Thursday, June 6, 2013

အာဆီယံ အဖွဲ့ကြီး၏ တင်းပြည့် အဖွဲ့ဝင်သစ် ဖြစ်လာစေရေး အတွက် စိတ်အားထက်သန်နေသည့် Timor-Leste နိုင်ငံ

Photo: အာဆီယံ အဖွဲ့ကြီး၏ တင်းပြည့် အဖွဲ့ဝင်သစ် ဖြစ်လာစေရေး အတွက် စိတ်အားထက်သန်နေသည့် Timor-Leste နိုင်ငံ
Thursday, June 6, 2013

အာဆီယံ အဖွဲ့ကြီး၏ လုပ်ငန်းဆောင်တာများတွင် အပြည့်အ၀ ပါဝင် လုပ်ဆောင်နိုင်ရန်အတွက် တင်းပြည့် အဖွဲ့ဝင်သစ်အဖြစ်ပါဝင် လှုပ်ရှားနိုင်
ရန်များစွာ စိတ်အားထက်သန်လျက် ရှိကြောင်း၊ Timor-Leste အနေဖြင့် ၂၀၀၈ ခုနှစ်မှ စတင်ကာ နိုင်ငံ၏ ပျမ်းမျှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
နှုန်းထားသည် နှစ်စဉ် (၁၀) ရာခိုင်နှုန်း အထက်ရှိကြောင်း ၊ အခွန်စည်း
ကြပ်မှု စည်းမျဉ်းများ ၊ လူ့စွမ်းအား အရင်းအမြစ်များ ၊ နိုင်ငံတွင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှု ၊ ဆင်းရဲ မွဲတေမှုများ လျှော့ချနိုင်ရေး အစရှိသည်တို့နှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ချက်များရှိနေသည်။

အာဆီယံကဲ့သို့ ဒေသတွင်း အသင်း အဖွဲ့ကြီးနှင့် ပူးပေါင်း ချိတ်ဆက်ကာ လက်တွဲသွားမည်ဆိုလျှင် မိမိတို့နိုင်ငံအတွက်သာမက ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှု ၊ တည်ငြိမ် အေးချမ်းမှုတို့အတွက် များစွာအထောက်အကူ
ပြုနိုင်ပြီး လက်ရှိ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်း
ကျော်လွှားနိုင်မည်ဟုလည်း ယုံကြည်ကြောင်း အာရှပစိဖိတ် ဒေသအတွင်း အသေးငယ်ဆုံး နိုင်ငံဖြစ်သည့် Timor-Leste နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး၊ ၀န်ကြီးချုပ် Mr. Gusmao ကအလေးအနက်ထား ပြော
ကြားသွားခဲ့သည်။

Source: CNA
Mrtv-4
အာဆီယံ အဖွဲ့ကြီး၏ လုပ်ငန်းဆောင်တာများတွင် အပြည့်အ၀ ပါဝင် လုပ်ဆောင်နိုင်ရန်အတွက် တင်းပြည့် အဖွဲ့ဝင်သစ်အဖြစ်ပါဝင် လှုပ်ရှားနိုင်ရန်များစွာ စိတ်အားထက်သန်လျက် ရှိကြောင်း၊ Timor-Leste အနေဖြင့် ၂၀၀၈ ခုနှစ်မှ စတင်ကာ နိုင်ငံ၏ ပျမ်းမျှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းထားသည် နှစ်စဉ် (၁၀) ရာခိုင်နှုန်း အထက်ရှိကြောင်း ၊ အခွန်စည်းကြပ်မှု စည်းမျဉ်းများ ၊ လူ့စွမ်းအား အရင်းအမြစ်များ ၊ နိုင်ငံတွင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှု ၊ ဆင်းရဲ မွဲတေမှုများ လျှော့ချနိုင်ရေး အစရှိသည်တို့နှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ချက်များရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအရ အားလုံးတန်းတူဖြစ်ရမယ်လို့ ပြောကြား

Photo: ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအရ အားလုံးတန်းတူဖြစ်ရမယ်လို့
ပြောကြား
Thursday, June 6, 2013

ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစု
တစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွားရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ်မှုတွေပေါ်ပေါက်
မှာကို ကြိုတင်တွက်ဆပြီး ဖြစ်ပါတယ်။

ဒါပေမယ့် တရားဥပဒေအောက်မှာ နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးရှိရမှာ ဖြစ်တဲ့အတွက် မိမိအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောစရာရှိတာကို အမှန်အတိုင်း ပြောရမှာပါပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

"ဥပဒေတစ်ခုအောက်မှာ အားလုံးကတန်းတူရည်တူဖြစ်ရမယ်၊ အဖွဲ့
အစည်းတစ်ခုပဲဖြစ်ဖြစ်၊ အသိုင်းအဝိုင်းတစ်ခုပဲဖြစ်ဖြစ် သက်သက်ဥပဒေ
တစ်ခုနဲ့ လုပ်တယ်ဆိုတာဟာ ဒါဟာ သာမာန် လူ့အခွင့်အရေးရှုထောင့်
ကကြည့်လို့ရှိရင် မကိုက်ညီဘူး၊ တရားဥပဒေစိုးမိုးရေးနဲ့လည်း မကိုက်ညီဘူး"

RFA က ပုံမှန်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း
စုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အမျိုးသမီးများ သားဆက်ခြားမှုအပေါ်သဘောထားကို
မေးမြန်းရာမှာတော့ ဒါဟာအမိန့်တစ်ခုအဖြစ် ထုတ်ပြန်ပြဌာန်းရမယ့် ကိစ္စမဟုတ်ပဲ မိမိတို့အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဖြစ်တယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

"ဒီဟာက ရွေးချယ်မှုတစ်ခုဖြစ်ရမယ်၊ အစိုးရအနေနဲ့ ပညာပေးရမယ်၊ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုဖြစ်လို့ ဒီလိုလုပ်
သင့်တယ်၊ ဘယ်လိုပုံစံနဲ့ ကိုယ်လုပ်ချင်ရင် လုပ်နိုင်တယ်ဆိုတာ၊ အဲ့လိုပုံစံနဲ့ ပညာပေးသွားပြီးတော့ မိသားစုမှာ သားသမီးဘယ်လောက်ရှိဖို့ ဆုံးဖြတ်
တာက နောက်ဆုံးတော့ မိဘတွေရဲ့ဆုံးဖြတ်မှု ဖြစ်ရမှာပေါ့"

RFA Burmese
ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစုတစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွား ရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ဒေါ်အောင်ဆန်း စုကြည် က ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ်မှုတွေပေါ်ပေါက်မှာကို ကြိုတင်တွက်ဆပြီး ဖြစ်ပါတယ်။

စစ်မှုထမ်းဟောင်းတစ်ဦးမှ UNITY သို့ပေးစာ (အပိုင်း-၁)

   ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့ထုတ် UNITY ဂျာနယ် အတွဲ(၂)၊ အမှတ်(၂၀)၊ အယ်ဒီတာထံပေးစာတွင်  ပါရှိသည့်ဧရာဝတီတပ်သားများဟုပါရှိလာတဲ့အတွက်ကျွန်တော့်အနေနဲ့စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ် သည့် အားလျော်စွာ ဒီစာကို ဖတ်လိုက်မိပါတယ်။
   ကျွန်တော်ဟာ သထုံမြို့၊ သုဓမ္မ၀တီမြို့သစ်၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင်နေထိုင်သည့် တပ်မတော် သားအငြိမ်းစားတစ်ဦးဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ တပ်က အငြိမ်းစားယူခဲ့တာပါ။ အယ်ဒီတာထံပေးစာကို ဖတ်ရှုပြီး စိတ်ထဲမှာမထားနိုင်လို့ အခုလိုရင်ဖွင့်ပြီးအကြောင်း ပြန်လိုက်ရခြင်းဖြစ်ပါတယ်။ ပေးစာတွင်ပါဝင် သည့်အကြောင်းအရာမှာ  တပ်မတော်သားတွေမှာသတင်းပို့စနစ်  ပျက်ပြားပြီး မိသားစုစနစ်မရှိတဲ့ တပ်မတော်လိုဖြစ်နေပါတယ်။ ကျွန်တော်ဟာ ၁၉၇၁ ခုနှစ်မှာ တပ်မတော်ထဲကို ၀င်ရောက်လာသူ တစ်ဦးဖြစ်ပါတယ်။

ဒုတိယအကြိမ်မြောက်ဟိုချီမင်း စီးတီးExpo ပြပွဲ ကျင်းပလျက်ရှိ

Photo: ဒုတိယအကြိမ်မြောက်ဟိုချီမင်း စီးတီးExpo ပြပွဲ ကျင်းပလျက်ရှိ
Thursday, June 6, 2013

ဗီယက်နမ်နိုင်ငံ Investment and Trade Promotion Centre (ITPC) မှ ကြီးမှူးကျင်းပသည့် ဟိုချီမင်း စီးတီး Expo ၂၀၁၃ ပြပွဲကို ဗီယက်နမ်နိုင်ငံ
မှ ကုမ္မဏီပေါင်း တစ်ရာကျော်ပါဝင်ပြီး ယနေ့မှစတင်၍ ၁၀ရက်နေ့ အထိ နံနက် (၉)နာရီမှ ညနေ(၆)နာရီ အတွင်း ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။

ဗီယက်နိုင်ငံ၏ ထိပ်တန်းကုမ္မဏီများနှင့် တွဲဖက်လုပ်ကိုင်နိုင်မည့် အခွင့်
အရေးများ ရရှိစေရန် ရည်ရွယ်၍ ဒုတိယအကြိမ် ဟိုချီမင်းစီးတီး Expo ၂၀၁၃ ကို ကျင်းပခြင်းဖြစ်ကြောင်း ယင်းပြပွဲတွင် ပါဝင်ပြသလျက်ရှိသည့်တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။

အဆိုပါ ပြပွဲတွင် မြန်မာကုန်သွယ်ရေးဇုန်နှင့် ဗီယက်နမ် ကုန်သွယ်ရေးဇုန်
နှစ်ခုပါရှိပြီး မြန်မာ ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ပရိဘောဂ ပစ္စည်းများ၊ တိုင်းရင်းဆေးဝါးများ၊ စိုက်ပျိုးမွေးမြူရေး ပစ္စည်းများ၊ ကွန်ပျူတာနှင့် မိုလ်ဘိုင်း ဆက်စပ်ပစ္စည်းများ၊ စက်မှုထုတ်ကုန်နှင့် အခြားလူသုံးကုန် ပစ္စည်းများကို ပြသထားပြီး ဗီယက်နမ်ကုန်သွယ်ရေးဇုန်တွင် ဆောက်လုပ်
ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အိမ်အလှဆင် ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ အီလက်ထရွန်းနစ် ပစ္စည်းများ၊ Machinery ပစ္စည်းများနှင့် ပလတ်စတစ် ပစ္စည်းများကို ပြသထားကြောင်း သိရသည်။

The Myanma Age
ဗီယက်နမ်နိုင်ငံ Investment and Trade Promotion Centre (ITPC) မှ ကြီးမှူးကျင်းပသည့် ဟိုချီမင်း စီးတီး Expo ၂၀၁၃ ပြပွဲကို ဗီယက်နမ်နိုင်ငံ မှ ကုမ္မဏီပေါင်း တစ်ရာကျော် ပါဝင်ပြီး ယနေ့မှစတင်၍ ၁၀ ရက်နေ့အထိ နံနက် (၉)နာရီမှ ညနေ(၆)နာရီ အတွင်း ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ် မည်ဟု သိရသည်။

ပြုပြင်ပြောင်းလဲရေး ကြိုးစားလုပ်နေ ဟု ဦးသိန်းစိန် ပြော

Photo: ပြုပြင်ပြောင်းလဲရေး ကြိုးစားလုပ်နေ ဟု ဦးသိန်းစိန် ပြော
Thursday, June 6, 2013

နေပြည်တော် ကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲတွင် သမ္မတ ဦးသိန်းစိန်က စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်ကို ပြောင်းလဲရန်၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံမှာဖြစ်ပွားခဲ့သည့် လူမျိုးစု လက်နက်ကိုင်တိုက်ပွဲများ အဆုံးသတ်စေရန်၊ ဗဟိုထိန်းချုပ်
ဈေးကွက်စီးပွားရေးစနစ်မှ လွတ်လပ်သော ဈေးကွက်စီးပွားရေး
စနစ်ဖြစ်ပေါ်စေရန် ကြိုးစားအလုပ်လုပ်နေကြောင်း ပြောဆိုသည်။ အပြောင်းအလဲများမှ သွေဖယ်မည်မဟုတ်ဘဲ နိုင်ငံတွင်း ၀င်လာမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ထောက်ခံကြောင်း၊ ဒေသတွင်း ချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းမှုများကိုလည်း မြန်မာလူငယ်များ မျှဝေခံစားစေလိုကြောင်း သမ္မတဦးသိန်းစိန်က မိန့်ခွန်း ဖတ်ကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ယနေ့ ဖွင့်ပွဲအခမ်းအနား အစီအစဉ်ကို ကမ္ဘာ့စီးပွားရေးဖိုရမ် တည်ထောင်သူ ကလော့စ်ရွှဘ်က ကြီးမှူးပြီး လာအို၊ ဗီယက်နမ် ဝန်ကြီးချုပ်များလည်း တက်ရောက် စကားပြောကြသည်။

ဧရာဝတီ
နေပြည်တော် ကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲတွင် သမ္မတ ဦးသိန်းစိန်က စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲရန်၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံမှာဖြစ်ပွားခဲ့သည့် လူမျိုးစု

“ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ”

Photo: “ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ”
Thursday, June 6, 2013

ဝတိုင်းရင်းသားများနေထိုင်သည့်နေရာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဆင့် တရားဝင် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရအုပ်ချုပ်မှုအောက်မှ ခွဲထွက်ရန် ရည်ရွယ်ခြင်း မရှိကြောင်း
UWSA ဝ လက်နက်ကိုင်အဖွဲ့က ပြောသည်။

" ဝဒေသကို ပြည်ထောင်စုကနေ ခွဲထွက်ဖို့ မရည်ရွယ်ပါဘူး " ဟု UWSA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော UWSP ပါတီ ပြောခွင့်ရ အရာရှိ ဦးဆမ်ခွန်က ဧရာဝတီကို ပြောသည်။

"ဒေသ " ဟူသည်မှာ "ပြည်နယ်"ထက် သေးငယ်သောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုသည်ကို လက်ခံနိုင်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

ဝဒေသ တောင်ပိုင်းနှင့် ပတ်သက်ပြီး အစိုးရနှင့် ဝ ခေါင်းဆောင်တို့ သဘောထားခြင်း မတိုက်ဆိုင်ကြဟု ဆိုသည်။

“အဲဒီနေရာကနေ ဖယ်မပေးနိုင်ဘူး။ အဲဒီနေရာကို စစ်ပွဲတွေနဲ့ ရင်းပြီး ရထားတာပါ။
ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ။ ဒီအတိုင်းတော့ ကျနော်တို့ ထွက်မသွားနိုင်ပါဘူး” ဟု ဝ အရာရှိက ပြောသည်။

(ငြိမ်းငြိမ်း ရေးသားတဲ့ UWSA Wants Autonomous State, Not Independence www.irrawaddy.org/archives/36522 ကနေ ကောက်နုတ်ဖော်ပြပါတယ်။)

ဧရာဝတီblog
ဝတိုင်းရင်းသားများနေထိုင်သည့်နေရာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ပြည်နယ် အဆင့် တရားဝင် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရ အုပ်ချုပ် မှုအောက် မှ ခွဲထွက်ရန် ရည်ရွယ်ခြင်း မရှိကြောင်း UWSA ဝ လက်နက်ကိုင်အဖွဲ့က ပြောသည်။

ကြွက် အစုလိုက် အပြုံလိုက် နှိမ်နင်းနည်း

Photo: ကြွက် အစုလိုက် အပြုံလိုက် နှိမ်နင်းနည်း
Thursday, June 06, 2013

ဆိုင်မှာ ကုန်တိုက်မှာ ကြွက်ကပ်ကော် တဗူးဝယ်။ သံဗူးနဲ့ ထည့်ထားတယ်။
အိမ်မှာ ကြွက် အကောင် ၅၀ လောက် ရှိတယ် ဆိုရင်   ဗူးကြီးဝယ်။
၅ ကောင်လောက်ပဲ ရှိတယ် ဆိုရင် ဗူးသေးနဲ့ လုံလောက်မှာပါ။ 

၁။ ကတ်ထူစက္ကူပေါ်မှာ ကော်ဖြန့်လိုက်။ ကတ်ထူစက္ကူမဟုတ်လည်း ပျဉ်ပြား၊ သုံးထပ်သား၊ ကော်ပြားတို့ကိုလည်း သုံးနိုင်ပါတယ်။ ကြွက်နှိမ်နင်းရေးစီမံချက်ပြီးတဲ့အခါ ပစ်လိုက်ရမယ် ဆိုတော့ တန်ဘိုးအနည်းဆုံး ဖြစ်မယ့် ကတ်ထူစက္ကူကို ရွေးသင့်ပါတယ်။ 
ကော်ကို လက်နဲ့ မကိုင်နဲ့။ ကိုင်မိရင် လက်ပြောင်အောင်ဆေးဖို့ ခက်ခဲလိမ့်မယ်။ 
၂။ ကော် ဖြန့်ပြီးပြီ ဆိုရင် အလယ်မှာ ကြက်ရိုး ၀က်ရိုး ဘီစကွတ်မုန့် တခုခုထား။ 

အဲဒီကြွက် အနံ့ရပြီး သွားစားမယ်။ အစာနဲ့ မထိခင် ကော်တွေနဲ့အရင်ထိမယ်။ တကြိမ်တည်းနဲ့ ကြွက်တကောင်မက မိနိုင်တဲ့ နည်းလမ်းပဲ။

၃။ ကြွက်မိရင် လုံးထွေးပြီး ပစ်လိုက်ပေတော့။ 

ကြွက်က သေတော့ မသေဘူး။ နောက်မှ ဖြည်းဖြည်းချင်း သေမယ်။

သတိပြုရမှာက ...
(က)  ကော်သုတ်ထားတဲ့ ကတ်ထူ ကတ်ပြားကို ကြွက်သွားလာတတ်တဲ့ချောင်ကြိုချောင်ကြားမှာ ထားပါ။ အဲဒါဆို ကလေးတွေလည်း လက်နဲ့ သွားမကိုင်မိတော့ဘူး။
(ခ)  အိမ်မှာ ကြောင်၊ ခွေးတွေ ရှိတယ် ဆိုရင်တော့ ဒီနည်း မသုံးသင့်ဘူး။ ကြောင်၊ ခွေးတွေကလည်း အဲဒီထောင်ချောက်ထဲ ၀င်တတ်တယ်။ (၀င်မိလို့ ကော်တွေ ပေသွားရင် တကိုယ်လုံး အမွေးရိတ်ရလိမ့်မယ်။
မျက်နှာကြက် ကြွက်လျှောက်တန်းမှာ ထားမယ် ဆိုရင်တော့ ရပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ကြောင် အဲဒီနေရာ မသွားဖို့ပဲ။)
(ဂ)  ကြွက် မိ မမိ ဆိုတာ တရက်ကို ၂ ကြိမ်လောက် သွားကြည့်ပါ။ ကြွက်မိပြီး ရက်နဲ့ချီကြာမှ သွားကြည့်ရင် ကြွက်သေပြီး အနံ့ထွက်နိုင်တယ်။
(မိပြီ ဆိုရင်တော့ သူတို့က ရုန်းကန်ရင်း အော်ဟစ်နေတာကြောင့် အသံထွက်ပါတယ်။ ကြွိကြွိကြွိ ဆိုရင် ကြွက်မိလို့ပဲ)

အားသာချက်က .... တကြိမ်တည်းနဲ့ တကောင်မက မိတတ်ခြင်းပါပဲ။

ဒီနည်းလမ်းရဲ့ အားနည်းချက်က အထက်က ၃ နဲ့ ကခဂ တို့မှာ ဖော်ပြထားတဲ့အတိုင်းပါပဲ၊ အိမ်က ကလေး၊ ကြောင်ခွေးတွေက ထောင်ချောက်နဲ့ လုံးထွေးသွားနိုင်တယ်။ ကြွက် မိပြီဆိုရင် ရုန်းကန်နေတဲ့ကြွက်(တွေ)ကို တွေ့ရတာကတော့ တချို့လူတွေအတွက် စိတ်မသက်မသာ ဖြစ်နိုင်တယ်။

 ဒီအားနည်းချက်တွေ ရှိတတ်ကြောင်း ကိုယ့်အိမ်မှာ အတူနေသူတွေကို ပြောပြသင့်တယ်။ သူတို့ သဘောတူပြီဆိုရင် ဒီနည်း သုံးပေါ့။

သူတို့ သဘောမတူဘူး ဆိုရင် ...
အဆိပ်ကို သုံးနိုင်တယ်။ ကြွက်သတ်ဆေး။

အဆိပ်
အဆိပ် သို့မဟုတ် ကြွက်သတ်ဆေးကို စားစရာတခုခုမှာ ထည့်ပြီး ကြွက်လာတဲ့လမ်းမှာ ချထားနိုင်တယ်။
စားပြီးသေနေတဲ့ကြွက်ကို လိုက်ရှာပြီး ပစ်လိုက်ရုံပါပဲ။

ဒီ အဆိပ်သုံးတဲ့နည်းမှာလည်း အားနည်းချက်တွေ အများအပြား ရှိပါတယ်။
၁။ အိမ်က ကလေး၊ သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်တွေ စားမိရင် သူတို့ရဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တယ်။ ကလေး သို့မဟုတ် လူ တယောက်ယောက် စားမိရင် အနည်းဆုံး ဆေးရုံကို ပြေးရမယ်။ ကံဆိုးရင် စားမိသူ အသက်ဆုံးရှုံးတာ၊ တရားစွဲခံရ ထောင်ကျတာမျိုးအထိ ဖြစ်နိုင်တယ်။  
၂။ အဆိပ် ဆိုကတည်းက လူကို တနည်းမဟုတ်တနည်း အန္တရာယ်ပြုမယ်။ ဥပမာ  အကိုင်အတွယ်မတတ်လို့ လက်မှာ အဆိပ်ပေကျံတာမျိုး၊ အဲဒီလက်နဲ့ မီးဖိုဆောင်ဝင် ထမင်းစားပွဲဝင်မိတာ၊ ကလေးအစာကျွေးမိတာမျိုးပေါ့။
၃။ စားပြီးသေနေတဲ့ကြွက်က လူဝင်လို့မရတဲ့နေရာမှာ ရှိနေတာမျိုး၊ ချောင်ထဲ ရောက်နေတာမျိုးလည်း ဖြစ်တတ်တယ်။ 
၎။ သေပြီး အနံ့ထွက်နေတဲ့ကြွက်  ဘယ်နားမှာရှိမှန်းမသိ ဖြစ်တတ်တယ်။ အနံ့က ကောင်းကောင်း ဒုက္ခပေးမယ်။ 

ဆန်စေ့ကြွက်သတ်ဆေးလည်း ရှိတယ်။ ဆန်စေ့မှာ အဆိပ်သုပ်ထားတဲ့ ရယ်ဒီမိတ် ကြွက်သတ်ဆေး။ 

ဆန်စေ့နဲ့မလှမ်းမကမ်းမှာ ရေခွက်ချပေးရတယ် တဲ့။
အဆိပ်မိတဲ့ကြွက် ရေငတ်မယ်၊ ရေရှိရာ သွားသေတော့ ကြွက်သေ ရှာရလွယ်တယ်လို့ ဆိုတယ်။ မစမ်းသပ်ဖူးပါ။

အသေဖမ်းထောင်ချောက်
ကော် နဲ့ အဆိပ် မသုံးချင်ရင်လည်း နည်းလမ်းတခု ရှိပါသေးတယ်။
ထောင်ချောက်နဲ့ ဖမ်းဖို့ပါ။
အသေဖမ်းထောင်ချောက်ကို ရပ်ကွက်ထဲက ကုန်စုံဆိုင်တွေမှာ၊ ဈေးတွေမှာ ၀ယ်နိုင်တယ်။  
အစာကို ထောင်ချောက်မှာ တပ်ထား၊ လာစားတဲ့ကြွက်က ထောင်ချောက်ကို နင်းမိရင် သေပြီပဲ။
ထောင်ချောက်ကို ကြိုးရှည်ရှည်နဲ့ တိုင်တခုခုမှာ တွဲချည်ထားသင့်တယ်။ တချို့ကြွက်တွေက ကြီးတယ်။ ချက်ကောင်းမမိတာမျိုး သို့မဟုတ် ချက်ချင်းမသေတာမျိုးဖြစ်ပြီး ထောင်ချောက်တန်းလန်းနဲ့ လျှောက်ပြေးတာမျိုး ဖြစ်တတ်တယ်။

အားနည်းချက်
၁။ အကိုင်အတွယ်မတတ်ရင် ထောင်ချောက်ကိုင်သူရဲ့လက် ထိမိခိုက်မိဖြစ်မယ်။
၂။ ကလေး၊ သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်တွေ ထောင်ချောက်သွားထိတာမျိုးလည်း ဖြစ်တတ်တယ်။ (သူတို့ လက်လှမ်းမမီတဲ့နေရာမှာ ထားသင့်တယ်)

အရှင်ဖမ်းထောင်ချောက်
ဘယ်ထောင်ချောက်ဖြစ်ဖြစ် ကြွက်လာအောင် ဖြားယောင်းဖို့ လိုတယ်။ စားစရာ တခုခုနဲ့ မျှားခေါ်ရတယ်။
စားစရာ မရှိဘူး၊ သို့မဟုတ် ကြွက်ကိုစိတ်နာလို့ ဘာမှ မကျွေးချင်ဘူး ဆိုရင် .... စက္ကူကို လုံးထွေးပြီး အသားကြော်ထားတဲ့ဆီ နည်းနည်း ဆမ်းလည်း ရပါတယ်။ အဓိကကျတာက အနံ့ပါ။ ကြွက်က အနံ့ရရင် ပြေးခဲမှာပဲ။

အရှင်ဖမ်းထောင်ချောက်တွေထဲမှာ တကောင်ချင်းဖမ်းတဲ့ထောင်ချောက်က ၀ယ်ရလွယ်ပါလိမ့်မယ်။
တပြိုင်တည်းမှာ ကြွက်အကောင်ရေများများ ဖမ်းနိုင်တဲ့ထောင်ချောက် ဆိုတာကို ကြားဖူးပေမယ့် မတွေ့ဖူးပါဘူး။

အရှင်ဖမ်းတဲ့နည်းရဲ့ အားနည်းချက်က ကြွက်မိရင် သွားလွှတ်တဲ့အခါ ခက်ခဲတတ်တာပဲ။ သူများအိမ်ရှေ့သွားလွှတ်ရင်လည်း လူချေတိတ်ချိန်အထိ စောင့်ရမယ်။
 အမှိုက်ပုံတို့၊ ဘောလုံးကွင်းတို့မှာ သွားလွှတ်ကြတာ တွေ့ဖူးတယ်။ ဒီကြွက်က ကိုယ့်အိမ် ပြန်မလာနိုင်ဘူးလို့ ယူဆရပေမယ့် ကိုယ့်ရပ်ကွက်ထဲက အိမ်တအိမ်ကို ရောက်လာမှာပဲ။
ထောင်ချောက်တံခါးဖွင့်ပြီး အထပ်မြင့်တိုက်ပေါ်က ခါကျတာမျိုး တခါ တွေ့ဖူးတယ်။ မြေပြင်ပေါ်ရောက်တာနဲ့ ကြွက်က ထွက်ပြေးသွားတယ်။ မသေဘူး။ ကျိုးပဲ့တာမျိုးတော့ ဖြစ်မယ် ထင်တယ်။

ကြွက်ရောင်းရန်ရှိသည်
တချို့အိမ်နံရံမှာ ကြွက်ရောင်းရန်ရှိသည် လို့ စာရေးထားတာ တွေ့ဖူးတယ်။
ကြွက်ထွက်ပြေးအောင်၊ ကြွက်မလာအောင် ရေးထားတာ ဆိုပဲ။
သြော် .... လို့ပဲ ပြောရတော့မယ် ထင်တယ်။
ကြောင်နဲ့ခွေးအိမ်မှာ ကြောင်နဲ့ခွေး မွေးတာကလည်း နှိမ်နင်းရေးနည်းလမ်းတခုပဲ။ ပုံမှန်အားဖြင့်ဆိုရင် ဒီကောင်တွေက ကြွက်ကို ချမ်းသာပေးမယ် မဟုတ်။  

ကဲ .... ကြွက်နှိမ်နင်းရေးနည်းလမ်းတချို့ကို ရေးလိုက်ပါတယ်။
ကြိုက်ရာနည်းလမ်းကို သုံးနိုင်ပါပြီ။
နံရံပေါ်မှာ ကြွက်လန့်သွားအောင် ခြိမ်းခြောက်တဲ့နည်းကို မသုံးဘူးလို့ ယူဆပါတယ်။

ဧရာဝတီblog
ဆိုင်မှာ ကုန်တိုက်မှာ ကြွက်ကပ်ကော် တဗူးဝယ်။ သံဗူးနဲ့ ထည့်ထားတယ်။ အိမ်မှာ ကြွက်အကောင် ၅၀ လောက် ရှိ တယ် ဆိုရင် ဗူးကြီးဝယ်။ ၅ ကောင်လောက်ပဲ ရှိတယ် ဆိုရင် ဗူးသေးနဲ့ လုံလောက်မှာပါ

နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် သတ်မှတ်ရေး UNFC ပြင်ဆင်

Photo: နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် သတ်မှတ်ရေး UNFC ပြင်ဆင်
Thursday, June 6, 2013

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ကိုယ်စားလှယ်များနှင့် ဒုတိယ အကြိမ် အလွတ် သဘောတူ တွေ့ဆုံ ဆွေးနွေးသည့် အခါ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး မူဘောင် တစ်ရပ် ချမှတ် နိုင်ရေးအတွက် ဦးတည် ဆွေးနွေးသွားမည် ဖြစ်ကြောင်း UNFC အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေးဗစ်တာကပေါက ပြောသည်။

“ အစိုးရနဲ့ ကျနော်တို့ အလွတ် သဘောဘဲ တွေ့တာ ရှိခဲ့ ကြတယ်။ တွေ့တိုင်းမှာလည်း ဆွေးနွေး ရမယ့် မူဘောင်တွေ သတ်မှတ်တာမျိုး မရှိဘူး။ ဒီတစ်ကြိမ် အလွတ် သဘော ပြန်တွေ့ရင် တရားဝင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်တဲ့ အခါ ဘယ်မူဘောင်ပေါ်မှာ ဆွေးနွေး ကြမှာလဲ ဒါနဲ့ စပြီး ဆွေးနွေး ကြရပါမယ်။ ” ဟု ဆိုပါသည်။

UNFC သည် ဤဇွန်လ အတောအတွင်းမှာပင် အစိုးရ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိပါသည်။ ဤသို့ ကြောင့် UNFC သည် ပြီးခဲ့သည့် ဇွန်လ (၁) ရက် နေ့မှ (၃) ရက် နေ့အထိ အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပ ခဲ့ခြင်း ဖြစ်ပါသည်။

ယင်းအရေးပေါ် အစည်းအဝေးတွင် UNFC သည် ပြီးခဲ့သည့် ကချင် လွတ်လပ်ရေး အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ် တို့၏ မြစ်ကြီးနား တွေ့ဆုံ ဆွေးနွေးပွဲ ရလာဒ်ကို ပြန်လည် သုံးသပ် ခဲ့ပါသည်။ ထို့အပြင် အစိုးရ ကိုယ်စားလှယ်များနှင့် အလွတ်သဘော တွေ့ဆုံ ကြသည့်အခါ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ချမှတ် နိုင်ရေးကိုလည်း ကျယ်ကျယ် ပြန့် ပြန့် ဆွေးနွေး ခဲ့ကြပါသည်။

KIO နှင့် အစိုးရတို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ ရလာဒ်ကို သုံးသပ်ရာ၌ UNFC သည် ပထမ ဦးစားပေး အဆင့် အနေဖြင့် ကချင် စစ်ပြေး ဒုက္ခသည်များ အရေးကို အလျှင် ကိုင်တွယ် သင့်ကြောင်း သဘောထားကြပြီး သက်ဆိုင်ရာ များအား အကြံပေးခဲ့ကြပါသည်။ http://phophtawnews.org/burmese/index.php/news/internal-news/item/346-unfc.html

UNFC အဖွဲ့သည် နိုင်ငံရေးအရ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါ အခြေခံရမည့် လမ်းညွှန် မူ ၆ ချက် နှင့် မူဘောင် ချမှတ် ထားပြီးဖြစ်ပါသည်။ အလားတူ အစိုးရ ဘက်မှလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါ ပြည်နယ် အဆင့် လမ်းညွန်မူ ၅ ချက်နှင့် ပြည်ထောင်စု အဆင့် လမ်းညွန်မူ ၈ ချက် မူဘောင်ဖြင့်၂၀၁၂ ခုနှစ် မေလ ကတည်းက နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန် ထားပြီး ဖြစ်ပါသည်။

“ ကျနော် သိရသလောက်တော့ တွေ့ဆုံ ဆွေးနွေးရေး မူတွေက ပြဌာန်း ထားတဲ့ ဥပဒေတွေ မဟုတ်ပါဘူး။ လမ်းညွန်ချက် တွေသာ ဖြစ်တယ်။ လိုအပ် သလို ပြင်ဆင်ပေးလို့ ရပါတယ်။ ဦးအောင်မင်းက ငြိမ်းချမ်းရေး ရဖို့ ဆိုရင် ဘယ်ဟာမှ ပိတ်မထားဘူး။ ပြောင်းလဲ ပေးဖို့ အဆင်သင့် ရှိနေတယ် ဆိုတာ မြစ်ကြီးနား တွေ့ဆုံပွဲမှာ သူက ကျနော် တို့ကို ရှင်းပြ ထားခဲ့တယ်” ဟု ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာမှ ပြောခွင့်ရ ဦးလှမောင်ရွှေက ဆိုပါသည်။

သို့သော်လည်း အစိုးရ ကိုယ်စားလှယ်များသည် ချမှတ်ထားသော မူဘောင်ကို ပြုပြင်ခြင်းထက် ထိုသတ်မှတ်ချက် အတိုင်း မဖြစ် ဖြစ်လာရန် အားသွန် ခွန်စိုက် လုပ်ဆောင်ပေးရမည့် သဘောများသာ ဖြစ်သွားကြသည်ဟု ဝေဖန်ကြပါသည်။

ဤသို့ကြောင့် လမည့် UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တို့၏ တွေ့ဆုံပွဲတွင် ယင်းမူဘောင် နှစ်ခုကို အလျော့ အတင်း ပြု၍ နှစ်ဖက် လက်ခံ နိုင်ဖွယ်ရာ မူဘောင် တစ်ခု ဖြစ်လာရေး အဓိကညှိနှိုင်း ဆွေးနွေး သွားရမည်ဖြစ်ကြောင်း ဒေးဗစ်တာကပေါက ဆိုသည်။

ဝန်ကြီး ဦးအောင်မင်းသည် မကြာမီ UNFC အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် မေလကုန် ပိုင်းတွင် KIO ကိုယ်စားလှယ် များနှင့် မြစ်ကြီးနားမြို့၌တွေ့ဆုံ ခဲ့စဉ် ၄င်းကထုတ်ဖော် ပြောကြား ထားပါသည်။

UNFC သည် အစိုးရ အဖွဲ့နှင့် ဆွေးနွေးသည့် အခါ မိမိတို့ အဖွဲ့ဝင် မဟုတ်သော အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အမြင် သဘော ထားများ ပါဝင် နိုင်ရန်ကိုလည်း လိုလား ပါသည်။ ဤသို့ကြောင့်၎င်းအမြင်များ ပါဝင်နိုင်ရန် ယနေ့ ဇွန်လ (၅) ရက် နေ့တွင် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ WGEC အစည်းအဝေး တစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေပါသည်။

ရွှေဟင်္သာသတင်းဌာန
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ကိုယ်စားလှယ်များနှင့် ဒုတိယ အကြိမ် အလွတ် သဘော တူ တွေ့ ဆုံ ဆွေးနွေးသည့် အခါ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး မူဘောင် တစ်ရပ် ချမှတ် နိုင်ရေးအတွက် ဦးတည် ဆွေးနွေးသွားမည် ဖြစ်ကြောင်း UNFC အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေးဗစ်တာကပေါက ပြောသည်။

“ယနေ့ နံနက်၁၁ နာရီဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်း တို့ စကားဝိုင်းတိုက်ရိုက်ထုတ်လွှင့်မှု”

Photo: “ယနေ့ နံနက်၁၁ နာရီဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်ထောင်စု
ဝန်ကြီးဦးစိုးသိန်းတို့ စကားဝိုင်းတိုက်ရိုက်ထုတ်လွှင့်မှု”
Thursday, June 6, 2013

နေပြည်တော်(MICC)တွင်ကျင်းပနေသော
World Economic Forum on East Asia 2013တွင်ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စု
ဝန်ကြီးဦးစိုးသိန်း၊ဒေါ်ဇင်မာအောင်၊
ဦးသန့် မြင့်ဦးနှင့်BBC World News တင်ဆက်သူတို့ ၏
Myanmar: What Future?ဆွေနွေးပွဲတိုက်ရိုက်ထုတ်လွှင့်မှု
အစီအစဉ်ကိုယနေ့ ဇွန်၆ရက်နေ့ နံနက်၁၁ နာရီမှမွန်းလွဲ၁၂နာရီ ၁၄မိနစ် အတွင်း

http://www.weforum.org/sessions/summary/myanmar-what-futureမှာဝင်ရောက်ကြည့်ရူနိုင်ကြမှာဖြစ်ပါတယ်။

နေပြည်တော်(MICC)တွင်ကျင်းပနေသော World Economic Forum on East Asia 2013 တွင်ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်း၊ ဒေါ်ဇင်မာအောင်၊ ဦးသန့် မြင့်ဦးနှင့်BBC

ဇူလိုင်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် ကချင်၊ ကရင်၊ ရှမ်းလက်နက်ကိုင် အဖွဲ့များ ယခုလအတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့များ ၌ တွေ့ဆုံဆွေးနွေးမည်

peace-june6

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမြို့၌ မေ ၃၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ဇူလိုင်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် ကချင်၊ ကရင်၊ ရှမ်းလက်နက်ကိုင်အဖွဲ့များ ယခုလအတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့များ၌ တွေ့ ဆုံဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်း ဇွန်လကုန်တွင် ထုတ်ပြန်မည်

မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်းကို ၂၀၁၃ ခုနှစ် ဇွန်လကုန်တွင် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

စီအင်န်ဂျီ ကုဗပေတစ်သန်းဖြင့် ယာဉ်လိုင်း ၂၀ မှ ယာဉ်အစီးရေ ၁၂၈ စီး တိုးချဲ့ ပြေးဆွဲမည်

ရန်ကုန်မြို့အတွင်း သယ်ယူပို့ဆောင်ရေးအတွက် စီအင်န်ဂျီ ကုဗပေတစ်သန်းဖြင့် ယာဉ်လိုင်း ၂၀ မှ ယာဉ်အစီးရေ ၁၂၈ စီး တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ဗဟိုကော်မတီမှ သိရသည်။

ယာဉ်မှတ်ပုံတင်ကြေးအား ကျပ်ငွေဖြင့် ပေးသွင်းမှု ကညနမှ ရက်ပိုင်းအတွင်း လက်ခံမည်

kanyana-june6
ရန်ကုန်တိုင်း ဒေသကြီး ကညန ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
ယာဉ်မှတ်ပုံတင် ကြေးများအား ပေးသွင်းရာတွင် ကျပ်ငွေဖြင့် ပေးသွင်းခြင်းကို ရက်ပိုင်းအတွင်း လက်ခံ သွားမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

မူဆယ်လမ်းကြောင်းမှ တရုတ်သို့ ကျောက်စိမ်းနှင့် သစ်မှောင်ခို သယ်ဆောင်မှု ပိုများလာ

Photo: မူဆယ်လမ်းကြောင်းမှ တရုတ်သို့ ကျောက်စိမ်းနှင့် သစ်မှောင်ခို သယ်ဆောင်မှု ပိုများလာ
Thursday, June 6, 2013

မူဆယ်-ရွှေလီ လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ကျောက်စိမ်းနှင့်သစ်များ အကောက်ခွန်မဲ့ မှောင်ခိုသယ်ဆောင်မှုများ ပိုမိုများပြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနန္ဒက ပြောကြားခဲ့သည်။

မူဆယ်-ရွှေလီ နယ်စပ်တစ်လျှောက်တွင် နယ်စပ်ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်ကာ တရားဝင် ကုန်သွယ်မှုဖြင့် နိုင်ငံတော် အခွန်ဝင်ငွေ ရရှိစေရန် ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် သယံဇာတများဖြစ်သည့် ကျောက်စိမ်းနှင့် သစ်များသည် တရုတ်နိုင်ငံသို့ နေ့စဉ် ကုန်တင်ယာဉ် အစီးပေါင်းများစွာ မှောင်ခိုထွက်ရှိနေကြောင်း ဦးနန္ဒက ပြောကြားခဲ့သည်။

"ကျောက်စိမ်းကို မြန်မာပြည်ကနေ တရုတ်ကို မှောင်ခိုသယ်ကြတယ်။ ကုန်တင်ယာဉ်တွေမှာ အံဝှက်တွေလုပ်ပြီး လျှို့ဝှက်သယ်တယ်။ ကျွန်တော်တို့က မသင်္ကာတော့ တားဆီးစစ်ဆေးတယ်။ မိတော့ ထွက်ပြေးတယ်။ လိုက်လို့ ချောင်ပိတ်မိရင် လူကကားပေါ်ကဆင်းပြီး ထွက်ပြေးတယ်။ မကြာခင်က ဖမ်းမိတဲ့ ကားတစ်စီးဆိုရင် ကားတစ်စီးတည်းနဲ့ ကျောက်စိမ်း သိန်းနှစ်ထောင်ဖိုးလောက် ခိုးသယ်လာတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနန္ဒက ပြောကြားခဲ့သည်။
ယခု ဧပြီ ၁ ရက်မှ မေဒုတိယပတ်အထိ အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးမှု အမှုတွဲ ၁၀၅ ခု တန်ဖိုးအားဖြင့် ကျပ် ၅၆၈ သန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း . . . . .

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သယံဇာတ ပစ္စည်းများကို တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့မှုများ ရှိသကဲ့သို့ တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများကိုလည်း အခွန်မပေးဆောင် ချင်သောကြောင့် အခွန်တိမ်းရှောင်မှုများလည်း ရှိကြောင်း သိရသည်။

"အစိုးရသစ် လက်ထက်မှာ ကုန်စည်စီးဆင်းမှု လျင်မြန်ရေးကို ဦးစားပေးတယ်။ မလိုအပ်တဲ့ စစ်ဆေးမှုတွေကြောင့် ကုန်စည်စီးဆင်းမှုကို ကြန့်ကြာစေနိုင်တယ်ဆိုပြီး ရေပူကုန်စစ်ဆေးရေး စခန်းကို ဖြုတ်လိုက်တယ်။ ကုန်သွယ်ခွန်တွေ ဖြေလျှော့ပေးတယ်။ တကယ်တော့ ကျွန်တော်တို့က တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်ကို ရောက်စေချင်လို့ ဒီလိုဆောင်ရွက်ကြတာပါ။ တစ်ကယ်တော့ လူတွေက ဒီလိုမသွားဘူး။ စစ်ဆေးတာတွေ ဖြေလျှော့ပေးတဲ့နောက် အခွန်မဆောင်ဘဲ သွားကြတယ်။ အဲဒီနောက် ကုန်သွယ်မှုက ထိုးကျသွားတယ်။ ဒီလို ကုန်သွယ်မှု ထိုးကျရတဲ့ အကြောင်းရင်းက စစ်ဆေးမှုတွေ၊ အတားအဆီးတွေ မရှိတဲ့အတွက် ရှောင်ကွင်းသွားလာကြပြီး မှောင်ခိုကုန်သွယ် ကြတာတွေကြောင့် ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ယခု ဧပြီ ၁ ရက်မှ မေဒုတိယပတ်အထိ အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးမှု အမှုတွဲ ၁၀၅ ခု တန်ဖိုးအားဖြင့် ကျပ် ၅၆၈ သန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရားဝင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းတွင် ရပ်နားထားသည့် ကုန်တင်ကုန်ချ ယာဉ်များကို မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
ELEVEN
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းတွင် ရပ်နားထားသည့် ကုန်တင်ကုန်ချ ယာဉ်များကို မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
မူဆယ်-ရွှေလီ လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ကျောက်စိမ်းနှင့်သစ်များ အကောက် ခွန်မဲ့ မှောင်ခို သယ်ဆောင်မှုများ ပိုမိုများပြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနန္ဒက ပြောကြားခဲ့သည်။

ကော့သောင်းတွင် ယခုဘဏ္ဍာနှစ်အတွင်း ငါးလုပ်ငန်း ဦးစီးဌာနမှ အခွန်ကောက်ခံ ရရှိငွေ ၅၈,၇၀၈,၅၈၁ ဒသမ ၈၁ ကျပ် ရရှိ၍ ၂၈ နှစ်တာ ကာလအတွင်း အမြင့်ဆုံးဖြစ်

fishing-june6
 ကော့သောင်းဆိပ်ကမ်းတွင် ငါးဖမ်းလှေများ ဆိုက်ကပ်ထားသည်ကို တွေ့ရစဉ်
ကော့သောင်းနယ်စပ် ငါးလုပ်ငန်း ဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်အတွင်း အခွန်အရပ်ရပ် ကောက်ခံရရှိငွေ သည် ၅၈,၇၀၈,၅၈၁ ဒသမ ၈၁ ကျပ် ရှိသဖြင့် စတင်ဖွင့်လှစ်သည့် ၁၉၈၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၂၈ နှစ်တာ ကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီ ကမ်းလွန်ဒေသ ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခု ထိုင်းကုမ္ပဏီ PTTEP South Asia Limited လုပ်ကိုင်ခွင့် ရရှိ

offshore-june6
ကန်ပေါက်မြို့နယ်ရှိ သဘာဝဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူးရေး စခန်းကို တွေ့ရစဉ်

တနင်္သာရီတိုင်း ဒေသကြီးရှိ တနင်္သာရီ ကမ်းလွန်ဒေသ ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခုကို ထိုင်းကုမ္ပဏီ PTTEP South Asia Limited မှ လုပ်ကိုင်ခွင့်ရ ရှိခဲ့ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Wednesday, June 5, 2013

သွေးလွန်တုတ်ကွေးရောဂါ

Photo: သွေးလွန်တုတ်ကွေးရောဂါ @Dengue Hemorrhagic Fever
Wednesday, June 5, 2013

( မိုးရာသီစတင် ၀င်ရောက်လာသည်နှင့်အမျှ ကလေးငယ်များတွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှု များပြားလာပါသည်။ ထို့ကြောင့် သွေးလွန် တုပ်ကွေးနှင့် ပတ်သတ်သော အချက်များအား တင်ပြပေးချင်းဖြစ်ပါသည်။ )
Myanmar Online News Admin Group

သွေးလွန်တုတ်ကွေးရောဂါ ဆိုတာဘာလဲ။
သွေးလွန်တုတ်ကွေးရောဂါ ဆိုသည်မှာ ကလေးများတွင် အဖြစ်များသော ခြင်မှတဆင့် ကူးစက်တတ်သည့် ရောဂါတစ်မျိုး ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ကလေးများ၏အသက်ကိုအဓိက ဒုက္ခပေးနေသော ရောဂါ တစ်မျိုးလည်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးတိုင်းပြည်များတွင်မူ ခြင်မရှိသောကြောင့် မတွေ့ရတော့ပါ။

သွေးလွန်တုတ်ကွေးရောဂါဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။
သွေးလွန်တုတ်ကွေး virus ကြောင့်ဖြစ်ပါသည်။ ယင်း virus သည် ခြင်၏သွေးမှတဆင့်လူ၏ သွေးထဲသို့ကူးစက်ခြင်းဖြစ်ပါသည်။ သွေးလွန်တုတ်ကွေး virus အမျိုးအစား လေး မျိုးရှိပါသည်။

ဘယ်လိုနည်းတွေနဲ့ ကူးစက်တတ်ပါသလဲ။
သွေးလွန်တုတ်ကွေး ရောဂါပိုးကို သယ်ဆောင်ထားသော ခြင်ကိုက်သောကြောင့် ဖြစ်ပါသည်။ Aedes ခြင် အမျိုးအစားဖြစ်ပါသည်။ နေ့ဘက်တွင်ကိုက်တတ်ပြီး နေအိမ်ရှိ အလင်းရောင်ကွယ်သော နေရာများတွင် ပုန်းခိုနေတတ်ပါသည်။


ရောဂါဖြစ်လာရင် ဘာလက္ခဏာတွေ ပြတတ်ပါသလဲ။
သွေးလွန်တုတ်ကွေး ရောဂါတွင် အဆင့် လေးဆင့်ရှိပါသည်။

အဆင့်တစ်သည် သာမန် တုတ်ကွေးမိသကဲ့သို့သာ ဖျားပြီး နေပြန်ကောင်းသွားတတ်သည်။လက်မောင်းတွင် သွေးပေါင်ချိန်တိုင်းသော ကိရိယာဖြင့် ငါးမိနစ်ခန့် ခပ်တင်းတင်း စည်းထားပါက အနီအစက်အပျောက်များ ပေါ်လာသည်ကိုတွေ့ရတတ်ပါသည်။ ၎င်းကို Hess test ဟုခေါ်ပါသည်။

အဆင့်နှစ်တွင် အဖျားပိုကြီးလာသည့်အပြင် coffee ရောင်များ အန်ခြင်း၊ သွားဖုန်း သွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း များဖြစ်တတ်ပါသည်။

အဆင့်သုံးတွင် အထက်ပါ လက္ခဏာများအပြင် ကလေးအရမ်းမှိန်းလာခြင်း၊ သတိလစ်သွားခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်လာခြင်း များဖြစ်တတ်ပါသည်။ ၎င်း လက္ခဏာများသည် ကလေးတွင် shock (သွေးလန့်ခြင်း) ရတော့မည့် လက္ခဏာများဖြစ်ပါသည်။

အဆင့်လေးတွင် သွေးပေါင်ချိန်နှင့်သွေးခုန်နှုန်း တိုင်းလို့မရတော့ဘဲ သွေးလန့်ခြင်းအဆင့်သို့ ရောင်သွားတတ်ပါသည်။

အဆင့်လေးဆင့်ရှိသော်လည်း ကလေးတိုင်းတွင် အဆင့်တစ်မှ လေးအထိဖြစ်မည်ဟု မဆိုလိုပါ။ အချို့ကလေးများတွင် အဆင့်တစ်သာဖြစ်၍ အချို့ ကလေးများတွင် အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါသည်။ အဆင့်တစ်ရောဂါရှိသောကလေးသည် ရုတ်တရက် အဆင့်သုံး/လေးသို့ ခုန်သွားတတ်ပါသည်။ ထို့ကြောင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပါက မပေါ့ဆသင့်ဘဲကလေးငယ်ကို သေသေချာချာ ပြုစုစောင့်ကြည့်ရမည်ဖြစ် ပါသည်။

သွေးလွန်တုတ်ကွေးရောဂါတွင် ကြောက်စရာအကောင်းဆုံးမှာ shock ပင် ဖြစ်ပါသည်။
ကလေးသည် ၅ ရက်မှ ၇ ရက် အထိ ဖျားတတ်ပြီး တုတ်ကွေး၏လက္ခဏာများကို ပြသပါလိမ့်မည်။ shock ရပါက ၃ ရက် မှ ၅ ရက် အတွင်းရတတ်ပြီး မိဘများက ကလေးကိုယ်ပူကျသွားသောကြောင့်
ပေါ့ဆ သွားတတ်ရာ အန္တရာယ်များလှပါသည်။ ကလေးမှာ အမှန်စင်စစ် ကိုယ်ပူကျသွားခြင်းမဟုတ်ဘဲ shock ရသွားခြင်းဖြစ်သောကြောင့် ထိုရက်များတွင် ကလေးကို အထူးဂရုစိုက်ရမည် ဖြစ်ပါသည်။ ကလေးကို စောင့်မကြည့်တတ်ပါက ဆေးရုံသို့သာခေါ်ဆောင်သွားစေလိုပါသည်။


ဘယ်လိုလက္ခဏာတွေပြရင် ကလေးကို ဆေးရုံတင်သင့်ပါသလဲ။
ကလေးကိုယ် အရမ်းပူခြင်း – ကိုယ်ပူရှိန်ကြောင့် ကလေးတက်သွား တတ်ပါသည်။
ကလေး အရမ်းမှိန်းခြင်း – shock ရချင်သောလက္ခဏာဖြစ်ပါသည်။
ကလေးက ကော်ဖီရောင်များအန်ခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း
ဖျားပြီး သွားဖုန်းသွေးယြိုခင်းနှာခေါင်းသွေးလျှံခြင်း


ဘယ်အချက်တွေကို ရှောင်ကြဉ်သင့်ပါသလဲ။
ကလေးကိုယ်ပူနေပါက ထူထဲသော အ၀တ်အစားများကို ၀တ်ဆင်ပေးခြင်း – ကိုယ် ပိုပူလာတတ်သည်။
အာဟာရပြည့်ဝအောင်မကျွေးဘဲ ဆန်ပြုတ် ခေါက်ဆွဲပြုတ်သာ ကျွေးခြင်း။
မက်ကလောင်ဖောက်ခြင်း – မက်ကလောင်ဖောက်သော နေရာမှ ရောဂါပိုးဝင်ပြီး သွေးလွန်တုတ်ကွေးရောဂါနှင့် မသေဘဲ သွေးဆိပ်တက်သောကြောင့် သေရသော ကလေးပေါင်း များစွာ ရှိခဲ့ဖူးပါသည်။
အညိုရောင်ရှိသော အစားအစာများ ဥပမာ coffee, milo, ovaltine တို့ကို မတိုက်ကျွေးပါနှင့် – ကလေးသွေးအန်ပါက သွေးအရောင်နှင့် ခွဲခြင်းရခက်ခြင်းကြောင့်ဖြစ်ပါသည်။


သွေးလွန်တုတ်ကွေးရောဂါ မဖြစ်အောင်ကာကွယ်နိုင်ပါသလား။
ကာကွယ်ဆေးမပေါ်သေးပါ။ ထို့ကြောင့် ကလေးကို ခြင်မကိုက်အောင် အတတ်နိုင်ဆုံး ကာကွယ်ရမည် ဖြစ်ပါသည်။

Posted by ဇီဝက (ဆေး-၂)
ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်
သွေးလွန်တုတ်ကွေးရောဂါ ဆိုတာဘာလဲ။
သွေးလွန်တုတ်ကွေးရောဂါဆိုသည်မှာ ကလေးများတွင်အဖြစ်များသော ခြင်မှတဆင့် ကူးစက်တတ် သည့် ရောဂါတစ်မျိုးဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ကလေးများ၏အသက်ကိုအဓိက ဒုက္ခပေးနေသော ရောဂါ တစ်မျိုးလည်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးတိုင်းပြည်များတွင်မူ ခြင်မရှိသောကြောင့် မတွေ့ရတော့ပါ။

ဆီးရီးယားအစိုးရတပ် သူပုန်တွေကို အပြတ်ချေမှုန်းမယ်လို့ ကြေညာ

Photo: ဆီးရီးယားအစိုးရတပ် သူပုန်တွေကို အပြတ်ချေမှုန်းမယ်လို့ ကြေညာ
Wednesday, June 5, 2013

လက်ဘနွန်နိုင်ငံရှိ Hezbollah တိုက်ခိုက်ရေးသမားတွေ ကို ကျောထောက်နောက်ခံ ပေးနေတဲ့ ဆီးရီးယားတပ်ဖွဲ့တွေက လက်ဘနွန်နယ်စပ်ရှိ မဟာဗျူဟာကျတဲ့ ကူဆာအီမြို့ကို လုံးဝ ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။ အဲ့ဒီမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ၃ ပတ်ကြာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားစစ်တပ်က အစိုးရဆန့်ကျင်ရေး အကြမ်းဖက်သမားတွေကို အပြတ်ချေမှုန်းမယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ဒီကနေ့ ကြေညာလိုက်တာပါ။ တစ်နှစ်ကျော်ကြာ ခြေကုတ် ယူခဲ့တဲ့ ကူဆာအီမြို့ကနေ အတိုက်အခံတပ်ဖွဲ့တွေက ဆုတ်ခွာခဲ့ကြ တယ်လို့ ပြောပါတယ်။

အဲ့ဒီ ကူဆာအီမြို့ဟာ ဒမတ်စကတ်စ်မြို့ကနေ မြေထဲပင်လယ် ကမ်းရိုးတန်းအထိ သွားနိုင်တဲ့ အဝေးပြေးလမ်းမကြီးမှာ တည်ရှိပြီး၊ အတိုက်အခံတပ်ဖွဲ့တွေ လက်ဘနွန်နိုင်ငံကို ၀င်ရောက်နိုင်တဲ့နေ ရာ ဖြစ်ပါတယ်။

ကူဆာအီတိုက်ပွဲမှာ Hezbollah စစ်သွေးကြွတွေ ပါဝင်လာတာကြောင့် ဆီးရီးယားပဋိပက္ခနဲ့ ကျယ်ပြန့်လာနိုင်တာကြောင့် နိုင်ငံတကာက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ သမ္မတ အာဆတ်အစိုးရက ကူဆာအီတိုက်ပွဲမှာ နိုင်ငံခြားက တိုက်ခိုက်ရေးသမားတွေ အသုံးပြုနေတဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့အပတ်က ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယား အကြပ်အတည်း အဆုံးသတ်ရေး ငြိမ်းချမ်းရေး ညီလာခံတစ်ရပ် ကျင်းပဖို့ ကုလသမဂ္ဂ၊ ရုရှားနဲ့ အမေရိကန် ပြည်ထောင်စုက ကိုယ်စားလှယ်တွေ ဒီကနေ့ ဂျနီဗာမြို့မှာ ဆွေးနွေးနေကြပါတယ်။

ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ ပူးပေါင်းပြီး အသွင်ကူးပြောင်းရေး အစိုးတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

ဆီးရီးယားသမ္မတအပေါ် သစ္စာခံတပ်တွေက ကူဆာအီမြို့ လမ်းမတလျှောက် အမျိုးသားအလံကို ကိုင်ဆောင်ပြီး လမ်းလျှောက်လာစဉ် (၅ ဇွန် ၂၀၁၃)
VOA Burmese
ဆီးရီးယားသမ္မတအပေါ် သစ္စာခံတပ်တွေက ကူဆာအီမြို့ လမ်းမတလျှောက် အမျိုးသားအလံကို ကိုင်ဆောင်ပြီး လမ်းလျှောက်လာစဉ် (၅ ဇွန် ၂၀၁၃)
လက်ဘနွန်နိုင်ငံရှိ Hezbollah တိုက်ခိုက်ရေးသမားတွေကို ကျောထောက်နောက်ခံ ပေးနေတဲ့ ဆီးရီးယား တပ်ဖွဲ့တွေက လက်ဘနွန်နယ်စပ်ရှိ မဟာဗျူဟာကျတဲ့ ကူဆာအီမြို့ကို လုံးဝ ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ပါ တယ်။ အဲ့ဒီမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ၃ ပတ်ကြာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ရို ဟင် ဂျာ များ ကို လက် ခံ မည့် တတိယနိုင်ငံမရှိ

နယူးဒေလီ (မဇ္ဈိမ)။   ။ထိုင်းနိုင်ငံတွင် ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံမှ ထွက်ပြေးရောက်ရှိ လာကြသော ရိုဟင်ဂျာ ၂,၀၀၀ ခန့်အား ခေါ်ယူလက်ခံမည့် တတိယနိုင်ငံ ရှာဖွေမရနိုင်ဖြစ်နေကြောင်း ထိုင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်အတွင်း ရုံးစိုက်မည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ ကန့်ကွက်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ရွာ၌ ဆိုင်းဘုတ်တင်ကာ ရုံးဖွင့်ရန်စီစဉ်နေသော ဦးအေးလွင် ဦးစီးသည့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီအား ရွာသူ ရွာသားများက လေးရက်တိုင် ကန့်ကွက်ဆန္ဒပြကြ၍အစီအစဉ် ရုပ်သိမ်းလိုက်ရသည်ဟု ထိုဒေသ နယ်ခြားစောင့် တပ်မှ တာဝန်ကျ အရာရှိက ပြောသည်။

မုံရွာတွင် လေပြင်းတိုက်၍ အဆောက်အအုံတချို့ ပျက်စီး

မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာတွင် ဇွန်လ ၂ ရက်၊ ညနေ ၅ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်ခဲ့ရာ လူနေအိမ် တချို့နှင့် အခြားအဆောက်အဦးများ ပျက်စီးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

လက်ပံတောင်း အရေးဆောင်ရွက်သူ ၁၅ ဦး ဖမ်းဝရမ်းထုတ်ခံရ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေးမှာ ပါဝင်ခဲ့သူ ဒေသခံ ၇ ဦးနဲ့ ကူညီဆောင်ရွက်ပေးနေသူ ၈ ဦးကို ရွှေဘိုမြို့နယ်တရားရုံးက တရားခံပြေး အဖြစ် သတ်မှတ်ပြီး တရား ရင်ဆိုင်ဖြေရှင်းဖို့ သတိပေးကြေညာချက်တစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

တားမြစ်ခံရသော ကုန်တင်ကားများ ၄၃ နာရီခန့်အကြာတွင် နားလည်မှုဖြင့် နင်းကြမ်းဂိတ်မှ တစ်ခေါက် ထွက်ခွင့်ရ

Photo: တားမြစ်ခံရသော ကုန်တင်ကားများ ၄၃ နာရီခန့်အကြာတွင် နားလည်မှုဖြင့် နင်းကြမ်းဂိတ်မှ တစ်ခေါက် ထွက်ခွင့်ရ
Wednesday, June 5, 2013

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အင်းဓဝယ်ကျေးရွာအုပ်စု နင်းကြမ်း (ငြိမ်းချမ်း) ကျေးရွာ Toll Gate တွင် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း က ယာဉ်နှင့်ကုန် (၁၆)တန် အထက် ကုန်တင်ယာဉ်ကြီး များ ဖြတ်သန်းသွားလာခွင့် ကန့်သတ်တားမြစ်ခံ ရသော ယာဉ်များ ဇွန် ၄ ရက် နေ့လည် ၁ နာရီခန့်တွင် ညှိနှိုင်းမှုရရှိပြီး နားလည် မှုဖြင့် တစ်ခေါက် သွားခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်တင်ယာဉ်များအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မှ
ဟင်္သာတ-ဇလွန် လမ်းပိုင်းအား မိုးရာသီကာလဖြစ်သော ဇွန် ၁ ရက် မှ
စက်တင်ဘာလကုန် အထိ ယာဉ်နှင့် ကုန် ၁၆ တန် အထက် ယာဉ်များ
ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ကြိုတင်အသိပေးခြင်း မရှိဘဲ ဇွန် ၂ ရက်
ညနေ ၅ နာရီခန့်၌ ကြေညာဆိုင်းဘုတ်ထောင်၍ တားမြစ်ခဲ့သည့်အတွက် ယင်း ToLL Gate တွင် ဇွန် ၂ ရက် ညနေမှ စပြီး ကုန်တင်ယာဉ်များ ရပ်တန့်ခဲ့ကာ ဇွန် ၄ ရက် နေ့လည် ၁ နာရီခန့်တွင် ညှိနှိုင်းရရှိသဖြင့် နားလည်မှုသဘောဖြင့် တစ်ခေါက်သာ ခွင့်ပြုခဲ့ကြောင်း ယာဉ်ပိုင်ရှင်များထံက သိရသည်။

ထိုသို့ တားမြစ်ခံရစဉ်အချိန် ၄၃ နာရီအတွင်း Green Land ဆီဆိုင်မှ
ဆီဘောက်ဆာ (၂၁)တန်ခန့် ရှိကား များ ဖြတ်သန်းသွားလာခဲ့၍ တားမြစ်ခံရသော ယာဉ်များမှ ဆောက်လုပ်ရေးဌာနအား တရားစွဲဆိုရန် တိုင်ကြား အသိပေးခဲ့သော်လည်း နောက်ထပ်မဖြစ်ရန် ကြပ်မတ်ပေးမည်သာ အဖြေရခဲ့ကြောင်း၊ လမ်းပိုင်း ပိတ်ပင်မှု အတွက် လောလော ဆယ် နားလည်မှုဖြင့် တစ်ခေါက်သွားခွင့် ရခဲ့သော်လည်း ဆက်လက် တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း
ယာဉ်ပိုင်ရှင်များထံက သိရသည်။

ဟင်္သာတမြို့နယ်အတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် လက်ရှိအသုံးပြု
သွားလာလျှက်ရှိသော (၈)ဘီး၊ (၁ဝ)ဘီး နှင့် (၁၂) ဘီး ကုန်တင်ယာဉ်
(၄၄)စီးခန့် ရှိပြီး မှီခိုသူ ဦးရေ (၂ဝဝ)ကျော် ရှိကြောင်း မြို့နယ် ကုန်ကားကြီးများ အသင်း ထံက သိရသည်။

Hinthata HumanRights
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အင်းဓဝယ်ကျေးရွာအုပ်စု နင်းကြမ်း(ငြိမ်းချမ်း) ကျေးရွာ Toll Gate တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း က ယာဉ်နှင့်ကုန် (၁၆)တန် အထက် ကုန်တင်ယာဉ်ကြီး များ ဖြတ်သန်းသွားလာခွင့် ကန့်သတ်တားမြစ်ခံရသော ယာဉ်များ ဇွန် ၄ ရက် နေ့လည် ၁ နာရီခန့်တွင် ညှိနှိုင်းမှုရရှိပြီး နားလည်မှုဖြင့် တစ်ခေါက် သွားခွင့်ပြုခဲ့ကြောင်း သိရသည်။

ပုရိန်ကုန်းရွာ အဓိကရုဏ်းမှာ လူ ၄ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကုန်းကျေးရွာမှာ မနေ့က ညနေပိုင်းက အာဏာပိုင်တွေ နဲ့ ဒေသ ခံတွေအကြား အဓိကရုဏ်းဖြစ် ပွားခဲ့ပြီး အာဏာပိုင်တွေရဲ့ သေနတ်ပစ်ဖောက်မှုကြောင့် လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အားလုံးမှ မူလတန်းကျောင်းသား အတွက် (၁)ဦးလျှင် (၁၀၀၀ိ-/)ကျပ်ထောက်ပံ့ကြေး မပေးနိုင်သေးဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တိုင်းတွင် ဖွင့်လှစ်ထားရှိသော အခြေခံပညာမူလတန်းကျောင်း များရှိ ကျောင်းသား/သူ ကလေးများအား တစ်ဦးလျှင် ကျပ်(၁၀၀၀ိ-/) တစ်ထောင် နှုံးဖြင့် နိုင်ငံတော် မှ ထောက်ပံ့မည် ဆိုသော ထောက်ပံ့ကြေးငွေအား ယနေ့အထိ မည်သည့်မြို့နယ်က အခြေခံပညာ မူလတန်းကျောင်းမျှမရရှိသေးကြောင်း အခြေခံပညာမူလတန်းကျောင်း များမှ ကျောင်းအုပ် ဆရာ/မ ကြီးများက သလ္လာဝတီတိုင်းမ် သို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရနှင့်ပြည်သူ ပူးပေါင်းရန်လို

Photo: သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရနှင့်ပြည်သူ ပူးပေါင်းရန်လို
Wednesday, June 5, 2013

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိရောက်အောင် ဆောင်ရွက်ရာမှာ အစိုးရနဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ဖို့ လိုအပ်နေသေးတယ်လို့ လှုပ်ရှားကြသူတွေက ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ အခုလို ပြောကြားလိုက်ကြတာပါ။

သဘာဝပပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ မန္တလေးစိမ်းရောင်စိုအဖွဲ့က မန်းတောင်ခြေနဲ့ ရာပြည့်ရွှေကျင်ကျောင်းတိုက်မှာ သစ်ပင် ၅၀၀ စိုက်ပျိုးခဲ့ကြပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အစိုးရနဲ့ ပြည်သူအကြား အဆင့်ဆင့်ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ စိမ်းရောင်စိုဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောပါတယ်။

““အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်မှုပိုင်းလိုတာတွေ့ရပါတယ်။ အစိုးရ၊ တာဝန်ရှိသူအပိုင်းဆိုရင်လည်း အမိန့်၊ ထုတ်ပြန်ချက်၊ ကြေညာချက် သဘောတရားမှာ စာတွေအပေါ်မှာတွေ့တယ်၊ အောက်ခြေအဖွဲ့ အစည်း ဖော်ဆောင်မှုမှာ အားနည်းနေတာတွေ့တယ်။ နောက် တဦးချင်းစီမှာ တာဝန်ယူ၊ တာဝန်သိတတ်မှုအပိုင်းလည်း လိုနေပါသေးတယ်။ ကျနော်တို့အဖွဲ့အစည်းတွေလည်း လိုအပ်နေတာတွေ ရှိပါတယ်။”

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ အမှိုက်ကောက်တာ၊ သစ်ပင်စိုက်တာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ ဟောပြော ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် နာရေးကူညီမှုအသင်းမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ကာတွန်းဆရာအော်ပီကျယ်နဲ့ စာရေးဆရာမ သန်းမြင့်အောင်တို့က သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ဟောပြောခဲ့ကြ သလို ဗိုလ်မှူးဗထူးလမ်းမှာလည်း ဦးကျော်သူဦးဆောင်ပြီး သစ်ပင် ၁၅၀ ကိုလည်း စိုက်ပျိုးကြပါတယ်။

ပြီးခဲ့တဲ့လပိုင်းက အနုပညာရှင်တွေ အဆိုတော်တွေ ပူးပေါင်းပါဝင်မယ့် အမှိုက်ကောက်ယူမှုကို ရန်ကုန်မှာလုပ်ဖို့ စီစဉ်ပေမယ့် စည်ပင်သာယာက တားမြစ်လို့ မလုပ်ဖြစ်ခဲ့ဘူးလို့ ဦးကျော်သူက ပြောပါတယ်။

“သူတို့က ဟောပြောပွဲအနေနဲ့ သူတို့နဲ့ ပူးပေါင်းလုပ်ရင်တော့ ရတယ်ပြောတယ်။ ဟောပြောပွဲကတော့ ကိုယ့်ဘာသာ လုပ်တော့မှာပေါ့။ သဘာဝပတ်ဝန်းကျင်ကို နိုင်သလောက်ပဲ လုပ်လိုက်တာပေါ့။ အမှိုက်ကောက်လိုက်တာလည်း ရေရှည်ကောက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် စံပြ နမူနာအနေနဲ့ အမှိုက်ကို စည်းမဲ့ကမ်းမဲ့ပစ်တာ အင်မတန်ရှက်ဖို့ကောင်းတယ်ဆိုတဲ့ အသိတရားလေး အများပြည်သူသိအောင် လုပ်ပြဖို့ပဲရှိတာပါ။ ဂီတသမားတွေ၊ စာပေ၊ အနုပညာရှင်တွေလည်း ပါလာတယ်။ အဲနေ့ကျမှ ကောက်ခွင့် မရတာဆိုတော့ မကောက်တော့ဘူး။”

မန္တလေးနည်းပညာတက္ကသိုလ်ကျောင်းသားတွေကလည်း ကျောင်းပတ်ဝန်းကျင်မှာ ဒီနေ့ အမှိုက်ကောက်ယူခဲ့ကြတယ်လို့ ကျောင်းသားတဦးဖြစ်တဲ့ ကိုထွဋ်မြတ်က ပြောပါတယ်။

“ပထမဆုံးသတိထားမိတာက အမှိုက်တွေလိုက်ကောက်ရင်းနဲ့ ကိုယ်တိုင် အမှိုက်မပစ်မိဖို့ သိလာတယ်။ အမှိုက်လိုက်ကောက်မှပဲ ပြီးစလွယ် အမှိုက်ပစ်တာတွေအပေါ် ကိုယ်ချင်းစာစိတ်နဲ့ အမှိုက်ကောက်ရတာ ဒီလိုပါလားပေါ့။ ပလတ်စတစ်အမှိုက်တွေ လိုက်ကောက်ရင်း ဒါနဲ့ပတ်သက်တဲ့ အသိပညာရတာပေါ့။ အမှိုက်ကောက်တယ်၊ သစ်ပင်စိုက်တယ်၊ လိုအပ်တဲ့ ကျောင်းတွေမှာ အမှိုက်ပုံးတွေ လိုက်ထားပေးတယ်။ ကျောင်းသားတွေက နေ့တိုင်း အမှိုက်မကောက်နိုင်ဘူးလေ။ အမှိုက်ပစ်ရင် အမှိုက်ပုံးရှိအောင် လိုက်ထားပေးတယ်။”

မန္တလေးတောင်ခြေ ရွှေကျင်ကျောင်းကြီးတွင် သစ်ပင်များ စိုက်ပျိုး(Photo_ Kyaw Soe Min)

DVB News
မန္တလေးတောင်ခြေ ရွှေကျင်ကျောင်းကြီးတွင် သစ်ပင်များ စိုက်ပျိုး(Photo_ Kyaw Soe Min)
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိရောက်အောင် ဆောင်ရွက်ရာမှာ အစိုးရနဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ဖို့ လိုအပ်နေသေးတယ်လို့ လှုပ်ရှားကြသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ၊ အထူးစုံစမ်းစစ်ဆေးရေး ဌာနတို့ပူးပေါင်း၍ လူကုန်ကူးခံရသူများအား ကယ်တင်

Photo: မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ၊ အထူးစုံစမ်းစစ်ဆေးရေး ဌာနတို့ပူးပေါင်း၍ လူကုန်ကူးခံရသူများအား ကယ်တင်
Wednesday, June 5, 2013

၂.၅.၂၀၁၃ ရက်နေ့တွင် မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (Associaltion of Human Rights Defenders and Promoters) ဒါရိုက်တာဖြစ်သူ ဦးမြင့်အေးက မဟာမဲခေါင်ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံချက်(UNIAP) မှတဆင့် တိုင်စာ(၁)စောင်
ပေးပို့ခဲ့ပါသည်။

အဆိုပါတိုင်စာ၌ ၁၂-၁-၂၀၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊
မြောက်ဥက္ကလာပ မြို့နယ်၊ (၂)ရပ်ကွက်၊ နိဗ္ဗာန်လမ်းနေ သဲသဲဝင်း(ခ) သက်သက်ဝင်း(၄၅)နှစ်မှ မြဝတီမြို့၊ ပြောင်းဖူးစက်ရုံတွင် စရိတ်ငြိမ်း တစ်လလျှင်(၃)သိန်းကျပ်ဖြင့် အလုပ်ရမည်ဟုပြောဆိုစည်းရုံး၍ ၉.၂.၂၀၁၃ ရက်နေ့တွင် မောင်××××ပါ(၁၁)ဦးနှင့် မောင်××××××ပါ(၁၀)ဦးအား သက်သက်ဝင်း နှင့် တူမဖြစ်သူ စုမာ(၂၇)နှစ်တို့က ရန်ကုန်-မုဒုံ-ဘုရားသုံးဆူမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ကန်ချနာပူရီခရိုင်၊ ထမ္မကာမြို့နယ်၊ ဆင်သော်ရပ်ကွက်၊ ဝိုင်တဖုစက်ရုံသို့ ကား/ဆိုင်ကယ်/ ခြေလျင်ခရီးတို့ဖြင့် အဆင့်ဆင့် ပို့ဆောင်ခဲ့ကြောင်း၊ မူလပြောဆိုထားသည့် မြ၀တီမြို့မဟုတ်ဘဲ ထိုင်းနိုင်ငံသို့ ခေါ်ဆောင် သွားခြင်းဖြစ်ပြီး လမ်းခရီး၌ ညအိပ်ရပ်နားစဉ် ချုပ်နှောင်ခံရခြင်း၊ စက်ရုံတွင် ၄ လကြာ လုပ်ခဲ့ရသော်လည်း လုပ်အားခမပေးခြင်း၊ ၎င်းတို့က နေရပ်သို့ပြန်လိုသော်လည်း
ပြန်ခွင့်မပေးဘဲ ငွေကျပ် ၇ သိန်းခွဲပေးမှသာ ပြန်ခွင့်ပေးမည်ဟုပြောဆိုခြင်း၊ သက်ဆိုင်ရာသို့ တိုင်ကြားပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းတို့
ပြုလုပ်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

၃၀.၃.၂၀၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဝိုင်တဖုစက်ရုံမှ ထွက်ပြေး လွတ်မြောက်လာသော တိုင်ကြားစာပါသူများအနက် မောင်×××××အား ရန်ကုန်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့နှင့် UNIAP တို့၏
တွေ့ဆုံမေးမြန်းဖော်ထုတ်ချက်များအရ သက်သက်ဝင်းနှင့် ၎င်း၏သမီးဖြစ်သူ ဝင်းသန္တာအောင်၊ စုမာတို့အား မြောက်ဥက္ကလာပ ရဲစခန်း(ပ)၃၀၀/၂၀၁၃၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ ၁၀.၄.၂၀၁၃ ရက်နေ့တွင် အမှုဖွင့်အရေးယူခဲ့သည်။

၎င်းအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ်သည် ထိုင်းနိုင်ငံ၌ပြုလုပ်သော COMMIT လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ၂၃.၄.၂၀၁၃ ရက်နေ့မှ ၂၆.၄.၂၀၁၃ ရက်နေ့ထိ တက်ရောက်ခဲ့သည့်ခရီးစဉ်တွင် ထိုင်းနိုင်ငံရှိ အထူးစုံစမ်း စစ်ဆေးရေးဌာန(DSI)အဖွဲ့နှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများအား ကယ်တင်စောင့်ရှောက် နေသည့်အဖွဲ့များဖြစ်သော Myanmar Association in Thailand-MAT, Labour Protection Network-LPN တို့နှင့် တွေ့ဆုံ၍ လုပ်ငန်းများပူး ပေါင်းညှိနှိုင်း
ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ပါသည်။

၂၅.၅.၂၀၁၃ ရက်နေ့တွင် ဝိုင်တဖုစက်ရုံမှ ထပ်မံထွက်ပြေး လွတ်မြောက်လာသူ (၃)ဦးအား ရန်ကုန်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုနှင့် UNIAP တို့က တွေ့ဆုံမေးမြန်းခဲ့ရာ တိုင်ကြားစာပါသူ (၂၁)ဦးအနက် ၂.၁.၂၀၁၃ ရက်နေ့တွင် မောင်×××××ပါ(၁၁)ဦးအား လည်းကောင်း၊ ၉-၂-၂၀၁၃ ရက်နေ့တွင် မောင်××××ပါ(၁၀)ဦးတို့အား လည်းကောင်း သက်သက်ဝင်းက တစ်လလျှင် စရိတ်ငြိမ်း(၃)သိန်းကျပ် ရရှိမည်ဟုစည်းရုံးပြီး ၎င်းနှင့်စုစုမာတို့ဦးဆောင်၍ ဝိုင်တဖုစက်ရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အလုပ်ဝင်သောအခါ လစာငွေများကို သက်သက်ဝင်းကထုတ်ယူပြီး ခရီးစရိတ် ၅ သိန်း၊ စားသောက်စရိတ် ၇ သောင်း၊ ပုလိပ်ကြေး ၂ သောင်း၊ ဝတ်စုံစရိတ် ၃ သောင်းတို့ အတွက် တစ်ဦးချင်းစီထံမှ လစဉ်ထုတ်နှုတ်ဖြတ်တောက်ယူခဲ့ကြောင်း၊ လစဉ် ငွေတစ်ကြိမ် ထုတ်တိုင်း သက်သက်ဝင်းကအလုပ်သမားတစ်ဦးစီအား ဘတ်(၁၀၀)ပေးသုံးသော်လည်း ၎င်းငွေကို ဘတ်(၂၀)အတိုးယူပြီး
နောက်တစ်ကြိမ်လစာထုတ်ပါက ဘတ်(၁၂၀)ဖြတ်တောက်ခဲ့ကြောင်း၊ ထမင်းအဝကျွေးသော်လည်း ဟင်းမှာအဆင်မပြေကြောင်း၊ သက်သက်ဝင်း အပါအဝင် အလုပ်သမား များမှာ စက်ရုံမှ ၁၅ မိနစ်ခန့် လမ်းလျှောက်ရသည့် တိုက်ဝါအမှတ်(၁၆၀)တွင် စုပေါင်းနေထိုင် ကြကြောင်း မေးမြန်းဖော်ထုတ် ရရှိသည့်သတင်းများအရ သက်သက်ဝင်း၏သမီးဖြစ်သူ ဝင်းသန္တာအောင်အား ၃၀.၅.၂၀၁၃ ရက်နေ့တွင် မြောက်ဥက္ကလာပရဲစခန်း(ပ)၄၃၇/၂၀၁၃၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၂၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အမှုမှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဝိုင်တဖုစက်ရုံတွင် ကျန်ရှိနေသော လူကုန်ကူးခံရသူများအား ကယ်တင်ရေးတို့ အတွက် နှစ်နိုင်ငံအပြန် အလှန်ပူးပေါင်း ဆက်သွယ်ခဲ့ပြီး ပြစ်မှုကျူးလွန် သူများ၏ ကိုယ်ရေးအချက်အလက်များပေးပို့ခြင်း၊ စက်ရုံသို့ သက်သက်ဝင်း ပို့ဆောင်ထားသော မြန်မာအလုပ်သမားများအမည်စာရင်းနှင့် ကယ်တင်ရမည့် သူများစာရင်း ပေးပို့ခြင်း၊ DSI ၏ တောင်းဆိုချက်အရ
မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှဖမ်းဝရမ်းများကို နိုထြီ ပြုလုပ် ချက်ပေးပို့ခြင်း၊ (DSI)အဖွဲ့မှ ဝိုင်တဖုစက်ရုံရှိ အလုပ်သမား ၇ ဦးအား ကယ်တင် စောင့်ရှောက်ထားကြောင်း အသိပေးအကြောင်းကြားခြင်း၊ ကျန်ရှိနေသော အလုပ်သမားများအား ဆက်လက် ကယ်တင်ပေးရန်နှင့်
ပြစ်မှုကျူးလွန်သူများအား အမြန်ဖမ်းဆီးပေးရန် မေတ္တာရပ်ခံစာ
ပေးပို့ခြင်း၊ MPF, DSI, UNIAP နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ ရရှိသော သတင်းအချက် အလက်များအား အပြန်အလှန်ဖလှယ်ခြင်းတို့ကို အဆက်မပြတ်ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့သို့ ပူးပေါင်းဆောင်ရွက် မှုများကြောင့် ဝိုင်တဖုစက်ရုံတွင် ကျန်ရှိနေသော မြန်မာအလုပ်သမား(၈)ဦး တို့အား ၁၈.၅.၂၀၁၃ ရက်နေ့တွင်လည်းကောင်း၊ နောက်ဆုံး ကျန်ရှိသောမြန်မာအလုပ်သမား (၆)ဦးအား ၃၀.၅.၂၀၁၃ ရက်နေ့တွင်လည်းကောင်း ကယ်တင်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ shelter တွင် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သည့်အပြင် ၃၀.၅.၂၀၁၃ ရက်နေ့တွင်ပင် တရားခံ သက်သက်ဝင်းအား DSI အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
ထိုသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့(MPF)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)၊ မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် လူကုန်ကူးခံရသူများ အား ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးမှု နှင့်ပတ်သက်သည့် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီး အရေးယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရဲဇာနည်
၂.၅.၂၀၁၃ ရက်နေ့တွင် မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (Associaltion of Human Rights Defenders and Promoters) ဒါရိုက်တာဖြစ်သူ ဦးမြင့်အေးက မဟာမဲခေါင်ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံချက်(UNIAP) မှတဆင့် တိုင်စာ(၁)စောင် ပေးပို့ခဲ့ ပါသည်။

Wikileaks က ပေါက်ကြားခဲ့သမျှ

Photo: Wikileaks က ပေါက်ကြားခဲ့သမျှ
Wednesday, June 05, 2013

နာဂစ်နှင့် အမေရိကန်သံရုံး

ထိုနေ့သည် ပုံမှန် နွေနှောင်းရက် တစ်ခုလိုပင် ဖြစ်သည်။ ထိုနေ့သည် မြန်မာနိုင်ငံသို့ မုန်တိုင်း မဝင်ရောက်လာခင် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ အစောပိုင်း ဖြစ်သည်။ ရန်ကုန်မြို့ရှိ လေအေးစက် မလုံလောက်သော အခန်းများအတွက် ပုံမှန်အတိုင်း ပူလောင် အိုက်စပ်နေခဲ့ခြင်းသည် မည်သို့မျှ မထူးခြားသည့်နေ့များ အတိုင်းသာ ဖြစ်သည်။

ဟိုးအဝေး မြစ်ဝကျွန်းပေါ်အောက်ပိုင်းမှ တောင်သူလယ်လုပ်များက ရာသီဥတု၏ ထူးခြားမှုကို ပို၍ အကဲခတ်တတ် ခဲ့မည်လား။ မိုးကောင်းကင်ကို ကြည့်၍ လည်းကောင်း၊ လေလာရာအရပ်နှင့် လေတိုက်ပုံကို ကြည့်၍ လည်းကောင်း ရာသီဥတုကို ဖတ်တတ်လေ့ရှိသော သူတို့သည် ယခုတစ်ကြိမ် တွင်မူ မနက်ဖြန်၏ အတိုင်းအဆကို ကြိုမမြင်နိုင် ကြသူများဖြစ်သည်။ သူတို့ရင်ခွင်ထဲမှ နို့စို့အရွယ် ကလေးများ လာမည့် နာရီပိုင်းတွင် ပြင်းထန်သော ရေစီးကြောင်းထဲ မျောပါ သွားတော့မည်ကို မသိသေးသည့် အချိန် ဖြစ်သည်။ သူတို့ နွေစပါးခင်းများမှ စပါးရွှေဝါတို့သည် ပြင်းထန်သော ရေလုံး ကြီးအောက်တွင် အမှုန်အမွှားမျှ ကုန်းကောက်စရာ မကျန်မည်ကို စိုးစဉ်းမျှ မတွေးရသေးသော ကာလဖြစ်သည်။ မိန်းမတို့သည် ဒိုးတူပေါင်ဖက် သေအတူရှင် အတူပေါင်းရန် ရည်စူးသော ခင်ပွန်းသည်များ မနက်ဖြန် အိမ်ပြန်လာကြမည် မဟုတ်သည်ကို မသိသေးသည့်နေ့ ဖြစ်သည်။ ခင်ပွန်းသည် များသည် နောက်တစ်ရက်တွင် လောကအလယ်၌ မုဆိုးဖိုအဖြစ် သောကဝေနေရမည့် အဖြစ် မရိပ်မိတတ်သေးသော နေ့လည်း ဖြစ်သည်။

ရွာဦး ဘုန်းကြီးသည် ယခုနှစ်ဝါဆိုစရာ ကျောင်းအတွက် ပူပင်စရာ မလိုခဲ့သော နောက်ဆုံးနေ့လည်း ဖြစ်သည်။ ကလေးများသည် သည်လကုန်လျှင် ကျောင်းတက်စရာ ကျောင်းစုတ်ကလေး တစ်ခုတော့ ရှိမြဲရှိမည်ဟု မျှော်လင့်ခဲ့ကြ မည်ပင်။ ထိုနေ့တွင် ကလေးတို့သည် မိဘမဲ့ ဘဝကို နောက်ထပ် ၂၄ နာရီ အတွင်း ကျရောက်တော့မည်ကို ပူပန်စရာ မလိုခဲ့သေး သည့်နှယ်။

ထိုအဖြစ်အပျက်များကို ပြေးမမြင်သော်လည်း ကြိုတင် တွက်ဆနိုင် သူတို့ရှိခဲ့ ကြသည်။ သတင်းအချက်အလက် ရယူမှု၊ ရယူသည့် အချက်အလက် ကို သုံးသပ်နိုင်မှု၊ သုံးသပ်ချက် ရလဒ်အတိုင်း ပြင်ဆင်မှု ဆောက်ရွက်နိုင်သူ တို့မှာ သဘာဝ ဘေးဒဏ်ကို ကာကွယ်ရာတွင် သာစမြဲ။ လယ်ထဲ၊ ချောင်းထဲမှာ ကလေးများ၊ အမေနှင့် အဖေများ၊ အဘိုးအဘွားများသည် နာဂစ်၏ ဘေးဒဏ် ကို မခန့်မှန်းနိုင်ဘဲ စင်းစင်းကြီး ခံသွားကြရချိန်တွင် ဆိုင်ကလုန်း နောက်ဆက်တွဲ ဖြစ်နိုင်ခြေများကို ကြိုတင် ခန့်မှန်းနေခဲ့သော ဌာနကြီးတစ်ခု ရှိခဲ့လေသည်။ ကံအကြောင်း မလှစွာပင် ထိုဌာနကြီးမှ မုန်တိုင်းသတိပေး သတင်းစကားတို့သည် လေဘေး သင့်ခဲ့သော မြို့ငယ် ရွာငယ်တို့ထံ ပျံ့လွင့်ဟန် မရှိပေ။ ထို ဌာနကြီးကား ရန်ကုန်ရှိ အမေရိကန်သံရုံး ပင်တည်း။ ၂၀၁၁ ခုနှစ်ထဲတွင် Wikileaks က ပေါက်ကြားခဲ့သည့် ၂.၅.၂၀၀၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ရန်ကုန်-ဝါရှင်တန် ကြေးနန်းများ အရ နာဂစ်ဘေးကို ပေါ့ပေါ့မထားခဲ့သော သံရုံး၏ ကြိုတင် လှုပ်ရှားမှုများ မှတ်တမ်းကို သိနိုင်ပေသည်။ သမိုင်းထဲမှ အရေးကြီးသည့် သင်ခန်းစာ တစ်ခုကို Wikileaks ကြေးနန်းကို အကြောင်း ပြု၍ လေ့လာ နိုင်ကြသည်ပင်။ အမေရိကန်သံရုံးသည် ထိုနေ့ ရက်စွဲဖြင့် မုန်တိုင်းသတင်း ကြေးနန်းကို ဝါရှင်တန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနကို သာမက နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်ကြသော ကုလသမဂ္ဂနှင့် အာဆီယံ တို့သို့လည်း ဖြန့်ဝေခဲ့သည်။

ကြေးနန်းအမှတ် - 08RANGOON306 _ a 

နာဂစ် ဆိုင်ကလုန်းသည် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ ဦးတည်နေချေပြီ။ ယနေ့ ၆း၃၀ နာရီ တွင် မုန်တိုင်းသည် ကုန်းတွင်းသို့ ဝင်ရောက်လာတော့ မည်ဟု ခန့်မှန်းရသည်။ နောက်ဆုံးရရှိသော သတင်းများအရ နာဂစ် လမ်းကြောင်းသည် ရန်ကုန်ကို နီးကပ်စွာ ဖြတ်သန်း လိမ့်မည်ဟု ယူဆရသည်။ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၁၅ မိုင်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး ကုန်းတွင်းပိုင်းသို့ ရောက်ရှိလာပြီး အချိန်အနည်းငယ် အကြာတွင် အားနည်းပျက်ပြယ် သွားမည်ဟု မျှော်လင့်ရသည်။ ရန်ကုန်သို့ မုန်တိုင်း ရောက်ရှိချိန်တွင် ပြင်းအားမှာ တစ်နာရီကိုမိုင် ၈၀ ကျော်ခန့် ရှိမည်ဟု တွက်ချက်ကြသည်။ ရန်ကုန်ရှိ အမေရိကန်သံရုံး အနေဖြင့် မုန်တိုင်း အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပြီး မြစ်ဝကျွန်းပေါ် အနောက်ဘက် ကမ်းရိုးတန်း တစ်လျှောက်ရှိ အပန်းဖြေ ကမ်းခြေစခန်းများသို့ တယ်လီဖုန်းဖြင့် အကြောင်း ကြားထားသည်။ အပန်းဖြေနေသော အမေရိကန် ခရီးသွားများကြား သိနိုင်ရန် ဖြစ်သည်။ အပန်းဖြေစခန်း အတော်များများသည် မိုးဦးကျ ဖြစ်သောကြောင့် မူလကပင် ပိတ်ထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် နောက်ဆုံး ဖြစ်ပေါ်ခဲ့သော မုန်တိုင်း ကြီးကြီးမားမားမှာ ရခိုင်ပြည်နယ်တွင် ၂၀၀၄ ခုနှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်း ဖြစ်သည်။ မုန်တိုင်းငယ်များလည်း ဝင်ရောက် လာတတ်ရာ လူ ၁၇ ဦး သေဆုံးပြီး ဒေသခံ ခုနစ်သောင်းခန့် ရေကြီးသည့်ဒဏ်ကို ခံစားခဲ့ရသော ယမန်နှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်းသည်လည်း အပါအဝင် ဖြစ်သည်။

မုန်တိုင်းဘေးသင့် ဒေသများတွင်ရှိသော စစ်ဘက်မှ တိုင်းမှူးများသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အတူ ကယ်ဆယ်ရေးနှင့် လုံခြုံရေးကို ဆောင်ရွက်ပေးရန် တာဝန် ယူထားရသည်။ အမေရိကန် စစ်သံမှူးရုံး (DATT) သည် မုန်တိုင်း တိုက်ခတ်မည့် ဒေသများမှ တိုင်းမှူးများနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ရေး မြန်မာစစ်ဘက်မှ ဆက်သွယ်ရေးအရာရှိကို ချိတ်ဆက်ပေးရန် အကြောင်းကြားထားရာ ထိုသူက အစဉ်အလာအတိုင်း စာဖြင့် ရေးသား ဆက်သွယ်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ယခုအချိန် ထိ DATT သည် အကြောင်း ပြန်စာ မရရှိသေးပေ။ မြန်မာ့ ကြက်ခြေနီအသင်း၏ အဆိုအရ အစိုးရ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနသည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးများကို မုန်တိုင်း ဝင်ရောက်နိုင်ကြောင်း အကြောင်း ကြားထား ပြီးပြီဟု ဆိုသည်။ မြို့နယ် ထွေအုပ်ရုံးများသည် ကြက်ခြေနီ အပါအဝင် ဒေသခံ NGO များနှင့် ပူးပေါင်း ပြင်ဆင်ရန် ညွှန်ကြားချက် ရရှိထားသည်။မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRC) သည် နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း (IFRC) ဌာနေကိုယ်စားလှယ် ရုံးခန်းနှင့် ဆက်သွယ်ပြီး ဖြစ်သည်။ မုန်တိုင်း ဖြစ်လာလျှင် IFRC သည် ကုလသမဂ္ဂနှင့် အတူ နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ရရှိနိုင်ရေး တွင် ဦးဆောင် နိုင်မည့်အဖွဲ့ ဖြစ်သည်ဟု မျှော်လင့်ရသည်။ မုန်တိုင်းအရိပ် အရောင်များကြောင့် မေလ ၃ ရက် စနေနေ့တွင် ပြည်တွင်း ပြေးဆွဲနေသည့် လေကြောင်းများ ရပ်နားထားမည် ဖြစ်ကြောင်း သံရုံးက အကြောင်း ကြားစာ ရရှိထားသည်။ ယနေ့ (မေလ၂ရက်) တွင် ရန်ကုန်မှ ပြေးဆွဲသော လေယာဉ် ဟူ၍ မန္တလေးသို့ ထွက်ခွာသော လေယာဉ် တစ်စင်းသာ ရှိသည်။ အစိုးရသည် လေယာဉ် အားလုံးကို မန္တလေးလေဆိပ်သို့ ရွှေ့ပြောင်းထားပြီး ဖြစ်သည်။

ကုလသမဂ္ဂနှင့် ဆက်စပ် လှုပ်ရှားနေသော မိတ်ဖက် အဖွဲ့အစည်းများသည် ယခု စနေ၊ တနင်္ဂနွေတွင် ပြောင်းလဲ ဖြစ်ပေါ်နေသော အခြေအနေများ ကိုမျက်ခြည် မပြတ်ဘဲ စောင့်ကြည့်ခြင်း၊ အထိအခိုက် မည်မျှ ဖြစ်နိုင်သည်ကို သုံးသပ်ခြင်းများ ပြုလုပ်ကာ အချင်းချင်း ဆက်သွယ်နေကြမည် ဖြစ်သည်။ အကယ်၍ လိုအပ်လျှင် မုန်တိုင်းနောက်ပိုင်း အခြေအနေများကို တုံ့ပြန် နိုင်ရန် အရေးပေါ် ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးတစ်ရပ်ကို ကျင်းပကြမည် ဖြစ်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်သည် အထိနာနိုင်ပြီး ဆုံးရှုံးမှု များသည့် အလျှောက် စပါးအထွက် လျော့ကျ နိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်း ထားသည်။ ကုလသမဂ္ဂ လက်အောက် အရေးပေါ်ပူးပေါင်း ဆောင်ရွက်ရေး ဌာန၏ ဌာနေ ကိုယ်စားလှယ် Julie Belanger က သံရုံး စီးပွားရေးနှင့် နိုင်ငံရေးဌာန အကြီးအကဲသို့ ယနေ့ ပြောကြားချက် အရ မြန်မာနိုင်ငံ၏ လက်ရှိဆက်သွယ်ရေး အခြေခံ အဆောက်အဦ ချို့ယွင်းချက်နှင့် စစ်အစိုးရ၏ မပွင့်လင်း မှုကြောင့် အရေးပေါ်ဆက်သွယ်ရေး အခြေအနေကို များစွာ တုံ့ဆိုင်းစေနိုင်ပြီး မုန်တိုင်းဒဏ်သင့် ဧရိယာများကို ချဉ်းကပ်ရန်၊ ဘေးဒဏ် သင့်သူများ၏ လိုအပ်ချက်ကို သိနိုင်ရန် ရက်အတန်ကြာ အချိန်ယူ ရဖွယ်ရှိသည်ဟု ခန့်မှန်းကြောင်း သိရသည်။

Belanger က မုန်တိုင်းသည် မြန်မာနိုင်ငံကို အဆိုးဆုံး ဖြစ်နိုင်ခြေရှိသည့် အခြေအနေတွင် ရွေးပြီး ဝင်ရောက်လာသည်ဟု ဆိုသည်။ အဘယ်ကြောင့် ဆိုသော် မေလ ၁၀ ရက်နေ့တွင် ကျင်းပမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို အတည်ပြုရန် ပြည်သူ့ ဆန္ဒခံယူပွဲ မတိုင်မီ ရက်ပိုင်းတွင် ဝင်ရောက်လာခြင်း ဖြစ်ရာ စစ်အစိုးရ အရာရှိများ၏ တစ်စုံတစ်ခု လွဲချော်သွားမည်ကို ကြောက် ရွံ့သောစိတ်နှင့် အခြေအနေကို ဖုံးကွယ်လိုစိတ်များ အမြင့်ဆုံးသို့ ရောက်ရှိ နေနိုင်သောကြောင့် ဖြစ်သည်။ မုန်တိုင်းသင့် ဒေသများသို့ ကုလ အရာရှိများ အပျက်အစီး အခြေအနေများ စစ်ဆေးဖို့ရာ သွားရောက်မည့် အခြေအနေမျိုး တွင်ပင် စစ်အစိုးရအနေဖြင့် ခွင့်ပြုမိန့် ထုတ်မပေးမည်ကို စိုးရိမ်ရကြောင်း Belanger က ပြောကြားသည်။

မြန်မာအစိုးရသည် အစဉ်အလာအရ နိုင်ငံတကာ အကူအညီများကို ပယ်ချလေ့ ရှိရာ ၂၀၀၄ တွင်လည်း ဆူနာမီနှင့် ပတ်သက်သော အကူအညီများ မယူခဲ့ပေ။ ယမန်နှစ် မုန်တိုင်းများ တွင်လည်း ထိုနည်းတူပင် ဖြစ်သည်။ သို့ရာတွင် Belanger နှင့် မိမိတို့ သံရုံးက လက်ခံသည့် အချက်တစ်ခုမှာ စစ်အစိုးရ အနေဖြင့် ယခုကဲ့သို့ နိုင်ငံရေးအရ အတိမ်းအစောင်း မခံသော ကာလတွင် နိုင်ငံတကာ အကူအညီများ အပေါ် ၎င်းတို့ ထားရှိသော သဘောထားကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည် ဟူ၍ပင် ဖြစ်သည်။ ဆူနာမီ အပြီးကတည်းက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို နိုင်ငံခြားသား ဝင်ရောက်ခွင့် ပိတ်ပင်ထား ခဲ့ရာ အခြေအနေကို မျက်ခြည်မပျက် နိုင်စေရန် လောလောဆယ်တွင် သံရုံး အနေဖြင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် အတူ ဧရာဝတီတိုင်းကို ဝင်ခွင့် ရထားသော ပြည်တွင်း အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ‘မေတ္တာ’ နှင့်ဆက်သွယ် မေးမြန်းလျက် ရှိမည် ဖြစ်သည်။ မုန်တိုင်း နောက်ဆက်တွဲ အပျက်အစီး အခြေအနေများကို ဆက်လက် အကြောင်းကြားပါ ဦးမည်။

The Voice Weekly
နာဂစ်နှင့် အမေရိကန်သံရုံး

“မီးလောင်ကျွမ်းသည့် တရုတ်ကြက်သတ်ရုံအတွင်း လောင်စာ အများ အပြားရှိနေခဲ့”

Photo: “မီးလောင်ကျွမ်းသည့် တရုတ်ကြက်သတ်ရုံအတွင်း လောင်စာ အများ
အပြားရှိနေခဲ့”
Wednesday, June 05, 2013 

မီးလောင်လွယ်သည့် ပစ္စည်းများ သိုမှီးထားခြင်းကြောင့် လူပေါင်း(၁၀၀)
ကျော် သေဆုံးသည်အထိ အခြေအနေမျိုး ကြုံခဲ့ရခြင်းဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ကြက်သတ်ရုံ မီးလောင်မှုနှင့် ပတ်သက်ပြီး ပြော
ကြားခဲ့သည်။

တနင်္လာနေ့က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဂျီလင်းဒေသတွင် သားသတ်ရုံတစ်ခု မီးလောင်ရာ လူပေါင်း(၁၁၉)ဦးထိ သေဆုံးခဲ့ရသည်။

ဒေသဆိုင်ရာ မြို့တော်ဖြစ်သည့် ချန်ချွန်းရှိ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲ ဂွာဂမ်ဘင်းက ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေအပျောက်
များခြင်းအပေါ် ထွက်ပေါက်နေရာ ချထားမှုဒီဇိုင်း ညံ့ဖျင်းခြင်းနှင့် မီးလောင်နိုင်သော ပစ္စည်းများ စုပုံနေခြင်းတို့ကို ပြစ်တင်ခဲ့သည်။ အဓိကအားဖြင့် အဆောက်အအုံတွင် အသုံးပြုထားသော ပစ္စည်းများ အားလုံးလိုလို လောင်စာအဖြစ် ရှိနေနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Planet Myanmar Network
မီးလောင်လွယ်သည့် ပစ္စည်းများ သိုမှီးထားခြင်းကြောင့် လူပေါင်း(၁၀၀) ကျော် သေဆုံးသည်အထိ အခြေ အနေမျိုး ကြုံခဲ့ရခြင်းဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ကြက်သတ်ရုံ မီးလောင်မှုနှင့် ပတ်သက် ပြီး ပြောကြားခဲ့သည်။

မဲဆောက်တောင်ကျချောင်းရေကြီး၊ မြန်မာကလေး ၂ ဦးသေဆုံး

Photo: မဲဆောက်တောင်ကျချောင်းရေကြီး၊ မြန်မာကလေး ၂ ဦးသေဆုံး
Wednesday, June 05, 2013 

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ  မိုးသည်းထန်ပြီး တောင်ကျ
ချောင်းရေကြီး တဲ့အတွက်  မြန်မာကလေးငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံး၊ ကယ်ဆယ်ရေး
လုပ်သား၊  အမှတ် ၄ အထူးစစ်တပ်က တာဝန်ရှိသူနဲ့ နယ်မြေခံတွေဟာ
 ရေစီးကြောင်းနဲ့အတူ မျောပါသွားတဲ့ ကလေး ၂ ဦးကို ရှာဖွေတွေ့ရှိခဲ့
တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။

အဲဒီကလေး ၂ ဦးဟာ  မောင်သီဟကို ၃ နှစ်နဲ့ မောင်ထောလေကို ၅ နှစ်တို့ဖြစ်ပြီး  မဲဆောက်မြို့ ဖရထတ်ဖာဒိုင်ရပ်ကွက်ရှိ အန်ဂျီအိုတခုက ဖွင့်လှစ်ထားတဲ့  နောင်ဗိုကျောင်းတိုက်မှာ ပညာသင်ကြားနေကြောင်း၊  ညနေပိုင်း ကျောင်းဆင်းချိန်မှာ မိုးသည်းထန်ပြီး တောင်ကျချောင်းရေ လျှံတဲ့အတွက် ရေထဲမျောပါသွားခဲ့တာတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က ၁၀ နာရီကြာ ရှာဖွေရေး လုပ်ခဲ့ရတယ်လို့ မဲဆောက် ကယ်ဆယ်ရေးဝန်ထမ်းတဦးက ထိုင်းသတင်းဌာနကို ပြောပါတယ်။

မဲဆောက်မြို့ခံတဦး ပြောပြချက်အရ ကလေး ၂ ဦးဟာ ညီအစ်ကိုတွေဖြစ်ပြီး ဇွန် ၃ ရက်နေ့ ညနေပိုင်းမှာ ပျောက်ဆုံးသွားကြောင်း၊ မိဘဖြစ်သူက ကလေးပျောက် တိုင်ကြားတဲ့အတွက် သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့
တွေက ညတွင်းချင်း လိုက်လံရှာဖွေရာမှာ ည၁၁ နာရီလောက် သူတို့နေ
အိမ်နဲ့ ကိုက် ၅၀၀ အကွာမှာ သစ်ပင်နဲ့ ငြိနေတဲ့ ကလေးတဦးရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ကလေးတဦးရဲ့ အလောင်းကို ဇွန်လ ၄ ရက် မနက်အစောပိုင်း ရေလွတ်မြောင်း အပေါက်ဝနားမှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းဒေးလီးနယူးမှာ ဖော်ပြထားပါတယ်။

မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ပရီချာ ကျိုင်ဖိတ်က  သေဆုံးသူ ကလေးတွေအတွက် အသုဘအကူငွေ ဘတ်ငွေ ၁ သောင်းကို  မိဘဖြစ်သူ ဦးဇော်ဝင်းကိုနဲ့ ဒေါ်လှရီတို့ကို ပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြ
ပါတယ်။

DVB
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ မိုးသည်းထန်ပြီး တောင်ကျ ချောင်းရေကြီး တဲ့အတွက် မြန်မာ ကလေးငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။