Tuesday, July 23, 2013
နှစ်သိန်းတန် GSM ဆင်းကတ် တစ်သောင်းပိုပေး ဝယ်ယူ
ပဲခူးတိုင်းဒေသကြီး
တောင်ငူခရိုင် တောင်ငူမြို့တွင် ကျပ်နှစ်သိန်းတန် GSM ဆင်းကတ်များကို
လိုင်းပို မိသည်ဟုဆိုကာ ဇူလိုင်လ တတိယပတ်မှစ၍ လိပ်စာနှင့် အမည်ပေါက်ပါက
ယခင်ဈေးထက် ကျပ် တစ်သောင်း ပိုပေးကာ လိုက်လံဝယ်ယူလျက် ရှိကြောင်း
တောင်ငူမြို့ခံများထံမှ သိရှိရသည်။
ကမ္ဘာ့အဆင့်သင်္ချာပြိုင်ပွဲ မြန်မာကျောင်းသားရှစ်ဦး ရွှေတံဆိပ်ဆုရ
အမေရိကန်နိုင်ငံအခြေစိုက် SASMO Association မှ ကြီးမှုးကျင်းပသော
ကမ္ဘာ့အဆင့် သင်္ချာပြိုင် ပွဲတွင် မြန်မာကျောင်းသား ရှစ်ဦး
ရွှေတံဆိပ်ဆုရရှိခဲ့သည်ဟု ယင်းအစီအစဉ်ကို မြန်မာနိုင်ငံမှ
ပူးပေါင်း ကျင်းပသော T&H သချာင်္သင်တန်းကျောင်းမှ သိရသည်။
လေယာဉ် ပျက်ကျမှုကြောင့် အသက်မ သေခဲ့သည့် ကျောင်းသူ အရေးပေါ် ကားကြိတ်မှုကြောင့် သေဆုံး

အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင် ဇူလိုင် ၆ ရက်က Asiana လေကြောင်း ကုမ္ပဏီမှ လေယာဉ်တစ်စင်း ပျက်ကျမှုတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ကျောင်းသူ တစ်ဦးသည် အသက် ရှင်လျက် ကျန်ရစ်ခဲ့သော်လည်း အရေးပေါ် ယာဉ်တစ်စီး၏ ဖြတ်ကြိတ်မှုကြောင့် သေဆုံး သွားခဲ့ရ သည်ဟု အရာရှိ များက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
အလုပ်ရလိုသူတိုင်း အလုပ်သမားဝန်ကြီးဌာနတွင် လျှောက်ထားနိုင်ဟုဆို
မလေးရှားနိုင်ငံမှ ပြန်လာသူမှ မဟုတ်ဘဲ ပြည်တွင်းတွင် ရှိနေသည့်
အလုပ်မရှိသေးသူများလည်း အလုပ် သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာနတွင် အလုပ်လာရောက် လျှောက် ထားနိုင်ကြောင်း
ယင်းဌာနရှိ တာဝန်ရှိသူ အရာထမ်းတစ်ဦးက ဆိုသည်။
မသန်စွမ်းကလေးငယ်တစ်ဦး အဓမ္မကျင့်ခံရ
မသန်စွမ်း ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှု တစ်ခုကို ကွမ်းခြံကုန်းရဲစခန်းတွင် ဇူလိုင် ၁၈ ရက်က အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး မှ သတင်းထုတ်ပြန်သည်။
ဆီးချို ပျောက်တဲ့နည်းတဲ့ မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါ
အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။
မန္တလေး တရားပွဲပေါက်ကွဲမှု လက်လုပ်ဗုံးကြောင့်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင်
အရှင်ဝီရသူမှ တရားဟောကြားနေစဉ် ပေါက်ကွဲမှုသည် လက်လုပ်ဗုံးပေါက်ကွဲမှုဟု
မဟာအောင်မြေမြို့နယ် အမှတ် ၉ ရဲစခန်းက မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးသို့
အစီရင်ခံတင်ပြစာတွင် ဖော်ပြထားသည်။
လေယာဉ်ကိုပါ သိမ်းထာတဲ့ John Travolta ၏နေအိမ်

သူကတော့John Travolta ဖြစ်ပါတယ်။
ပြည်သူ့ဆန္ဒကို မတင်ပြဘဲ လွှတ်တော်ကိုယ်စားလှယ်အချို့ ၎င်းတို့၏ ဆန္ဒကိုသာ တင်ပြနေခြင်းမှာ ဖြစ်နိုင်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
လွှတ်တော်တွင်းတွင် အများပြည်သူတို့၏ အသံ၊ အများပြည်သူတို့၏ ဆန္ဒကို
မတင်ပြဘဲ အချို့သော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၎င်းတို့၏ ဆန္ဒကိုသာ
တင်ပြနေကြခြင်းများ ဖြစ်ပေါ်နေသည် ဆိုခြင်းမှာ ဖြစ်နိုင်ကြောင်း
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
၁၉ ဇူလိုင် အာဇာနည်နေ့တွင် အရပ်ဘက်လူမှု အဖွဲ့အစည်း ၃၀ ကျော်နှင့် ပြည်သူ ၅၀၀ ၀န်းကျင် ကန်တော်ကြီး ပတ်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ပြိုင်တူဥသြဆွဲခြင်းများ ပြုလုပ်ပြီး အာဇာနည်ကုန်းသို့ ဂါဝရပြု စုပေါင်းလမ်းလျှောက်
ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ ဗိုလ်ချုပ်ဆောင်ဆန်းနှင့် အာဇာနည်
ခေါင်းဆောင်ကြီးများ ကျဆုံးသော အချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အရပ်ဘက်
လူမှုအဖွဲ့အစည်း ၃၀ ကျော်နှင့် ပြည်သူ ၅၀၀ ၀န်းကျင် က ကန်တော်ကြီး ပတ်လမ်းရှိ
ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် လွမ်းသူ့ပန်းခွေချခြင်း၊ ပြိုင်တူ ဥသြ ဆွဲ၍
ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ခြင်းများ ပြုလုပ်ပြီးနောက်
အာဇာနည် ကုန်းသို့ စုပေါင်း လမ်းလျှောက် ဂါရ၀ပြုခဲ့ကြကြောင်း သိရ သည်။
အင်းယားလမ်းရှိ ဖက်ရှင်ဆိုင် တစ်ဆိုင်မှ ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ အထည်များ ဖောက်ထွင်းခိုးယူမှုတွင် ပါဝင်ကျူးလွန်ခဲ့သူ သုံးဦးကို ဖမ်းမိ
ကမာရွတ်မြို့နယ် အင်းယားလမ်းရှိ ဖက်ရှင်ဆိုင် တစ်ဆိုင်၌ ဇူလိုင် ၂၁ ရက်က
ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ အ၀တ်အထည်များ ဖောက်ထွင်းခိုးယူ ခံရမှုမှ
ကျူးလွန်သူများအနက် သုံးဦးကို ဇူလိုင် ၂၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Monday, July 22, 2013
သုံးပွင့်ဆိုင် ပြဿနာကြားက ရုန်းထွက်နိုင်ရန် မိုရက်စ် ကြိုးပမ်းရဖွယ်ရှိ
မန်ယူ
နည်းပြသစ် ဒေးဗစ်မိုရက်စ်သည် ဝိန်းရွန်းနီ၊ ဖာဘရီဂက်စ်နှင့်
ခရစ္စတီယာနိုရော်နယ်ဒို တို့၏ သုံးပွင့်ဆိုင် ပြဿနာကြားတွင် ဆက်လက် ရုန်းကန်
ကြိုးပမ်းရလိမ့်မည်ဖြစ်ကြောင်း The Sun ဝက်ဘ် ဆိုက်တွင် ဖော်ပြ ထားသည်။
လူငယ်တွေ အိမ်ထောင်ပြုတော့ မယ်ဆိုရင် . . .
ငယ်ရွယ်သူတွေ၊ အထူးသဖြင့် အသက် ၁၈ နဲ့ ၂၅ ကြားလူငယ်တွေ အိမ်ထောင်ပြုတော့မယ်ဆိုရင် စဉ်း စားစရာ ရှိပါတယ်။
သေသေချာချာ စဉ်းစားဖို့လည်း လိုအပ်ပါလိမ့်မယ်။
မာလကာ သီး စားသုံးခြင်း သည် သွေး တိုးရော ဂါ ဖြစ်ပွားမှု နည်းစေ

မာလကာသီးတစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီးတစ်လုံး၌ ပါရှိသည့် ဗီတာမင်စီပမာဏထက် ငါးဆ ခန့်ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီအပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက် ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ပါဝင်သည်။
ချင်းတွင်းမြစ် အတွင်း ကုန်တင် သင်္ဘော တိမ်းမှောက်
ချင်းတွင်းမြစ်အတွင်း
စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့မှ မုံရွာသို့ ခုတ်မောင်းလာသည့်
အစုန်ကုန်တင် သင်္ဘော တစ်စင်းသည် ဘုတလင်မြို့နယ် ရွှေစာကျေးရွာအနီး ရွှေစာရေ
ဝဲအတွင်း ကျောက်ဆောင်ဖြင့်
တိုက်မိရာမှ တိမ်းမှောက်နစ်မြုပ်မှု ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်း က
ဖြစ်ပေါ်ခဲ့သည်။
သုံးနှစ်ဆက် ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက် ရတနာပုံကွင်း၌ စမ်းသပ်ခံရမည်

မြန်မာနေရှင်နယ်လိဂ် ငါးရာသီခရီး ပြီးဆုံးရန် သုံးပွဲသာ ကစားရတော့ မည်ဖြစ်ရာ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ရတနာပုံ အသင်း၏ ကွင်းတွင် ပထမဆုံး စမ်းသပ်ခံရတော့မည် ဖြစ်သည်။
တောင်ကြီးမြို့ ရေရှားပါးမှု ဖြေရှင်း ရန် ဖောင်ဒေးရှင်း တည်ထောင်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ ရေရှားပါးမှု အခက်အခဲအား ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစံလင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သော စိမ်းလန်း စို ပြည်သာယာရေးဖောင်ဒေးရှင်းကို ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်သည်။
ဝါဆိုလပြည့် အခါသမယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများတွင် ၀ါဆို ရွှေကြာသင်္ကန်းကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီးကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
| ရွှေတိဂုံစေတီတော်ကို ၀ါဆိုလပြည့်နေ့ နံနက် ၄ နာရီအချိန်ခန့်က ဖူးတွေ့ရစဉ် |
ဇူလိုင်လ ၂၂ရက်၊ ၀ါဆိုလပြည့် အခါသမယနေ့၌ ရန်ကုန်မြို့ရှိ
ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများ တွင်
ဝါဆိုကြာသင်္ကန်းကပ်လှူပွဲ၊ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲများကို
စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရှိရသည်။
ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် ဟောပြောပွဲ ကျင်းပမည်
မန္တလေး ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးမြို့တော် ၂၇ လမ်း x ၆၉လမ်း ရှိ မြမန္တလာ ဟိုတယ်၌ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့မှ ဒေါက်တာ တင်မောင်သန်းက ဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း ယုံကြည်ရာ စာဖတ်အသင်းဝင် ဦးတင်ထွန်းအောင် က The Voice သို့ ပြောကြားသည်။
အမေရိ ကန် ရေတပ် အတွက် MQ-8C Fire Scout မောင်းသူမဲ့ ရဟ တ်ယာဉ် တစ်စင်း လက်ခံရရှိ

အမေရိကန် ရေတပ်သည် စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် Northrop Grumman ကုမ္ပဏီထံမှ MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်းကို ပထမဆုံးအကြိမ် လွှဲပြောင်း လက်ခံရရှိ ခဲ့ကြောင်းနှင့် အဆိုပါ ရဟတ်ယာဉ်ကို ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းအထိ စမ်းသပ်မှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
မြနန်းစံကျော် ရွှေနန်းတော် အကြီးစား ပြုပြင်မည်

မြန်မာဘုရင်များ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့ နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြီးစားပြုပြင်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူက ဆိုသည်။
နောက်ပိုင်းငြိမ်း ချမ်းရေး ကိစ္စများ ဆောင်ရွက်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည်
နောက်ပိုင်း မြန်မာနိုင်ငံ၏
ငြိမ်းချမ်းရေးကိစ္စများ ဆောင်ရွက်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာ မည် ဟု
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ ဇူလိုင် ၂၁ ရက်က Myanmar
တောင်ငူမြို့ ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွား၊ ဓာတ်ခွဲစစ်ဆေးချက်အရ ၀မ်းပျက်ကာလ၀မ်း ရောဂါပိုး မဟုတ်ဟုသိရ
![]() |
| ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသော တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ |
တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ တစ်ပတ်အတွင်း ၁၀ ဦး ခန့် ဖြစ်ပွားခဲ့ပြီး ဓါတ်ခွဲစမ်းသပ် စစ်ဆေးချက်အရ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားစေသော ကာလ၀မ်းရောဂါ ပိုး မဟုတ်ကြောင်း တောင်ငူမြို့နယ် ကျေးလက်ကျန်းမာရေး ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။
Subscribe to:
Posts (Atom)






