Friday, May 24, 2013

အင်းလေးကန်အတွင်း ဟိုတယ်များ တိုးချဲ့မှု ထပ်မံပြုလုပ်ပါက အင်းသားများ ကန့်ကွက်မည်

Photo: အင်းလေးကန်အတွင်း ဟိုတယ်များ တိုးချဲ့မှု ထပ်မံပြုလုပ်ပါက အင်းသားများ ကန့်ကွက်မည်

အင်းလေးကန်အတွင်း ဟိုတယ်များ တိုးချဲ့မှု ထပ်မံပြုလုပ်လာပါက အင်းသားများ ကန့်ကွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''နောက်ထပ် ဟိုတယ်တွေ တိုးချဲ့တာတို့ ဘာတို့ ကန်ထဲမှာ လာလုပ်သရွေ့တော့ နောက်ပိုင်း ကျွန်တော်တို့ ထိပ်တိုက်တောင် ရင်ဆိုင်ရင် ရင်ဆိုင်ရနိုင်တယ်။ ကန်စပ်မှာ နောက်ထပ် လာလုပ်မယ်ဆိုရင်တော့ လုံးဝ လက်မခံဘူး။ မဖြစ်ဖြစ်အောင် ကန့်ကွက်သွားရမှာပဲ'' ဟု အင်းသား စာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ အမှုဆောင် ဦးသာဒိုးက ပြောကြားသည်။

ညောင်ရွှေမြို့နယ်တွင် တည်ရှိသည့် အင်းလေးဒေသ၌ ကန်တွင်းနှင့် ကန်နှင့် ထိစပ်နေသော နေရာများတွင် ဟိုတယ်များ တိုးချဲ့ တည်ဆောက်မှု ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အင်းလေးကန်တွင်း၌ ဟိုတယ်သစ် တစ်လုံးကို တည်ဆောက်လျက်ရှိပြီး ကန်နှင့်ထိစပ်နေသော နေရာတွင်မူ ဟိုတယ် ၁၃ လုံးခန့် ဆောက်နေကြောင်း သိရသည်။

''ကန်နဲ့အရမ်းစပ်တဲ့အပြင် ကန်ဧရိယာကို သူတို့က နားလှည့်ပါးလှည့်နဲ့ ဆွဲထုတ်၊ တစ်ဖက်က ဘေးမဲ့တို့၊ အင်းလေးကန် ထိန်းသိမ်းရေးအဖွဲ့တို့က ဒီအတိုင်းကို ချထားတဲ့အတိုင်း တော်ပြီ၊ ပြီးသွားတဲ့ ဥစ္စာတွေကိုတော့ ကျွန်တော်တို့ မပြောဘူး။ ဒါအရင်က ဖြစ်ခဲ့ပြီးပြီ။ သူတို့ကို ဆုတ်ပါလို့ မပြောတော့ဘူး။ သို့သော် တစ်နေ့ တအားကြီးမားလာလို့ ကျွန်တော်တို့ ထိန်းသိမ်းတာ ပြောစကားတွေ အရာမရောက်တော့ဘူးဆိုရင် ပြန်ဆုတ်အောင် ကျွန်တော်တို့ လုပ်မယ်'' ဟု ဦးသာဒိုးက ပြောကြားသည်။ အင်းလေးကန်တွင်း၌ လုပ်ငန်း လည်ပတ်နေသော ဟိုတယ် ၁၄ လုံးရှိပြီး အင်းလေးဒေသရှိ ဟိုတယ်စုစုပေါင်း ၄၈ လုံးရှိနေသည်။

အင်းလေးကန်ရှိ ရွှေအင်းသားဟိုတယ်အား တွေ့ရစဉ်
အင်းလေးကန်ရှိ ရွှေအင်းသားဟိုတယ်အား တွေ့ရစဉ်
အင်းလေးကန်အတွင်း ဟိုတယ်များတိုးချဲ့မှု ထပ်မံပြုလုပ်လာပါက အင်းသားများ ကန့်ကွက် မှုများ ပြု လုပ် သွားမည် ဖြစ်ကြောင်း အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

နာဂဒေသတချို့မှာ ဆိုးဆိုးဝါးဝါး ဆန်ပြတ်လတ်နေ

Photo: နာဂဒေသတချို့မှာ ဆိုးဆိုးဝါးဝါး ဆန်ပြတ်လတ်နေ

စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂဒေသ၊ နန်းယွန်းမြို့နယ်နဲ့ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်ဒေသတွေမှာ အခြေခံစားသောက်ကုန် ဆန်ပြတ်လပ်နေတယ်လို့ အစိုးရနဲ့ အပစ်ရပ်စဲထားတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN/K အဖွဲ့က RFA ကို ပြောပါတယ်။

အခုလို ဆန်ပြတ်လပ်မှု ကြုံတွေ့နေရတာဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆိုးရွာဆုံး ဆန်ပြတ်လပ်မှုဖြစ်တယ်လို့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN/ K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ပြောပါတယ်။

ဆန်ရှားပါးပြတ်လပ်မှုကြောင့် အိန္ဒိယနိုင်ငံက ၇ ပြည်လောက်ရှိတဲ့ ဆန်တအိပ်ကို ရူပီးငွေ  ၁၂၅၀ မြန်မာ ကျပ်ငွေနဲ့ ဆိုရင် ကျပ် ၂ သောင်းဝန်းကျင်လောက်နဲ့ ၀ယ်ယူစားနေရတယ်လို့ ပြောပါတယ်။

အဲဒီဈေးနှုန်းနဲ့ ၀ယ်ယူနိုင်ဖို့အတွက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက မေတ္တာရပ်ခံထားရကြောင်းလည်း သိရပါတယ်။ ဆန်ပြတ်လပ်မှုအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် နယ်မြေခံအစိုးရစစ်တပ်နဲ့ NSCNအဖွဲ့တွေက အိန္ဒိယနိုင်ငံအထိ ဆန်အိတ်တွေ သွားရောက်ဝယ်ယူပြီး ဒေသခံတွေကို ဝယ်ယူလာတဲ့ ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချပေးနေတယ်လို့လည်းဆိုပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂဒေသ၊ နန်းယွန်းမြို့နယ်နဲ့ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်ဒေသတွေမှာ အခြေခံစားသောက်ကုန် ဆန်ပြတ်လပ်နေတယ်လို့ အစိုးရနဲ့ အပစ်ရပ်စဲထားတဲ့ နာဂအမျိုးသား ဆိုရှယ် လစ်ကောင်စီ NSCN/K အဖွဲ့က RFA ကို ပြောပါတယ်။

အမေရိကန် ခရီးစဉ်အတွင်း ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းအောင် ပြောနိုင်ခဲ့ သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား

သမ္မတ ဦးသိန်းစိန်၏သုံးရက်ကြာ အမေရိကန် ခရီးစဉ်အတွင်း အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်များနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းသည်အထိ ရောက် သွားရန် ပြောနိုင်ခဲ့သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ယာဉ်ကြောပိတ်မှု လျော့ချရေး အမြန်မြို့ပတ်လမ်းများဖောက်မှု ရန်ကုန်မြို့ပြ စီမံကိန်းတွင်ပါဝင်

Photo: ယာဉ်ကြောပိတ်မှု လျော့ချရေး အမြန်မြို့ပတ်လမ်းများဖောက်မှု ရန်ကုန်မြို့ပြ စီမံကိန်းတွင်ပါဝင်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်း အကောင်အထည်ဖော်မည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ချနိုင်ရေးအတွက် အမြန်မြို့ပတ်လမ်းများ ဖောက်လုပ်မှုလည်း ပါဝင်မည်ဖြစ်ကြောင်း JICA လေ့လာရေးအဖွဲ့ (ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်း) မှ သိရှိရသည်။

ရန်ကုန်မြို့တွင် ယာဉ်အစီးရေများစွာ တိုးပွားလာမှုကြောင့် မြို့တွင်းနှင့် နေရာအများစုတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလာကြောင်း၊ မဟာရန်ကုန် မြို့ပြစီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ချနိုင်ရန်အတွက် အမြန်မြို့ပတ်လမ်းအပြင် လမ်းကွန်ရက်များ ပြုလုပ်ရန်ပါ ထည့်သွင်းထားသည်ဟု သိရသည်။

လက်ရှိ ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်တွင် ယာဉ်သွားလာမှု၊ ယာဉ်ကြော သိပ်သည်းမှု များပြားနေရာ ယင်းနေရာများသို့ ၀င်ထွက်သွားလာရန်အတွက် ခရီးသွား ပြည်သူများ အနေဖြင့် အချိန်များစွာ ကုန်ဆုံးနေရကြောင်း၊ ယင်းအတွက် အမြန်မြို့ပတ်လမ်းများမှာ ယာဉ်ကြောပိတ်ဆို့မှုနှင့် အချိန်ကုန်ဆုံးမှုတို့အား လျော့ချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ရန်ကုန်မြို့ပြင်မှပတ်၍ အမြနမြို့ပတ်လမ်းနှင့် ရထားလမ်း ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်မည်ဟု ရည်မှန်းထားသည့်အပြင် ရန်ကုန်မြို့လယ် စီးပွားရေးဇုန်အတွင်း ယာဉ်သိပ်သည်း ကျပ်တည်းမှု လျော့ချနိုင်ရန်အတွက် မြို့လယ်စီးပွားရေး ဇုန်အတွင်းပတ်၍ ပြေးဆွဲမည့် မိုးပျံရထား စနစ်ကိုပါ ပြုလုပ်ရန်လည်း ရည်မှန်းထားသည်။

ရန်ကုန်မြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားဖြင့် စီးနင်းအသုံးပြုမှုမှာ ၈၅ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်နေပြီး ယာဉ်ကြောပိတ်ဆို့မှု များကြောင့် လိုရာခရီးကို ရောက်ရှိအောင် အချိန်များစွာပေး၍ သွားလာနေရသည်။

သို့ဖြစ်ရာ ရန်ကုန်မြို့၏ မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် အများပြည်သူ၏ ခရီးသွားလာမှုဆိုင်ရာ စစ်တမ်းကို JICA မှ လာမည့် ဇွန်လတွင် ရန်ကုန်စည်ပင် နယ်နိမိတ် ၃၃ မြို့နယ်နှင့် စည်ပင် ပြင်ပနယ်နိမိတ် ၆ မြို့နယ် စုစုပေါင်း ၃၉ မြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်ထံမှ ကောက်ယူသွားမည်ဖြစ်ပြီး ယင်းစစ်တမ်းမှ ရရှိသော အချက်အလက်များကို မူတည်၍ Master Plan ရေးဆွဲမည်ဖြစ်ကာ ရန်ကုန်မြို့တွင် နေထိုင်သော သူများနှင့် လူ့အဖွဲ့အစည်းများအား ထိရောက်ကောင်းမွန်သည့် ပြည်သူ့သယ်ယူ ပို့ဆောင်ရေးစနစ်နှင့် လမ်းကွန်ရက်များ လျင်မြန်စေရန် ဦးတည်သွားမည်ဟု သိရသည်။

ပြည်လမ်းနှင့် ဓမ္မစေတီလမ်းဆုံမီးပွိုင့်မှ ပြည်လမ်း မဟာမြိုင်မှတ်တိုင်အထိ ယာဉ်ကြောပိတ်ဆို့ နေသည်ကို တွေ့ရစဉ်
ပြည်လမ်းနှင့် ဓမ္မစေတီလမ်းဆုံမီးပွိုင့်မှ ပြည်လမ်း မဟာမြိုင်မှတ်တိုင်အထိ ယာဉ်ကြောပိတ် ဆို့ နေ သည်ကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်း အကောင်အထည်ဖော်မည့် မဟာရန်ကုန်

Thursday, May 23, 2013

သတို့သမီးတစ်ဦးတည်း မင်္ဂလာပွဲကျင်းပ

မင်္ဂလာဆောင်အကြိုညတွင် ခိုက်ရန်ဖြစ်ပွားကာ သတို့သားအဖမ်းခံရခြင်းကြောင့် မင်္ဂလာပွဲကို သတို့သမီး တစ်ဦးတည်းကျင်းပခဲ့ရသည့်ဖြစ်ရပ် မေ ၂၂ ရက်က ဖြစ်ပေါ်ခဲ့သည်။

သံဃာအယောင်ဆောင်၍ ပဋိပက္ခဖြစ်အောင်ကြိုးပမ်းမှု အချိန်မီထိန်းသိမ်းနိုင်

မိုးညှင်းမြို့နယ်၌ လူတစ်ဦးက သံဃာယောင်ဆောင်၍ ပဋိပက္ခဖြစ်အောင် ကြိုးပမ်းမှုကို အချိန်မီ ထိန်းသိမ်းလိုက်နိုင်ကြောင်း မြို့နယ်သံဃာ့နာယက အတွင်းရေးမှူး ဆရာတော်ဦးဉာဏောက မိန့်ကြား သည်။

“ဗြိတိန်တွင် အကြမ်းဖက်လူသတ်မှု ဖြစ်ပွား”

တောင်ကိုရီးယားနိုင်ငံထုတ် ပထမဆုံး စွယ်စုံသုံး ရဟတ်ယာဉ်


တောင်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ပထမဆုံး ပြည်တွင်းဖြစ် စွယ်စုံသုံး ရဟတ်ယာဉ် အမျိုးအစား သစ်ကို ထုတ်ဖော် ပြသလိုက်သည်။ KUH-1 ရဟတ်ယာဉ်သည် တိုက်ခိုက်ရေး ကဏ္ဍတွင်သာမက ဘက် စုံပြောင်းလဲ အသုံးပြုနိုင်ပြီး ယင်းသည် တောင်ကိုရီးယားတွင် ဖန်တီးတီထွင်သည့် ပထမဆုံး ရဟတ် ယာဉ် အမျိုးအစားလည်း ဖြစ်လာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မှုခင်းအသိပညာပေးခြင်း (၂)၊ မုဒိမ်းမှု

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မေ(၂၀)ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်း မုဒိမ်းမှု(၅၇)မှု ဖြစ် ပွါးခဲ့ရာ အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်များအား အဓမ္မပြုကျင့်ခံရမှု(၁၀)မှုဖြစ်ပွါးခဲ့ပြီး အသက် (၁၀)နှစ်အောက် ကျူးလွန်ခံရမှုမှာ(၇)မှုဖြစ်ပွါးခဲ့ပါသည်။

အစ္စရေး ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး စက်ရုံမှ အဆင့် မြှင့်တင်ထားသော ထိရောက်မှု အားကောင်းသည့် ၁၅၅ မီလီမီတာ ကျည်များ ထုတ်လုပ်လာခြင်း

အစ္စရေး ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး စက်ရုံမှ ကနဦး အနေဖြင့်ထုတ်လုပ် ထားသော ၁၅၅ မီလီမီတာ အမြောက်ကျည် အမျိုးအစားသစ်၏ အသေးစိတ် အချက်အလက် များအား အောက်တို ဘာလ နောက်ဆုံးပတ်တွင် အမေရိကန် နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော AUSA (Association of the US Army) ပြပွဲတွင် ထုတ်ဖော် ပြသ ခဲ့ပါသည်။

လူဦးရေစာရင်းကောက်ခံရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် နောက်ကွယ်ကကြိုးကိုင်ခံသူများဖြစ်သည့် ဘင်္ဂလီ ၇ အား ရုံးတင်စစ်ဆေး၊ တရားခံရှေ့နေ ဦးလှမျိုးမြင့် ကအမှုလိုက်ပေးလျက်ရှိ

Photo: လူဦးရေစာရင်းကောက်ခံရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် နောက်ကွယ်ကကြိုးကိုင်ခံသူများဖြစ်သည့် ဘင်္ဂလီ ၇ အား ရုံးတင်စစ်ဆေး၊ တရားခံရှေ့နေ ဦးလှမျိုးမြင့် ကအမှုလိုက်ပေးလျက်ရှိ

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီများအား ပြည်ထောင်စုအဆင့်အနေဖြင့် ဆွဲ၊တင်၊စစ် လူဦးရေစာရင်းကောက်ယူရာ တွင်ရန်ရှာတိုက်ခိုက်မှုများဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်ခဲ့သူများ ဖြစ်သည့်ဘင်္ဂလီ ၇ ဦးအား မေလ ၂၃ ရက် နေ့တွင်ရုံးတင်စစ်ဆေးခဲ့ရာ တရားခံဘက်မှ ဦးလှမျိုးမြင့်က အမှုလိုက်ပေးလျက်ရှိကြောင်းသိရသည်။

စာရင်းကောက်ခြင်းအား ငြင်းဆန်ခြင်း၊ ရန်ရှာတိုက်ခြင်းများ၊ ဟန်းဖုန်းအားလုယူခြင်းများကြောင့် ယခုအခါတွင် ၇ ဦး ကိုဖမ်းဆီးရရှိထားသော်လည်းကျန် တရားခံ ၂၄ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

ဖမ်းဆီးရမိတရားခံများမှာ -
(၁) မာမောက်ဟာရှိန်း၊ အသက် ၂၅ နှစ်၊ (ဘ)ဟာဘီဟူးဆောင်း၊ သက္ကယ်ပြင်ကျေးရွာ
(၂) ရှောဘီရာမန်(ခ)ကျော်ခင်၊၄၀ နှစ်၊ (ဘ) ရော်ရှိတာမောက်၊ သက္ကယ်ပြင်ကျေးရွာ
(၃) ဆာလေအာမတ်(ခ)စံလင်း၊၅၃ နှစ်၊ (ဘ)ဇော်လာအာမတ်၊ သက္ကယ်ပြင်ကျေးရွာ
(၄) မာမောက်ချော်ဘီ(ခ)ကျော်မြင့်၊ ၅၈ နှစ်၊ (ဘ)ဆုလ်တန်အာမတ်၊ သက္ကယ်ပြင်ကျေးရွာ
(၅) အာလီအာမတ်(ခ)ကျော်သာ၊ ၆၁ နှစ်၊ (ဘ)အဒူဂေါ်ဖူးလ်၊ သက္ကယ်ပြင်ကျေးရွာ
(၆) ဆီဆု(ခ) လှမြင့်၊ ၂၈ နှစ်၊ (ဘ) ကျော်မြင့်၊ သက္ကယ်ပြင်ကျေးရွာ
(၇) မဆော်လေဇာ၊ ၃၅ နှစ်၊ (ဘ) နုရ်မာလာကိန်း၊ သက္ကယ်ပြင်ကျေးရွာ
တို့ဖြစ်ပြီး 

ရန်ကုန်မြို့မှ ရှေနေ ဦး လှမျိုးမြင့်က ယင်းအမှုအား လိုက်ပါဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးရရှိထားသော တရားခံများအား စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှ (ပ) ၉၉/၂၀၁၃ အရ ပြစ်မှုပုဒ်မ ၁၄၈/ ၃၃၂/၃၉၅/၅၀၆/၃၃၃/၁၁၄ တို့ဖြင့်တရားစွဲဆိုထားပြီး အမှုစစ်အဖြစ်မင်းဂံရဲစခန်းမှ ဒုရဲအုပ် အေးကျော်က အမှုစစ် အဖြစ်ဆောင်ရွက်ကာ တရားလိုမှာ လ၀ကဦးစီးမှူး ဦးရန်အောင်မြင့်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

အဆိုပါတရားခံများကြောင့် စစ်သားတစ်ဦး သွားကျိုး၊မျက်နှာပြင်ပျက်စီးကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားတစ်ဦး ခေါင်းကွဲဒဏ်ရာရှိကာ စစ်ဆေးရေးအဖွဲ့များထွက်ပြေးလာခဲ့ရကြောင်းသိရသည်။ မေလ ၂၆ ရက် နေ့က စစ်ဆေးခဲ့ရာမှ နေပြီး ယနေ့တိုင် ယင်းသို့ စာရင်းကောက်ခံခြင်းကို အကန့်အသတ်မဲ့ရပ်နားထားရကြောင်း လည်းသိရသည်။

သောင်းကျန်းသူများအဖြစ် သတ်မှတ်ထားသော ကုလားများကို ရှေ့နေ ဦးလှမျိုးမြင့်က လိုက်ပေးခြင်းသည် ဘာ ကြောင့်လဲဆိုသည်ကိုသိရှိထားရန် လိုအပ်နေပြီဖြစ်သည်။ သူသည်ဗမာတစ်ဦးဖြစ်ပြီး ကုလားများလွတ်မြောက် ရေးအတွက်အစွမ်းကုန်ကြိုးစားလျက်ရှိကြောင်းသိရသည်။

Posted From RSV

“ပေါလ်စခိုးလ်နေရာအတွက် သီယာဂိုကို ခေါ်ယူရန် မန်ယူ စိတ်ဝင်စား”

ဦးတေဇ နဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေးဆွေးနွေး ပွဲ

Photo: ဦးတေဇ နဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ
Thursday, May 23, 2013

အစိုးရနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တို့၏ လာမည့် အင်္ဂါနေ့ မြစ်ကြီးနားမြို့ဆွေးနွေးပွဲသည် အေးအေးဆေးဆေး အခြေအနေများနှင့် အဆုံးသတ်နိုင်ဖွယ် ရှိနေသည်။

နှစ်ဘက်တွေ့မည့် စီတာပူရပ်ကွက်ရှိ မဂျွယ်ခန်းမတွင် လေအေးစက်များ တပ်ဆင်ရန် အချမ်းသာဆုံး မြန်မာ့ လုပ်ငန်းရှင် တဦးဖြစ်သည့် ဦးတေဇက အကူအညီပေးထားကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သည့် ဦးစန်းအောင်ထံမှ သိရသည်။

“ငြိမ်းချမ်းရေးမှာ အုတ်တချပ် သဲတပွင့် အနေနဲ့ အမှတ်တရလေး သူလှူဒါန်းချင်ပါတယ်ဆိုပြီး လာတယ်၊ ပူတဲ့ အချိန်လည်းဖြစ်နေတော့ ဆွေးနွေးပွဲတွေလည်း တောက်လျှောက် ဒီမှာပဲ လုပ်သွားမယ့် အနေအထား ရှိတဲ့အခါကျတော့ အဲယားကွန်းလေး တပ်ပေးတာပါ” ဟု ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် လိုအပ်သည့် ပစ္စည်း တချို့ ကူညီခြင်းကို ကြိုဆိုကြောင်း၊ ဤအကူအညီများ နှောင်ကြိုးကင်းရန်လည်း လိုအပ်ကြောင်း ဦးစန်းအောင်က ဆိုသည်။

အလှူရှင် ဦးတေဇ

ဦးတေဇသည် ကချင် ပြည်နယ် ၀န်ကြီးချုပ်နှင့် ပြီးခဲ့သည့် လဆန်းပိုင်းက မြစ်ကြီးနားမြို့ ကျောက်မျက်ဈေးပွဲတော်တွင် တွေ့ဆုံစဉ် ထိုသို့ လှူဒါန်းရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးတေဇထူထောင်ခဲ့သည့် လေကြောင်းလိုင်း၊ ဘဏ်လုပ်ငန်းတို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးရန်ပုံငွေအတွက် ကျပ်သိန်းပေါင်း ရာနှင့်ချီ ထည့်ဝင်လှူဒါန်းခဲ့ပြီးဖြစ်သည်။

ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုနှင့် ရင်းနှီးသူဟု ထင်ရှားသည့် ဦးတေဇသည် လုပ်ငန်းမျိုးစုံ လုပ်ကိုင်သူတဦးဖြစ်ပြီး ထိုလုပ်ငန်းများထဲတွင် မြန်မာ့တပ်မတော်အတွက် လက်နက်ဝယ်ယူမှုလည်း ပါဝင်သည်ဟု သတင်းထွက်ခဲ့ဖူးသည်။

ယခု ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖြစ်မြောက်ရေးတွင် ပါဝင်လှူဒါန်းသည့် ဦးတေဇ၏ ရည်ရွယ်ချက်မှန်ကို မသိရှိရသော်လည်း အကောင်းဘက်မှ ရှုမြင်ကြောင်း KIOမှ ဒု ဥက္ကဋ္ဌ ဟောင်း ဒေါက်တာ မနန်တူးဂျာက ပြောသည်။

“ဘယ်အဖွဲ့ အစည်း၊ ဘယ်ကုမ္ပဏီ မဆို တတ်နိုင်ငံတဲ့ ဖက်က ၀င်ရောက်ကူညီတယ် ဆိုတာကတော့ အများ အကျိုးအတွက် ဖြစ်တယ်လို့ မြင်တယ်၊ ငြိမ်းချမ်းရေး ရဖို့ဆိုတာက အားလုံး ညီညီ ညွတ်ညွတ်နဲ့ လုပ်ဆောင်မှပဲ ပိုပြီး မြန်ဆန်နိုင်မယ်” ဟု ဆိုသည်။

ဆွေးနွေးပွဲတက်မည့်သူများ

KIO ကိုယ်စားလှယ်များ တည်းခိုရန် KIO ဆက်ဆံရေးရုံး ဖွင့်ခဲ့သည့် နေရာတွင် ပြင်ဆင်ပေးထားကြောင်း၊ လာမည့် အင်္ဂါနေ့ မတိုင်ခင် ငြိမ်းချမ်းရေး အကျိုး ဆောင်တို့က လိုင်ဇာမြို့အထိ သွားရောက် ကြိုမည်ဖြစ်ကြောင်း သိရသည်။

KIO က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) မှ ကိုယ်စားလှယ်များကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး မစ္စတာ ဗီဂျေ နမ်ဘီးယားတို့ကို ဆွေးနွေးပွဲ တက်ရန် ဖိတ်ကြားထားသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သည့် ဦးစန်းအောင်၏ အဆိုအရ နှစ်ဖက်ကိုယ်စားလှယ်များက တပ်နေရာချထားရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး အတွက် ရှေ့ လုပ်ဆောင်သွားမည့် ကိစ္စရပ်တို့ကို အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း ဆိုသည်။

အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်၊ KIO ဘက်မှ ဦးဆွမ်လွတ်ဂမ်၊ ဗိုလ်ချုပ် ဂွန်မော် စသည့် အထင်ကရ ပုဂ္ဂိုလ်တို့က ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့တို့ကို ဦးဆောင် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်

နှစ်ဘက် ဆွေးနွေးပွဲမှ ထောင်သောင်းချီဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် အလားအလာကောင်းများ မည်မျှ ထွက်ပေါ်လာမည်ကို မသိရသေးပေ။
ဤတကြိမ်တွင် ဒုက္ခသည်အရေး ထည့်သွင်း ဆွေးနွေးဖွယ်ရှိသည်ဟုလည်း တချို့က ယူဆနေကြသည်။

ဒေါက်တာ မနန်တူးဂျာက ....
“အပစ်အခတ် ရပ်စဲရေးကို ခိုင်ခိုင်မာမာ သဘောတူစေချင်တယ်၊ အဲဒါနဲ့ တဆက်တည်းမှာ စစ်ပြေး စစ်ရှောင် ဒုက္ခသည်တွေကို သူတို့ ဒေသကို အမြန်ပြန်နိုင်ဖို့ စီစဉ်ပေးဖို့ လိုအပ်တယ်၊ အခု မိုးတွင်းရောက်တော့မယ် စခန်းမှာပဲ ဆက်နေမယ် ဆိုတော့ အများ ကြီး ဒုက္ခရောက်နိုင်တယ်” ဟု ပြောသည်။

ဧရာဝတီblog 
 အစိုးရနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တို့၏ လာမည့် အင်္ဂါနေ့ မြစ်ကြီးနားမြို့ဆွေးနွေးပွဲ သည် အေးအေးဆေးဆေး အခြေအနေများနှင့် အဆုံးသတ်နိုင်ဖွယ် ရှိနေသည်။

အိမ်တစ်အိမ်၏ ပိုမွှားအများဆုံးနေရာ (၆)နေရာ

ဂျပန် ကုမ္ပဏီကြီး ၃ ခုမှ မြန်မာနိုင်ငံတွင် 30Gbps ဖိုင်ဘာ ဆက်သွယ်ရေး ကွန်ယက်အား ၂၀၁၃ အကုန်တွင် အပြီးတည်ဆောက်မည်

Photo: ဂျပန် ကုမ္ပဏီကြီး ၃ ခုမှ မြန်မာနိုင်ငံတွင် 30Gbps ဖိုင်ဘာ ဆက်သွယ်ရေး ကွန်ယက်အား ၂၀၁၃ အကုန်တွင် အပြီးတည်ဆောက်မည်
Thursday, May 23, 2013

ဂျပန်နိုင်ငံ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းစု တစ်ခုဖြစ်သည့် Sumitomo Corporation နှင့် ဆက်သွယ်ရေးနှင့် နည်းပညာ ကုမ္ပဏီကြီးများ
ဖြစ်ကြသည့် NEC နှင့် NTT Communications တို့ ပူးပေါင်းပြီး

 ရန်ကုန်-မန္တလေး-နေပြည်တော် မြို့ကြီး ၃ မြို့အား သုံးပွင့်ဆိုင် ချိတ်ဆက်ပေးမည့် ဖိုင်ဘာ ဆက်သွယ်ရေး ကွန်ယက်အား တည်ဆောက်သွားရန် မြန်မာ့ ဆက်သွယ်ရေးနှင့် သဘောတူညီချက်စာ ချုပ်အား လက်မှတ်ရေးထိုး ခဲ့ပြီဖြစ်သည်။

ဤစာချုပ်အရ ဂျပန်ကုမ္ပဏီကြီး ၃ ခုသည် 30 Gbps အမြန်နှုန်း ရရှိနိုင်မည့် ပင်မဆက်သွယ်ရေး ဖိုင်ဘာကွန်ယက်အား တည်ဆောက်သွားမည်ဟု Japan Times သတင်းစာ တွင် ဖော်ပြထားသည်။

မြို့ကြီး ၃ မြို့အား ချိတ်ဆက်ပေးမည့် ပင်မဆက်သွယ်ရေ ဖိုင်ဘာကွန်ယက်
အပြင် အဆိုပါ မြို့ ၃ မြို့တွင်း၌လည်း voice နှင့် data အတွက် 10Gbps အမြန်နှုန်းရှိမည့် ဖိုင်ဘာကွန်ယက်အား တည်ဆောက်သွားမည်ဟု သိရှိရသည်။ 


ဤကွန်ယက်များအား အသုံးပြုကာ တယ်လီဖုန်း ဆက်သွယ်ရေး ၊ အင်တာနက် နှင့် LTE စနစ်များအား တည်ဆောက်သွားနိုင်မည်
ဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် ဂျပန်အစိုးရက မြန်မာနိုင်ငံအား ထောက်ပံပေး
ထားသည့် ယန်း ၁.၇၁ ဘီလီယံ (ဒေါ်လာ ၁၆.၇ သန်း) အားလည်း အသုံးချသွားမည်ဟု သိရှိရသည်။

ထို့အပြင် စီမံကိန်းအား အလျှင်အမြန် အကောင်အထည် ဖော်သွားမည်
ဖြစ်ပြီး ၂၀၁၃ နိုဝင်ဘာလအကုန်တွင် ကွန်ယက်ချိတ်ဆက်မှုအတွက် လိုအပ်သည့် အဆောက်အဦးများအား အပြီးသတ် တည်ဆောက်သွားမည်
ဖြစ်ပြီး ၂၀၁၄ ဂျန်နဝါရီလအလယ်ပိုင်းတွင် ပြည်သူများအနေဖြင့် စတင်
အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

Myanmar Consumer Guide

မြ၀တီ

မြန်မာငွေ တန်ဖိုးကျမှု စားသုံးသူများ နစ်နာမည်

ပါလက်စတိုင်းမှာ အာရှခြေစစ်ပွဲ ၀င်နေတဲ့ မြန်မာအမျိုးသမီး ဘောလုံးအသင်း

သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြောင်းလဲမှုကို သက်သေပြဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

သြစတြေးလျရဲ့ ခိုလှုံခွင့်တောင်းလိုသူအပေါ်ထားတဲ့ ဥပဒေကို ကုလ ဝေဖန်

Photo: သြစတြေးလျရဲ့ ခိုလှုံခွင့်တောင်းလိုသူအပေါ်ထားတဲ့ ဥပဒေကို ကုလ ဝေဖန်
Thursday, May 23, 2013

ၾသစေၾတးလ် လက္ရွိအာဏာရအစိုးရက ၾသစေၾတးလ် ပင်မကုန်းမြေ နင်းပြီးသား ခိုလှုံခွင့်တောင်းလိုသူတွေရဲ့ ရပိုင်ခွင့်တွေကို ပလပ်ဖျက်သိမ်း
လိုက်တဲ့အပေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီဖြစ်တဲ့ UNHCR က ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကပဲ သြစတြေးလျအစိုးရက လူဝင်မှုဆိုင်ရာဥပဒေ အပြောင်းအလဲလုပ်ခဲ့ရာမှာ သြစတြေးလျ ပင်မကုန်းမြေရောက်ပြီးသား ဒုက္ခသည်တွေကို ရပိုင်ခွင့်လျော့ချခဲ့တာနဲ့ပတ်သက်ပြီး UNHCR က သြစတြေးလျအစိုးရအနေနဲ့ ဒီလိုလုပ်ဆောင်လိုက်ရုံနဲ့ ခံယူရမယ့် တာဝန်တွေကို ခေါင်းရှောင်လို့တော့ မရ နိုင် သေးဘူးလို့ ပြောလိုက် တာ ဖြစ်ပါတယ်။

သြစတြေးလျအစိုးရအနေနဲ့ အခုလိုလူဝင်မှု ဥပဒေပြုလိုက်တာဟာ
နိုင်ငံတကာ ဥပဒေတွေအရ လိုက်နာရမှာဖြစ်တဲ့ တာဝန်ယူမှုနဲ့ သဟာဇာတလည်း မဖြစ်လှဘူးလို့ UNHCR က Babar Baloch က ဝေဖန်လိုက်ပါတယ်။ခိုလှုံခွင့်တောင်းလိုသူ အမျိုးသမီးကို လုံခြုံရေး
အရ စိတ်ချရသူလို့ သြစတြေးလျ ထောက်လှမ်းရေးတွေ ပြန်သတ်မှတ်
သြစတြေးလျနိုင်ငံ ထောက်လှမ်းရေး တွေက လုံခြုံရေး စိတ်မချရဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်မရတဲ့ သီရီလင်္ကာ အမျိုးသမီးတစ်ဦးကို ခုအခါမှာ လုံခြုံစိတ်ချရသူလို့ ပြန်လည် သတ်မှတ်ပေး
တဲ့အတွက် အလားတူ အခြေအနေမှာ ရှိနေသူတွေအတွက် မျော်လင့်
ချက်တခု တိုးလာပါတယ်။

ယခင်က လက်နက်ကိုင်အဖွဲ့အစည်း တခုခုနဲ့ ဆက်စပ်ဖူးတဲ့ သူတွေ အခုတော့ သြစတြေးလျနိုင်ငံမှာ ဒုက္ခသည်ခံယူဖို့ ရောက်ရှိလာသူတချို့ကို သြစတြေးလျ ထောက်လှမ်းရေးအဖွဲ့ကနေ သြစတြေးလျနိုင်ငံရဲ့ လုံခြုံရေး
အတွက် စိတ်မချရသူတွေလို့ သတ်မှတ်တဲ့အတွက် ဒုက္ခသည် စစ်မှန်
တာတောင် နေထိုင်ခွင့်မရတဲ့ သူတွေရှိနေပါတယ်။

သီရိလင်္ကာနိုင်ငံက အသက် ၄၁ နှစ်အရွယ် မိုနိုကာလာဂျယ်နာဒါဆန်ရဲ့ အမျိုးသားဟာ တာမီးလ်ကျားသူပုန်အဖွဲ့ဝင်ဖြစ်ခဲ့တဲ့အတွက် သူ့ကို သြစတြေးလျ လုံခြုံရေးအတွက် စိတ်မချရသူလို့ ယူဆပြီး နေထိုင်ခွင့် မပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ အမျိုးသမီးရဲ့ ခင်ပွန်းသည် ကွယ်လွန်ပြီး အမျိုးသမီး
ကိုယ်တိုင် သူပုန်အဖွဲ့မှာ တက်ကြွပါဝင်တာတွေ မရှိခဲ့တာကို တွေ့ရှိ
တဲ့အတွက် ခုအခါမှာ လုံခြုံရေးစိတ်ချရသူလို့ သြစတြေးလျ
ထောက်လှမ်းရေးအဖွဲ့က ပြန်ပြောင်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးဟာ ခုအခါမှာ သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ရဖို့
အတွက် လျောက်လွှာနောက်တကြိမ် တင်ထားပြီလို့လည်း လူဝင်မှုကြီး
ကြပ်ရေးဌာနက အတည်ပြု ပြောဆိုခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာ လုံခြုံရေး စိတ်မချရသူလို့ သတ်မှတ်ခံရသူ
လူပေါင်း ၅၄ ယောက် ရှိနေတဲ့အတွက် သူတို့ကိုလည်း အလားတူ
ပြန်ပြောင်းသတ်မှတ်ကြဖို့ လိုလားနေကြပါတယ်။

ABC Radio Australia

ဆီးရီးယား တပ်မတော်သည် အယ်ကွယ်ရှာမြို့အား ထိုးစစ်ဆင်ခဲ့ရာ မြို့၏ ၇ဝ ရာခိုင်နှုန်း ကျော်အား သူပုန်များထံမှ ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကြောင်း Press TV သတင်းဌာနက ဖော်ပြ

ဆီးရီးယား တပ်မတော်သည် အယ်ကွယ်ရှာမြို့အား ထိုးစစ်ဆင်ခဲ့ရာ မြို့၏ ၇ဝ ရာခိုင်နှုန်း ကျော်အား သူပုန်များထံမှ ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကြောင်း Press TV သတင်းဌာနက ဖော်ပြ

ဆီးရီးယား တပ်မတော်သည် အယ်ကွယ်ရှာမြို့အား ထိုးစစ်ဆင်ခဲ့ရာ မြို့၏ ၇ဝ ရာခိုင်နှုန်း ကျော်အား သူပုန်များထံ မှ ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကြောင်း Press TV သတင်းဌာနက ဖော်ပြခဲ့ပါသည်။

မြို့၏အရှေ့ ဘက်ပိုင်းအား ဆီးရီးယား တပ်ဖွဲ့ဝင်များက အပြည့်အဝ ပြန်လည်ထိန်းချုပ် နိုင်ခဲ့ကြောင်းလည်း သတင်း ဖော်ပြ ချက်အရ သိရှိရပါသည်။ လက်ဘနွန် နယ်စပ်အနီးရှိ အယ်ကွက်ရှာ မြို့အတွင်း စစ်ဆင်မှု ပြုလုပ်နေ စဉ်သူပုန်ခေါင်းဆောင် ၂ ဦးအား သုတ်သင်နိုင်ခဲ့ကြောင်းနှင့် သူပုန်များသည် လက်နက်များ စွန့်လွှတ်ကာ မြို့မှ ထွက်ပြေးလျက် ရှိကြောင်း

Read More >> http://bit.ly/16a3kP3
ဆီးရီးယား တပ်မတော်သည် အယ်ကွယ်ရှာမြို့အား ထိုးစစ်ဆင်ခဲ့ရာ မြို့၏ ၇ဝ ရာခိုင်နှုန်း ကျော်အား သူပုန်များထံ မှ ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကြောင်း Press TV သတင်းဌာနက ဖော်ပြခဲ့ပါသည်။

အစ္စရေးနိုင်ငံသည် ကမ္ဘာပေါ်တွင် မောင်းသူမဲ့လေယာဉ် အများဆုံး တင်ပို့သော နိုင်ငံတစ်နိုင်ငံ ဖြစ်

အစ္စရေးနိုင်ငံသည် ကမ္ဘာပေါ်တွင် မောင်းသူမဲ့လေယာဉ် အများဆုံး တင်ပို့သော နိုင်ငံတစ်နိုင်ငံ ဖြစ်
အစ္စရေးနိုင်ငံသည် ကမ္ဘာပေါ်တွင် မောင်းသူမဲ့လေယာဉ် အများဆုံး တင်ပို့သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို သက်တမ်းတိုးရန် ထောက်ခံတော့မည် မဟုတ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ပြောကြား

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို သက်တမ်းတိုးရန် ထောက်ခံတော့မည် မဟုတ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ပြောကြား
Thursday, May 23, 2013

မြန်မာ့ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် သမ္မတဦးသိန်းစိန်၏ အလည်အပတ် ခရီးစဉ်အပြီးတွင် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာအချို့ ရှိနေသေးသော်လည်း အမေရိကန်နိုင်ငံ၏ အရေးပါသော လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ်သည် မြန်မာအပေါ် အရေးယူထားသော ပိတ်ဆို့မှုများကို အဆုံးသတ်ပေးရန် ထောက်ခံတော့မည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် အိမ်ဖြူတော်တွင် သမ္မတအိုဘားမားနှင့် တွေ့ဆုံအပြီး နောက်တစ်ရက်တွင် အမေရိကန် လွှတ်တော်၌ ဥပဒေပြု လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှု အပြီးတွင် နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအပေါ် ဦးဆောင်သူဖြစ်သည့် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ်က မြန်မာနိုင်ငံ၏ သွင်းကုန်များအား ထပ်မံအရေးယူ ပိတ်ဆို့ရန်အတွက် ထောက်ခံပေးတော့မည် မဟုတ်ဟု ပြောဆိုခဲ့သည်။

"ပိတ်ဆို့မှုတွေကို အသစ်လုပ်တာဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ မြန်မာaခါင်းဆောင်တွေကို မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်နေပြီး ဒီပြောင်းလဲမှုတွေကို နောက်ပြန်ဆွဲနေတဲ့ သူတွေကိုတော့ ရဲဆေးတင်ပေးလိုက် သလိုပါပဲ" ဟု အထက်လွှတ်တော်အမတ် ခေါင်းဆောင် မက်ကောနယ်လ်က ပြောကြားသည်။

ထို့ပြင် "ကျွန်တော်တို့ တော်တော်များများ မြန်မာနိုင်ငံမှာ ဒီလောက်ပြောင်းလဲ လာနိုင်လိမ့်မယ်လို့ကို မထင်မိခဲ့ပါဘူး။ ဒီအချိန်ဟာ အရေးကြီးပါတယ်။ ဒီအချိန်မှာ အမေရိကန် ကွန်ဂရက်ဟာ လုပ်သင့်တာကို လုပ်ရမယ့် အချိန်ဖြစ်ပါတယ်" ဟုလည်း ဆက်လက်ပြောကြားသည်။

သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအား ဆိုင်းငံ့ထားပြီး ဖြစ်သော်လည်း ကွန်ဂရက်က မြန်မာအစိုးရ၏ လုပ်ရပ်များကို စောင့်ကြည့်နေပြီး ပိတ်ဆို့မှုများကို နှစ်စဉ်သက်တမ်း တိုးခဲ့သည်။
ပိတ်ဆို့မှုများကို ရပ်တန့်လိုက်ခြင်းအားဖြင့် အမေရိကန်၏ လွှမ်းမိုးနိုင်မှုအင်အား ကျဆင်းနိုင်သည်ဆိုသည့် အဆိုများကို မက်ကောနယ်လ်က ပယ်ချလိုက်ပြီး ကျောက်မျက်ရတနာများကို ပိတ်ပင်ထားမှုကိုတော့ ဆက်လက်ထားရှိရန် ပြောဆိုခဲ့သည်။

ကန်တက်ကီပြည်နယ် အမတ်က အမေရိကန် ကုမ္ပဏီများသည်လည်း ပိတ်ဆို့မှု အကျိုးသက်ရောက်မှု မရှိသည့် သြစတြေးလျနှင့် ဥရောပ ကုမ္ပဏီများနည်းတူ မျှတသော ယှဉ်ပြိုင်ခွင့် ရရှိသင့်သည်ဟု ပြောကြားခဲ့သည်။

ရီပတ်ဘလီကန် အမတ်နှင့်အပြင် သမ္မတ ဦးသိန်းစိန်သည် အိမ်ဖြူတော် အဖွဲ့ ၀င်များဖြစ်သည့် အိုဘားမား၏ ဒီမိုကရက်တစ်ပါတီဝင် လေးဦးနှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။ အဆိုပါ အမတ်လေးဦးက သမ္မတ ဦးသိန်းစိန်အား နိုင်ငံရေးအရ မတရား အကျဉ်းချခံထားရသည့် အကျဉ်းသား ၂၅၀ ဦး၏ နာမည်စာရင်းများအား ပေးအပ်ခဲ့ပြီး လူမျိုးရေး အကြမ်းဖက်မှုများအားလည်း အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။ ထိုစာထဲတွင် "နိုင်ငံရေး အကျဉ်းသားများသည် တိုင်းပြည်၏ အနာဂတ်တွင် ပါဝင်ခွင့် ရသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် အကျဉ်းသားများအား ချက်ချင်းခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုလိုက်သည်" ဟု ထည့်သွင်းဖော်ပြထားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို သက်တမ်းတိုးရန် အောက်လွှတ်တော်သို့ တင်သွင်းသူများတွင် လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီနှင့် ဂျိုးကရော်လီတို့လည်း ပါဝင်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် မြန်မာ-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်လည်း လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

(အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ် ၀ါရှင်တန်ဒီစီ၌ သတင်းထောက်များနှင့် မေ ၂၁ က တွေ့ဆုံစဉ်) (Photo:AFP)
(အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ် ၀ါရှင်တန်ဒီစီ၌ သတင်းထောက် များနှင့် မေ ၂၁ က တွေ့ဆုံစဉ်) (Photo:AFP)
မြန်မာ့ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် သမ္မတဦးသိန်းစိန်၏ အလည်အပတ် ခရီးစဉ်အပြီးတွင် လူ့ အခွင့် အရေးဆိုင်ရာ ပြဿနာအချို့ ရှိနေသေးသော်လည်း အမေရိကန်နိုင်ငံ၏ အရေးပါသော

ဒေါ်လာဈေးကျပ် ၁၀၀၀ ဖြစ်ခဲ့ရင်

ဒေါ်လာဈေးကျပ် ၁၀၀၀ ဖြစ်ခဲ့ရင်
----------------------------------

ဒေါ်လာဈေးအား ကျပ် ၁၀၀၀ အထိ ဆွဲတင်မည်ဟု ပြောခဲ့သည့်နောက် ဒေါ်လာဈေး ဆက်တိုက် ထိုးတက်သည်။

ဘဏ်ရုံးချုပ် အပါအ၀င် ဘဏ်ခွဲ ၉ ခုသာရှိသော မြန်မာနိုင်ငံသားများ ဘဏ်သည် ဗဟိုဘဏ်၏ နေ့စဉ် အမေရိကန်ဒေါ်လာ လေလံပွဲတွင် ရက်ဆက်ဆိုသလို အင်အားကြီး ပုဂ္ဂလိကဘဏ်များ ပေးနိုင်သည့် ဈေးထက်များစွာ ပိုပေးကာ ထိပ်ဆုံးမှ လေလံအောင်နေသည်။

ထိပ်ဆုံးမှ လေလံအောင်သူသည် မိမိဝယ်လိုသည့် ပမာဏအတိုင်း ဗဟိုဘဏ်မှ ၀ယ်ခွင့်ရသည်။ ဒေါ်လာအများစုမှာ ဘဏ်ခွဲ ၉ ခုသာ ရှိသည့် မြန်မာနိုင်ငံသားများ ဘဏ်လက်ဝယ် နေ့စဉ်နီးပါး ရောက်သွားသည်။

အခြားဘဏ်များသည် လိုသလောက် ၀ယ်မရဘဲ ဗဟိုဘဏ်မှ ရောင်းပေးသည့် ပမာဏသာရသည်။ ဘဏ်ခွဲမြောက်များစွာဖြင့် လည်ပတ်နေသည့် ဘဏ်များ၌ ဒေါ်လာ လိုသလောက် ၀ယ်မရသည့် အခြေအနေကို ဖန်တီးလိုက်သည့် အသွင်ဆောင်နေသည်။

ဈေးကွက်အတွင်း ၀ယ်လိုအားအတိုင်း မပေးနိုင်သည့်အတွက် ဒေါ်လာဈေး တက်သွားသည်။ ဗဟိုဘဏ်မှလည်း ဈေးမထိန်းဘဲ နေ့စဉ်ရက်ဆက် ငွေလဲနှုန်းကို မြှင့်တင်ဆွဲတင် သတ်မှတ်ပေးခဲ့သည်။

လျှပ်စစ်မီး မလုံလောက်မှုကြောင့် ကုန်ထုတ်လုပ်သူများ ဒီဇယ်ဆီကို မဖြစ်မနေ သုံးနေချိန်၊ ကားအစီးရေ များပြားလာသည့်အတွက် စက်သုံးဆီ ပိုမိုတင်သွင်းနေရချိန်တွင် နေ့စဉ်ဈေးကွက်အတွင်း စက်သုံးဆီ တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး သုံးနေရသည့် ကာလတွင် ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်အား တစ်ရက်လောက် လုပ်လိုက်နိုင်သည်နှင့် ဈေးဆွဲတင်ချင်သူများ အတွက် မလွဲမသွေ အခြေအနေကောင်းကို ဖန်တီးပေးပြီးသား ဖြစ်သွားသည်။

ကျပ် ၁၀၀၀ အထိမရောက်သေးဘဲ ၉၃၅ ကျပ်အထိ ဈေးမြင့်တက်သွားသည့် အနေအထား၌ပင် စက်မှုဇုန်၊ စက်ရုံများအားလုံး ဒီဇယ်ဈေး မြင့်တက်သည့်ဒဏ် စတင်ခံစားရပြီဖြစ်သည်။ ဒီဇယ်တစ်တန် ကျပ် ၅၀၀၀၀ ဈေးတက်သွားသည် . . .

ဗဟိုဘဏ်၏ နေ့စဉ်ဈေးတိုးမြှင့် နေမှုကြောင့် ဒေါ်လာဈေးထပ်တက်မည် စိုးသည့်အတွက် ဒေါ်လာလိုအပ်သည့် လုပ်ငန်းရှင်များ ကြိုဝယ်မှုများပြားပြီး မလိုအပ်ဘဲနှင့် ဈေးကွက်လိုအပ်ချက် ပိုမိုမြင့်တက် သွားရပြန်သည်။

ဈေးကွက်အတွင်း ကမောက်ကမ ဖြစ်သွားမှ ဈေးဆွဲတင်တာ မဟုတ်၊ ဈေးကွက် ၀ယ်လိုအားကြောင့် တက်ခြင်းဟု တာဝန်ရှိသူများရော၊ ၀င်ကစားသူများပါ ကာကွယ်ပြောဆိုခဲ့ကြသည်။

သို့သော် မပြေးသော်လည်း ကန်ရာရှိ အခြေအနေ အရပ်ရပ်သည် တစ်ဒေါ်လာ ကျပ် ၁၀၀၀ အထိ ဈေးဆွဲတင်နေသည်ဟု ပြော၍ရနိုင်သည့် အနေအထားသို့ ဦးတည်သွားသည်။

မေ ၁၃ ရက်က တစ်ဒေါ်လာ ၉၀၄ ကျပ်၊ မေ ၁၆ ရက်တွင် တစ်ဒေါ်လာ ၉၂၉ ကျပ်ဖြင့် သုံးရက်အတွင်း ဗဟိုဘဏ်မှ ၂၅ ကျပ်အထိ ဈေးဆွဲတင်လိုက်သည်။

ပြင်ပဈေးကွက်တွင် မေ ၁၆ ရက်က တစ်ဒေါ်လာ ၉၃၇ ကျပ် အထိ မြင့်တက်သွားပြီး ပုံမှန်လည်ပတ်နေသည့် ဈေးကွက် ကမောက်ကမ ဖြစ်သွားသည်။

အစိုးရသစ်လက်ထက် နိုင်ငံခြား ငွေလဲနှုန်းကို နှုန်းရှင်သတ်မှတ်လိုက်သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက် နောက်ပိုင်း ၁၃ လကျော် ကာလအတွင်း ယခင် တစ်ဒေါ်လာ ကျပ် ၈၀၀ ၀န်းကျင်မှ မေ ၁၇ ရက်တွင် တစ်ဒေါ်လာ ၉၃၅ ကျပ်အထိ တစ်ဒေါ်လာ ကျပ် ၁၃၀ ၀န်းကျင် မြင့်တက်သွားသည်။

ကျပ် ၁၀၀၀ အထိ မရောက်သေး ပဲ ၉၃၅ ကျပ်အထိ ဈေးမြင့်တက်သွားသည့် အနေအထား၌ပင် စက်မှုဇုန်၊ စက်ရုံများအားလုံး ဒီဇယ်ဈေး မြင့်တက်သည့်ဒဏ် စတင်ခံစားရပြီ ဖြစ်သည်။ ဒီဇယ်တစ်တန် ကျပ် ၅၀၀၀၀ ဈေးတက်သွားသည်။

စက်သုံးဆီဈေး မြင့်တက်မှုကြောင့် မကြာမီ သယ်ယူပို့ဆောင် စရိတ်မြင့်တက်မှုပေါ် အခြေခံကာ စားသောက်ကုန်အချို့ ဈေးတက်တော့မည်။

လက်ရှိ၌ပင် စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၀၀ စတင်ဈေးတက်ပြီး စားသုံးသူ အများပြည်သူကို ထိခိုက်စ ပြုပြီဖြစ်သည်။

ဈေးတက်သည့်အတွက် ပို့ကုန်လုပ်ငန်းများ ကောင်းလာမည်ဟု ဆိုသော်လည်း မွေးမြူသူများ ငါးမမွေး နိုင်သည့်အချိန်၊ တောင်သူများ လက်ထဲသီးနှံ မရှိချိန်ဖြစ်၍ အချည်းနှီး ဖြစ်နေသေးသည်။

အဆိုးရွားဆုံး အချက်အနေဖြင့် တက်သင့်တက်ထိုက်သည့်နှုန်း မဟုတ်ဘဲ ခုန်တက်သည့်အတွက် အစိုးရအဖွဲ့၊ ၀န်ကြီးဌာနအားလုံး ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်မည့် နိုင်ငံတော် စီမံကိန်းများအပေါ် အနည်းနှင့်အများ ထိခိုက်တော့မည်။

စီမံကိန်းများအတွက် ၀န်ကြီးဌာန အသီးသီးမှ ဘတ်ဂျက်ရေးဆွဲ တင်ပြချိန်တွင် ဒေါ်လာဈေးမှာ တစ်ဒေါ်လာ ကျပ် ၈၆၀ နှုန်းလောက်ဖြင့် တွက်ချက်တင်ပြထားကြခြင်း ဖြစ်သည်။

ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် ဦးစီးဌာနများမှသုံးမည့် ငွေပမာဏ တစ်ခုတည်းသည်ပင် ကျပ်ဘီလျံ ၇၇၂၀ ဒသမ ၈၂၀ ကျော် (ကျပ် ၈၆၀ နှုန်းဖြင့် ဆိုပါက အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈ ဘီလျံ) အထိရှိသည်။

စီမံကိန်း အများစုမှာလည်း ပြည်ပမှ အမေရိကန်ဒေါ်လာဖြင့် တင်သွင်းသည့် ကုန်ပစ္စည်းများကိုသာ အများဆုံး အသုံးပြုနေကြခြင်း ဖြစ်သည်။

ယခု တစ်ဒေါ်လာ ၉၃၅ ကျပ်ဖြင့် တွက်ချက်ပါက အမေရိကန် ဒေါ်လာ ၈ ဒသမ ၂၆ ဘီလျံသာ ရှိတော့သည့်အတွက် ဒေါ်လာဈေး မြင့်တက်မှု အချက်တစ်ချက်တည်းကြောင့် ဒေါ်လာ သန်း ၇၂၀ အလို အလျှောက် လျော့ကျသွားပြီဖြစ်သည်။

စီမံကိန်းများအတွက် မူလမှန်းထားသည့် ကုန်ကျငွေ ပမာဏထဲမှ အမေရိကန်ဒေါ်လာ သန်း ၇၂၀ လိုအပ်သွားသည့် သဘောဖြစ်သည်။

ယင်းမှာ ၉၃၅ ကျပ်နှုန်းဖြင့်သာ ဖြစ်ပြီး အကယ်၍ တစ်ဒေါ်လာ ကျပ် ၁၀၀၀ အထိ ဆွဲတင်ပစ်လိုက်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၂၅၀ ကျော် လိုအပ်သွားမည့် အနေအထားဖြစ်သည်။

အမေရိကန်ဒေါ်လာဈေးမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းအထိ မြင့်တက်ရမည်ဖြစ်ပြီး တည်တည်ငြိမ်ငြိမ် နှုန်းတစ်ခုဖြင့်သာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလောက်သာ တစ်ဆင့်ချင်း တက်သင့်သည်ဟု ဘဏ်လုပ်ငန်းရှင်များက နိုင်ငံတကာ ငွေကြေးဈေးနှုန်း အပြောင်းအလဲများအပေါ် အခြေခံ ပြောကြားကြသည်။

ယခုလပိုင်းအတွင်း ဒေါ်လာဈေး မြင့်တက်မှုသည်ပင် ကျပ် ၈၇၀ မှ ၉၃၅ အထိ တွက်ချက်လျင် ၈ ရာခိုင်နှုန်းနီးပါး တက်ခဲ့ခြင်းဖြစ်သည်။

တစ်ဒေါ်လာ ၁၀၀၀ ကျပ် ဆိုလျှင် တစ်နှစ်အတွင်း ကျပ်ငွေနှင့် ဒေါ်လာလဲနှုန်း မြင့်တက်မှုသည် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ရှိသွားပြီး ဖြစ်သင့်သည့်၊ တက်သင့်သည့်နှုန်းထက် များစွာမြင့်မားနေမည် ဖြစ်သည်။

နိုင်ငံတကာရွှေဈေး ကျဆင်းနေသည့်အတွက် အမေရိကန်ဒေါ်လာ တန်ဖိုးမှာ နိုင်ငံတကာတွင်ပါ မြင့်တက်နေသည်။ သို့သော် ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းလောက်သာ အမြင့်ဆုံးတက်သည်။ မြန်မာနိုင်ငံတွင်သာ ပုံမှန်နှုန်းထက် မြင့်မားစွာ ထိုးတက်နေခြင်း ဖြစ်သည်။

ထိုသို့ ဒေါ်လာဈေး မြင့်တက်လာသည့်အတွက် ယခင် တစ်ဘတ် ၂၉-၃၀ ကျပ် မှ ယခု ၃၂ ကျပ် အထိဖြစ်လာပြီး ယွမ်ဈေးမှာလည်း တစ်ယွမ်လျှင် ၁၄၀ မှ ယခု ၁၄၅ ကျပ်အထိ မြင့်တက်လာခဲ့သည်။

အမေရိကန်ဒေါ်လာဈေး ဆက်တိုက်မြင့်တက်သည်မှာ အမှန်တကယ် ဈေးကွက်အရ မြင့်တက်ခြင်း သို့တည်းမဟုတ် နိုင်ငံအတွက် မြင့်တက်သင့်၍ မြင့်တက်ခြင်းဆိုလျင် အကျိုးပိုရှိနိုင်သော်လည်း ကစား၍ လည်းကောင်း၊ လူနည်းစုအတွက် လည်းကောင်း ရုတ်တရတ် မြင့်တက်ခြင်း ဆိုလျှင်မူ ထိခိုက်မှုများ ပိုများနိုင်သည်ကို သတိပြုသင့်သည်။ ဘဏ်လုပ်ငန်းရှင်၊ စီးပွားရေးပညာရှင်နှင့် လုပ်ငန်းရှင်များကမူ တက်သင့် တက်ထိုက်သည်အထိ တည်ငြိမ်စွာ မြင့်တက်ခြင်း၊ ငွေကြေး တန်ဖိုးအား တည်ငြိမ်အောင် ထိန်းသိမ်းခြင်းသည်သာ နည်းလမ်းအမှန်ဟု သုံးသပ်ထားကြသည်။
credit: ( အိမ်၊ ခြံ၊ မြေ ဂျာနယ် )

အေးချမ်းမွန် Credit & Copy From >အလင်းသစ် မီဒီယာ < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
ဒေါ်လာဈေးအား ကျပ် ၁၀၀၀ အထိ ဆွဲတင်မည်ဟု ပြောခဲ့သည့်နောက် ဒေါ်လာဈေး ဆက်တိုက် ထိုး တက်သည်။

မန်ယူနှင့်အတူ ဗန်ပါစီ ရွှေဖိနပ်ဆု ထပ်မံဆွတ်ခူး

မြန်မာ့စီးပွားရေး ဆက်လက်ဦးမော့မယ်လို့ အိုင်အမ်အက်ဖ် ဟောကိန်းထုတ်

ကေအိုင်အိုနဲ့ ဆွေးနွေးပွဲ တိုင်းရင်းသားလက်နက်ကိုင် ၉ ဖွဲ့တက်ရောက်မည်

ပအိုးဝ်အမျိုးသား အဖွဲ့ချုပ်က ပါတီဝင် ၅၈ ဦးကို ဖိအားပေး နုတ်ထွက်ခိုင်းသည်ဟုဆိုကာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ NLD စာပို့တိုင်ကြား

ပအိုးဝ်အမျိုးသား အဖွဲ့ချုပ် (PNO) က တောင်ကြီးမြို့ ဆတ်သေကျေးရွာမှ ပါတီဝင် ၅၈ ဦးကို

အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲတွင် တရုတ်ကန့်ကွက်၍ လေ့လာသူများအဖြစ် အမေရိကန်နှင့် ဗြိတိန်တို့ မပါဝင်နိုင်

Photo: အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲတွင် တရုတ်ကန့်ကွက်၍ လေ့လာသူများအဖြစ် အမေရိကန်နှင့် ဗြိတိန်တို့ မပါဝင်နိုင်

အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲတွင် တရုတ်၏ ကန့်ကွက်မှုကြောင့် အမေရိကန်နှင့် ဗြိတိန်တို့မှ ကိုယ်စားလှယ်များ ပါဝင်နိုင်ခြင်း မရှိဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။        

သို့ရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် တရုတ်အစိုးရတို့၏ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ "US  နဲ့ UK ပါရင် ခိုင်မာတဲ့ ကတိက၀တ်တွေ ရမယ်လို့ ကေအိုင်အိုဘက်ကလည်း အာမခံလို့ ရသလို ကျွန်တော်တို့ PCG အနေနဲ့လည်း အာမခံလို့ ရပါတယ်။ အခု UN နဲ့ တရုတ် ပါမယ်ဆိုတော့ ဘယ်လောက် အတိုင်းအတာထိ ခရီးဆက်နိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့" ဟု ဦးဆန်းအောင်က ပြောကြားသည်။

US နှင့် UK နိုင်ငံများအား ဆွေးနွေးပွဲတွင် ပါဝင်လာရန် ကေအိုင်အိုအဖွဲ့မှ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနိုင်ငံများ မပါဝင် လာရခြင်းမှာ တရုတ်၏ ကန့်ကွက်မှုကြောင့်ဖြစ်ကာ မြန်မာအစိုးရမှ US နှင့် UK နိုင်ငံများ မပါဝင်ဘဲ ဆွေးနွေးရန် ပြောဆိုမှုကို ကေအိုင်အိုမှ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် လက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဦးဆန်းအောင်က ပြောကြားသည်။

"တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုးဖွဲ့ကိုလည်း ဖိတ်ထားတယ်။ အားလုံးတက်ရောက်နိုင်မှာလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး" ဟု ၎င်းကဆိုသည်။

ဆွေးနွေးပွဲတွင် US နှင့် UK နိုင်ငံများ မပါဝင်သည့်အတွက် ကေအိုင်အိုအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုးဖွဲ့ကို ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက "အသေးစိတ်ကို နှစ်ဖက်ညှိနှိုင်းပြီး ထုတ်ပြန်သွားမှာပါ။ လောလောဆယ် မူအားဖြင့် မြစ်ကြီးနားမှာ တွေ့မယ်လို့ လျာထားပါတယ်" ဟု ပြောကြားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ " ၀" ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့ဖြစ်ကြောင်း သိရသည်။ အစိုးရနှင့် ကေအိုင်အိုတို့သည် ဧပြီ ၆ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ပင် ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း တရုတ်အစိုးရမှ ဆွေးနွေးပွဲတွင် US နှင့် UK နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ရန် ကေအိုင်အိုမှ ဖိတ်ကြားထားမှုအား ကန့်ကွက်ခဲ့သောကြောင့် ဆွေးနွေးပွဲ ရွှေ့ဆိုင်းခဲ့ရပြီး နှစ်လနီးပါး အပြန်အလှန် ညှိနှိုင်းခဲ့ကာ မေ ၂၈ ရက်တွင် ဆွေးနွေးပွဲ ကျင်းပရန် သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။   

(ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် မြစ်ကြီးနား မြို့၌ ပြင်ဆင်နေသည်ကို မေ ၂၂ ရက်က တွေ့ရစဉ်) 
(ဓာတ်ပုံ-ထွန်းလင်းအောင်)
(ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် မြစ်ကြီးနား မြို့၌ ပြင်ဆင်နေသည်ကို မေ ၂၂ ရက်က တွေ့ရစဉ်)

တနင်္သာရီ မြစ်ပေါ်တွင် အီတာလျံ-ထိုင်း ကုမ္ပဏီမှ ဆည်ဆောက်၍ ရေအားလျှပ်စစ် ထုတ်လုပ်မည့် စီမံကိန်း ရပ်ဆိုင်းသွားကြောင်း သတင်းများ ထွက်ပေါ်

သမ္မတ ဦးသိန်းစိန် အမေရိကန်သို့ သုံးရက်ကြာ သွားရောက်ခဲ့သည့် သမိုင်းဝင် ခရီးစဉ်မှ ပြန်လည်ရောက်ရှိ