရေရှည် လိုအပ်ချက်ဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးတို့တွင် အကူအညီပေးရေး၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပိုမိုထောက်ပံ့ပေးနိုင်ရေး၊ အယ်ဂျားဇီးရား သတင်းဌာန၏ မဟုတ်မမှန် လုပ်ကြံထုတ်လွှင့်မှုများနှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရရှိလာနေသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ယုံကြည်မှု တည်ဆောက်ရေးနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ နိုင်ငံတော်အနေဖြင့် ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်မှုများကို စိစစ် ဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဦးသန့်ကျော်၊ ဦးကျော်ကျော်ဝင်း၊ ဒေါ်စုစုလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

(နိုင်ငံတော်သမ္မတရုံး)
Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/01/15/id-2367
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambia ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားဇန်န၀ါရီ ၁၅ ရက် ညနေပိုင်းက လက်ခံတွေ့ဆုံခဲ့ရာတွင် အယ်ဂျားဇီးရား သတင်း ဌာန၏ မဟုတ်မမှန် လုပ်ကြံထုတ်လွှင့်မှုများကိစ္စကိုပါထည့် သွင်းဆွေးနွေးခဲ့ကြောင်းသိရ သည်။

မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ရောင်းချရန် အစိုးရက ခွင့်ပြုခြင်းမရှိသေး

Photo: မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ရောင်းချရန် အစိုးရက 
ခွင့်ပြုခြင်းမရှိသေး
Thursday, January 17, 2013

မကြာမီ ဈေးကွက်ထဲ ဖြန့်ချီတော့မယ့် မိုဘိုင်းဖုန်းတွေကို ကျပ်ငွေတစ်သိန်းနှုန်းနဲ့ရောင်းချဖို့ စီစဉ်ထားပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးဘူးလို့ RFA က စုံစမ်းသိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ စတဲ့ မိုဘိုင်းဖုန်းတွေကိုထက်ဝက်ဈေးနဲ့ ဈေးကွက်ထဲ ဖြန့်ချီဖို့ မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းက အစိုးရအဖွဲ့ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက တင်ပြခဲ့တာပါ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မကြာခင်ရောင်းချမယ့် မိုဘိုင်းဖုန်းတွေနဲ့ ပက်သက်ပြီး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့က ထက်ဝက်လျော့ချပြီး ရောင်းမယ်ဆိုတာ အထက်အဖွဲ့
အစည်းတွေကို ဝန်ကြီးဌာနကနေပြီးတော့မှ အစိုးရအဖွဲ့ရုံးတို့ ဘာတို့ကို ဆက်ပြီးတော့တင်ထားတယ်၊ တင်ထားတဲ့အခါမှာ ခွင့်ပြုမိန့်မရသေးဘူး၊ ကျနော်တို့ ဝန်ကြီးဌာနကနေ အပေါ်ကိုတင်လိုက်ပြီ၊ အပေါ်ကဘာကြောင့် ကြန့်ကြာနေသလဲဆိုတာ ကျနော်လည်း မပြောတတ်ဘူး၊ အရင်တုန်းက မကြာဘူးဗျ"

မိုဘိုင်းဖုန်းတွေကို အစိုးရနဲ့နီးစပ်တဲ့ ဦးတေဇပိုင် အီလိုက်(Elite)၊ ဦးထွန်းမြင့်နိုင်ပိုင် အေးရှားမီဂါလင့်(Asia Mega Link)၊ ဦးနေအောင်ပိုင် အိုင်ဂျီအီး(IGE) စတဲ့ ကုမ္မဏီ ၁၃ခုကနေတဆင့် ဖြန့်ချီမယ်လို့သိရပါတယ်။

ဈေးကွက်ထဲဖြန့်ချီမယ့် မိုဘိုင်းဖုန်းတွေရဲ့ဈေးနှုန်းကို အစိုးရရောင်းဈေးနဲ့ တသတ်မှတ်တည်းဖြစ်ဖို့အတွက် ဆက်သွယ်ရေးဝန်ကြီးဌာနက မိုဘိုင်းဖုန်း
ရောင်းချမယ့်ကုမ္မဏီတွေကို ခေါ်ယူဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ စီမံကိန်းအရ ၂၀၁၁-၁၂ မှာ မိုဘိုင်းဖုန်း ၄သန်း၊ ၂၀၁၂-၁၃ မှာ ၅သန်း စသည်ဖြင့် နှစ်အလိုက်ရောင်းချ
သွားဖို့ရှိတဲ့အပြင် မိုဘိုင်းဖုန်းတွေရဲ့ဈေးနှုန်းတွေကိုလည်း တဖြည်းဖြည်းချင်းလျော့ချဖို့ရှိတယ်လို့ သိရပါတယ်။

RFA Burmese

မကြာမီ ဈေးကွက်ထဲ ဖြန့်ချီတော့မယ့် မိုဘိုင်းဖုန်းတွေကို ကျပ်ငွေတစ် သိန်းနှုန်းနဲ့ရောင်းချဖို့ စီစဉ်ထားပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးဘူးလို့ RFA က စုံစမ်းသိရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ စတဲ့ မို ဘိုင်းဖုန်းတွေကိုထက်ဝက်ဈေးနဲ့ ဈေးကွက်ထဲ ဖြန့်ချီဖို့ မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းက အစိုးရအဖွဲ့ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက တင်ပြ

စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်

Photo: စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်
Thursday, January 17, 2013

လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက် ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့် ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်က စတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင်ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊ သန့်ရှင်းရေး၊ ဖော်ဖြေရေး အစရှိသဖြင့် အားလုံးတို့က စက်ရုပ်တွေချည်း ပြုလုပ်တာ ဖြစ်ပါတယ်။

စင်ပေါ်မှာ စက်ရုပ်ကသီချင်းဆိုပြ၊ ကပြပါတယ်။ ဆိုင်ထဲမှာ စက်ရုပ်တွေ သွားလာဖို့အတွက် လမ်းလုပ်ပေးထားပြီး သူ့လည်ပတ်မှု ပုံစံအတိုင်း သွားလာ နေပါတယ်။ အစားအသောက် ချက်ခန်းမှာလည်း စက်ရုပ်စားဖိုမှူး များ ကိုယ်တိုင်ချက်ပြုတ်နိုင်အောင် ပရိုဂရမ်သွင်းထားပြီး သူ့ပုံစံအတိုင်း လည်ပတ်နေပါတယ်။ ယင်း စက်ရုပ်အားလုံးကို အရေးအကြောင်း ဆိုရင် သိအောင် Control Room ကနေလည်း ထိန်းချုပ် ပေးနိုင်ပါတယ်။

သူတို့အတွက် ထမင်းစားချိန်လည်းပေးပါတယ်။ စက်ရုပ်ဆိုတော့ ထမင်း မစား ပါဘူး။ လျှပ်စစ်ဓာတ်အားသွင်းတဲ့အချိန်က ထမင်းစားချိန်ပါပဲ။ ၂ နာရီအားဖြည့်ပြီးရင် ၅ နာရီမနားတမ်းအလုပ်လုပ်မှာ ဖြစ်ပါတယ်။ ယင်း ကဲ့သို့ စက်ရုပ်တွေချည်း လုပ်ကိုင်သော စက်ရုပ်စားသောက်ဆိုင်ကို တရုတ်နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
TechSpace Journal
လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျ စရိတ် က အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက်ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့်ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်ကစတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင် ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊ သန့်ရှင်းရေး၊ ဖော်ဖြေရေး အစရှိ

ကမ္ဘာ့ ဆန်ပြပွဲတွင် မြန်မာ နိုင်ငံမှ ပေါ်ဆန်းမွှေးသည် အရည်အသွေး အကောင်းဆုံး ရွေးချယ်ခံရ




ယမန်နေ့က ဆွေးနွေးခဲ့ ကြသော ပဉ္စမ ကာလကို ငါးနှစ် အမျိုးသား စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍ နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍ နှစ်ထိ) (မူကြမ်း) နှင့် စပ်လျဉ်း၍ ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် စတုတ္ထနေ့ အစည်း အဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၈ ဦးက ဆက်လက် ဆွေးနွေးကြသည်။

မအူပင် NLD ပါတီဝင်များ ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှာ ဒီကနေ့ကျင်းပတဲ့ NLD ပါတီညီလာခံတွင် ပါတီဝင်တွေက ကော်မရှင်ကိုယ်စားလှယ်ရွေးတာ ဒီမိုကရေစီနည်းလမ်းမကျဘူးဆိုပြီး ပါတီဝင်အင်အား ငါးရာကျော်က မအူပင် NLD ရုံးအရှေ့မှာ ဗဟိုဦးစီးစနစ်လုပ်ရပ် အလိုမရှိ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

"လွှတ်တော် အားထိခိုက်စေသော အင်တာနက် ရေးသားမှု စုံစမ်းစစ်ဆေးမည် ဟု လွှတ်တော် ဆုံးဖြတ်"

 
လွှတ်တော် ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အင်တာနက် စာမျက်နှာ တွင်ရေးသားထားသော ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သတ် ၍ ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆို အဖြစ် ကမာ ရွတ် မဲဆန္ဒ နယ်မှ ဒေါက်တာ စိုးရင်က တင်သွင်းခဲ့သည်။

ဝန်ကြီးအပြောင်းအလဲကြောင့် ကုမ္ပဏီများပါ ရောင်းချမည့် မိုဘိုင်းဖုန်းကဒ်ဈေး မသတ်မှတ်နိုင်သေး




လက်ရှိဆက်သွယ်ရေးဝန်ကြီးအပြောင်းအလဲဖြစ်ပြီးနော က် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထပ်မံရောင်းချသွားမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများအားပုဂ္ဂလိကကုမ္ပဏီများကို ရောင်းချခွင့်ပြုပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

“ဆီးဂိမ်းလာဧည့်များအတွက် ဟိုတယ်အခန်းခ တစ်ည ဒေါ်လာ၅ဝသာ ယူရန် သတ်မှတ်”


“ဆီးဂိမ်းလာဧည့်များအတွက် ဟိုတယ်အခန်းခ တစ်ည ဒေါ်လာ၅ဝသာ ယူရန် သတ်မှတ်”


ယခုနှစ်အတွင်းပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း လာရောက်မည့် ဧည့်သည်များအတွက် ဟိုတယ်အခန်းခများကို တစ်ညဒေါ်လာ ၅ဝ သာ
ယူရန် သတ်မှတ် လိုက်ကြောင်း ရန်ကုန်ဟိုတယ်ဇုန်မှ သိရသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧည့်သည်များ တည်းခိုရန် ရန်ကုန်ရှိ ဟိုတယ်များကို ရွေးချယ်ကာ အခန်းများတောင်းယူ
ထားကြောင်း၊ အဆိုပါ အခန်းများအတွက် အခန်းခများကို တစ်ည ဒေါ်လာ ၅ဝ ယူရန် ဝန်ကြီးဌာနမှ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန် ဟိုတယ်ဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ရန်ကုန်မှာတော့ ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၅ ရက်အထိပေါ့၊ ဆီးဂိမ်း အတွက်ဆိုရင် ဒေါ်လာ ၅ဝ ပဲ၊ တစ်နိုင်ငံလုံး ဒီနှုန်းပဲ”ဟု ၄င်းက ပြောသည်။
ရန်ကုန်ရှိ ဆီဒိုးနား၊ ချက်ထရီယမ်၊ ပါ့ခ်ရွိုင်ရယ်၊ အိုလံပစ်၊ အေးရှပလာဇာ၊ ဟိုတယ်ရန်ကုန်အပါအဝင် ဟိုတယ်များမှအခန်း ၇ဝဝ ကျော်ကို ဆီးဂိမ်း
အတွက် တောင်းယူထားကြောင်း သိရသည်။

”ကျန်ဟိုတယ်တွေကိုလည်း အဲဒီရက်မှာ အခန်း ၃ဝ ရာခိုင်နှုန်း ချန်ထားပေးဖို့
ညွှန်ကြားထားပါ တယ်။ လိုအပ်ရင် သုံးဖို့ညွှန်ကြား ထားတာ”ဟု ၄င်းက
ပြောသည်။

နေပြည်တော်၊ မန္တလေး၊ ငွေဆောင် စသည်တို့တွင်လည်း ဆီးဂိမ်းအတွက် အရန်ဟိုတယ်များ ထားရှိကြောင်း၊ ဆီးဂိမ်းလာရောက် အားပေးသူများ
ဈေးသက်သာစွာ ဖြင့် တည်းခိုနိုင်ရန် ရည်ရွယ်ကြောင်း ဟိုတယ်/ခရီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဆီးဂိမ်းအတွက် ရည်ရွယ်ကာရှိပြီးသားဟိုတယ်များအပြင် နေပြည်တော်
တွင် ဟိုတယ်အလုံး ၄ဝ၊ ရန်ကုန်တွင် ၁ဝ လုံး၊ မန္တလေးတွင် ၄ လုံးနှင့်
ငွေဆောင်တွင် ၃ လုံး အရန်ထားရှိမည်ဟု သိရသည်။

လက်ရှိတွင် ဟိုတယ်များ၏ အခန်းခနှုန်းထားများကို တစ်ညလျှင် ဒေါ်လာ ၁၅ဝ ထက်ပိုမယူရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်
ထားသည်။

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ယခုနှစ်အတွင်းပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း လာရောက် မည့် ဧည့်သည်များအတွက် ဟိုတယ်အခန်းခများကို တစ်ညဒေါ်လာ ၅ဝ သာယူရန် သတ်မှတ်လိုက်ကြောင်း ရန်ကုန်ဟိုတယ်ဇုန်မှ သိရ သည်။

KIA အဖွဲ့မှအူဗျစ်ကျေးရွာမှ ရွာသူရွာသား ၄၅ ဦးအား ဖမ်းဆီးခေါ်ဆောင် ၀ိုင်းမော်-ကန်ပိုက်တီလမ်းကြောင်းပေါ်ရှိ ယာဉ်များအား ဆက်ကြေးများကောက်ခံ


မြန်မာနိုင်ငံတွင် လွတ်လပ်မှုများ တိုးတက်လာဟု Freedomhouse အဖွဲ့ ဖော်ပြ

 
၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် လူမှုရေးလွတ်လပ်မှုများ တိုးတက်လာကြောင်း ကမ္ဘာ့နိုင်ငံများ၏ ယင်းလွတ်လပ်မှုနှစ်မျိုးကို တိုင်းတာဖော်ပြသော Freedomhouse အဖွဲ့က ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာ အာကာသစခန်း အတွက် လေဖြည့်သွင်းနိုင်သော အာကာသယာဉ် နာဆာ ဝယ်ယူ

Photo: နိုင်ငံတကာ အာကာသစခန်း အတွက် လေဖြည့်သွင်းနိုင်သော အာကာသယာဉ် နာဆာ ဝယ်ယူ

အမေရိကန် အာကာသ အေဂျင်စီ (NASA) အဖွဲ့သည် နိုင်ငံတကာ အာကာသ စခန်း (ISS) တွင် တပ်ဆင် အသုံးပြုရန် အတွက် လေဖြည့်သွင်းနိုင်သော အာကာသယာဉ်ကို ဝယ်ယူရန် အတွက် အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၈ သန်းရှိ စာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။
နာဆာ အဖွဲ့သည် နီဗာဒါ အခြေစိုက် Bigelow Aerospace ပုဂ္ဂလိက အာကာသယာဉ် ကုမ္ပဏီသို့ ငွေကြေး များ ပေးချေ သွားမည် ဖြစ်ပြီး နည်းပညာ ဆိုင်ရာ သရုပ်ပြမှု တစ်ရပ်အဖြစ် အဆိုပါ ကုမ္ပဏီ၏ လေဖြည့် သွင်းနိုင်သည့် အာကာသယာဉ် (BEAM) ကို ကမ္ဘာပတ်လမ်း အတွင်းရှိ ဓာတ်ခွဲခန်းတွင် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ အမေရိကန် အာကာသယာဉ် တီထွင်မှုတွင် အရေးပါသော တိုးတက်မှု ရရှိရန်၊ လူသားများ အာကာသ အတွင်း ဘေးအန္တရာယ် ကင်းစွာနှင့် အဖိုးနှုန်း သက်သာစွာ နေထိုင် သွားလာနိုင်ရန် အတွက် အဆင့်မြင့် နည်းပညာကို ကျယ်ကျယ် ပြန့်ပြန့် အသုံးချရန် အဆိုပါ သဘော တူညီချက်ကို လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်ကြောင်း နာဆာ အဖွဲ့ ဒုတိယ အကြီးအကဲ လိုရီဂါဗာက ပြောကြားခဲ့သည်။

နာဆာအဖွဲ့ကို တည်ထောင်သူ ဂါဗာနှင့် ဘီဂီလို၊ အဖွဲ့ဥက္ကဋ္ဌ ရိုဘက် ဘီဂီလိုတို့သည် BEAM အစီအစဉ်နှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၁၆ ရက်တွင် မီဒီယာ တစ်ခု၌ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နာဆာ အဖွဲ့က ပြောကြားသည်။

BEAM ကို ကမ္ဘာပတ် လမ်းကြောင်းအတွင်း နှစ်နှစ်ခန့် ထားရှိသွားမည် ဖြစ်ပြီး အဆိုပါ အာကာသ ယာဉ်ကို နာဆာ အဖွဲ့၏ ကုန်တင် အာကာသ ယာဉ်များ အနက် အာကာသယာဉ် တစ်စင်းဖြင့် လွှတ်တင် သွားနိုင် ဖွယ် ရှိကြောင်း နာဆာ အဖွဲ့က ပြောကြားသည်။

http://www.myawady.com.mm/allnews/global/item/4572-2013-01-17-08-59-32#.UPd_f50seJ8

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အမေရိကန် အာကာသ အေဂျင်စီ (NASA) အဖွဲ့သည် နိုင်ငံတကာ အာကာသ စခန်း (ISS) တွင် တပ်ဆင် အသုံးပြုရန် အတွက် လေဖြည့် သွင်းနိုင်သော အာကာသယာဉ်ကို ဝယ်ယူရန် အတွက် အမေရိ ကန် ဒေါ်လာ ၁၇ ဒသမ ၈ သန်းရှိ စာချုပ် တစ်ရပ်ကို လက်မှတ် ရေး ထိုး ခဲ့ကြောင်း သိရသည်။

ပြန်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေး လိုလားသူလူငယ်တစ်စု လမ်းလျှောက်မည်


ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရပ်ဆဲရေးအတွက် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင် လာစေဖို့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တစ်စုက ရန်ကုန်မြို့ကနေ ကချင်ပြည် နယ် ကို လမ်းလျှောက်ချီတက်သွားမယ်လို့ ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း

အစိုးရ၀န်ထမ်းများကို လစာတိုးပေးရေး မလိုအပ်သောအသုံးစရိတ်များ လျှော့ချရန် ကြိုးပမ်းမည်ဟု လွှတ်တော်အမတ်များဆို

လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏လစာများ တိုးမြှင့်ပေးနိုင်ရန်အတွက် မလိုအပ်သော စီမံကိန်း များ၏ကုန်ကျငွေများကို ဖြတ်တောက်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။

 မြန်မာတစ်နိုင်ငံလုံး၌ ဇန်န၀ါရီလ ၁၆ ရက်နေ့မှစ၍ ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်သို့ ပြန်လည်ရောက်ရှိ

မြန်မာတစ်နိုင်ငံလုံး၌ ဇန်န၀ါရီလ ၁၆ရက်နေ့မှ စတင်ကာ ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်သို့ ပြန် လည်ရောက် ရှိပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော် က ပြောကြားခဲ့သည်။

ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်

ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်

မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံလာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။

အမျိုးသားညီလာခံ ကျင်းပရာ အဆိုပါနေရာရှိ မူလအဆောက်အအုံ နေရာ များ၌ စက်ရုံတည်ဆောက်မည် မဟုတ်ဘဲ သီးခြားနေရာတွင် ဆောက်လုပ် မည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

”ရင်းနှီးမြှုပ်နှံမှု ပမာဏလည်း ကြီးတယ်။ ဒါ့ကြောင့်လူ ၅ သောင်း အလုပ် ရသွားမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

စက်ရုံ တည်ဆောက်ခြင်းကို ယခုနှစ်လအတွင်း စတင်အကောင်အထည်ဖော် မည်ဖြစ်ပြီး ပြည်တွင်း၌ အဓိကရောင်းချရန်မဟုတ်ဘဲ တောင်ကိုရီးယားမှ တစ်ဆင့် ပြန်လည်ဖြန့်ဖြူး ရန် စက်ရုံလာတည်ခြင်း ဖြစ်သည်ဟု ကော်မရှင်မှ သိရသည်။

ယခုကဲ့သို့သော ဆမ်ဆောင်း စက်ရုံကို ဗီယက်နမ်နိုင်ငံတွင် တည်ထောင် ထားခဲ့ပြီးဖြစ်သည်ဟု သိရ သည်။အစိုးရသစ် တက်ပြီးနောက် ကမ္ဘာကျော် အမှတ်တံဆိပ်များ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ပက်(ပ်)စီကုမ္ပဏီပြီးလျှင် ယခု တောင်ကိုရီးယားဆမ်ဆောင်းမှာ ဒုတိယ
မြောက် ဖြစ်သည်။

PN-051၊ရန်နိုင်
Ref & Credit to Popular Myanmar News Journal

မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံ လာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံ မှုကော် မရှင်မှ သတင်းရရှိသည်။

အယ်လ်ဂျီးရီးယားသူပုန်အုပ်စုက နိုင်ငံခြားသားများကို ဓားစားခံအဖြစ် ဖမ်းဆီးထား

အယ်လ်ဂျီးရီးယားသူပုန်အုပ်စုက နိုင်ငံခြားသားများကို ဓားစားခံအဖြစ် ဖမ်းဆီးထား
Thursday, January 17, 2013

အယ်လ်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်မစ်သူပုန်များက ဓာတ်ငွေ့စက်ရုံ
တစ်ရုံအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗြိတိန်တစ်ဦး အပါအဝင်
နိုင်ငံခြားသားနှစ်ဦး သေဆုံးပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။

အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျပန်နိုင်ငံသားများ ပါဝင်သော ဓားစာခံ ၄၁ ဦးကို ဖမ်းဆီးထားကြောင်း အယ်လ်ဂျီးရီးယားသူပုန်အဖွဲ့က ပြောကြားသည်။
မာလီတွင် အစ္စလာမ်မစ်သူပုန်များအား တိုက်ခိုက်မှု၌ ပြင်သစ်နိုင်ငံ၏ စစ်ရေးပါဝင်ဆောင်ရွက်မှုကို လက်စားချေသည့်အနေဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

Planet Myanmar Network

အယ်လ်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်မစ်သူပုန်များက ဓာတ်ငွေ့စက်ရုံ
တစ်ရုံအားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗြိတိန်တစ်ဦးအပါအဝင် နိုင် ငံခြား သားနှစ်ဦး သေဆုံးပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီး ထားကြောင်း သိရှိရသည်။

ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းတွင် စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထား


ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းတွင် စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထား

ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် နိုင်ငံ၏ Kadena လေတပ် အခြေစိုက် စခန်းတွင် အမေရိကန် နိုင်ငံ၏ စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထားကြောင်း ဂျပန် နိုင်ငံ၏ ကျိုဒို သတင်း ဌာနက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိ လာခဲ့သော အဆိုပါ တိုက်လေယာဉ် များသည် အမေရိကန် နိုင်ငံ ဗာဂျီးနီးယား ပြည်နယ်ရှိ Langley-Eustis ပူးတွဲ လေတပ် အခြေစိုက် စခန်းတွင် မူလက တပ်ဖြန့် ချထားခဲ့ကြောင်း ၎င်းသတင်း ဌာနက ထုတ်ပြန် ခဲ့ပါ သည်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့နှင့် အမေရိကန် လေတပ်တို့သည် Miyazaki  စီရင်စုရှိ လေတပ် အခြေစိုက် စခန်းတွင် ၅ ရက်ကြာ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းအား ပြုလုပ် ခဲ့ပါသည်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့သည် အိုကီနာဝါ စီရင်စုရှိ ကျွန်းတစ်ကျွန်းတွင် အမေရိကန် နိုင်ငံနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ်ရန် စီစဉ် ထားခဲ့သော်လည်း ဒေသခံ များ၏ အပြင်းအထန် ကန့်ကွက်မှုကြောင့် ဖျက်သိမ်းခဲ့ ကြောင်း သိရှိ ရပါသည်။

http://www.myawady.com.mm/allnews/global/item/4550-2013-01-16-16-25-39#.UPdZr-72ur0
ဂျပန် နိုင်ငံ အိုကီနာဝါစီရင်စုရှိ အမေရိကန် နိုင်ငံ၏ Kadena လေတပ် အခြေစိုက်စခန်းတွင် အမေရိကန် နိုင်ငံ၏ စတဲ့သ်နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့်ချထားကြောင်း ဂျပန် နိုင်ငံ၏ ကျိုဒို သတင်း ဌာနက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိ လာခဲ့သော အဆိုပါ တိုက်လေ ယာဉ်များသည် အမေရိကန် နိုင်ငံဗာဂျီးနီးယား ပြည်နယ်ရှိ Langley-

KIA သို့ ထိုးစစ်ဆင်မှုတွင် အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ရခြင်း အပေါ် EU မှ ရှုတ်ချ



တပ်မတော်မှ KIA သို့ ထိုးစစ်ဆင်မှုတွင် အပြစ်မဲ့ အရပ်သားများသေဆုံးခဲ့ရခြင်းအပေါ် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချလိုက်ပါသည်။