Monday, April 8, 2013

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ပြည်သူ့ မဟာခန်းမ အဆောက်အအုံကြီး ရှေ့တွင် အစောင့် တပ်သားတဦး တာဝန်ကျနေပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ရှင်းလင်းထားတဲ့ ကြေညာချက်တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့ နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေရှ့် အခြေစိုက် အဖွဲ့အစည်းတွေ ခြိမ်းခြောက်

မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေရှ့် အခြေစိုက် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခြိမ်းခြောက်နေတယ်လို့ မောင်တောခရိုင် အခြေစိုက် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည် ပအော်ပရေတာ ၂၂ ခုမှ Pre-qualification Application တင်သွင်း

ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည်
ပအော်ပရေတာ ၂၂ ခုမှ Pre-qualification Application တင်သွင်း
Monday, April 8, 2013

ပြည်တွင်းရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများအတွက် ဆက်
သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည်ပအော်
ပရေတာ ၂၂ ခုမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် Pre-qualification Application တင်သွင်းခဲ့ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ
အကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတစ်ဝန်း ဆက်သွယ်ရေး ၀န်ဆောင်မှု ရရှိစေမည့် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းလိုင်စင်နှစ်ခု ခွင့်ပြုရန်အတွက် ဆက်သွယ်ရေး အော်
ပရေတာ တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ ညနေ ၃ နာရီ၌ Pre-qualification Application များအား ဖွင့်ဖောက် စစ်ဆေး
ခဲ့ရာ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီ ၂၂ ခုမှ တင်သွင်းသည့်Document
 များအား စိစစ်ပြီး ကော်မတီအနေဖြင့် လက်ခံ အတည်ပြုခဲ့ကြောင်း သိရ
သည်။

Pre-qualification Application Process အောင်မြင်သည့် အော်ပရေတာ
များ၏ စာရင်းအား ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကြေညာသွား
မည် ဖြစ်သည်။

အဆိုပါ ဆက်သွယ်ရေး ၀န်ဆောင်မှုအတွက် လိုင်စင်လျှောက်ထားရာတွင် အဆင့်သုံးဆင့် ခွဲခြားသတ်မှတ်ထားပြီး ပထမအဆင့် အနေဖြင့် ကော်မတီမှ မည်သည့်စီးပွားရေး လုပ်ငန်းစုကိုမဆို ၎င်းတို့ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားပါက ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်အား လျှောက်
ထားနိုင်ကြောင်း၊ ဒုတိယအဆင့်တွင် ယင်းလုပ်ငန်းစုများ အနေဖြင့် ဆက်
သွယ်ရေး အော်ပရေတာများအဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် အရည်အသွေး
ရှိ၊ မရှိနှင့် တတိယ အဆင့်အတွက် ဆက်လက်ပါဝင် အရွေးချယ်ခံနိုင်ခြင်းရှိ၊ မရှိ စသည့်အချက်များကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

လိုင်စင်လျှောက်ထားခွင့် ဒုတိယမြောက် အဆင့်တွင် ၎င်းလုပ်ငန်းစုများ အနေဖြင့် ဆက်သွယ်ရေး အော်ပရေတာများအဖြစ် လုပ်ကိုင် ဆောင်ရွက်
ရန် အရည်အသွေး ရှိ၊ မရှိနှင့် တတိယအဆင့်အတွက် ဆက်လက်ပါဝင် အရွေးချယ်ခံနိုင်ခြင်း ရှိ၊ မရှိ စသည့် အချက်များကို စစ်ဆေးသွား
မည်ဖြစ်ကြောင်း သိရသည်။ 

ဒုတိယမြောက် အဆင့်တွင် လာရောက် လျှောက်ထားသူ ကုမ္ပဏီများ
အနေဖြင့် သတ်မှတ်ထားသော အခြေခံ လိုအပ်ချက်များဖြစ်သည့် အရင်းအမြစ်၊ ဘဏ္ဍာရေး ခိုင်မာတောင့်တင်းမှု၊ လုပ်ငန်းလည်ပတ် နိုင်
စွမ်းရှိ၊ မရှိ၊ ဒီဇိုင်းအတွေ့အကြုံ၊ အကောင်အထည် ဖော်နိုင်စွမ်း ရှိ၊ မရှိ စသည့် အချက်များကို စစ်ဆေးသွားနိုင်ရန် ရည်ရွယ်ထားသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများအရ ဆက်သွယ်ရေး ကဏ္ဍအတွက် Myanmar Telecom, Yatanarpon Telecom ကုမ္ပဏီ
နှစ်ခုနှင့်အတူ သီးခြားဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုတို့မှ ဆက်သွယ်ရေး ကဏ္ဍအတွက် အပြိုင်ဝန်ဆောင်မှု ပေးကြမည်ဖြစ်ပြီး ယင်းဆက်သွယ်ရေး ကုမ္ပဏီလေးခုမှ ၂၀၁၃ မှ ၂၀၁၆ ခုနှစ် အတွင်း၌ မိုဘိုင်းဖုန်း အလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရှိရပါသည်။

၂၀၁၂ ခုနှစ်က ကျပ်နှစ်သိန်းတန် မိုဘိုင်းဆင်းကတ်များကို ရတနာပုံ
တယ်လီကွန်ကုမ္ပဏီမှ ရောင်းချပေးနေစဉ်
Eleven Media Group ပြည်တွင်းရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများအတွက် ဆက် သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည်ပအော်
ပရေတာ ၂၂ ခုမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် Pre-qualification Application တင်သွင်းခဲ့ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ အကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ ၇ ရက် ည ၁၁း၅၀ အထိ ယှဉ်ပြိုင်ကစားပြီးသော အင်္ဂလန် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ ဂျမန်ဘွန်ဒက်စ်လီဂါနှင့် အီတလီစီးရီးအေ ဘောလုံးပွဲရလဒ်များ


အင်္ဂလန်ပရီးမီးယားလိဂ်
=============
ရက်ဒင်း ၀ - ၂ ဆောက်သမ်တန်
နောဝစ်ခ်ျ ၂ - ၂ ဆွမ်ဆီး
စတုတ် ၁ - ၃ အက်စတန်ဗီလာ
ဝက်စ်ဘရွန်း ၁ - ၂ အာဆင်နယ်
လီဗာပူးလ် ၀ - ၀ ဝက်စ်ဟမ်း

မြောက်ကိုရီးယားက တာလတ်ပစ် ဒုံးကျည်နှစ်ခုကို နေရာရွှေ့ပြောင်း၊ တောင်ကိုရီးယားက အဆင့်မြင့်ရေဒါ စနစ်ပါသော ဖျက်သင်္ဘောများကို ကမ်းရိုးတန်းများသို့ စေလွှတ်

မြောက်ကိုရီးယားက တာလတ်ပစ် ဒုံးကျည်နှစ်ခုကို နေရာရွှေ့ပြောင်း၊ တောင်ကိုရီးယားက အဆင့်မြင့်ရေဒါ စနစ်ပါသော ဖျက်သင်္ဘောများကို ကမ်းရိုးတန်းများသို့ စေလွှတ်

Sunday, 07 April 2013 22:56 


မြောက်ကိုရီးယား နယ်စပ်အနီး ဟွာချီယွန်တွင် တောင်ကိုရီးယားတပ်များ စစ်ရေးလေ့ကျင့်နေစဉ် (Photo - AFP)

မြောက်ကိုရီးယားသည် တာလတ်ပစ် ဒုံးကျည်နှစ်ခုကို ရွှေ့ပြောင်းပစ်ခတ်နိုင်သော လောင်ချာသို့ ထည့်သွင်းခဲ့ပြီး ပစ်ခတ်ရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက် သတင်းရင်းမြစ်များကို ကိုးကားပြီး တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဧပြီ ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းသို့ ဒုံးကျည်များနှင့် လောင်ချာများကို ရထားများဖြင့် ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် တာဝန်ရှိသူတစ်ဦးကလည်း ဧပြီ ၄ ရက်တွင် စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။ ယခုအခါ အရှေ့ဘက် ကမ်းရိုးတန်းအနီး မဖော်ပြနိုင်သော နေရာတစ်ခု၌ ဒုံးကျည်နှစ်ခုကို မြောက်ကိုရီးယားက ၀ှက်ထားသည်ဟု ယွန်ဟပ်က ဖော်ပြခဲ့သည်။

ယင်းကို တုံ့ပြန်သောအားဖြင့် တောင်ကိုရီးယားက အဆင့်မြင့်ရေဒါစနစ် တပ်ဆင်ထားသော Aegis ဖျက်သင်္ဘော နှစ်စင်းကို ကမ်းရိုးတန်း နှစ်ခုစလုံးသို့ စေလွှတ်ခဲ့ကြောင်း ရေတပ်သတင်းရင်းမြစ်များကို ကိုးကားပြီး ယွန်ဟပ်က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတို့ ရွှေ့ပြောင်းနေသော လောင်ချာကိရိယာများမှာ မိုင် ၂၅၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သော Musudan ဒုံးကျည်ကို ပစ်ခတ်ရာတွင် အသုံးပြုသော ပစ္စည်းများနှင့် တူညီမှုရှိကြောင်း သိရပြီး ယင်းကဲ့သို့ ဒုံးကျည်များ ရွှေ့ပြောင်းနေမှုမှာ မကြာမီ ပစ်လွှတ်ရန် စီစဉ်နေသည်ဟု ထင်မှတ်ရကြောင်း ခန့်မှန်းရသည်။ ယင်းပစ်ခတ်နိုင်သော အကွာအဝေးမှာ တောင်ကိုရီးယား၊ ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများကို ခြိမ်းခြောက်နိုင်ကြောင်း သိရသည်။

သို့သော် ယင်းကဲ့သို့ ဒုံးကျည်များရွှေ့ပြောင်းမှုမှာ ပစ်မှတ်ထား တိုက်ခိုက်ရန်ဆိုခြင်းထက် စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ရန် ဖြစ်နိုင်သည်ဟု ယုံကြည်ရသည်။ ဧပြီ ၃ ရက်တွင် အမေရိကန်သည် ပဲ့ထိန်းဒုံးခွင်းစနစ်ကို အမေရိကန် ရေတပ်နှင့် လေတပ်အခြေစိုက် စခန်းများ အခြေစိုက်ရာ ဂူအမ်သို့ ပေးပို့ခဲ့သည်။

ကျွမ်းကျင်ပညာရှင်အများစုက မြောက်ကိုရီးယားသည် ဒုံးကျည်တစ်ခုတွင် နျူထိပ်ဖူးတပ်ဆင်ကာ ပစ်လွှတ်နိုင်သော နည်းပညာရရှိရန် နှစ်ပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်ကြောင်း လက်ခံထားကြသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြောက်ကိုရီးယားသည် ဗြိတိန်အား တိုက်ခိုက်လာနိုင်သည်ဟု ဧပြီ ၄ ရက်တွင် အခိုင်အမာ ပြောကြားခဲ့သည်။ ကွန်မြူနစ် အာဏာရှင် ကင်ဂျုံအွန်တွင် ဗြိတိန်အထိ ရောက်နိုင်သော ဒုံးကျည်များရှိနေသည်ကို သူသိရှိထားပြီး ဖြစ်ကြောင်း ကင်မရွန်းက ပြောကြားခဲ့သည်။

ကင်မရွန်းက မိမိတို့အနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် တရားမ၀င် ပိုင်ဆိုင်ထားမှုကို တန်ပြန်ခြိမ်းခြောက်နိုင်ရန်အတွက် မိမိတို့၏ နျူကလီးယားလက်နက်ကို မစွန့်လွှတ်ဘဲ ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း စကော့တလန် အနောက်ကမ်းရိုးတန်းတွင် ကင်းလှည့်နေသော HMS Victorious အမည်ရှိ နျူကလီးယား ရေငုပ်သင်္ဘောအား သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့သည်။

အမေရိကန် B-52 နှင့် B-2 စတဲ့လ်သ် ဗုံးကြဲလေယာဉ်များ၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရေးအတွက် နျူကလီးယားလက်နက်များ အပါအ၀င် စစ်ရေးဖြင့် တုံ့ပြန်ရေးအတွက် နောက်ဆုံးအတည်ပြုချက်ကို ရရှိခဲ့ကြောင်း မြောက်ကိုရီးယား စစ်တပ်က ဧပြီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။  ဧပြီ ၅ ရက်တွင် မြောက်ကိုရီးယားက ပြုံယမ်းရှိ ပြည်ပသံရုံးများရှိ ၀န်ထမ်းများ၏ လုံခြုံရေးအတွက် ဧပြီ ၁၀ ရက်နောက်ပိုင်း အာမခံချက် မပေးနိုင်တော့ဟု သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ၀န်ထမ်းများကို အရေးပေါ်ရွှေ့ပြောင်းရန် စဉ်းစားသင့်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

Ref:AFP
မြောက်ကိုရီးယားသည် တာလတ်ပစ် ဒုံးကျည်နှစ်ခု ကို ရွှေ့ပြောင်း ပစ်ခတ်နိုင်သော လောင်ချာသို့ ထည့်သွင်းခဲ့ပြီး ပစ်ခတ်ရန် အဆင်သင့် ရှိနေပြီဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက် သတင်းရင်းမြစ်များကို ကိုးကားပြီး တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဧပြီ ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

Sunday, April 7, 2013

အစိုးရသစ်လက်ထက် နှစ်နှစ်အတွင်း ၀န်ကြီးဌာန အားလုံး၏ ၁၀ ရာခိုင်နှုန်း ၀န်းကျင်သာ အများပြည်သူအတွက် ထိရောက်အောင် ပြုပြင်ပြောင်းလဲပေးနိုင်


အစိုးရသစ် နှစ်နှစ်သက်တမ်းအတွင်း ၀န်ကြီးဌာနအားလုံး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သော်လည်း ၀န်ကြီးဌာန အချို့သာ အများပြည်သူအတွက် ထိရောက်အောင်မပြောင်းလဲနိုင်သေးသည်ဟု ၀န်ကြီးဌာနများနှင့် ဆက်စပ် လုပ်ကိုင် နေသူ များ၊ ကော်မတီ အချို့မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လား . . . ပေါင်းများစွာနှင့် ကျပ် ၁၅၀၀ တန်ဖုန်း


ကမ္ဘာ့ပေါ်တွင် ပထမဆုံး မိုဘိုင်းလ်ဖုန်း စတင်တီထွင်ခဲ့သည့် ၁၉၇၃ခုနှစ်ဧပြီလ ၃ရက်နေ့မှ နှစ်ပေါင်း၄၀ တိတိ ပြည့်ချိန်တွင် မြန်မာနိုင်ငံတွင် ကျပ်၁၅၀၀ နှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှ

တရုတ် ရေပြွတ် မျက်နှာဖုံးနှင့် ဆံပင်တုများ မြစ်ကြီးနား ဈေးကွက် အတွင်းသို့ ဝင်ရောက်

Photo: တရုတ် ရေပြွတ် မျက်နှာဖုံးနှင့် ဆံပင်တုများ မြစ်ကြီးနား ဈေးကွက် အတွင်းသို့ ဝင်ရောက်
Sunday ,April 07, 2013

ယခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ကျရောက်မည့် မြန်မာ့ရိုးရာ နှစ်
သစ်ကူးမဟာသင်္ကြန် ပွဲတော်အတွက် အသုံးပြုရန် တရုတ်နိုင်ငံမှ ရေပြွတ်၊ မျက်နှာဖုံးနှင့် ဆံပင်တုများမှာ ကချင်ပြည်နယ် မြစ်ကြီးနား ဈေးကွက် အ
တွင်းသို့ ယခု လဆန်းမှစ၍ ဝင်ရောက်လာသည်။

ကလေး ကစားစရာ ရေပြွတ်များတွင် ပလတ်စတစ်၊ စတီး စသည်ဖြင့် အမျိုးမျိုးရှိပြီး အနည်းဆုံး ငွေကျပ် ၅ဝဝ မှ ငွေကျပ် ၆၅ဝဝ အထိ ရောင်း
ချလျက် ရှိသည်။ မျက်နှာဖုံးနှင့် ခေါင်းစွပ် အမျိုးမျိုး၊ ကော်၊ ဂျုံ တို့ဖြင့် ပြု
လုပ်ထားသည့် ဆံပင်တု အမျိုးမျိုးတို့မှာလည်း ကလေးငယ်များအား နှစ်
သက်ဖွယ် ဖြစ်အောင် စွဲဆောင်မှု ရှိ၍ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်း
ချမှု များကြောင့် ရောင်းအား ကောင်းလျက် ရှိကြောင်း သတင်း ရရှိသည်။


http://bit.ly/YDSwDg
မြ၀တီ ယခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိကျရောက်မည့် မြန်မာ့ရိုးရာ နှစ်
သစ်ကူးမဟာသင်္ကြန် ပွဲတော်အတွက် အသုံးပြုရန် တရုတ်နိုင်ငံ မှ ရေပြွတ်၊ မျက်နှာဖုံးနှင့် ဆံပင်တုများမှာ ကချင်ပြည် နယ် မြစ်ကြီးနား ဈေးကွက် အတွင်းသို့ ယခု လဆန်းမှစ၍ ဝင်ရောက် လာသည်။

ကြက်ဥကြော်ရာက မီးလောင်မှုဖြစ်

၆-၄-၂၀၁၃ရက်နေ့ ၁၆၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြို့ကင်းသာ ကျေးရွာအုပ်စု၊ တဲကူးရွာနေ ဦးစိုးသိန်း(၄၃)နှစ်၏ နေအိမ်မီးဖိုချောင်တွင် ကြက်ဥကြော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ်တဲ ၂၁ လုံး၊ (၃)ပင်/(၄)ပင် သွပ်မိုး၊ အုတ်နံရံကပ် ၁ လုံး၊ စုစုပေါင်းနေအိမ်(၂၂)လုံး အား လောင်ကျွမ်းခဲ့ပြီး ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၆၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။

ရန်ကုန်တွင် One Stop Services ဌာနဖွင့်လှစ်မည်

ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံသူများအား တစ်နေရာတည်း၌ အပြီး ဝန်ဆောင်မှုပေးနိုင်မည့် One Stop Services ဌာနကြီးကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီး ဌာန၊ မြန်မာ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ဂုဏ်ပြုကြိုဆို



Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ဂုဏ်ပြုကြိုဆို
Sunday ,April 07, 2013

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်းယမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က ယနေ့ညနေ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် စန်းယမြို့ရှိ Sheraton ဟိုတယ် မြက်ခင်းပြင်၌ ဂုဏ်ပြု ကြိုဆိုသည်။

 

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပရာသို့ ရောက်ရှိလာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်သမ္မတအား တရုတ်နိုင်ငံသမ္မတဘက်မှ တက်ရောက်ကြသူများ နှင့် မိတ်ဆက်ပေးသည်။ အလားတူ နိုင်ငံတော်သမ္မတကလည်း ၎င်းနှင့်အတူ ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ပြန်လည်မိတ်ဆက်ပေးသည်။

 

ယင်းနောက် နှစ်နိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။  ထိုအချိန်တွင် နိုင်ငံတော်တီးဝိုင်းက ပြည်ထောင်စုသမ္မတြ မန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်ကြသည်။

 

ထို့နောက် နှစ်နိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးကြသည်။

 

ဆက်လက်၍ နှစ်နိုင်ငံသမ္မတတို့အား ဂုဏ်ပြုတပ်ဖွဲ့က အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။

နိုင်ငံတော် သမ္မတရုံး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်းယမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်က ယနေ့ညနေ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် စန်းယမြို့ရှိ Sheraton ဟိုတယ် မြက်ခင်းပြင်၌ ဂုဏ်ပြု ကြိုဆိုသည်။

အမေရိကန် နိုင်ငံသား ၈၀၀၀ ကို ရွေးချယ်၍ Google အင်တာနက်မျက်မှန် ရောင်းချမည်

Photo: အမေရိကန် နိုင်ငံသား ၈၀၀၀ ကို ရွေးချယ်၍ Google အင်တာနက်မျက်မှန် ရောင်းချမည်
Sunday ,April 07, 2013

ယခုနှစ် အကုန်ပိုင်းအထိ ဈေးကွက်ထဲ ရောက်ရှိလာဖို့ရန် သေချာမှုမရှိသည့် Google Glass အင်တာနက် မျက်မှန်အား အမေရိကန်နိုင်ငံသား ၈၀၀၀ ကိုရွေးချယ်၍ ယခုလပိုင်းအတွင်း အစောဆုံး ရောင်းချသွားရန် Google က တရားဝင် ထုတ်ဖော် ပြောကြားလိုက်ပြီဖြစ်သည်။ ၎င်းအင်တာနက် မျက်မှန်ပုံကြမ်းကို ၂၀၁၂ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သော်လည်း အချောသပ် ဖန်တီးသူ  Developer များက စိတ်ကျေနပ်သည့် အတိုင်းအတာအထိ ပြုလုပ်ကြရာတွင် နှောင့်နှေးမှု ရှိနေခြင်းကြောင့် ဈေးကွက်အတွင်း ရောက်ရှိရန် ကြန့်ကြာနေရသည်။ ခန့်မှန်းမှုများအရ လာမည့်နှစ် အစောပိုင်းအထိပင် ဈေးကွက်အတွင်း၌ ရောင်းချမည့် အစီအစဉ်မှာ ဖြစ်လာနိုင်ဖွယ် မသေချာသေးကြောင်း သိရပြီး ယခု Google မှ စမ်းသပ်ထုတ်လုပ်ထားသည့် ဗားရှင်းကို သာ အစောဆုံး ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

 

နာမည်ကျော် Foxcomm စက်ရုံတွင် ထုတ်လုပ်နေပြီဖြစ်သော ယင်းမျက်မှန် အမျိုးအစားများကို ကံထူးသူ အမေရိကန်နိုင်ငံသား ၈၀၀၀ ကိုသာ ရွေးချယ်၍ ရောင်းချပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများ အနေဖြင့် မျက်မှန်ကို ရရှိရန် ဒေါ်လာ ၁၅၀၀ ပေးရမည်ဖြစ်သည်။ Google အနေဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်သည့် လက်ပတ်နာရီကို ထုတ်လုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က သတင်းထွက်ပေါ်လာခဲ့သည်။ ယင်းအချက်များကြောင့် ၂၀၁၄ ခုနှစ်အတွင်း Google ၏ နည်းပညာ ထုတ်ကုန်ပစ္စည်း ဖန်တီးမှုဆိုင်ရာ ပစ်မှတ်မှာ ဝတ်ဆင်နိုင်သည့် ကွန်ပျူတာ စနစ်များသာ ဖြစ်နိုင်ကြောင်း ခန့်မှန်း သုံးသပ်မှုများလည်း ရှိနေသည်။ Google Glass ဝယ်ယူရန် ရွေးချယ်ခံရသူများ အနေဖြင့် နယူးယောက်၊ လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို စသည့်မြို့များသို့လည်း လည်ပတ်ခွင့်ရရန် စီစဉ်ပေးသွားမည် ဖြစ်သည်။
zz

goldmyanmarယခုနှစ်အကုန်ပိုင်းအထိ ဈေးကွက်ထဲ ရောက်ရှိလာဖို့ရန် သေချာ မှုမရှိသည့် Google Glass အင်တာနက် မျက်မှန်အား အမေရိကန်နိုင်ငံ သား ၈၀၀၀ ကိုရွေးချယ်၍ ယခုလပိုင်းအတွင်း အစောဆုံး ရောင်းချ သွားရန် Google က တရားဝင် ထုတ်ဖော် ပြောကြားလိုက်ပြီဖြစ်သည်။ ၎င်းအင်တာနက် မျက်မှန်ပုံကြမ်းကို ၂၀၁၂ ခုနှစ်ကတည်းက

11 things to know before visiting Myanmar


1. New Year celebrations last four days
 
The Burmese make a big deal of the New Year. Thingyan, known as the "water throwing festival," is celebrated in April. This year it takes place April 13-16.
Everything shuts down over the four-day New Year -- banks, restaurants, shops. The biggest celebrations are in Yangon and Mandalay.

အင်္ဂလန်သက္ကသိုလ်အသိအမှတ်ပြုဘာသာရပ်သစ်အတွက်ဝင်ခွင့်လျှောက်နိုင်

Photo: အင်္ဂလန်သက္ကသိုလ်အသိအမှတ်ပြုဘာသာရပ်သစ်အတွက်ဝင်ခွင့်လျှောက်နိုင်
Sunday ,April 07, 2013


အင်္ဂလန်တက္ကသိုလ် Univer sity of Glamorgan မှပေးအပ် သော စင်ကာပူနိုင်ငံH MDIS  တွင်  လေ့လာသင်ယူရမည့်MSC in Computing and Information Systemsဘာသာရပ်သစ်ကိုMDIS Meit Scholarshipစင်ကာပူဒေါ်လာ(၄၀၀၀)နှင့်အတူ  ၀င်ခွင့်များ စတင်လျှောက်ထားနိုင် ကြောင်းနှင့်အဆိုပါဘာသာရပ်၏  ထူးခြားချက်မှာအိုင်တီဘွဲ့ရ မဟုတ်   သူများ လည်းလျှောက်ထားနိုင် ကြောင်းသိရသည်။

University of Glamorganသည် ဝေလပြည်နယ်တွင်  Compus  သုံးခုဖွင့်လှစ်ထားပြီးနိုင်ငံစုံမှ   ကျောင်းသူ၊သားပေါင်း(၂၂၀၀၀)ကျော်  တက်ရောက်ကြောင်းThe Com plete University Guide (2013) အရ ကွန်ပျူတာသိပ္ပံနယ်ပယ်တွင်   အဆင့်(ဒေ)ရှိကြောင်း၊ University  of Glamorgan ၏ ကွန်ပျူ တာ ဆက်စပ်ဘာသာရပ် သင်ရိုး    ညွှန်းတမ်းကို လက်တွေ့လုပ်ငန်း ခွင်တွင် အသုံးချနိုင်အောင် ပို့ချ သောကြောင့် ကျောင်းပြးအလုပ် အကိုင်အခွင့်အလမ်းများစွာ အထောက်အကူပြုခြင်း၊ကျောင်းသူ၊ သားများအနေဖြင့် ဆော့ဝဲဒီဇိုင်း ၊application ဖန်တီးရေးဆွဲခြင်းများ  ကို အဓိကလေ့လာသင်ယူရမှာဖြစ်   ပြီး သင်ယူရမည့် မော်ဂျူးများမှာ   Professional Skills Developme nt Advance Reseasch Methods Prosect Management ICT  Systems Development နှင့်fh Sof twore Development တို့ဖြစ် ကြောင်းကို CROWN Education တာဝန်ရှိသူတစ်ဦးကပြော သည်။

စက်တင်ဘာလတွင် ကျောင်း    ၀င်ခွင့်ရရှိမှာဖြစ်ပြီး IELTS 6.5ရှိလိုကြောင်း၊IELTS ရမှတ်မရှိ  များမှာIELTS ၏ English Pla cement Testအား  CROWN   Education တွင် အခမဲ့ဖြေဆိုရ မှာဖြစ်ပြီး အဆိုပါပရိုဂရမ်အား    (၁၂)လကြာမြင့်မည်ဖြစ်သော ကြောင့် ပညာသင်ထောက်ပံ့ကြေး   နှင့်ကျောင်းလျှောက်ထားလိုသူများ    အနေဖြင့်CROWN Education အမှတ်(၂၇၀)(ပထမထပ်၊အခန်း  (TC မြေနီကုန်း၊ပြည်လမ်းကောင်း မြတ်မွန်ဆေးခန်းအပေါ်ထပ်၊    ဖုန်း ၀၉-၇၃၂၇၃၂၇၇၊၀၉-၅၀၈၅၁၈၅သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်းသိရသည်။

 ယဉ်ပပထွန်း
HotNewsWeekly အင်္ဂလန်တက္ကသိုလ် Univer sity of Glamorgan မှပေးအပ် သော စင်ကာပူနိုင်ငံH MDIS တွင် လေ့လာသင်ယူရမည့်MSC in Computing and Information Systemsဘာသာရပ်သစ်ကိုMDIS Meit Scholarshipစင်ကာပူဒေါ်လာ(၄၀၀၀)နှင့်အတူ ၀င်ခွင့်များ စတင်လျှောက်ထားနိုင် ကြောင်းနှင့်အဆိုပါဘာသာရပ်၏ ထူးခြား ချက်မှာ အိုင်တီဘွဲ့ရ မဟုတ် သူများ လည်းလျှောက် ထားနိုင် ကြောင်းသိရသည်။

ဆယ်ကျော်သက်တွေ ဘာကြောင့် ညဥ့်နက်မှ အိပ်ရာဝင်ကြတာလဲ

Photo: ဆယ်ကျော်သက်တွေ ဘာကြောင့် ညဥ့်နက်မှ အိပ်ရာဝင်ကြတာလဲ
Sunday ,April 07, 2013

ကလေးဘဝတုန်းက စောစောစီးစီး အိပ်ရာဝင်တဲ့ အကျင့်ရှိခဲ့ပေမယ့် မြီးကောင်ပေါက်စ ဆယ်ကျော်သက်အရွယ်လည်း ရောက်လာရော၊ စောစော အိပ်ရာဝင်ဖို့ ငြင်းဆန်တတ်ပြီး ညဥ့်နက်မှသာ အိပ်ရာဝင်လေ့ ရှိတတ်ပါတယ်။ မနက်ကျတော့လည်း နေမြင့်တဲ့အထိ အိပ်နေတတ်ကြပါတယ်။

အဲဒီအခါ “ဒီကလေး အကျင့်ပျက်လာပြီ” ဆိုပြီး လူကြီးသူမတွေက မြည်တွန် တောက်တီးတတ်ပေမယ့် တကယ်က သူတို့ ခန္ဓာကိုယ်ထဲက ဓာတ်အပြောင်းအလဲတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။ ကလေးဘဝမှာ အိပ်-နိုး စက်ဝန်းကို ဟန်ချက်ညီအောင် ထိန်းပေးတဲ့ မယ်လတိုနင် ဟော်မုန်းကို ညနေအစောပိုင်း အချိန်ကတည်းက ပိုင်နီရယ်ဂလင်း (Pineal Gland) ကနေ ထုတ်ပေးပါတယ်။ မြီးကောင်ပေါက်စအရွယ် အသက် ၁၀ နှစ်- ၁၄ နှစ် ဝန်းကျင် ရောက်လာတဲ့အခါ မယ်လတိုနင် ဟော်မုန်းဟာ ည ၉ နာရီ ဒါမှမဟုတ် ၁၀ နာရီ ဝန်းကျင်လောက်မှာမှ ထွက်လာပါတယ်။

“ဒီလို ပြောင်းလဲမှုကြောင့် ဆယ်ကျော်သက် အများစုဟာ ည ၁၁ နာရီ မတိုင်ခင်မှာ အိပ်မောကျနိုင်စွမ်း မရှိတတ်ပါဘူး” လို့ အိပ်စက်မှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ပါမောက္ခဘရောင်းက ရှင်းပြပါတယ်။ ညဘက်မှာ စောစော အိပ်မပျော်တာကြောင့် ညဥ့်နက်မှ အိပ်ရာဝင်ကာ မနက်စောစောမှာ အိပ်ရာမထနိုင်တော့ပါဘူး။ ဆယ်ကျော်သက် လူငယ်တွေက တစ်နေ့မှာ ကိုးနာရီနဲ့အထက် အိပ်စက်ချိန် လိုအပ်တာကြောင့် ညဘက်မှာ ဆုံးရှုံးသွားတဲ့ အိပ်ချိန်ကို မနက်ဘက်မှာ ပြန်လည် အစားထိုးတတ်ကြပါတယ်။

ကြယ်စင်ကလေးဘဝတုန်းက စောစောစီးစီး အိပ်ရာဝင်တဲ့ အကျင့်ရှိခဲ့ပေမယ့် မြီးကောင်ပေါက်စ ဆယ်ကျော်သက် အရွယ်လည်း ရောက်လာရော ၊ စောစောအိပ်ရာဝင်ဖို့ ငြင်းဆန်တတ်ပြီး ညဥ့်နက်မှသာ အိပ်ရာဝင်လေ့ ရှိတတ်ပါတယ်။ မနက်ကျတော့လည်း နေမြင့်တဲ့အထိ အိပ်နေ တတ်ကြပါတယ်။

မြန်မာ့ဆက်သွယ်ရေးလောကထဲဗိုဒါဖုန်းလာတော့မည်

Photo: မြန်မာ့ဆက်သွယ်ရေးလောကထဲဗိုဒါဖုန်းလာတော့မည်
Sunday ,April 07, 2013

ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များ ဆီက မန်ယူအသင်းကိုစပွန်ဆာ  ပေးခဲ့သော ကမ္ဘာအကြီးဆုံးဆက် သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော  ဗိုဒါဖုန်းကုမ္ပဏီသည်မြန်မာနိုင်ငံ တွင် ဆက်သွယ်ရေးလုပ်ငန်းလုပ် ရန်အတွက် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းကာလိုင်စင် ၂ ခုအား လေလံဆွဲရန်ရှိနေသည်ဟု သတင်း ရရှိသည်။
အိုင်ရမ်လူမျိုးကုမ္ပဏီပိုင်ရှင်  များဖြစ်သောMr. Soros နှင့်Denis O’ Brien တို့က “ဆက်သွယ်   ရေးကဏ္ဍဖွံ့ဖြိုးလာမှုက မြန်မာ စီးပွားရေးကို လှုံ့ဆော်ပေးနေသလို  ပါပဲ”ဟု ဆိုသည်။ ကမ္ဘာအချမ်း သာဆုံးပုဂ်္ဂိုလ် (၃၀) တွင် စာရင်း  ပေါက်သောအဆိုပါပုဂ်္ဂိုလ်တို့က   ကန်ဒေါ်လာ ၁၈.၂ ဘီလီယံသုံး စွဲရန်အတွက် ပြင်ဆင်ထားသည်  ဟုသိရသည်။ လာမည့်ဇွန်လအတွင်း ၁၅ နှစ်စာစာချုပ်ကိုရရှိရန်အတွက်  ကြေညာမည်ဟုလည်းဆိုသည်။ “ကမ္ဘာဆက်သွယ်ရေးဈေးကွက်မှာ မြန်မာနိုင်ငံကအသစ်တစ်ခုပါပဲ”ဟု  ၎င်းကဆိုသည်။

 မောင်ယဿ
HotNewsWeeklyပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များ ဆီက မန်ယူအသင်းကို စပွန်ဆာ ပေး ခဲ့သော ကမ္ဘာအကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော ဗိုဒါဖုန်းကုမ္ပဏီသည်မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းလုပ် ရန်အတွက် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းကာလိုင်စင် ၂ ခုအား လေလံဆွဲရန်ရှိနေသည်ဟု သတင်း ရရှိသည်။

နိုင်ငံကိုကိုယ်စားပြုတဲ့ သတင်းအေဂျင်စီ National News Agency ရှိသင့်တဲ့ အကြောင်းရန်း ပြန်ကြားရေး ဒုဝန်ကြီး ရှင်းပြ

ကျွန်တော်က မြန်မာ့သတင်းစဉ်ရဲ့ သတင်းဖြန့် ချိမှုစနစ် Wire Service ပြုပြင် ပြောင်းလဲမှုကို ရှင်းပြတဲ့အခါ တစ်ချို့ မှတ်ချက်ရေးသူများက ဘယ်နိုင်ငံမှာ အစိုးရက ဒီလိုလုပ်တာရှိသလဲလို့ မေးပါတယ်။

ကိုရီးယား ကျွန်းစွယ် စစ်ပူနေ၍ မြန်မာများ စိုးရိမ်သော်လည်း အိမ်ပြန်မည် မဟုတ်သေး

တောင်နှင့်မြောက် ကိုးရီးယားအကြား တင်းမာမှုများကြောင့် တောင် ကိုးရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံရေးအ တွက် စိုးရိမ်မှု ရှိကြသော်လည်း မိခင်နိုင်ငံသို့ ပြန်မည့် အလားအလာကို မတွေ့ရှိ ရကြောင်း စုံစမ်းသိရှိရသည်။

၂ နှစ်သားအစိုးရအပေါ် အကဲဖြတ်ခြင်း

သမ္မတဦးသိန်းစိန်အစိုးရအတွက် လက်ကျန်သုံးနှစ်တာကာလအတွင်း စီးပွားရေးအမြန်ဆုံးဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်လိုနေပြီဖြစ်သည်

လွန်ခဲ့သည့် ၂ နှစ် အစိုးရသစ်တက်လာခဲ့စဉ်က မြန်မာ့နိုင်ငံရေး အနာဂတ်အတွက် လူအများစု မျှော်လင့်ချက်များစွာ မထားခဲ့ကြပါ။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ယခင်အစိုးရ၏ ၀န်ကြီးချုပ်ဟောင်းဖြစ်ခဲ့ရာမှ သမ္မတသစ်ဖြစ်လာသော ဦးသိန်းစိန်ထံမှလည်း အပြောင်းအလဲများ မြစ်ဖျားခံ လာမည်ဟု မြန်မာ့နိုင်ငံရေး လေ့လာအကဲခတ်သူ အများစုပင် တွေးမထားခဲ့ကြပါ။

ဝ ပြည်နယ်ထူထောင်ခွင့်ပေးဖို့ လွှတ်တော်မှသာ အာဏာရှိကြောင်းဦးအောင်မင်းပြော

 လားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲ၌တွေ့ရသော သျှောင်းဆမ်ခွန်းနှင့်ဦးအောင်မင်း (ဓါတ်ပုံ- SNLD)
လားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် မှ တင်ပြတောင်းဆိုသည့် ၀ ပြည်နယ်ထူထောင် ခွင့်ပေးရန်အတွက် အာဏာမှာ လွှတ်တော်အတွင်း၌သာရှိကြောင်း ဦးအောင်မင်းက ပြောပါသည်။

Saturday, April 6, 2013

ပြည်ပဧည့်သည်များ အဆင်ပြေစိတ်ချမ်းသာစွာ ဝင်ထွက်သွားလာနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်

တန်ဖိုးနည်း Sim Card များ အပေါ် ပြည်သူတို့ အမြင်



"ကျနော့်နာမည်နဲ့ ၁၉၉၅ လောက်က နိုင်ငံတော်က GSM တစ်လုံးချပေးတယ်၊ ဆက်သွယ်ရေးကို ၅ သိန်းကျပ်သွင်းရတယ်လေ၊ ကျနော်ကလည်း ၀န်ထမ်းဆိုတော့ အသုံးလိုမဲ့ ဘုရင့်နောင်ပွဲရုံက ကျနော့ သူငယ်ချင်း တသ်ယောက်ကို ၄၃ သိန်းနဲ့ ရောင်းလိုက်တယ်၊ ခု အဲ့ဒီသူငယ်ချင်းကို အားနာနေမိပေမဲ့၊ သူကတော့ ကျနော် ခင်ဗျားဆီက ၀ယ်လိုက်တဲ့ ဖုန်းနဲ့ စီးပွားရှာနေတာပဲဗျာ၊ အားနာနေစရာ မလိုပါဘူး ဆိုလို့ တော်ပါသေးရဲ့ဗျာ" လို့ အငြိမ်းစား ဒု/ညွှန်မှူးတစ်ဦးက ပြောသည်။

"လားရှိုးတွင် သင်္ကြန် မဏ္ဍပ်ဆာက်လုပ်ရန် ဈေးဆိုင်ခန်းရှင်များအား မထည့်မနေရ ငွေကောက်ခံနေ"

Photo: "လားရှိုးတွင် သင်္ကြန် မဏ္ဍပ်ဆာက်လုပ်ရန် ဈေးဆိုင်ခန်းရှင်များအား မထည့်မနေရ ငွေကောက်ခံနေ"

လားရှိုး၊ ဧပြီ ၆

ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် မကြာမီ ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်အတွက် မြို့မဈေး သင်္ကြန် မဏ္ဍပ်ပြုလုပ်ရန် ဟုဆိုကာ လားရှိုးမြို့ စည်ပင်မှ ဈေးခေါင်းနှင့် ဈေးအကျိုးဆောင် ဥက္ကဌ တို့က ဦးဆောင်ပြီး ဈေးဆိုင်ခန်းတစ်ခန်းလျင်  အပေါ်ထပ်ဖြစ်ပါက ကျပ် ၇၀၀၀၊ အောက်ထပ်ဖြစ်ပါက ကျပ် ၈၀၀၀၊ မထည့်မနေရ သတ်မှတ်ချက်ဖြင့် လိုက်လံကောက်ခံနေကြောင်းလားရှိုးမြို့မဈေး ဈေးဆိုင်ခန်း ပိုင်ရှင်များကပြောသည်။

"မထည့်ဘူးမပြောပါဘူး၊ စေတနာရှိသလောက်တော့ ဖြစ်စေချင်တာပါ၊ ဒါကို သူတို့က သတ်မှတ်ချက်နဲ့ လာပြီးအတင်းဆိုတော့ စိတ်ကုန်တယ်ဗျ၊ အရင်ခေတ်ကလိုမှတ်နေကြတာ"ဟု ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦး ကပြောကြားသည်။

မိမိတို့ ပျံကျဈေးသည်များအားလည်းကောက်ခံကြောင်း၊ ပျံကျတစ်ဦးလျင်   ကျပ် ၄၀၀၀ ပေးဆောင်နေရကြောင်း၊ ဈေးထွက်ခွင့်ကိုမူ ယခု ဧပြီလ ၁ ရက်နေ့ မှစတင်ပြီး နံနက် ၇း၀၀ နာရီမှ နေ့လည် ၂း၀၀ ထိခွင့်မပြုတော့ကြောင်း၊ ဈေးကွဲမှ ဈေးရောင်းချခွင့်ရသဖြင့် အခက်အခဲများ ကြုံနေရကြောင်း ပျံကျဈေးသည်အချို့ ကပြောသည်။
ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက"ယခုကဲ့သို့ စည်ပင်အနေဖြင့် ပြည်သူ လူထုအပေါ် အတင်း အကျပ် ငွေကောက်ခံခွင့်မရှိကြောင်း ၊ အောက်ခြေ ၀န်တမ်းများရော၊ အပေါ်ဝန်ထမ်းများပါ ဒါကို သဘောပေါက်ပြီး အာဏာပါဝါ သုံးစွဲခြင်းကိုရှောင်ရှား သင့်ကြောင်း" ပြောသည်။

ပျံကျဈေးသည်များကလည်း ယခင်လို နံနက်မှစတင်ပြီး ဈေးရောင်းခွင့်ရလိုကြောင်း ပြောသည်။

စည်ပင်ဝန်ထမ်း တစ်ဦးကမူ ဈေးရောင်းချခွင့် မပေးခြင်းမဟုတ်ကြောင်း၊ စာကပ်ပေးထားကြောင်း၊ အချိန်အတိုင်းအတာ သတ်မှတ်လိုက်ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းပြောပြပါသည်။

ခမ်းမြတ်(တောင်ကြီး) ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် မကြာမီ ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်အတွက် မြို့မဈေး သင်္ကြန် မဏ္ဍပ်ပြုလုပ်ရန် ဟုဆိုကာ လားရှိုးမြို့ စည်ပင်မှ ဈေးခေါင်းနှင့် ဈေးအကျိုးဆောင် ဥက္ကဌ တို့က ဦးဆောင်ပြီး ဈေးဆိုင်ခန်းတစ်ခန်းလျင် အပေါ်ထပ်ဖြစ် ပါက ကျပ် ၇၀၀၀၊ အောက်ထပ်ဖြစ်ပါက ကျပ် ၈၀၀၀၊ မထည့်မနေရ သတ်မှတ် ချက်ဖြင့် လိုက်လံကောက်ခံနေကြောင်း လားရှိုးမြို့မဈေး ဈေး ဆိုင်ခန်း ပိုင်ရှင်များကပြောသည်။

အီတလီ-ဆွစ်ဇာလန် နယ်စပ်တွင် ရွှေချောင်း ဒေါ်လာ ၆ သန်းဖိုးမိ

အီတလီ-ဆွစ်ဇာလန် နယ်စပ်တွင် ရွှေချောင်း ဒေါ်လာ ၆ သန်းဖိုးမိ

၆ သိန်းဆိုရင်မပြောတော့ပါဘူး။ အခု မိတဲ့ ရွှေတန်ဖိုးက အမေရိကန်ဒေါ်လာ ၆ သန်း ဖြစ်ပါတယ်။ ရွှေချောင်း ၁၂ ချောင်းကို အီတလီနိုင်ငံကနေ ဆွစ်ဇာလန်ကို သယ်ဆောင်ဖို့ ဖြစ်ပါတယ်။ 

သာမန် ခရီးသွားတဲ့ မိသားစု တစ်ခုကနေ ရွှေတွေ အချောင်းလိုက် မိလိမ့်မယ်လို့တောင် ဘယ်သူမှ ထင်မထားပါဘူး။ အီတလီနိုင်ငံသား မိသားစု တစ်ခုဖြစ်ပြီး စုစုပေါင်း ငါးဦးပါဝင်တဲ့ ကားက ဆွစ်ဇာလန်ကို အပျော်ခရီးသွားဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ယာဉ်မောင်းတဲ့ အသက် ၅၀ ကျော် လူကြီးကလည်း ဆွစ်ဇာလန်ကုမ္မဏီတစ်ခုမှာ အလုပ်လုပ် ပါတယ်။ 

သို့ပေမယ့် မျက်နှာပျက်နေတာကြည့်ပြီး သံသယဝင်တဲ့ ရဲများဟာ စစ်ကြည့်လိုက်တော့ ကားနောက်ဖုံး ပစ္စည်းထားခန်းမှာ ရွှေချောင်း တစ်ဒါဇင်တောင် ဖမ်းမိပါတယ်။ ဘယ်ကရတယ်လို့ စစ်ဆေးမေးမြန်း ဆဲ ဖြစ်ပေမယ့် အဖြေမထွက်သေးပါဘူး။ အီတလီရော၊ ဆွစ်ဇာလန်နိုင်ငံ နှစ်ခုလုံးကပါ ရွှေမှောင်ခိုသယ်တဲ့ သတင်းကို စိတ်ဝင်စားလျက် ရှိကြောင်း သိရပါတယ်။ ၆ သိန်းဆိုရင်မပြောတော့ပါဘူး။ အခု မိတဲ့ ရွှေတန်ဖိုးက အမေရိကန်ဒေါ်လာ ၆ သန်း ဖြစ်ပါတယ်။ ရွှေချောင်း ၁၂ ချောင်းကို အီတလီနိုင်ငံကနေ ဆွစ်ဇာလန်ကို သယ်ဆောင်ဖို့ ဖြစ်ပါတယ်။
သာမန် ခရီးသွားတဲ့ မိသားစုတစ်ခုကနေ ရွှေတွေ အချောင်းလိုက် မိလိမ့်မယ်လို့တောင် ဘယ်သူမှထင်မထားပါဘူး။ အီတလီနိုင်ငံသား မိသားစု တစ်ခုဖြစ်ပြီး စုစုပေါင်း ငါးဦးပါဝင်တဲ့ကားက ဆွစ်ဇာလန်ကို အပျော်ခရီးသွားဖို့ဖြစ်တယ် လို့ ပြောပါတယ်။ ယာဉ်မောင်းတဲ့ အသက် ၅၀ ကျော် လူကြီးကလည်း ဆွစ်ဇာလန်ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။

ဗုံးခွဲ တိုက်ခိုက် မည့် သတင်းကြောင့် ဘူးသီးတောင် မြို့ နယ်တွင် အာဏာ ပိုင်များ သတိပေး


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဗုံးခွဲ တိုက်ခိုက်မည်ဆိုသောသတင်များ ကျယ်ကျယ်ပြန့် ပြန့် ဖြစ်ပေါ်နေပြီး အာဏာပိုင်များမှလည်း ပြည်သူများကို သတိနှင့် နေထိုင် ကြရန် ပြောကြား ထား သည်ဟု သတင်းရရှိသည်။

အမေရိကန် နိုင်ငံက ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယားတွင် ဖြန့်ကြက် ချထား

အမေရိကန် နိုင်ငံက ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယားတွင် ဖြန့်ကြက် ချထား


မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်မည်ဟူသော ခြိမ်းခြောက်မှု ပေါ်ထွက် လာပြီးနောက် အမေရိကန် နိုင်ငံသည် နျူကလီး ယား လက်နက်၊ ဇီဝလက်နက်နှင့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို အပြည့်အဝ ကာကွယ်မှု ပေးနိုင်သည့် ဝတ်စုံများ ပါဝင်သော ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယား နိုင်ငံတွင် ဖြန့်ကြက် ချထားကြောင်း သိရသည်။

အမေရိကန် အမှတ် (၂၃) ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်အင်အား ၂၅ဝ ခန့်သည် တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ မြောက်ပိုင်း ယီဂျောင်ဗြူ အရပ်ရှိ စတန်လေ စခန်းတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံနှင့် ပူးပေါင်း စစ်ရေး လေ့ကျင့်ရာတွင် နျူကလီးယား တင်ဆောင်နိုင်သော B-52 ဗုံးကြဲ လေယာဉ်များနှင့် B-2 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်များအား အသုံးပြု ခဲ့သည့်အတွက် အမေရိကန် နိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့ အကြား အခြေအနေ များသည် ပိုမို တင်းမာလျက် ရှိကြောင်း သိရသည်။ ထို့အပြင် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများအား တုံ့ပြန်ရန် အတွက် အမေရိကန် နိုင်ငံသည် ၎င်း၏ စွမ်းအားမြင့် ပဲ့ထိန်းဒုံး စနစ်ကို ဂူအမ်ကျွန်း၌ ဖြန့်ကြက်ချထား သွားမည် ဖြစ်ကြောင်း မတ် ၂၇ ရက်က ကြေညာခဲ့သည်။ ၎င်း ဒုံးကျည် ကာကွယ်ရေး စနစ်တစ်ခုတွင် ဒုံး ကျည် ပစ်စင်ပါ ထရပ်ကား၊ ကြားဖြတ် တိုက်ခိုက်ရေး ဒုံးကျည်များ၊ ရေဒါစနစ် တစ်ခုနှင့်  ပစ်မိန့်ပေး စနစ်တို့ ပါဝင်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံသည် ၎င်းတို့၏ ခြိမ်းခြောက်မှု များကြောင့် မြောက်ကိုရီးယား နိုင်ငံ၏ နည်းပညာ မြင့်မား၍ သေးငယ် ပေါ့ပါးသော နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်ခြင်းကို ခံရလိမ့်မည် ဖြစ်ကြောင်း ကိုရီးယား ပြည်သူ့ တပ်မတော်၏ ဦးစီးအရာရှိ တစ်ဦးက မတ်၂၈ ရက်တွင် ထုတ်ပြန်သည့် ကြေ ညာချက် တစ်စောင်၌ ခြိမ်းခြောက် ပြောကြား ထားခဲ့သည်။

 
http://www.myawady.net.mm/allnews/global/item/10956-2013-04-06-08-50-04 မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက် မည်ဟူသော ခြိမ်းခြောက်မှု ပေါ်ထွက် လာပြီးနောက် အမေရိကန် နိုင်ငံသည် နျူကလီး ယား လက်နက်၊ ဇီဝလက်နက်နှင့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို အပြည့်အဝကာကွယ်မှု ပေးနိုင် သည့် ဝတ်စုံများ ပါဝင်သော ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယား နိုင်ငံတွင် ဖြန့်ကြက် ချထားကြောင်း သိရသည်။

နေကာမျက်မှန် တပ်ခြင်း၏ ကောင်းကျိုးများ

ဟောလိဝုဒ် မင်းသားမင်းသမီး ငယ်လေးတွေဟာ နေကာမျက်မှန်အကြီးကြီး တွေတပ်ပြီး လူပို ကြည့်အောင် လုပ်နေတာလို့ မထင်လိုက် ပါနဲ့တဲ့။

ထိုင်းလက်နက်ကိုင်နှင့် မြန်မာတပ် ပစ်ခတ်မှု မဖြစ်ခဲ့ဟု ထိုင်းဝန်ကြီး ငြင်းဆို

ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်းလက်နက်ကိုင်များနှင့် မြန်မာအစိုးရ တပ်များ သောကြာနေ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုလိုက်သည်။

အမျိုးသမီးများကြား စီးဝင်လာသည့် ယမကာယဉ်ကျေးမှု

Photo: အမျိုးသမီးများကြား စီးဝင်လာသည့် ယမကာယဉ်ကျေးမှု
Saturday, April 6, 2013

မူးယစ်ရီဝေလာပါက အဖော်ယောက်ျားလေးကို ကုန်းပိုးခိုင်းစေလိုခြင်းနှင့် ငို၍ကောင်းသောကြောင့် ဘီယာနှင့် ဆိုဂျူးအရက်များ သောက်သုံး
ကြသည်ဟုဆိုသည့်ကိုရီးယားလှိုင်း၏ရိုက်ခတ်မှုသည် မြန်မာမိန်းကလေး
ငယ်တချို့အတွက် ဖက်ရှင်ကျသည့် လူငယ်သဘာဝတစ်ခု ဖြစ်လာခဲ့ပါပြီ။

အမျိုးသားများနှင့် ရင်ပေါင်တန်းမည့် တန်းတူညီမျှ အခွင့်အရေးဟူသော အသုံးအနှုန်းကို တွင်ကျယ်စွာပြောဆိုလာကြပြီး နောက်ပိုင်းတွင် ယမ
ကာသောက်သုံးခြင်းသည်လည်း အမျိုးသမီးများ ကိုယ်ပိုင်အခွင့်အရေး
တစ်ရပ်ဟု လက်ခံယူဆလာကြသည်။

ရန်ကုန်မြို့တော်တွင် ၁၉ လမ်းကဲ့သို့ အရက်ဆိုင်တန်းများ၌ အမျိုးသား
တို့ကြား ၀ိုင်းဖွဲ့သောက်သုံးနေသည့် အမျိုးသမီးများအပြင် မိန်းကလေးများ အုပ်စုဖွဲ့ သောက်သုံးနေကြသည့် မြင်ကွင်းများကိုလည်း နေ့စဉ်မြင်တွေ့ရ
မည် ဖြစ်သည်။ ဘီယာဆိုင်ကြီးများ၊ နိုက်ကလပ်များ၊ ပါတီပွဲများမှာလည်း အမျိုးသမီးငယ်များ ဘီယာ၊ အရက်သောက်သုံးလာကြသည်ကို
တွေ့မြင်နိုင်ကြပါသည်။

အမျိုးသမီးတို့အနေဖြင့် အရက်အလွန်အကျွံ သောက်သုံးမိပါက နီးစပ်သူအမျိုသားများနှင့် မှားယွင်းမှုများ ဖြစ်ပေါ်တတ်သည့် သာဓကအချို့လည်းရှိခဲ့ပြီး အများစုကတော့ အပျော်သဘောဖြင့် သရုပ်မပျက် သောက်သုံးကြသည်က များသည်။

“မူးနေတဲ့ မိန်းကလေးတစ်ယောက်ကို အခွင့်အရေးယူတဲ့ ယောက်ျားက လူစဉ်မမီဘူးထင်ပါတယ်။ မူးနေတဲ့မိန်းကလေးမှာ အပြစ်မရှိဘူးထင်ပါ
တယ်။ အမြတ်ထုတ်တဲ့သူသာ အပြစ်ရှိပါတယ်။ လူ့အသိုင်းအ၀ိုင်းက တကယ်အပြစ်ရှိတဲ့သူကို မြင်တတ်ဖို့လိုပါတယ်”ဟု Yangon Film School 
မှ မန်နေဂျာ ကိုသက်ဦးမောင်က ၎င်း၏အမြင်ကိုပြောသည်။

အမျိုးသမီးများက အမျိုးသားတို့နှင့် ရင်ပေါင်တန်း၍ အရက်သေစာ သောက်
သုံးလာကြခြင်း၏ အဓိကအကြောင်းရင်းများထဲတွင် ကိုရီးယားဇာတ်လမ်းတွဲ
များက ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။ မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်အတွင်း ကူးစက်ဝင်ရောက်လာသည့် ကိုရီးယားယဉ်ကျေးမှု ဓလေ့စရိုက်များက အ
သက်အရွယ်မရွေး၊ ကျား၊ မ မရွေး စွဲလမ်းလာစေခဲ့ပြီး အနောက်တိုင်းရုပ်
ရှင်များတွင် ပါဝင်သည့်ဓလေ့စရိုက်များကိုလည်း နှစ်သက်တတ်လာကြသည်။

ဘိန်းစွဲသကဲ့သို့ စွဲလမ်းလာကြသည့် ကိုရီးယားဖက်ရှင်များ၊ ကိုရီးယားအစားအသောက်များက လူငယ်ထုအကြား ပျံ့နှံ့မှု 
ပိုမိုများပြားကာ ဘီယာ၊ အရက်နှင့် ဆိုဂျုးသောက်သုံးခြင်း၊ မူး
ယစ်လာပါက ငိုကြွေးခြင်း၊ ယောက်ျားလေးကို ကုန်းပိုးခိုင်းခြင်း စသည်တို့ကိုလည်း လုပ်ဆောင်လာကြသည်။ ညဥ့်နက်မှ မူး
ပြီးအိမ်ပြန်လာသည့် ဇာတ်ဝင်ခန်းများ၊ အိမ်ထောင်ရေးဖောက်
ပြန်သည့် ဇာတ်ရှုပ်များကလည်း ကိုရီးယားဇာတ်ကားတိုင်းလို
လိုတွင် ပါဝင်လျက်ရှိနေသည်။

ယခင်က အရက်ဆိုင်၊ ဘီယာဆိုင်များရှေ့မှ ဖြတ်လျှောက်လျှင်
ပင် ခေါင်းငုံ့ကာခပ်သွက်သွက်လျှောက်လှမ်းကြသည့် မြန်မာမိန်း
ကလေးများက ယခုအခါ ဘီယာဆိုင်များအတွင်း ၀င်ထိုင်နေကြပါပြီ။
ယောက်ျားလေး အပေါင်းအသင်းများနှင့် ဘီယာဆိုင်လိုက်ထိုင်ရင်း တစ်ခွက်တစ်ဖလား စမ်းသောက်ကြည့်ရာမှ အရက်သောက်သုံးခြင်း
ကို စတင်ခဲ့ကြလေသည်။

အသက် ၂၄ နှစ်အရွယ် သတင်းထောက်အမျိုးသမီးတစ်ဦးကတော့ သူမ ဘီယာသောက်ဖြစ်ခြင်းကို အောက်ပါအတိုင်း ပြောကြားသည်။

“ကိုရီးယားကားကြောင့် သောက်တာလည်း မဟုတ်ဘူး။ ကြိုက်
လို့သောက်တာ။ သူများမိန်းကလေးတွေ သောက်တာလည်း ဘယ်လိုမှမမြင်ဘူး။ အရမ်းသရုပ်မပျက်ရင် ပြီးတာပဲ။ ဒီမှာက မိန်းမတွေက သောက်ပြီဆို ငိုလိုက်၊ ရယ်လိုက်နဲ့”

အသက် (၂၉)နှစ်အရွယ် ကိုနစ်ကီကလည်း “တချို့မိန်းကလေးတွေက အပျော်အပါးသဘောမျိုးနဲ့ သောက်ကြတာတွေ့ရတယ်။ ဥပမာ- ၁၉ လမ်းလို နေရာမျိုးကို ကြည့်လေ။ ဘာပွဲညာပွဲမရှိဘဲနဲ့ကို သောက်နေ
ကြတာ။ သင်္ကြန်မှာဆိုလည်း အရက်ဘီယာသောက်တာ မဆန်းတဲ့
ပုံစံနဲ့ သောက်ကြတာ”ဟု ဆိုသည်။

ကုမ္ပဏီဝန်ထမ်း အမျိုးသမီးများက ပါတီပွဲများ၊ ညစာစားပွဲများတွင် လူမှုရေးအရ ၀ိုင်နှင့်ဘီယာ အနည်းငယ်သောက်သုံးသည့် ဓလေ့ရှိလာ
ကြပြီး တချို့အမျိုးသမီးများက ဖက်ရှင်သဘောမျိုး သောက်သုံးလာ
ကြကာ အမျိုးသမီးငယ်များကတော့ သူငယ်ချင်းအပေါင်းအသင်းများန
နှင့် သွားလာရင်း သောက်ဖြစ်လာခြင်းဖြစ်သည်။

“သူငယ်ချင်းတွေနဲ့သွားရင်း မြည်းစမ်းသောက်ကြည့်ရာက သောက်တတ်
လာတာပဲ။ သောက်ကြည့်လိုက်တော့လည်း ကြိုက်တယ်။ အရင်ခေတ်တွေ
တုန်းကလို အရက်တစ်ခွက်ဝင်ပြီး မိန်းကလေးတွေ အသိစိတ် ပျောက်
ကုန်တယ်ဆိုတာမျိုး မဖြစ်တော့ဘူး။ တော်ရုံတန်ရုံ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တယ်”ဟု အသက် (၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးက
ပြောပြသည်။

မြို့နယ်ပေါင်း ၅၀ ကျော်မှ အသက်(၁၈)နှစ်မှ (၆၄)နှစ်အရွယ် လူပေါင်းခုနစ်ထောင်ကျော်ကို ကျပန်းရွေးချယ်၍ သုတေသန
တစ်ခု ပြုလုပ်ခဲ့ရာ၌ အမျိုးသား ၁၀၀ တွင် ၄၅ ဦးက အရက်
သောက်သုံးပြီး အမျိုးသမီး ၁၀၀ တွင် လေးဦး(လေးရာခိုင်နှုန်း)
က အရက်သောက်သုံးကြောင်း တွေ့ရှိရသည်။

“နှစ်ယောက်မှာ တစ်ယောက်လောက် သောက်နေတယ်ဆိုတော့ ဒါတော်တော်အရေးကြီးတဲ့ ပြဿနာပဲ”ဟု ဒေါက်တာကိုကိုဇော်က
ပြောသည်။

“ဒီလေးရာခိုင်နှုန်းဆိုတာက မြို့ပြရော၊ တောရော အသက်ကြီးငယ်အား
လုံးနဲ့ အရက်လုံးဝမသောက်တဲ့သူတွေကိုပါ ပြုလုပ်ထားတဲ့ သုတေသနပါ။ တကယ်ကို အရက်သောက်နိုင်တဲ့ အများဆုံးအခြေအနေရှိတဲ့ အသက်
အပိုင်းအခြားကိုပဲ လေ့လာရင် ဒီထက် အဆပေါင်းများစွာ များနိုင်မယ်”ဟု ၎င်းကဆိုသည်။

အမျိုးသမီးများထဲတွင် အသက်(၃၃)နှစ်မှ (၄၅)နှစ်အထိသည် အများဆုံးသောက်သုံးသည့် အသက်အရွယ်ပင် ဖြစ်သည်။ တိုင်းနှင့်ပြည်နယ်များကို လေ့လာသည့်အခါ ကယားပြည်နယ်
သည် အမျိုးသမီးများ အရက်သောက်သုံးမှု အများဆုံးပြည်နယ်
ဖြစ်ပြီး သုတေသနပြုလုပ်ချက်အရ တစ်နှစ်အတွင်း အရက်သောက်
သုံးမှုမှာ အမျိုးသမီး ၁၀၀ တွင် ၃၈ ဦးရှိကြောင်း တွေ့ရှိရသည်။

အမျိုးသမီးများ အရက်သောက်သုံးမှု ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်သည်။

အသက်မပြည့်သေးသည့် ကလေးများ အရက်သောက်သုံးမှုနှင့်ပတ်သက်၍ Strategic First စီးပွားရေး သင်တန်းကျောင်းမှ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း ရှစ်ကျောင်း၌ တက်ရောက်နေသော ၈ တန်းမှ ၁၀ တန်းအထိ ကျောင်းသူ ၁၀၀ ကျော်အား မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုကို ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းများ အပါအ၀င် ဆင်ခြေဖုံးရှိ ကျောင်းများကိုပါ ရွေးချယ်မေးမြန်းထားခြင်းဖြစ်သည်။

ကျောင်းသူ၁၀၀ ကျော်တွင် မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည့်
ကျောင်းသူတိုင်းက ဘီယာနှင့်ဆိုဂျုး သောက်ဖူး ကကြောင်း Strategic 
First သင်တန်းကျောင်းမှ ကျောင်းအုပ်ဦးအောင်မျိုးချစ်က ပြောပြသည်။

“ယောက်ျားလေးတွေက ကောင်မလေးကိစ္စနဲ့ သောက်တယ်။ ကောင်မလေး
ကေတော့ သောက်ပြီးရင် ငိုလို့ကောင်းလို့၊ ကောင်လေးကို ကုန်းပိုးခိုင်းချင်
လို့သောက်တာလို့ ဖြေကြတယ်။ ဆရာမတွေကိုမေးတာ ကျောင်းမှာလည်း ၀ိုင်ပုလင်းတွေ ယူယူလာလို့ ရုံးခန်းကို ပို့လိုက်ရတယ် ဆိုတာတွေလည် ရှိနေတယ်”ဟု သူကဆိုသည်။

အမျိုးသမီးငယ်များကို အဓိကရည်ရွယ်သည့် ဘီယာသောက်ပြိုင်ပွဲကဲ့
သို့ ပြိုင်ပွဲများလည်း တချို့ပါတီပွဲများတွင် ထည့်သွင်းကျင်းပလာပြီး အရက်သောက်ဖူးမှ ခေတ်မီသည်ဆိုသည့် ပြောင်းလဲမှုများလည်း လူအများကြားရှိလာပြီ ဖြစ်သည်။

“အဓိကက ကြိုက်လို့လို့ထင်ပါတယ်။ ပုံမှန်အားဖြင့် မြန်မာမိန်းကလေးတွေ စကားတိုးတိုးပြောပြီး ခပ်မှန်မှန်နေထိုင်လေ့ရှိပေမယ့် သောက်ပြီးတဲ့အခါ လွတ်လပ်မှုတစ်မျိုးဖြစ်သွားပြီး နေရထိုင်ရတာ ပိုပျော်ဖို့ကောင်းသ
လို ဖြစ်သွားလို့ သောက်ကြတာလို့ ထင်တယ်”ဟု ဒီဇိုင်နာအမျိုးသမီးတစ်ဦး
က ပြောသည်။

“မိန်းကလေးတွေ အရက်သောက်လို့ရတဲ့ နေရာတွေ များလာတယ်။
နိုက်ကလပ်ဆို မိန်းကလေးကို အရက်အလကား တိုက်တယ်လို့ ပြော
တာပဲ။ ရုပ်ရှင်ကားတွေထဲမှာလည်း စိတ်ညစ်လို့ ထွက်ပေါက်ရှာရင် အရက်သောက်ပြီး ရှာကြတယ်ပေါ့လေ။ မြန်မာကားတွေမှာလည်း အဲ
ဒါတွေ ရိုက်ကူးပြနေတယ်။ အပြင်မှာလည်း သောက်နေကြတော့ ဒါ
က ယဉ်ကျေးမှုတစ်ခုလို့တောင် ပြောလို့ရနေပြီ”ဟု တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ မခင်နှင်းကြည်သာက သုံးသပ်သည်။

သို့သော် အမျိုးသမီးများမှာ ကိုယ်သောက်သုံးသည့် ယမကာအမျိုးအစားတွင် အရက်ပမာဏ မည်မျှပါဝင်နေသည်ကို မသိရှိကြပေ။ အများစု၏ စိတ်ထဲတွင် ၀ီစကီကဲ့သို့ အရက်ပြင်းများ၌ အယ်လ်ကိုဟောလ် Level ၁၀၀ ရာခိုင်နှုန်း ပါဝင်နေပြီး ဘီယာကဲ့သို့ အဖျော်ယမကာများတွင်မူ အယ်လ်ကိုဟောလ်ပမာ
ဏ အနည်းငယ်သာ ပါဝင်နေသည်ဟု ထင်မှတ်နေကြသည်က များသည်။

တကယ်တမ်းတော့ မိန်းကလေးများ သောက်သုံးနေကြသည့် ဆိုဂျုးအ
ရက်တွင်ပင် အယ်လ်ကိုဟောလ် Level မြင့်မားစွာ ပါဝင်နေပြီး ဘီယာတွင်
လည်း အယ်လ်ကိုဟောလ် ၄ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ပါဝင်နေ
ကြောင်း သိရသည်။

“Trend ကလည်း တော်တော်လေးကို ပြောင်းလဲနေပြီ။ အရက်တွေလည်း ထပ်ပြီးခွင့်ပြုနေတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးကို ကာကွယ်ဖို့ ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာတော့ မရှိဘူး။ ထိုက်သင့်တဲ့အခွန်တွေ တိုးကောက်တာမျိုး၊ ထိုက်သင့်တဲ့ ထိန်းသိမ်းမှုတွေနဲ့ လူငယ်တွေကို ပညာပေးတာမျိုးတွေ ထိထိရောက်ရောက် လုပ်ဖို့တော့ လိုနေပါပြီ”ဟု Strategic First သင်တန်းကျောင်းမှ ကျောင်းအုပ်ဦးအောင်မျိုးချစ်က သုံးသပ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၁ ခုနှစ်တွင် ပြုလုပ်ထားသည့် သုတေသနအရ မြန်မာနိုင်ငံ၌ ဘီယာသောက်သုံးမှုမှာ ၈၃ ရာ
ခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အရက်ပြင်းနှင့် ၀ိုင်သောက်သုံးမှုမှာ 
၁၇ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။

“အရက်သောက်တာကြာရင် ပထမအဆင့်မှာ စိတ်ပိုင်းဆိုင်ရာစွဲ
လမ်းမှု ဖြစ်လာတယ်။ အဲဒါကိုမှ မဖြတ်ဘူးဆိုရင် ရုပ်ပိုင်းဆိုင်ရာစွဲလန်း
မှုတွေ ဖြစ်လာတယ်။

အရက်အနည်းငယ်သောက်ရင် ကျန်းမာရေးအတွက် ကောင်းကျိုးနည်း
နည်း ရှိတယ်ဆိုပေမယ့် လူအများက အဲဒီအဆင့်နဲ့တင် ရပ်မနေကြဘူး။ လစ်မစ်ကျော်တဲ့အထိကူးသွားတာများတယ်”ဟု ဒေါက်တာကိုကိုဇော်က
ပြောသည်။

လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အသက်(၂၅)နှစ်အရွယ် မချမ်းငြိမ်းဖြူကလည်း “ဘယ်အရာမဆို အလွန်အကျွံမဖြစ်
ရင် ကောင်းပါတယ်”ဟု ဆိုလာသည်။

အရက်၊ ဘီယာသောက်သုံးခြင်းအားဖြင့် မည်သူမဆို ရောဂါပေါင်း
ခြောက်ဆယ်ကျော် ဖြစ်နိုင်ခြေရှိနေပြီး အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ရှိစေရန် အခက်အခဲဖြစ်စေသောကြောင့် အလွန်အ
ကျွံသောက်သုံးခြင်းကို ရှောင်ရှားသင့်ပါသည်။

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို့ အရက်စွဲဝေဒနာဖြင့် ရောက်ရှိလာကြ
သူများထဲတွင် အမျိုးသမီးများလည်း ပါဝင်လာနေခဲ့ပြီ ဖြစ်သည်။

“ရောဂါပေါင်း ခြောက်ဆယ်ကျော် ဖြစ်နိုင်တဲ့အထဲက လူတိုင်းသိတာကတော့ အသည်းခြောက်ရောဂါ၊ ဦးနှောက်ထိခိုက်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ
ရောဂါတွေဖြစ်တယ်။ ပြီးတော့ ခံတွင်းကင်ဆာစတဲ့ ကင်ဆာရောဂါတွေ၊ အမျိုးသမီးတွေမှာဆိုရင်လည်း ကလေးပေါင်မပြည့်ဘဲ မွေးတာမျိုး၊ ဆီးချိုရောဂါနဲ့ လူမှုရေးပိုင်းဆိုင်ရာ ပြဿနာတွေကတော့ အထင်ရှား
ဆုံးပဲ”ဟု ဒေါက်တာကိုကိုဇော်က ရှင်းပြသည်။

နိုင်ငံခြားယဉ်ကျေးမှုများကို သရုပ်ပျက်ခြင်းဟု ဆို၍မရပါ။ သူတို့လူမျိုး၊ သူတို့ထုံးစံပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာလည်း မြန်မာ့ယဉ်ကျေးမှု၊ မြန်
မာ့ဓလေ့ထုံးစံရိုးရာများ ရှိပါသည်။ နိုင်ငံခြားယဉ်ကျေးမှုများကို အတု
ယူနေထိုင်ခြင်းသည်တိုးတက်လာသည့် ခေတ်အခြေအနေအရ ဖြစ်တည်လာမှုတစ်ခုပင် ဖြစ်နိုင်ပြီး မြန်မာ့ယဉ်ကျေးမှုကိုလည်း ပျောက်ပျက်မသွားစေရန် ထိန်းသိမ်းဖို့ရာ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါသည်။

တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ မခင်နှင်းကြည်သာက လူငယ်အမျိုးသမီးများ အရက်၊ ဘီယာ သောက်စားလာကြခြင်းအပေါ်
တွင် အောက်ပါအတိုင်းသာ မှတ်ချက်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုဆိုရင်စကတ်တိုဝတ်တယ်ဆိုတာ
ခြေထာက်လှဖို့ လိုတယ်လေ။ ကောင်းတယ်ထင်ရင်လုပ်ပေါ့။ ကိုယ်လုပ်တာတွေက ကိုယ့်အရိပ်ပဲဖြစ်မှာပါ”ဟူ၍ ဖြစ်ပါသည်။

ရေးသားသူ- ဥက္ကာကိုကို၊ ၀တ်ရည်အောင်
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal မူးယစ်ရီဝေလာပါက အဖော်ယောက်ျားလေးကို ကုန်းပိုးခိုင်းစေ လိုခြင်းနှင့် ငို၍ကောင်းသောကြောင့် ဘီယာနှင့် ဆိုဂျူးအရက် များ သောက်သုံး ကြသည်ဟု ဆိုသည့် ကိုရီးယားလှိုင်း၏ ရိုက်ခတ်မှု သည် မြန်မာမိန်းကလေးငယ်တချို့အတွက် ဖက်ရှင်ကျသည့် လူငယ် သဘာဝတစ်ခု ဖြစ်လာခဲ့ပါပြီ။

လောကမှာ အမြင့်မြတ်ဆုံးမေတ္တာ

Photo: လောကမှာ အမြင့်မြတ်ဆုံးမေတ္တာ
Saturday, April 6, 2013

ဘယ်လောက်ပဲ ဆင်းရဲတဲ့မိသားစုပဲဖြစ်ဖြစ် အဲဒီမိသားစုမှာ ကြင်နာတဲ့၊ ချွေတာတဲ့၊အကောင်းမြင်ပြီး သပ်ရပ်သန့်ရှင်းတဲ့ အမျိုးသမီးတစ်ဦးရှိတယ်ဆိုရင် အဲဒီမိသားစုဟာ စိတ်ဓာတ်
ရဲ့ပျော်စံရာ၊ ခွန်အားတွေရတဲ့နေရာဖြစ်တယ်။

လောကအတွက် မိခင်တွေပေးဆပ်နေတဲ့အရာက လိမ္မာထက်မြက်တဲ့ သားသမီးတွေဖြစ်တယ်။မိခင်ရဲ့အပြုအမှု၊ အထင်အမြင်တွေဟာ သားသမီးတိုင်းရဲ့ဘဝကို သက်ရောက်စေနိုင်တယ်။

ဒီသက်ရောက်မှုကို လူတွေ သေသေချာချာ မတွေးတောခဲ့ဖူးသလို အသိအမှတ်လည်းမပြုခဲ့ကြဘူး။ မှားပါတယ်လို့လည်း ဘယ်သူမှ မငြင်းဆန်ခဲ့ကြဘူး။

ငယ်ရာကနေ ကြီးပြင်းလာတဲ့ လမ်းတစ်လျှောက် မိခင်ရဲ့ပြုစုပျိုးထောင်
မှုအောက်မှာမိခင်ရဲ့အရာအားလုံးဖြစ်တဲ့ အပြုအမှု၊ မိခင်ရဲ့အတွေး၊
မိခင်ရဲ့ကိုယ်ကျင့်တရား... စတာတွေဟာမသိမသာနဲ့ သားသမီးပေါ်
ကို သက်ရောက်စေနိုင်တယ်။

ကြံ့ခိုင်တဲ့မိခင်တစ်ဦးက သားသမီးတွေကို အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ
တွန့်ဆုတ်မသွားဖို့ သင်ပေးနိုင်တယ်

လူအများရဲ့အတွေးထဲမှာ မိန်းမဆိုတာ အားနည်းပျော့ညံ့သူလို့ တွေးထင်
ထားကြတယ်။"သန်မာကြံ့ခိုင်" ဆိုတဲ့စကားက ယောက်ျားတွေအတွက်ပဲလို့ ထင်ခဲ့ကြတယ်။

တကယ်တမ်းတော့ ဘဝမှာဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ ကြုံလာတဲ့အခါ အဲဒီအခက်အခဲကိုမတွန့်မဆုတ်၊ ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေသူတွေဟာ အားနည်းပျော့ညံ့တယ်လို့လူတွေထင်ထားကြတဲ့ မိန်းမတွေပဲဖြစ်
တယ်။မိန်းမတွေဟာ တခြားဘက်တွေမှာလည်း ယောက်ျားတွေထက်
ပိုကြံ့ခံ၊ ပိုသန်မာတဲ့ အင်အားတွေရှိပါတယ်။

လင်ယောက်ျားသေဆုံးသွားတဲ့ မုဆိုးမမိခင်တစ်ဦးဟာ သားသမီး(၉)ယောက်
ရှိတဲ့မိသားစုတစ်စုကို တစ်ယောက်တည်း ပုခုံးထမ်းတာဝန်ယူခဲ့တယ်။ ဘယ်လိုကြောက်ရွံ့မှုမျိုး၊ဘယ်လိုအခက်အခဲကမှ အဲဒီမိခင်ရဲ့ခြေလှမ်းနဲ့ ယုံကြည်မှုကိုမယိုင်လဲစေနိုင်ခဲ့ဘူး။ မိခင်ဆုံးတော့ သားသမီးတွေက မိခင်
ကိုဖခင်ရဲ့ အုတ်ဂူဘေးမှာ အတူမြှုပ်နှံ့ပေးပြီး ဂူရှေ့မှာ "မိခင်သစ်ပင်"
တစ်ပင်ကို စိုက်ထူခဲ့တယ်။ အဲဒီသစ်ပင်က မြင့်မြတ်၊ ကြံ့ခိုင်တဲ့မိခင်ကို အထိမ်းအမှတ်ပြုတဲ့ သစ်ပင်ဖြစ်တယ်။


သဘောထားကြီးမြတ်တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့အနာ
ဂတ်ကို မျှော်လင့်ချက်တွေနဲ့ပြည့်စေနိုင်တယ်။

မိန်းမတွေကို ရင်ဘတ်ကျဉ်းတယ်၊ စိတ်သဘောထား သေးတိမ်တယ်လို့ ဟိုရှေးယခင်ကတည်းကနေ ဒီနေ့ထိ လူတွေစာဖွဲ့ခဲ့ကြတယ်။ တချို့ကလည်း မိန်းတွေဟာ ဆံပင်သာရှည်တယ်၊ ဗဟုသုတနည်းတယ်လို့ဆိုကြတယ်။
လောကမှာယောက်ျားတွေရဲ့စိတ်သဘောထားကပဲချောက်ကမ်းပါးထက် ကြီးသလို၊ မိန်းမတွေရဲ့စိတ်သဘောထားက တောင်တန်းကြားကလမ်း
ကျဉ်းတွေလို ဆိုခဲ့ကြတယ်။

တကယ်တမ်းတော့ မိန်းမတွေရဲ့ စိတ်သဘောထားကြီးပုံက လေး
စာအတုယူဖို့ကောင်းတယ်။ဒီလို စိတ်သဘောထားကြီးတဲ့ မိန်းမတွေ
ကြောင့် မိခင်တစ်ဦးရဲ့ကြီးမြတ်ကျယ်ပြန့်တဲ့ရင်ဘတ်ဟာ သားသမီးတွေ
အပေါ် ဘယ်လောက်အကျိုးသက်ရောက်စေနိုင်တယ်ဆိုတာကို ကျွန်
တော်တို့ နားလည်ခဲ့ရတယ်။

ယောက်ျားစွန့်ပစ်သွားတဲ့ အမျိုးသမီးတစ်ဦးဟာ လူမမယ်ကလေး
ငါးယောက်ကိုကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တယ်။ ဒါဟာ
ကြီးမြတ်တဲ့ မိခင်တစ်ဦးရဲ့ စိတ်သဘောထားဖြစ်တယ်။


ကြင်နာတတ်တဲ့မိခင်တစ်ဦးက သားသမီးတွေကို ကရုဏာတရား၊
စာနာရိုင်းပင်းတတ်မှုရှိစေတယ်

လူ့လောကကြီးမှာ ကြောက်စရာအကောင်းအရာက အပြုအမှုရက်စက်ခြင်း
နဲ့လျစ်လျူရှုခံရခြင်းဖြစ်တယ်။ ဒီအရာနှစ်ခုကို လူအများရှောင်လွဲနိုင်
လိမ့်မယ်လို့ ဘယ်သူကမှ မခန့်မှန်းနိုင်ကြဘူး။

"ကရုဏာတရား၊ စာနာရိုင်းပင်းမှု"က သင်ယူလေ့ကျင့်လို့ရတယ်ဆိုပေမယ့်
တကယ့်ရင်းမြစ်က ကြင်နာတတ်တဲ့ မိခင်ကနေ လာတာဖြစ်တယ်။

ဘီလ်ဂိတ်က မိခင်ဆီကနေ "ကရုဏာတရားနဲ့ အကြင်နာတရား" ကို သူရခဲ့ပါတယ်လို့ ဆိုတယ်။တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆင်းရဲဒေသတွေအ
တွက် ဘီလ်ဂိတ်လှူဒါန်းခဲ့တာကို ကြည့်ခြင်းအားဖြင့် ကြင် နာတတ်
တဲ့မိခင်တစ်ဦးရဲ့ သားသမီးအပေါ် အကျိုးသက်ရောက်မှု
ကို တွေ့မြင်နိုင်ပါတယ်။


တည်ငြိမ်တဲ့မိခင်တစ်ဦးဟာ သားသမီးတွေကို ဝီရိယရှိစေတယ်

စာပေအများစုမှာ ဒါမှမဟုတ် ရုပ်ရှင်ဗီဒီယိုတွေထဲမှာ ရေးသားပြသတတ်
တာတွေက အခက်အခဲကြုံချိန်၊ ဆင်းရဲဒုက္ခနဲ့တွေ့ချိန် မိခင်တွေဟာ အော်
ဟစ်ငိုယိုမယ်၊ဒါမှမဟုတ် မျှော်လင့်ချက်မဲ့ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ်
ဆိုတာပဲဖြစ်တယ်။

တကယ့်လက်တွေ့ဘဝမှာ ကျွန်တော်တို့တွေ့မြင်နေတာတွေက ဆင်းရဲဒုက္ခ၊ အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းတဲ့ မိခင်တွေရဲ့တည်ငြိမ်ရင့်ကျက်တဲ့ အပြုအမှုတွေဖြစ်တယ်။ဒီလိုအပြုအမှုတွေက ဘာစကားလုံး ဘာခံစားချက်နဲ့
မှ ဖော်ပြလို့မရနိုင်အောင် ရင်ထဲတစ်သက်စွဲငြိစေပါတယ်။


နူးညံ့သိမ်မွေ့တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့ အရည်အသွေးကို အရိပ်ထင်စေတယ်

လူတိုင်းရဲ့ကိုယ်ပေါ်မှာ နူးညံ့သိမ်မွေ့ခြင်းတွေရှိတယ်။ ဒါဟာ
လူတစ်ယောက်ရဲ့အရည်အသွေးဖြစ်တယ်။ အရည်အသွေးကောင်းမှ လုပ်သမျှအကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။

မိခင်က လူကြီးသူမတွေကို ရိုသေတယ်၊ ကလေးငယ်တွေကို ချစ်ခင်တယ်ဆိုရင် သားသမီးတွေကလည်း ဒါတွေကို အလိုလိုနဲ့ သင်ယူနေကြတယ်။ မိခင်က ချွေတာတယ်ဆိုရင် သားသမီးတွေ
က အလိုလိုနဲ့ အသုံးအဖြုန်းမကြီးတော့ဘူး။ မိခင်ကစည်းကမ်းတ
ကျရှိတယ်ဆိုရင် သားသမီးတွေက အနေအထိုင်မှာ ပရမ်းပတာ
မဖြစ်တော့ဘူး။


ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေကို နက်နဲတဲ့တွေးတောကြံဆမှုတွေကိုရစေတယ်

ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့တွေးတောမှု
ကိုအကျိုးသက်ရောက်စေတယ်ဆိုရင် ပညာတတ်မိခင်က ပိုနက်နဲ
တဲ့တွေးတောမှုကိုပေးနိုင်ပါတယ်။ ဒါဟာ လမ်းလျှောက်သင်စ ကလေးငယ်
တစ်ဦးလို လူကြီးရဲ့လက်ကိုတွဲပြီးတဖြည်းဖြည်း လမ်းလျှောက်သင်ယူတာနဲ့ အတူတူဖြစ်တယ်။

ပညာကြွယ်တဲ့မိခင်တစ်ဦးဟာ ကလေးငယ်မွေးဖွားစကနေ ကြီးပြင်းတဲ့အထိ နေ့စဉ်ဘဝတိုင်းကလေးငယ်အပေါ် နည်းနည်း
ချင်းစီ သက်ရောက်နေပါတယ်။ မိခင်တိုင်းက သူတို့နည်း၊
သူတို့ဟန်နဲ့ သူတို့ သားသမီးအပေါ် သက်ရောက်နေကြတယ်။ 

မိခင်တိုင်းမှာ မိခင်တိုင်းရှိအပ်တဲ့ အကြင်နာတရားတွေ၊ စိတ်သဘောထား
ကြီးမြတ်ခြင်းတွေ၊ကြံ့ခိုင်ခြင်းတွေ...... ရှိပါတယ်။ အဲဒီအရာတွေကို သား
သမီးတိုင်း သိမြင်၊သင်ယူတတ်ဖို့ပဲ လိုပါတယ်။


မူရင်း--
http://www.duwenzhang.com/wenzhang/qinqingwenzhang/20110202/169664.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Esther Kying's Note Book ဘယ်လောက်ပဲ ဆင်းရဲတဲ့မိသားစုပဲဖြစ်ဖြစ် အဲဒီမိသားစုမှာ ကြင်နာတဲ့ ၊ ချွေတာတဲ့၊အကောင်းမြင်ပြီး သပ်ရပ်သန့်ရှင်းတဲ့ အမျိုးသမီး တစ်ဦး ရှိတယ်ဆိုရင် အဲဒီမိသားစုဟာ စိတ်ဓာတ် ရဲ့ပျော်စံရာ၊ ခွန်အားတွေရ တဲ့နေရာဖြစ်တယ်။
လောကအတွက် မိခင်တွေပေးဆပ်နေတဲ့အရာက လိမ္မာထက်မြက်တဲ့ သားသမီးတွေဖြစ်တယ်။မိခင်ရဲ့အပြုအမှု၊ အထင်အမြင်တွေဟာ သား သမီးတိုင်းရဲ့ဘဝကို သက်ရောက်စေနိုင်တယ်။