အာရှဒေသမှာ ကြားခံအဖြစ် အဓိကချိတ်ဆက်နိုင်မယ့် ဟံသာဝတီ
အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တစ်ခုကို ရန်ကုန်မြို့နဲ့ မိုင် ၅၀ ခန့်
အကွာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အခုနှစ်အတွင်း
စတင်တည်ဆောက်ဖို့ ကုမ္ပဏီ ၇ ခုကို လေလံတွေ စတင်ချထားတော့မယ်လို့
ပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက RFA ကို ဖေဖေါ်ဝါရီလ ၇
ရက်နေ့ ဒီကနေ့မှာ ပြောကြားပါတယ်။
Friday, February 8, 2013
ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့်ရ
ဖေဖော်ဝါရီလ ၇ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ရှမ်းပြည်နယ်နေ့ အခမ်းအနားကို
ရှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ နမ့်ခမ်းမြို့တွေမှာ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေ၊ ရှမ်းပါတီတွေအပါအ၀င် အစိုးရဖက်ကလည်း တက်ရောက်ကြပြီး
စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။
နိုင်ငံနဲ့အဝှမ်းဆန္ဒပြဖို့ တူနီးရှားအလုပ်သမားသမဂ္ဂ လှုံ့ဆော်
လုပ်ကြံခံရတဲ့ တူနေးရှားခေါင်းဆောင်ရဲ့ ရုပ်ကလာပ်ကို သယ်ဆောင်လာစဉ်။
Tunisia နိုင်ငံမှာ လုပ်ကြံခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် Chokri Belaid
ရဲ့ အသုဘ အခမ်းအနားနဲ့ တိုက်ဆိုင်ပြီး ပြည်လုံးကျွတ် သပိတ်မှောက်ကြဖို့
နိုင်ငံရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂက ဆော်သြ လိုက်ပါတယ်၊ Tunisia
အလုပ်သမားများအတွက် အထွေထွေသမဂ္ဂကြီးက သပိတ်မှောက်ကြဖို့
ကြာသပတေးနေ့နှောင်းပိုင်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းကလဲ
နိုင်ငံရေးပါတီ နဲ့
အမေရိကန် အရှေ့မြောက် နှင်းမုန်တိုင်းဝင်မည်
NOAA မုန်တိုင်းစောင့်ကြည့်ရေးက ထုတ်ပြန် တဲ့ နှင်းမုန်တိုင်းဖြစ်ပေါ် လာနိုင်တဲ့ ဂြိုလ်တုဓာတ်ပုံ (ဖေဖော်ဝါရီ ၇၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းဖက်ကို သမိုင်းမှာ အဆိုးဆုံး
ဖြစ်နိုင်တဲ့ အင်အားပြင်း နှင်းမုန်တိုင်းတခု ဦးတည်နေတဲ့အတွက်
အဲဒီ့ဒေသတွေမှာ နေထိုင်သူတွေကို အိမ်ထဲမှာပဲနေကြဖို့နဲ့ တတ်နိုင်ရင်
ကားတွေ မသွားကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။
ခိုင်မြဲတဲ့ ကချင်ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကုလအတွင်းရေးမှုးချုပ် တိုက်တွန်း
ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေ ကို ရှေ့တန်းစစ်စခန်း တွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းက အကြမ်းဖက် ပဋိပက္ခတွေ
လျှော့ကျစေရေး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့
ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အကြား သဘောတူညီချက်ရတဲ့အပေါ်
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး၊ ခိုင်မြဲတဲ့
ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံး ဆောင်ရွက်ကြဖို့လည်း
တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
Thursday, February 7, 2013
UWSA ဆောက်မည့် ရေကာတာ စီမံကိန်းအပေါ် ထိုင်းနိုင်ငံစိုးရိမ်မှုရှိ
ရေကာတာစီမံကိန်းနေရာပြမြေပုံ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းရှိ
မိုင်းကုတ်ကျောက်မီးသွေးတူးဖော်ရေးနှင့် တောင်ပိုင်း ဝ ဌာနချုပ်
ဝမ့်ဟုန့်အနီး လွယ်ပုံတောင်း တွင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ
ရေကာတာ တည်ဆောက်မည့်အပေါ် ထိုင်းလူမှုအသိုင်းအဝိုင်းမှ
စိုးရိမ်ပူပန်မှုရှိနေကြောင်း ဆိုပါသည်။
တြိဂံပုံပြင်
ကျမတို့
ခြောက်တန်းတုန်းက သင်္ချာဘာသာရပ် လေ့လာသင်ယူရချိန်တွေမှာ algebra
သင်ရချိန်ဆိုရင် ပျော်ရသ လောက်၊ Geometry သင်ရချိန်ဆိုရင်တော့
အတော်စိတ်ညစ်ရပါတယ်။ အကြောင်းကတော့ မျဉ်းပြိုင်တွေ၊ စတုရန်းပုံ တွေ၊
ထောင့်မှန်စတုဂံပုံတွေနဲ့ တြိဂံပုံတွေ ဆွဲရလို့ပါပဲ။ ပေတံသုံးရမှာပျင်းတဲ့
ကျမက မျဉ်းတွေကို လက်နဲ့ပဲ ဖြစ်ကတတ် ဆန်း ဆွဲလေ့ရှိတာကြောင့်
စည်းကမ်းကြီးတဲ့ မြန်မာပြည် လာမယ့်သူ တရုတ်အစိုးရ ပေးမထွက်
ရန်ကုန်လာပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန် ကြိုးပမ်းမည့် တရုတ်လူငယ် တဦးကို တရုတ် အစိုးရက နိုင်ငံ အပြင်ဘက် ပေးမထွက်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်
၂၀၁၂
ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး
ထုတ်ပြန်လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။
စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေအနက် အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်းသူရိယ၊
သီဟသူရ ဘွဲ့တံဆိပ်ရသူ မရှိဘဲ သူရဘွဲ့ရသူ ၃ ယောက်နဲ့ သူရဲကောင်းမှတ်တမ်းဝင်
တံဆိပ်ရရှိသူ ၂၅ ယောက် ပါရှိပါတယ်။
KIO အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်သည့် ပြည်ထောင်စုနေ့ အခမ်းအနား ပထမဆုံးအကြိမ် ဖြစ်လာနိုင်
မြန်မာအစိုးရ အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး မရရှိသေးသည့်
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသား
အဖွဲ့အားလုံး ပါဝင်သည့် ပြည်ထောင်စုနေ့ အခမ်းအနား ပထမဆုံးအကြိမ်
ဖြစ်လာနိုင်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar
Peace Center) မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး
ဒေါက်တာမင်းဇော်ဦးက ဖေဖော်ဝါရီလ ၅ ရက်က ပြောကြားခဲ့သည်။
အန္တရာယ်ကြားက ရန်ကုန်
ကုန်ခဲ့တဲ့ရက် အနည်းငယ်က ရန်ကုန် ဘုရင့်နောင် လမ်းမကြီးပေါ်က
ခုံးကျော်တံတား စီမံကိန်း လုပ်ငန်းခွင်ထဲမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်
သူငယ်ချင်းနှစ်ယောက် ဘိလပ်မြေဖျော်စက်ထဲက ချိုးဖတ်တွေ ဝင်ခွာနေတာကို
စက်မောင်းသူက မသိ လိုက်တဲ့အတွက်ကြောင့် အသက် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရတဲ့
အဖြစ်ကို ပြန်တွေးမိတိုင်း ချောက်ချားနေမိခဲ့တယ်လို့ မောင်အောင်က ဆိုပါတယ်။
NDF ပါတီအမတ်တစ်ဦးကို ဒုတိယဝန်ကြီးအဖြစ် သမ္မတခန့်အပ်
သမ္မတ ဦးသိန်းစိန် က ဒုတိယဝန်ကြီးတွေ အသစ်ခန့်အပ်ခဲ့ရာမှာ အမျိုးသား
ဒီမိုကရေစီအင်အားစု NDF ပါတီဝင်အမတ်တစ်ဦး ပါဝင်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး
NDF ပါတီက ကြိုတင်မသိရှိခဲ့ဘူးလို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ က
ပြောဆိုကြောင်း AFP သတင်း က ဖေါ်ပြပါတယ်။
အစိုးရအဖွဲ့မှ နိုင်ငံရေး အကျဉ်းသားဟု သုံးနှုန်းပြီး နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းခြင်းအား ကြိုဆိုကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ပြောကြား
|
|
တပ်မတော်သားတွေ ထိုက်တန်တဲ့ ရပိုင်ခွင့်နဲ့ တာဝန်ယူမှုတွေ ရှိဖို့လို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က
တပ်မတော်သားတွေအနေ နဲ့ နိုင်ငံ့တာဝန်တွေကို ကျေပွန်စွာ
ထမ်းဆောင်နိုင်ရေးအတွက် ထိုက်တန်တဲ့ ရပိုင်ခွင့်တွေရရှိဖို့
လိုအပ်တယ်ဆိုတဲ့အချက်ကို သူလက်ခံကြောင်းနဲ့ တပြိုက်နက်မှာ တပ်မတော်ဖက်ကလည်း
တာဝန်ယူရမယ့် အပိုင်းရှိကြောင်း ပြောကြားလိုက်ပါတယ်။
Wednesday, February 6, 2013
ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရန် KIA မျှော်လင့်
(၅၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားကို နယူးဒေလီမြို့ Vikaspuri ရပ်ကွက်ရှိ မြန်မာရိပ်သာခန်းမတွင် ဖေဖော်ဝါရီ ၅ရက်နေ့ က ကျင်းပခဲ့သည်။
အန်ဒီအက်ဖ်အမတ်ကို ဒုဝန်ကြီးအဖြစ် ခန့်အပ်
ဒီဗွီဘီ - ၀၆ ဖေဖော်ဝါရီ ၂၀၁၃
Photo: ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆွယ်နေတဲ့ NDF ပါတီ အမတ်လောင်း ဒေါက်တာ တင်ရွှေ
အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်ရွှေကို ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဒုဝန်ကြီးအဖြစ် သမ္မတက ခန့်အပ်လိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်ရွှေကို ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဒုဝန်ကြီးအဖြစ် သမ္မတက ခန့်အပ်လိုက်ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို မြေဈေးက ခြိမ်းခြောက်နေ
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အသေးစိတ်ကို ထုတ်ပြန်ကြေညာပြီး
နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တို့ကို ဆွဲဆောင်နေသည့်
တချိန်တည်းမှာပင် မြင့်မားနေသော မြေဈေးကို နိုင်ငံခြား
ရင်းနှီးမြှုပ်နှံသူတို့က စိတ်ဝင်တစား အံ့အားသင့်စွာဖြင့် အနီးကပ်
စောင့်ကြည့်နေကြသည်။
ချင်းဒေသ စားနပ်ရိက္ခာ ပြတ်လပ်မှု ထပ်မံကြုံတွေ့
ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ရွာပေါင်း ၈၀ ခန့်သည် စားနပ်ရိက္ခာ ပြတ်လပ်မှု နှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ဇာနတ်တောင်ကြောနှင့် မာရာတောင်ကြောတို့တွင် တောင်ယာစပါးများ
ရိတ်သိမ်းစဉ်ကာလ မိုးရွာသွန်း၍ သီးနှံများပျက်စီးပြီး နောက် ထိုသို့
အခက်အခဲ ကြုံကြရခြင်း ဖြစ်ကြောင်း ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးပူးလာမောင်ကျူံး က ဧရာဝတီ သို့ ပြောသည်။
နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်အစိုးရခေတ်က
အာဏာအလွဲသုံးစားခဲ့သူများကို နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ
ပြဋ္ဌာန်းခွင့်မရှိဘဲ ပြဋ္ဌာန်းရန် ကြိုးစားပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်
ဆန့်ကျင်ကြောင်း ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက
ပြောဆိုလိုက်သည်။
အထူးစီးပွားရေးဇုန်မှ မထူးတော့တဲ့ မြေယာပြဿနာ
အစိုးရသစ်က အကောင်အထည်ဖော်နေသော ထားဝယ်၊ သီလ၀ါ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတို့အနက် ပထမဆုံးတည်ဆောက်ပြီးစီးရန် ရည်မှန်းနေသော သီလ၀ါအထူးစီးပွားရေး ဇုန်မှာလည်း အခြားစီမံကိန်းများနည်းတူ မြေယာပြဿနာ အနည်းငယ်ရှိနေသည်။
သမ္မတ အိုဘားမား အစ္စရေးလ်သို့ သွားမည်
သမ္မတ အိုဘားမားအနေနဲ့ သူ့ရဲ့ အခု ဒုတိယသမ္မတ သက်တမ်းအတွင်း ပထမဆုံး
ခရီးစဉ်အဖြစ်နဲ့ အစ္စရေးလ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီကနေ
ဂါဇာအနောက်ဘက်ကမ်းနဲ့ ဂျော်ဒန်တို့ကို သွားဖို့ရှိပါတယ်။ခရီးစဉ်အတွင်း ဆွေးနွေးမယ့် အကြောင်းအရာတွေထဲ ဆီးရီယားနဲ့ အီရန်ကိစ္စအပါအ၀င် ကိစ္စရပ် အတော်စုံစုံလင်လင်ကို ဆွေးနွေးမယ်လို့ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ ဘယ်ရက် ခရီးစတင်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ကြေညာတာမရှိပါဘူး။
ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် အဖျော်ယမကာ စက်ရုံများ တည်ထောင်ခွင့် MICမှ ထပ်မံခွင့်ပြု
|
|
Subscribe to:
Posts (Atom)











