Friday, August 9, 2013

အိမ်ရှင်က အဓမ္မကျင့်သည်ဟုဆိုကာ အိမ်အကူအမှုဖွင့်


အိမ်ရှင်အမျိုးသား၏ အဓမ္မကျင့်မှုကို ခံရသည်ဟုဆိုကာ အိမ်အကူအမျိုးသမီးတစ်ဦးကအမှုဖွင့် တိုင်တန်းမှု တစ်ခုကို မှော်ဘီရဲစခန်းက သြဂုတ် ၇ ရက်တွင် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

၁၃ နှစ်သမီးကို ပေါင်းသင်းမိသဖြင့် အဓမ္မမှုဖြင့် တရားစွဲခံရ


အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူပေါင်းသင်းမိသူ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးသည် အဓမ္မကျင့်မှုဖြင့် ရွှေပြည်သာရဲစခန်းတွင် တိုင်ကြားခံထားရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းထုတ်ပြန်သည်။

အာဏာပိုင်နှင့် မိသားစုများ၏ ပိုင်ဆိုင်မှု မကြေညာလျှင် ထောင်ဒဏ်ငါးနှစ် အထိ ချမှတ်နိုင်သည့် ဥပဒေ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်း


Photo: အာဏာပိုင်နှင့် မိသားစုများ၏ ပိုင်ဆိုင်မှု မကြေညာလျှင် ထောင်ဒဏ်ငါးနှစ် အထိ ချမှတ်နိုင်သည့် ဥပဒေ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်း
Friday, August 9, 2013 

အာဏာပိုင်နှင့် သူတို့မိသားစုများ၏ ပိုင်ဆိုင်မှုစာရင်းများကို လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်က တောင်းသည့်အခါ မပေးလျှင် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း သြဂုတ်၈ရက်က ပြဋ္ဌာန်းလိုက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်နှစ်က ပြဋ္ဌာန်းထားသည့် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် ထိုသို့ ပါဝင်လာခြင်းဖြစ်သည်။

အာဏာပိုင်တို့၏ ပိုင်ဆိုင်မှုစာရင်းများကို စစ်ဆေးကြည့်ရှုမည့် “လာဘ်ပေးလာဘ်ယူမှု တားမြစ်ရေးကော်မရှင်” ဆိုသည်မှာ လက်ရှိတွင် မရှိသေးဘဲ၊ ယခုဥပဒေသစ်အရ အသစ်ဖွဲ့စည်းရမည် ဖြစ်သည်။ အဖွဲ့ဝင် ၁၅ ဦးပါဝင်မည့် ထိုကော်မရှင်အတွက် သမ္မတ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ တို့က ငါးဦးစီ အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။

ထို ၁၅ ဦးအနက် မည်သူက ဥက္ကဋ္ဌ၊ မည်သူက အတွင်းရေးမှူး စသည့် ရာထူးများကိုမူ သမ္မတကသာ သတ်မှတ်မည် ဖြစ်သည်။

ထိုသို့ ဖွဲ့စည်းထားသည့် ကော်မရှင်က အာဏာပိုင်များ၏ ငွေကြေး၊ ရပိုင်ခွင့်နှင့်ပိုင်ဆိုင်မှုများကို ကြေငြာရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တောင်းခံမည်ဖြစ်ပြီး ထိုသို့ တောင်းခံလာပါက အာဏာပိုင်များအနေဖြင့် ၎င်းတို့ ပိုင်ဆိုင်မှုများကို မည်သို့မည်ပုံ ပိုင်ဆိုင်ခဲ့သည်ကိုလည်း ကြေညာကာ ကော်မရှင်ကို ရှင်းလင်းတင်ပြရမည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။

ထို့ပြင် အာဏာပိုင်များသည် ၎င်းတို့ပိုင် ပစ္စည်းများကို ရောင်းချခဲ့ပါကလည်း ထိုရောင်းချငွေကို အခွန်ဆောင်ထားကြောင်း အထောက်အထား ပြရမည်ဖြစ်ပြီး၊ ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ ၎င်းတို့ပိုင်ဆိုင်သည့် ငွေ၊ ပစ္စည်းနှင့် ရပိုင်ခွင့်များကိုလည်း ကော်မရှင်ကို တင်ပြရမည်ဖြစ်သည်။

အာဏာပိုင်များအနေဖြင့် ၎င်းတို့ပိုင် ပစ္စည်းများကိုသာမက တစ်စီးပွားတည်းဖြစ်သော မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကိုလည်း ၎င်းတို့ပိုင်ဆိုင်မှုများကဲ့သို့ အသေးစိတ် ကော်မရှင်ထံ အစီရင်ခံရမည်ဖြစ်သည်။

အကယ်၍ အာဏာပိုင်ပုဂ်္ဂိုလ်က သေဆုံးသွားခဲ့လျှင်ပင် ကျန်ရစ်သူမိသားစုက အထက်ပါ စည်းမျဉ်းအတိုင်း ပိုင်ဆိုင်မှုများကို အသေးစိတ် တင်ပြရမည်ဖြစ်သည်ဟုလည်း ဥပဒေက ဆိုသည်။

သို့သော် ထိုသို့ ပြဌာန်းထားသည့် အဆိုပါ ဥပဒေပုဒ်မ ၄၇ တွင် “လုပ်ပိုင်ခွင့် အာဏာရှိသူများ” ဟုသာ ထည့်သွင်း ပြဋ္ဌာန်းထားပြီး မည်သည့်အဆင့်ရှိသည့် အာဏာပိုင်မှ စတင်၍ ပိုင်ဆိုင်မှုကြေငြာရမည်ကိုမူ အသေးစိတ်ဖော်ပြ မထားပေ။

“နည်းဥပဒေ ထွက်လာသည့်အခါ မည်သည့်ရာထူးအဆင့်ရှိသူဟူ၍ အသေးစိတ် သိရမည်”ဟု သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ အောက်လွတ်တော်အမတ် ဦးသိန်းညွန့်က မဇ္ဈိမသို့ ပြောသည်။

ယခု အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ပတ်သက်၍ ဦးသိန်းညွန့်က “စင်ကာပူမှာ လုပ်တဲ့အတိုင်းပဲ” ဟု ဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေသစ်အရဆိုလျှင် မည်သည့် ပြည်သူကမဆို လုပ်ပိုင်ခွင့်ရှိသည့် အာဏာပိုင် ဖြစ်စေ၊ အာဏာပိုင် မဟုတ်သူဖြစ်စေ အဂတိလိုက်စားနေကြောင်း သက်သေ အထောက်အထား ခိုင်မာစွာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင်(သို့) ယခုဥပဒေသစ်အရ ဖွဲ့ထားသည့် အ ဖွဲ့အစည်းတစ်ခုခု(သို့) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့တို့သို့တိုင်ကြားလျှင် ကော်မရှင်က အဆင့်ဆင့် စုံစမ်းပေးရမည်ဟု ဥပဒေတွင် ပါရှိသည်။ သို့သော် လိမ်လည်တိုင်တန်းလျှင်မူ ယခုဥပဒေအရ ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်းလည်း ယခုဥပဒေတွင် ပြဋ္ဌာန်းထားသေးသည်။

လာဘ်ပေးသူ(သို့) လာဘ်ယူသူသည် ထိုသို့ ပြုလုပ်သည်ကို ကော်မရှင်က စစ်ဆေး၍ ပေါ်ပေါက်လျှင် ထောင်ဒဏ် အပြစ်ပေးခံရမည့်အပြင် အဂတိလိုက်စား၍ ရထားသည့် ပိုင်ဆိုင်မှုများလည်း သိမ်းဆည်းခံ ရမည်ဖြစ်သည်ဟု ဥပဒေ သစ်တွင် ဖော်ပြပါရှိသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဌာန်းသည့် သြဂုတ် ၈ ရက်တွင် တိုက်ဆိုင်စွာပင် အစိုးရကလည်း လာဘ်စားသဖြင့် ၎င်းတို့အရေးယူထားသည့် နိုင်ငံ့ဝန်ထမ်းများ၏ စာရင်းကို ထုတ်ပြန်လိုက်သည်။

ထိုစာရင်းတွင် နိုင်ငံ့ဝန်ထမ်း ၄၅၀ ဦးကို အဂတိလိုက်စားသဖြင့် အရေးယူထားပြီး ၎င်းတို့အနက် ၃၆၂ ဦး ကို နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ အရ အရေးယူးထားပြီး ၆၉ ဦးကို ဌာနပြောင်းရွှေ့စေသည့် ပြစ်ဒဏ်ချမှတ်ထားကာ ၁၈ ဦးကို အငြိမ်းစားပေးလိုက်သည်ဟု တွေ့ရသည်။ တစ်ဦးကိုမူ ထောင်ဒဏ်ပင် အပြစ် ပေးလိုက်သည်ဟု အစိုးရ ထုတ်ပြန်သည်။

အစိုးရက ယခုနှစ် ဇန်န၀ါရီ ၈ ရက်တွင် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးစီးသည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု ကိစ္စများနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်ရန် အခက်အခဲ ရှိသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဇူလိုင်က ပြုလုပ်သည့် ယင်းကော်မတီ၏ အစည်းအဝေးတွင် ပြောခဲ့ဖူးသည်။

အကျင့်ပျက်ခြစားမှုများကို စောင့်ကြည့်သည့် ဂျာမနီအခြေစိုက် Transparency International အဖွဲ့၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အခြေ အနေသည် အဆင့်၁၇၂ တွင်ရှိနေရာ အဆိုးရွားဆုံး ငါးနိုင်ငံစာရင်းတွင် ပါဝင်နေသည်။

Mizzima News
အာဏာပိုင်နှင့် သူတို့မိသားစုများ၏ ပိုင်ဆိုင်မှုစာရင်းများကို လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော် မရှင်က တောင်းသည့်အခါ မပေးလျှင် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း သြဂုတ်၈ရက်က ပြဋ္ဌာန်းလိုက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းထားသည်။

ကွယ်လွန်ပြီလို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ကျန်းကျန်းမာမာရှိနေတဲ့ ဂျက်ကီချန်း

Photo: ကွယ်လွန်ပြီလို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ကျန်းကျန်းမာမာရှိနေတဲ့ ဂျက်ကီချန်း
Friday, August 9, 2013

ထင်ပေါ်ကျော်ကြားသူတွေ ကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ကွယ်လွန်ပြီလို့ မှားယွင်းသတင်း ထွက်ပေါ်လာတတ်တာကို ဒီတစ်ခါကြုံခဲ့ရတဲ့ သူကတော့ ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီ ချန်းပဲဖြစ်ပါတယ်။

ဂျက်ကီချန်း ကွယ်လွန်တဲ့သတင်းဟာ ရက်ပိုင်းအတွင်းမှာ အလျင်အမြန်ပဲ လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာပျံ့နှံ့ခဲ့ပြီး ဒီသတင်းကိုဖတ်ရတဲ့သူတိုင်းကလည်း သို့လောသို့လောဖြစ်ခဲ့ရပါတယ်။ 

လူသုံးများတဲ့ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာစာမျက်နှာတွေပေါ်မှာ အရေးကြီးကြားဖြတ်သတင်းဆိုပြီး ဂျက်ကီချန်း သေဆုံး တဲ့သတင်းတွေ အများအပြားပျံ့နှံ့ခဲ့ပြီး သုံးစွဲသူတွေကလည်း ဒီအကြောင်းကို တွင်တွင်ကျယ်ကျယ်ပြော ဆိုခဲ့ကြပါတယ်။ RIP ဂျက်ကီချန်းဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကိုတောင် ဖန်တီးခဲ့ကြပြီး သန်းပေါင်းများ စွာသော သုံးစွဲသူတွေက Like လုပ်ခဲ့ကြပါတယ်။

ဟောလိဝုဒ်ကြားဖြတ်သတင်းဆိုပြီးတော့လည်း ၁၂ ထပ်မြင့်တဲ့အဆောက် အအုံပေါ်ကနေ ပြုတ်ကျပြီး ဂျက်ကီချန်းသေဆုံးသွားပြီဖြစ်ကြောင်း၊ CSI ကလည်း အဆိုပါဖြစ်ရပ်ကို စုံစမ်းနေကြောင်းနှင့်ဂျက်ကီ ချန်း ပြုတ်ကျပြီးနောက် ကယ်ဆယ်နိုင်ဖို့ကြိုးစားတဲ့ ဗီဒီယိုဖိုင်ကို အသက် ၁၈ နှစ်နဲ့အထက်သူ များသာကြည့် ရန်ဆိုတဲ့ ဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တကယ်တော့ အဲဒီလိုသတင်းမျိုးကို ဖေ့စ်ဘွတ်ပေါ်မှာ link နဲ့တင်တဲ့သူတွေဟာ ရည်ရွယ်ချက်တစ်မျိုးနဲ့ လုပ်ဆောင်လေ့ ရှိတာဖြစ်ပါတယ်။ အဲဒီလို link မျိုးကို သွားနှိပ်မိရင် အဲဒီဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ရဲ့ အကောင့်ကိုဟက် ဖို့လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ 

ဂျက်ကီချန်းကိုယ်တိုင်ကတော့ သူဟာ ကျန်းကျန်းမာမာအ သက်ရှင် နေထိုင်လျက်ရှိကြောင်းနဲ့ စိုးရိမ်ပူပန်ပေးကြတဲ့ ပရိသတ်အားလုံးကို မစိုး ရိမ်ကြဖို့ သူ့ရဲ့တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာပေါ်ကနေ ဖြေရှင်းပေးခဲ့ပါတယ်။

အောင်သုတ
မဇ္ဈိမ
ထင်ပေါ်ကျော်ကြားသူတွေ ကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ကွယ်လွန်ပြီလို့ မှားယွင်းသတင်း ထွက်ပေါ်လာတတ်တာကို ဒီတစ်ခါကြုံခဲ့ရတဲ့ သူကတော့ ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီ ချန်းပဲဖြစ်ပါတယ်။

အပူပိုင်းမုန်တိုင်း အကြွင်းအကျန်ကြောင့် ဒေသအချို့ ရေကြီးမှု အန္တရာယ်နှင့် ထပ်မံ ကြုံတွေ့နိုင်


တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ကမ်းခြေသို့ သြဂုတ်လ ၈ ရက်နေ့က ဝင်ရောက် ခဲ့ရာ မုန်တိုင်း အကြွင်းအကျန်များသည် မြန်မာနိုင်ငံ သို့ ဝင်ရောက်နိုင်ဖွယ် ရှိခြင်းကြောင့် ရေကြီးမှု အန္တရာယ်နှင့် ထပ်မံ ကြုံတွေ့နိုင်ပြီး စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။

ရခိုင်နှင့် မိတ္ထီလာတွင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လေ့လာမည်ဟု ကင်တားနားဆို


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေးကင်တားနားသည် သြဂုတ်လ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့နယ်တို့တွင် မတူညီသော လူ့အဖွဲ့အစည်းများကြား ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အခြေအနေများကို လာရောက်လေ့လာသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သြဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

Eid al-Fitr ပွဲတော်ချိန် ပါကစ္စတန်ဗုံး ၃၀ ကျော်သေ

Eid al-Fitr ပွဲတော်ကျင်းပစဉ် (သြဂုတ်လ ၈၊၂၀၁၃)

အစ္စလာမ်ဘာသာဝင်တွေရဲ့ Ramadan ဥပုသ်လ ကုန်ဆုံးချိန်အဖြစ် အိဒ်နေ့ အခမ်းအနားတွေကို ကမ္ဘာ တလွှား နေရာ အတော်များများမှာ ကျင်းပကြပါတယ်။ ကမ္ဘာပေါ်မှာ မူဆလင်လူဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံမှာ ကြာသပတေးနေ့က အိဒ်ပွဲတော်နေ့အဖြစ် ဗလီတွေမှာ ၀တ်ပြု ဆုတောင်းခဲ့ကြတာပါ။

ရိုဟင်ဂျာနဲ့ ထိုင်းအာဏာပိုင်တွေ အခြေအနေတင်းမာမှုဖြစ်

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေ (Credit: AFP) 
ထိုင်းနိုင်ငံ ​တောင်ပိုင်း ​ဖန်င ​ခရိုင်အတွင်းက ​လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ ​ထိန်းသိမ်းခံရထားရတဲ့ ​ရိုဟင်ဂျာ ​တွေက ​သူ့ရဲ့ ​ရာမန်ဒန် ​ဦးပုဒ်ကာလအပြီး ​ကျင်းပတဲ့ ​အစ်ပွဲတော်ကို ​ကျင်းပ ​ပြုလုပ်နိုင်ဖို့ အတွက် ​ထိန်းသိမ်းရေးစခန်းကို ​ဖျက်စီးပြီး ​အပြင်ထွက်ဖို့ ​ကြိုးစားတဲ့အတွက်ကြောင့် ​ထိုင်း ​ရဲတွေက ​မီးသတ်ပိုက်တွေသုံးပြီးကာကွယ် ​နှိမ်နှင်းခဲ့ရတယ်လို့သိရပါတယ်။

Thursday, August 8, 2013

ဒေါ်လာဈေး တက်ပြီးလေလံဈေးကွက် တက်နေသော်လည်း ပြည်တွင်း ကားဈေးကွက် တွင် အရောင်း အဝယ် ဆက်လက် ကျဆင်းနေ

 လက်ရှိပြည်တွင်းတွင် အမေရိကန်ဒေါ်လာဈေးနှုန်းများသည် အတက်ဘက်ကို ဆက်လက်ဦးတည်နေပြီး ဂျပန်နိုင်ငံ၏ ကားလေလံဈေးကွက်သည် ဂျပန်ငွေဈေးနှုန်းမြင့်တက်မှုနှင့် အတူအတက်ဘက်ကို ဆက်လက်ဦးတည်နကြောင်းပြည်တွင်းကားဝယ်၊ ရောင်းဈေးကွက်တွင် ကားဈေးနှုန်း သည် မြင့်တက်နေ သည်။သို့ပေမယ့် အရောင်းအဝယ်ဈေးကွက်များ ကျဆင်းနေဆဲ ဖြစ်ကြောင်းပြည်တွင်း ကားဈေးကွက် လုပ်ငန်း အသိုင်းအဝိုင်းမှသိရသည်။

စားသုံးသူ အခွင့်အရေး များကို သိရှိ လိုလျှင် ရှစ်လေးလုံးငွေရတုပွဲတော် တွင် လေ့လာနိုင်

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက စားသုံးသူအခွင့်အရေးများ သိရှိနိုင်ရန် ရည်ရွယ်ပြီး (၈)လေးလုံး ငွေရတုပွဲတော်တွင် ဆိုင်ခန်းဖွင့်လှစ်ပြီး လာရောက်လေ့လာသူများ သိရှိလိုသည့် စားသုံးသူ အခွင့်အရေးများကို ပွဲတော်ရက်ဖြစ်သည့် သြဂုတ်(၆)ရက်၊ (၇)ရက်နှင့် (၈)ရက်နေ့များတွင် ရှင်းလင်းပေး သွားမည်ဟု သိရသည်။

ကား ၀ယ်ယူရန်ပေးအပ် ထားသည့်ဒေါ်လာငွေ များအား လိမ်လည် ရယူထား သဖြင့် အရေး ယူပေးရန် တိုင်ကြား

၂၀၁၂ ခုနှစ် ၁၂ လပိုင်းခန့်တွင် ဗဟန်းမြို့နယ်၊ ရွေဂုံတိုင်နေ ကိုရီးယားနိုင်ငံသား Mr.Choi Jung Ho သည်  ခင်မင်းရင်းနှီးသူ မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်နေ ကိုရီးယားနိုင်ငံသား Mr.Choi Chung Hyun နှင့် အကျိုးတူ အဆောင်ငှားရမ်းသည့် လုပ်ငန်းတွင်လုပ်ကိုင်ရန်အတွက် လိုအပ်သော မော်တော်ယာဉ် ၀ယ်ယူ

ရှစ်လေးလုံးငွေရတုကျင်းပမည့် ဘုန်းကြီးကျောင်း၌ သံဃာတစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်


Photo: ရှစ်လေးလုံးငွေရတုကျင်းပမည့် ဘုန်းကြီးကျောင်း၌ သံဃာတစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်

Thursday, August 8, 2013

မုံရွာမြို့တွင် ရှစ်လေးလုံးငွေရတုအခမ်းအနားကျင်းပမည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သံဃာတစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်မှုတစ်ခု သြဂုတ် ၈ ရက် နံနက် ၅ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ကြောင်း ယင်းဒေသ ရဲစခန်းမှ စုံစမ်းရရှိသည်။

မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဆရာတော်မှာ သက်တော် ၂၄ နှစ်၊ ဝါတော် ၄ ဝါရှိ အရှင်သုန္ဒရဖြစ်ကြောင်း ရဲစခန်းကအတည်ပြုထားသည်။

ထိုအဖြစ်အပျက်ဖြစ်ပွားခဲ့သည့် ဂျိုးဖြူဘုန်းတော်ကြီးကျောင်းတွင် သြဂုတ် ၈ ရက်၌ ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပရန် အသင့်ပြင်ဆင်၍ ထားပြီးဖြစ်သည်။

ဆရာတော်သည် ထိုဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ရတနာမုနိစေတီအရှေ့ဘက် မုခ်ဦးလှေကားတွင် မိမိကိုယ်ကို မီးရှို့အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။

ဆရာတော် အရှင်သုန္ဒရသည် မိမိကိုယ်ကိုမီးရှို့၍ အဆုံးမစီရင်မီ နောက်ဆုံးသေတမ်းစာကဲ့သို့သော စာတစ်စောင်ကို ရေးသားခဲ့ကြောင်းလည်း မုံရွာစခန်းမှူးရဲအုပ် ဦးညီညီထွန်းက မဇ္ဈိမကိုပြောသည်။

ယင်းစာတွင် မည်ကဲ့သို့ထုတ်ဖော်ရေးသားထားသည်ကိုမူ ရဲဌာနက အသေးစိတ်မထုတ်ပြန်သော်လည်း သဗ္ဗေညုတဉာဏ်ရရှိရန် လက်ရှိဘဝ၌ ပူဇော်ခြင်းဖြစ်သည်ဟု ဆရာတော်ကရေးသားခဲ့ကြောင်း ရဲအုပ် ညီညီထွန်းက အတည်ပြုပြောကြားသည်။

အဆိုပါဆရာတော်သည် အမှန်တကယ်ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ခြင်းဟုတ်မဟုတ် ရုပ်ကလပ်ကို ဆေးရုံ၌ချက်ချင်းစစ်ဆေးခဲ့ရာ အသက်ရှုလမ်းကြောင်းတွင် မီးခိုးနှင့် မှိုင်းကြပ်ခိုးများတွေ့ရသဖြင့် အမှန်တကယ် ကိုယ့်ကိုကိုယ်အဆုံးစီရင်မှု ဖြစ်ကြောင်း မုံရွာဆေးရုံမှ မှုခင်းဆရာဝန်ကြီးကအတည်ပြုခဲ့သည်။

လက်ရှိတွင် အရှင်သုန္ဒရ၏ရုပ်ကလပ်ကို သဂြိုဟ်ရန် မုံရွာမြို့မှသြဇာရှိဆရာတော်များနှင့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့မှ စည်ပင်သာယဝန်ကြီးတို့က စီစဉ်လျှက်ရှိသည်။

ယခုအခင်းဖြစ်ပွားသည့် မုံရွာမြို့မှ ဂျိုးဖြူကျောင်းတိုက်မှ သံဃာတော် ၈၈ ပါးသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က လက်ပံတောင်းသပိတ်စခန်းဖြိုခွင်းမှုတွင် မီးလောင်ဒဏ်ရာရခဲ့ကြဖူးသည်။

Mizzima - News in Burmese
မုံရွာမြို့တွင် ရှစ်လေးလုံးငွေရတုအခမ်းအနားကျင်းပမည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သံဃာ တစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်မှုတစ်ခု သြဂုတ် ၈ ရက် နံနက် ၅ နာရီ အချိန်ခန့် ကဖြစ်ပွားခဲ့ကြောင်း ယင်းဒေသ ရဲစခန်းမှ စုံစမ်းရရှိသည်။

ကိုရင်တစ်ပါး မိကျောင်းကိုက်၍ ပျံလွန်တော်မူ



Photo: ကိုရင်တစ်ပါး မိကျောင်းကိုက်၍ ပျံလွန်တော်မူ
Thursday, August 8, 2013

ဧရာဝတီတိုင်း ဒေသကြီး ၊ ဘိုကလေး မြို့နယ် ၊ ကြိမ်ချောင်းကြီး ကျေးရွာအုပ်စု ၊ ဆတ်ကျွန်းကျေးရွာ ၌ ယမန်နေ့ ညနေ ၆ နာရီက ရေဆင်းချိုး ရာမှ မိကျောင်းကိုက် ခံရ၍ ကိုရင်တစ်ပါး ပျံလွန် ခဲ့ကြောင်း သိရသည်။

မိကျောင်းဆွဲသွားသော ကိုရင် ၀ါယမ အား ဆတ်ကျွန်း ကျေးရွာ ပြည်သူ ၃၀၀ ဦးခန့်မှ စက်လှေ အစင်း ၅၀ ဖြင့် မိကျောင်းကို လိုက်လံ ရှာဖွေရာ ကိုရင် ရေချိုးဆင်း ခဲ့သည့် သာသနပါလ ဘုန်းကြီးကျောင်း နှင့် ကိုက် ၁၀၀ ခန့် အကွာ အလျား ပေ ၂၀ ၊ လုံးပတ် ၇ ပေရှိ မိကျောင်း တစ်ကောင်အား မှိန်းဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့သည်။ ၄င်း မိကျောင်းအား မိန်းမလှကျွန်း ရှိ သစ်တော ထိန်းသိမ်းရေး စခန်း တောအုပ်ထံ ပို့ဆောင်ခဲ့ပြီး မိကျောင်းအား ခွဲစိတ်ကြည့်ရာ ၀မ်းဗိုက်အတွင်း ၌ ကိုရင် အလောင်း မတွေ့ရဘဲ ကျွဲ ၊ နွားများ နှင့် ကြက် ၊ ဘဲအမွေး ၊ ကြွပ်ကြွပ်အိတ် များသာ တွေ့ရှိရသည်။

ဆက်လက်၍ ရှာဖွေရာ ကျောင်းနှင့် ကိုက် ၈၀၀ ခန့်အကွာ ကိုရင် ၀ါယမ ၏ ခန္ဓာကိုယ် အနှံ့အပြား တွင် မိကျောင်းကိုက် ဒဏ်ရာများ နှင့် ပြန်လည် တွေ့ရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်၍ ဘိုကလေး ရဲစခန်း မှ သေမှုသေခင်း အမှတ် ၈/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီ

ဧရာဝတီတိုင်း ဒေသကြီး ၊ ဘိုကလေး မြို့နယ် ၊ ကြိမ်ချောင်းကြီး ကျေးရွာအုပ်စု ၊ ဆတ်ကျွန်းကျေးရွာ ၌ ယမန်နေ့ ညနေ ၆ နာရီက ရေဆင်းချိုး ရာမှ မိကျောင်းကိုက် ခံရ၍ ကိုရင်တစ်ပါး ပျံလွန် ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် ရေကျမှု နှေးကွေးခြင်းကြောင့် ဆက်လက်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေ


Photo: ကျိုက်မရောမြို့နယ်တွင် ရေကျမှု နှေးကွေးခြင်းကြောင့် ဆက်လက်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေ
Thursday, August 8, 2013

မွန်ပြည်နယ်အတွင်း ဇူလိုင်လ နောက်ဆုံးအပတ်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေလွှမ်းမိုးခဲ့သည့် ဘီးလင်းမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ရေပြန်လည် ကျဆင်းသွားပြီ ဖြစ်သော်လည်း ကျိုက်မရောမြို့နယ်တွင် ရေပြန်ကျမှု နှေးကွေးမှုကြောင့် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားလျက် ရှိသည်။

"ဒီလို ရေတက်မြန်တာ တစ်ခါမှ မကြုံဖူးဘူး။ မိုးကလည်းများ အောက်ရေကလည်းတိုးတော့ သုံးလေးရက်အတွင်း ရေကလမ်းမပေါ်မှာတောင် ငါးပေကျော်လောက် မြင့်တက်သွားတယ်။ ကျွန်တော်မှတ်မိသလောက်  ကျိုက်မရောမြို့မှာ ရေအကြီးအကျယ် သုံးခါလောက်ကြီးဖူးတယ်။ ၁၉၆၇ ခုနှစ်လောက်ကရယ်၊ ၂၀၀၈ ခုနှစ်နဲ့ ဒီ ၂၀၁၃ ခုနှစ်ရယ်ပါ။ ဒီအကြိမ်ကတော့ ရေတက်တာ အမြန်ဆုံးပဲ။ အိမ်ကနေ ဘာမှကို မယူလိုက်ရဘူး" ဟု ရေလွှမ်းမိုးခံရသော ကျိုက်မရောမြို့ရှင် စောပုရပ်ကွက်နေ ကိုမြင့်ဝင်းက ဆိုသည်။

"နောက်နှစ်ရက် သုံးရက်လောက် နေရင်တော့ ရေပြန်ကျသွားမယ် ထင်ပါတယ်။ ဒါပေမဲ့ ၀ါခေါင်လ ရေထရက်မှာ ဒီလိုထပ်ဖြစ်မလား စောင့်ကြည့်နေကြတယ်။ ရေပြန်ကျတာ စောရင်တော့ စပါးပင်တွေ ရှင်နိုင်ပါတယ်။ ဒါကလဲ ရေပြန်ကျပြီး မိုးနည်းနည်းလောက် ပြန်ရွာမှ ဖြစ်မှာ။ နေဆက်တိုက် ပူမယ်ဆိုရင်တော့ အပင်တွေဆွေးပြီး ပျက်စီးနိုင်ပါတယ်။ အဲဒီအခါကျရင်တော့ ဆုံးရှုံးမှုတွေ ပိုများနိုင်ပါတယ်" ဟု ရေဘေးသင့် လယ်သမားတစ်ဦးက ပြောကြားသည်။

"ဒီကယ်ဆယ်ရေးစခန်းကို ရောက်နေတာ ငါးရက်လောက် ရှိပါပြီ။ နေ့တိုင်းတော့ အလှူရှင်တွေ ဆန်တွေ၊ ဆီတွေ၊ ရေသန့်ဘူးတွေနဲ့ အခြားပစ္စည်းတွေ လာလှူနေတာတော့ တွေ့နေရပါတယ်" ဟု ကျိုက်မရော အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့် ပြည်သူတစ်ဦးက ဆိုသည်။

ကျိုက်မရောမြို့နယ်အတွင်း ကျိုက်မရောမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ရေဘေးသင့်ပြည်သူ ၁၅၂၀ ဦး၊ ချောင်းနှစ်ခွကျးရွာ အထက်တန်းကျောင်းခွဲတွင် ရေဘေးသင့်ပြည်သူ ၁၀၀ ဦး ဆက်လက်ခိုလှုံလျက် ရှိသည်။

Eleven Media Group

ကျိုက်မရောမြို့ရှိ လမ်းမတစ်ခုပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်
ကျိုက်မရောမြို့ရှိ လမ်းမတစ်ခုပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်
မွန်ပြည်နယ်အတွင်း ဇူလိုင်လ နောက်ဆုံးအပတ်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေလွှမ်း မိုးခဲ့သည့် ဘီးလင်းမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ရေပြန်လည် ကျဆင်းသွားပြီ ဖြစ်သော်လည်း ကျိုက်မရောမြို့နယ်တွင် ရေပြန်ကျမှု နှေးကွေးမှုကြောင့် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားလျက် ရှိသည်။

ပူတင် အိုဘားမား ဆွေးနွေးပွဲ ကန်ပယ်ဖျက်


Photo: ပူတင် အိုဘားမား ဆွေးနွေးပွဲ ကန်ပယ်ဖျက်
Thursday, August 8, 2013

ရုရှ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဖို့ အတွက် နောက်လ မော်စကိုမှာ ကျင်းပဖို့ ပြင်ထားတဲ့ အစည်းအဝေး ကို သမ္မတ အိုဘားမား မတက်ဘူး လို့ ပယ်ဖျက် လိုက်တဲ့ အတွက် စိတ်ပျက်မိကြောင်း ရုရှ ဘက်က ပြောကြား ပါတယ်။

အမေရိကန်နဲ့ ရုရှ ဆက်ဆံရေး တိုးတက်ဖို့ အကြောင်း မမြင်ကြောင်း ဒီဆုံးဖြတ်ချက်က ပြနေတယ်လို့ ရုရှ သမ္မတ ရဲ့ အကြံပေး တယောက်က ပြောဆို ပါတယ်။

အမေရိကန် ထောက်လှမ်းရေး ဝရမ်းပြေး အက်ဒွပ် စနိုးဒန်း ကို ရုရှက ယာယီ ခိုလှုံခွင့် ပေးဖို့ ဆုံးဖြတ် ပြီးနောက် အမေရိကန် ဘက်က ဒီလို တုံ့ပြန် ခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ ပယ်ဖျက်တဲ့ အကြောင်းမှာ စနိုးဒန်း ကိစ္စပါပေမယ့်လည်း ဒါသက်သက် ကြောင့် ပယ်ဖျက်တာတော့ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန က ဆိုပါတယ်။

မစ်ဆိုင်း ဒုံးခွင်း စနစ် နဲ့ လူ့အခွင့်အရေး ကိစ္စလို တခြား အရေးတွေမှာလည်း တိုးတက်မှုတွေ သိပ်မရှိဘူး လို့ သိရပါတယ်။

BBC Burmese
ရုရှ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဖို့ အတွက် နောက်လ မော်စကိုမှာ ကျင်းပဖို့ ပြင်ထားတဲ့ အစည်းအဝေး ကို သမ္မတ အိုဘားမား မတက်ဘူး လို့ ပယ်ဖျက် လိုက်တဲ့ အတွက် စိတ်ပျက်မိကြောင်း ရုရှ ဘက်က ပြောကြား ပါတယ်။

လာမယ့်နှစ်စပါး အထွက်နှုန်း စိုးရိမ်ရ

Photo: လာမယ့်နှစ်စပါး အထွက်နှုန်း စိုးရိမ်ရ
Thursday, August 8, 2013

မြန်မာ နိုင်ငံမှာ ဒီနှစ် မိုးဦးက ရာသီ ဥတု ဆိုးရွား ဖောက်ပြန်မှု တွေနဲ့ တခြား လိုအပ်ချက် တွေကြောင့် နောက်နှစ် စပါး အထွက်နှုန်း ထိခိုက် နိုင်တယ်လို့ ကျွမ်းကျင်သူ တွေက ပြောဆို ပါတယ်။

မှန်းထားတဲ့ စိုက်ဧက ၁၆ သန်း ရဲ့ တဝက် မရှိတရှိ သာ စိုက်ပျိုး ပြီးစီး သေးတာ၊ စိုက်ပျိုး စရိတ် ချေးငွေတွေ အချိန်မီ မရ တာတွေ ကြောင့် မိုးစပါး စိုက်ပျိုးမှုကို အချိန်မီ ပြေလည်အောင် ဖြေရှင်း ပေးဖို့ လိုတယ် လို့ လယ်သမား အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

ရေကြီးမှု တွေကြောင့် ကရင်နဲ့ မွန်ပြည်နယ်မှာ စပါး စိုက်ဧက ၃ သောင်းကျော် ပျက်စီး သွားတယ်လို့ အစိုးရက ထုတ်ပြန်ထား ပါတယ်။

ဧရာတီတိုင်းနဲ့ ရန်ကုန်တိုင်း တွေမှာလည်း ရေကြီးလို့ စပါး စိုက်ဧက တသိန်းကျော် ပျက်စီး သွားပြီ ဖြစ်ပါတယ်။

မြန်မာပြည် အလယ်ပိုင်း မှာလည်း မိုးခေါင်တဲ့ အတွက် စပါး မစိုက်နိုင် တာကြောင့် လာမယ့်နှစ် စပါး အထွက် နှုန်း စိုးရိမ်ရတယ် လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

အစိုးရက ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အကူအညီ ပြန်ပေးမယ်လို့ ပြောပေမယ့် လည်း တခြားနေရာ အတွက်တော့ ပြောဆိုမှု မရှိသေးဘူး လို့ ဆိုပါတယ်။

မနှစ်ကလည်း ဧက ၃ သိန်း ရေနစ် ခဲ့ပြီး အစိုးရက မျိုးစပါးပဲ ကူခဲ့လို့ လယ်သမား တွေ အရှုံးပေါ် ခဲ့တယ်လို့ သိရပါတယ်။ 

BBC Burmese

မြန်မာ နိုင်ငံမှာ ဒီနှစ် မိုးဦးက ရာသီ ဥတု ဆိုးရွား ဖောက်ပြန်မှု တွေနဲ့ တခြား လိုအပ်ချက် တွေကြောင့် နောက်နှစ် စပါး အထွက်နှုန်း ထိခိုက် နိုင်တယ်လို့ ကျွမ်းကျင်သူ တွေက ပြောဆို ပါတယ်။

အရှေ့ဖက်က နောက်မုန်တိုင်းတစ်လုံး လာပြန်ပါပြီ


Photo: အရှေ့ဖက်က နောက်မုန်တိုင်းတစ်လုံး လာပြန်ပါပြီ။ ဒေါက်တာထွန်းလွင်
Thursday, August 8, 2013
06:26 am

အပူပိုင်းမုန်တိုင်း MANGKHUT (10W) ဟာ (၈-၈-၂၀၁၃)ရက်နေ့မှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို စတင်ဖြတ်ကျော်နေပြီဖြစ်ပါတယ်။ ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံ အရှေ့ပိုင်း နဲ့ မြောက်ပိုင်းဒေသများဆီကို ဦးတည်ဖြတ်သန်းလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ ဒီမုန်တိုင်းနဲ့ပတ်သက်တဲ့ Update News တွေကတော့

(၁) ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်များရှိ ဒေသအချို့တို့မှာ ရေဖုံးလွှ့မ်းခံရနိုင်မှုအန္တရာယ် မြင့်မားနေဆဲ ဖြစ်ပါတယ်။ (ရ-၈-၂၀၁၃)ရက် ည(၉)နာရီ အချိန် ဂြိုဟ်တုမှတိုင်းတာချက်အရ ရေဖုံးလွှမ်း ခံရမှုမြင့်မား နေတဲ့ နေရာများရဲ့ မြိုနယ်အမည်နဲ့ယင်းမြို့တို့မှ အကွာအဝေးတွေ ကတော့ ပဲခူးမှ(60 km အတွင်း)၊ မအူပင်မှ (40,60,70 km အတွင်း)၊ ဟုမ္မလင်းမှ (55km အတွင်း) နဲ့ ကျောက်ဖြူမှ(35km အတွင်း )၊ မင်္ဂလာဒုံမှ(20,30,40,55 km အတွင်း)၊ ပုသိမ်မှ(20km အတွင်း) နဲ့ သထုံမှ(55km အတွင်း) အကွာနေရာ များဖြစ်ပါတယ်။

(၂) မြောက်ပစိဖိတ်သမုဒ္ဒယာအတွင်း(၁၀)ကြိမ်မြောက်ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Mangkhut ဟာ (၈-၈-၂၀၁၃)၇က် နံနက်(၃း၃၀)နာရီ အချိန်တိုင်းတာချက် အရ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေကို စတင်ဖြတ်ကျော်လျက်ရှိနေပါတယ်။ ကမ်းကို တ်ြကျော်ပြီးတဲ့နောက် မုန်တိုငးအကြွင်းအကျန်တိမ်တိုက်များဟာ လာအိုနိုင်ငံ နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းတို့ကိုဖြတ်ကျော်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်း(ရှမ်းပြည်နယ်)ကို ဒီကနေ့ (၈-၈-၂၀၁၃)၇က် ညသန်းကောင်ယံအချိန်ခန့်မှာ စတင်ဖြတ်သန်း မယ်လို့ခန့်မှန်းရပါတယ်။ မိုးတိမ်တိုက်ကြီးဟာ ပြီးခဲ့တဲ့ရက်များက ဖြစ်ပေါ်ခဲ့တဲ့ တိုင်းဖွန်း Jebi အတိုင်း ရှမ်းပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများဆီသို့ ဆက်လက်ရွေ့လျှား လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဒီတစ်ခါလည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးရဖို့ လွဲရကိန်းရှိနေပြန်ပါတယ်။

ဒေါက်တာထွန်းလွင်

Popular
အပူပိုင်းမုန်တိုင်း MANGKHUT (10W) ဟာ (၈-၈-၂၀၁၃)ရက်နေ့မှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို စတင်ဖြတ်ကျော်နေပြီဖြစ်ပါတယ်။ ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံ အရှေ့ပိုင်း နဲ့ မြောက်ပိုင်းဒေသများဆီကို ဦးတည်ဖြတ်သန်းလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ ဒီမုန်တိုင်းနဲ့ပတ်သက်တဲ့ Update News တွေကတော့

ရန်ကုန်စည်ပင် နယ်နိမိတ်၌ ဆိုင်ကယ်စီးနင်းမှုအား အရေးယူမှုများ မရှိခဲ့၍ ဆိုင်ကယ်နှင့် ဆက်စပ်ယာဉ်တိုက်မှုများ နေ့စဉ်ဖြစ်ပွားနေပြီး လူသေဆုံးမှုများ ဖြစ်ပေါ်နေ

A-8-8
ဇူလိုင် ၂၀ ရက်နေ့က ပန်းဆိုးတန်းမြို့နယ်အတွင်း ဆိုင်ကယ်စီးနေမှု မြင်ကွင်း (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ် (Downtown) အတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြု ထားသော်လည်း အရေးယူမှုများ မရှိခဲ့သည့်အတွက် ဆိုင်ကယ်နှင့် ဆက်စပ်ယာဉ်တိုက်မှု ဖြစ်စဉ်များ နေ့စဉ်ဖြစ်ပွားနေပြီး လူသေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သြဂုတ် ၇ ရက် နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေးက ပြောကြား ခဲ့သည်။

Wednesday, August 7, 2013

တမလွန်ရောက် ဇနီး၏အမည်ဖြင့် တန်ဖိုးနည်းဖုန်းပေါက်၍ ထုတ်သွားသူ ရာအိမ်မှူးအား အရေးယူပေးရန် တိုင်ကြား


ငါးလကျော်က သေဆုံးခဲ့သော ဇနီး၏ အမည်ဖြင့် တန်ဖိုးနည်းဖုန်း ပေါက်၍ ထုတ်သွားခဲ့သော ရာအိမ်မှူး အား အရေးယူပေးရန် ရပ်ကွက်နေသူ တစ်ဦးက အင်းစိန်မြို့နယ် အုပ်ချုပ်ရေး မှူးထံသို့ တိုင်တန်းလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး တစ်ဦး ဖြစ်သူက ဇူလိုင် ၃ဝ ရက်တွင် ပိန္နဲ ကုန်းရပ်ကွက် တန်ဖိုးနည်းဖုန်း ရောင်း ချရေးကော်မတီမှ ပေါက်မဲအမှတ် ၇၄ ဖြင့် ထုတ်ယူသွားခဲ့ခြင်း ဖြစ်သည်ဟု တိုင်တန်းသူ ဦးဘိုဘိုတင်က ဆိုသည်။

ပြင်ပဈေးကွက်တွင် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း GSM ဖုန်းများ ပေါက်ဈေး တစ်သိန်းကျော် အထိ ရှိသော်လည်း ၀ယ်မရ

Photo: ပြင်ပဈေးကွက်တွင် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း GSM ဖုန်းများ ပေါက်ဈေး တစ်သိန်းကျော် အထိ ရှိသော်လည်း ၀ယ်မရ 

Wednesday, August 7, 2013

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လေးကြိမ်မြောက်  ရောင်းချပေးနေသည့် တန်ဖိုးနည်း GSM နှင့် CDMA ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချပေး နေသော်လည်း ပြင်ပတွင် အဆိုပါ ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ်တစ်သိန်းကျော် အထိ ဈေးပေါက်နေလျက် ရှိကြောင်း  မိုဘိုင်းလ် အရောင်းဆိုင်များမှ သိရသည်။

ငွေကျပ် ၁၅၀၀ တန် GSM နှင့် CDMA ဖုန်းများကို ပြင်ပအရောင်း ဆိုင်များတွင် ရောင်းချခွင့်ကို  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လုပ်ကိုင်ခွင့် မပြုခဲ့သော်လည်း ပြင်ပ အရောင်းဆိုင် အချို့ တွင် အဆိုပါ ငွေကျပ် ၁၅၀၀ တန် ဖုန်းများကို စတင်ရောင်းချစဉ် အခါကပင် ဈေးနှုန်းမှာ အနည်းဆုံး ငွေကျပ်ရှစ်သောင်းမှ အများဆုံး ငွေကျပ်နှစ်သိန်း အထိ ဈေးပေါက်လျက် ရှိသည်။

CDMA 800 MHz ဖုန်းများမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စတင် ရောင်းချပေးခဲ့စဉ် အချိန်က ပြင်ပ ဆိုင်များတွင် ၀ယ်ယူ၍ မရခဲ့သော်လည်း ပြည်သူများ ကြားတွင် အချိတ်ဆက် ပြုလုပ်ကာ ပေါက်ဈေး ငွေကျပ် သုံးသောင်းမှစတင်ကာ ငွေကျပ်တစ်သိန်း ပေးဝယ်သည်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လေးကြိမ်မြောက် အဖြစ် ထပ်မံ ထုတ်ပေးထားသည့် တန်ဖိုးနည်း GSMဖုန်းများမှာ လက်ရှိပြင်ပ ဈေးကွက်တွင် ငွေကျပ် တစ်သိန်းနှစ်သောင်းမှ ငွေကျပ်တစ်သိန်းခွဲ အထိ ဈေးနှုန်း မြင့်မားနေသော်လည်း ဖုန်းအရောင်း ဆိုင်များတွင် မဲပေါက် သူများမှ ပြန်လည် ရောင်းချထားသည့် ကတ်များကိုပင် ၀ယ်ယူရရှိနိုင်ခြင်း မရှိသည် အထိ ရောင်းအား ကောင်းမွန်နေလျက် ရှိသည်။

““အခု ထပ်ချပေးတဲ့ GSM ဆင်းကတ်တွေက လူကြိုက် ပိုများနေတယ်။ အရင်ချ ပေးတုန်းက   ဒီလောက်အရောင်း အ၀ယ်မဖြစ်ဘူး။ အခုချပေးတဲ့ ဆင်းကတ်တွေ ကျတော့ ဆိုင်မှာတောင် မရှိတော့တဲ့ အထိကို ရောင်းအား ကောင်းတယ်။ အခု ဒီကတ်တွေရဲ့ ပေါက်ဈေးနှုန်းက တစ်သိန်းလေးသောင်း ပေါက်တယ်။ ဒီဖုန်းတွေရဲ့ ဈေးနှုန်းက တည်ငြိမ်မှု မရှိဘူး။   အမျိုးမျိုး ပြောင်းတယ်””  ဟု Mobile  House မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တန်ဖိုးနည်း ငွေကျပ် ၁၅၀၀ တန် ဖုန်းများ ထွက်ပေါ်လာခြင်းကြောင့် ဖုန်းဈေးကွက် အတွင်း ယခင်က တန်ဖိုးနည်း ဖုန်းအဖြစ် ပထမဆုံး ချထားပေးခဲ့သည့် CDMA ငါးသိန်းတန်ဖုန်း များဖြစ်သော ၀၉-၉၁.... ဖုန်းများ၏ ဈေးနှုန်းမှာ အင်တာနက်မပါ ရောင်းဈေး ငွေကျပ် သုံးသိန်းသာ ပေါက်ဈေး ရှိတော့ကြောင်း ဖုန်းရောင်းဝယ် သူများထံက သိရသည်။

အဆိုပါ ငွေကျပ် ငါးသိန်းတန်ဖုန်းများ နည်းတူ ငွေကျပ် နှစ်သိန်းတန် GSM ဖုန်းများမှာလည်း  ၀ယ်ယူသူပင် မရှိသလောက် ရှားပါးနေပြီး အရောင်းဆိုင်များတွင် ရောင်းမကုန် တော့ကြောင်း အဆိုပါ မိုဘိုင်းလ် အရောင်းဆိုင်များမှ သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် ပူးပေါင်း၍ WCDMA 800 MHz မိုဘိုင်းလ်ဖုန်း လိုင်းများကို ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလအတွင်း စတင် ရောင်းချပေးခဲ့ပြီး CDMA ဖုန်းလိုင်း အသုံးမပြုနိုင်သည့် နေရာဒေသ တချို့တွင် WCDMA  ဖုန်းလိုင်း အနည်းငယ်ကို ယခင်က ရောင်းချပေးခဲ့သည်။

ယခင် ချထားပေးသည့် ဖုန်းလိုင်း အရေအတွက်မှာ ၁၀ သိန်းကျော် အထိ ချထားပေးပြီး ဖြစ်သည့် MEC ၏ CDMA 800 MHz မိုဘိုင်းလ်ဖုန်းလိုင်း ကွန်ရက်သည် လက်ရှိ အချိန်၌ ပြည့် ကျပ်မှု ဖြစ်ပေါ်လာကြောင်း၊ ဆက်လက် တိုးချဲ့နေသည့် မိုဘိုင်းလ် ကွန်ရက်များမှာ 3G   စနစ် အသုံးပြုသည့် GSM မိုဘိုင်းလ်ဖုန်းလိုင်း ကွန်ရက်များသာ ဖြစ်ကြောင်း မိုဘိုင်းလ် အင်ဂျင်နီ ယာမှူး တစ်ဦးက ပြောကြားခဲ့သည်။

Myawady

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လေးကြိမ်မြောက် ရောင်းချပေးနေသည့် တန်ဖိုးနည်း GSM နှင့် CDMA ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချပေး နေသော်လည်း ပြင်ပတွင် အဆိုပါ ဖုန်းများ၏ တန်ဖိုးမှာ ငွေကျပ်တစ်သိန်းကျော် အထိ ဈေးပေါက်နေလျက် ရှိကြောင်း မိုဘိုင်းလ် အရောင်းဆိုင်များမှ သိရသည်။

ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာ


Photo: ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာ
=======================

Wednesday, August 07, 2013

ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာကတော့ စင်္ကာပူနိုင်ငံက ကလေးငယ် Lim Ding Weng ဖြစ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ပါတယ်။

သူဟာ အသက် ၇ နှစ်အရွယ်ကတည်းက ဆော့ဖ်ဝဲ Developing ပညာရပ် ကိုလေ့လာ အသုံးချခဲ့သူ ဖြစ်ပါတယ်။ Doodle Kids အမည်ရ App ကို ဖြန့်ဝေပြီး စစချင်း iTune စတိုးမှာ ဒေါင်းလုခ်ဆွဲမှု အကြိမ်ပေါင်း ၈သိန်း၈သောင်း ကျော်လွန်ခဲ့ပါတယ်။ ယင်း App ကို စတင်ဖန်တီးစဉ် ၁၉၈၆ ခုနှစ် နောင်းပိုင်းကထုတ်တဲ့ Apple IIGS ကွန်ပျူတာနဲ့ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ Doodle Kids app ရဲ့ အောင်မြင်မှုကြောင့် Android ဗားရှင်းတောင် ဆက်လက် ဖန်တီးလိုက် ပါသေးတယ်။ အမေရိကန်က CNN ရုပ်သံလိုင်းမှလည်း အင်တာဗျူးခဲ့ပြီး စင်္ကာပူမြို့ ရဲ့  ဂုဏ်ရှိန်ကြီးရတဲ့ အကြောင်းအရင်းမှာ ယင်းကလေးငယ် Lim Ding Weng ကို ထည့်သွင်းခဲ့ပါတယ်။

Doodle Kids အပြင် Invader War တို့လို နာမည်ကြီး app နဲ့ အခြား application ပေါင်းများစွာကိုလည်း တီထွင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း Invader War 2 ရေးဆွဲလုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ သူဟသာ Objective-C, Java, JavaScript နဲ့ ActionScript တို့လို အခြား ဆော့ဖ်ဝဲ/ပရိုဂရမ်များကို ကောင်းကောင်းအသုံးချ၊ရေးဆွဲ တတ်သူ တစ်ဦး ဖြစ်နေပြီလို့ သိရပါတယ်။

မြန်မာပြည်မှာဆိုရင်လည်း အသက် ၁၀ နှစ်မပြည့်သေးပဲ ဒိုတာဂိမ်းကောင်းကောင်း ဆော့ကစားနိုင်တဲ့ ကလေးငယ်များ၊ ဂျပန်ကာတွန်းထဲမှာ ဇာတ်ကောင်အားလုံး အလွတ်ရနေသူများ၊ ဂိမ်မာကြီးတို့နဲ့ ယှဉ်ပြိုင်ဆော့ကစားနိုင်တဲ့ ကလေးငယ်များ၊ PSP ဂိမ်းကို ဆရာတစ်ဆူလို ဆော့ကစားနိုင်တဲ့ ကလေးငယ်များ ရှိနေပါတယ်။

ယင်းကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုင်တီဆိုင်ရာ ကုန်ပစ္စည်းများကို စိတ်ဝင် စားပြီး ဝါသနာ ပါပါ ကိုင်တွယ်နေတတ်တဲ့ ကလေးငယ်များ ကို သေချာလေ့ ကျင့်သင်ကြားပေးရင်၊ အိုင်တီနဲ့ ဆက်စပ်ပညာများ သင်ကြားပေးရင် အလွယ်တကူ တတ်မြောက်နိုင်ပါတယ်။ စာဖတ်သူတို့ရဲ့  အသိုင်းအဝိုင်းထဲမှာ ယခုလို ထူးချွန်တဲ့ ကလေးငယ်များရှိရင် လမ်းမှားမရောက်အောင် နည်းပညာဆိုင်ရာ အသိနဲ့ ပညာများ သင်ကြား လေ့ကျင့်ပေးစေလိုပါတယ်။
--
Ref:wiki
ရိုးရာလေး နည်းပညာ
ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာကတော့ စင်္ကာပူနိုင်ငံက ကလေးငယ် Lim Ding Weng ဖြစ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံသို့ ယခုလအတွင်း ကင်တားနား လာမည်

Photo: မြန်မာနိုင်ငံသို့ ယခုလအတွင်း ကင်တားနား လာမည်
Wednesday, August 07, 2013

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်း ပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် နေ့ရက်နှင့် ခရီးစဉ် အသေးစိတ်ကို ကင်တားနား ကိုယ်တိုင် ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကင်တားနားသည် ရခိုင်ပြည်နယ်သို့ သြဂုတ်လ ဒုတိယပတ် ဝန်းကျင် တွင် ရောက်ရှိမည် ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်၊ ဘင်္ဂါလီနှင့် ရခိုင် ဒုက္ခသည် စခန်းများကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လေ့လာပြီး အစီရင်ခံရန် ကင်တားနားသည် ယခုတစ်ကြိမ် မတိုင်မီ ရှစ်ကြိမ် တရားဝင် လာရောက် ခဲ့ပြီး ဖြစ်သည်။

၎င်းသည် ဖေဖော်ဝါရီလ အတွင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ရခိုင်ပြည်နယ် ရှိ ဒုက္ခသည်များ အခြေအနေကို လေ့လာ ရန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

The Voice Weekly

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်း ပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောကြားသည်။

ဖြတ်၊ ဖောက်၊ ချုပ်


Photo: ဖြတ်၊ ဖောက်၊ ချုပ်
Wednesday, August 07, 2013

သူ့နာမည်က PAT ပါ။ သူဟာ မကြာသေးခင်ကမှ မိန်းကလေး ဘ၀ကို ပြောင်းလဲခံယူခဲ့သူ လည်းဖြစ်ပါ တယ်။ မြန်မာပြည်မှာ အများ ခေါ်ကြတာတော့ ဖြတ်၊ ဖောက်၊ ချုပ် ပေါ့လေ။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အလှဖန်တီးရှင်တဦးအနေနဲ့ ဆယ်နှစ်ကျော်ကြာ ဘ၀ကို ဖြတ်သန်းရင်း သူ့ ကိုယ်သူ မိန်းကလေး ဖြစ်ချင်လွန်းလို့ ငွေကြေး အကုန်အကျခံကာ လိင်အင်္ဂါ ခွဲစိပ် အသွင်ပြောင်းလိုက်တာ ပါတဲ့။

အသက် ၃၀ အရွယ် ထိုင်းလူမျိုး PAT က သူ့ရဲ့ လိင်အင်္ဂါ ခွဲစိပ်မှုကို ချင်းမိုင်မြို့မှာပဲ ထိုင်း ဘတ်ငွေ ၃ သိန်းကျော်၊ ၄ သိန်း နီးပါး ကုန်ကျခံခွဲစိပ်ခဲ့တာ မကြာသေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ဆရာဝန် ညွှန်ကြားချက်အရ လိင်ဆက်ဆံမှု ၆ လ ကြာ စောင့်ရမယ်လေ” လို့ PAT က ဆိုတယ်။

ခွဲစိပ်မှု လုပ်ပြီး ဆေးဝါးတွေ ဆက်လက်မှီဝဲနေရသေတယ်လို့ သူက ဆက်ပြောတယ်။ ခွဲစိပ်မှုအပြီး မိန်းကလေး ဘ၀ ဖြစ်သွားတဲ့ PAT က နေရ ထိုင်ရတာလည်း အဆင်ပြေပါတယ်တဲ့။ သူ့ ကျန်းမာရေး ကလည်း ကောင်းပါတယ်တဲ့။ အထူးသဖြင့် ကိုယ်ဖြစ်ချင်တာကို ဖြစ်လိုက်ရလို့ ဘ၀မှာ ယုံကြည်မှုကို ပိုရှိလာပြီး ကျေနပ်တယ်လို့ သူ က ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ဆေးရုံတွေ က ၀န်ဆောင်မှု ကောင်းတာလည်း ယုံကြည်မှုကို အားကောင်းစေနိုင်ပါတယ်။

ထိုင်းနိုင်ငံက လိင်တူချစ်သူဆိုတာတွေက တကယ့် မိန်းကလေး အလား ထင်မှတ်မှားနိုင်ပါတယ်။ တချို့ လည်း ယောင်္ကျား ရင့်မာကြီးပုံစံတွေလည်း တွေ့ရပါတယ်။ သူတို့ဟာ မိန်းကလေးတွေထက် သူတို့ရဲ့ အသားအရေကို ပိုဂရုစိုက်ပါတယ်။

ထိုင်းနိုင်ငံက လိင်တူ ချစ်သူဆိုတာတွေဟာ ထူးထူးခြားခြား ခွဲခြား ဆက်ဆံတာမျိုး မခံရဘဲ သူတို့ ရုပ်ရှင် ကားတိုင်းလိုလိုမှာ အမြဲ လိုလို ပါဝင် တတ်တာလည်း တခု အပါအ၀င်ပါဘဲ။ အများသူငါကလည်း သာမန်လိုပဲ သူတို့ ကို ဆက်ဆံကြတာ သတိထားမိပါတယ်။ အလုပ်ခွင်တွေမှာလည်း တန်းတူ အခွင့်အရေး ရကြပါ တယ်။

ပြောရရင် ထိုင်းနိုင်ငံဟာ လိင်တူချစ်သူ အများဆုံး နိုင်ငံတွေထဲက တခုလို့ ပြောရမလားပါဘဲ။ အမျိုးသား ချင်း၊ အမျိုးသမီး ချင်း လိင်တူချစ်သူ အလွန်များတယ်လို့ ဆိုရပါမယ်။

ကျမရဲ့ ထိုင်းမိတ်ဆွေ အမျိုးသမီး တယောက်က ပြောတာက စိတ်ဝင် စားစရာပါ။ ထိုင်းနိုင်ငံမှာ မိန်းမလျှာ
ဖြစ်သွားသူတွေလည်း များ၊ ယောင်္ကျားလျှာဖြစ်သွားသူတွေလည်း များလာတာတွေ ကြောင့် ထိုင်း အမျိုးသမီးတွေမှာ ခင်ပွန်း ရှားလာတယ်လို့ သူက ပြောတယ်။

ဒီကြားထဲ အမျိုးသမီးတွေ လုပ်ကြတဲ့ လေယာဉ်မယ်၊ ကား မယ်စတဲ့ နေရာတွေမှာ လည်း မိန်းမလျှာတွေ က နေရာဝင်ယူသွားတော့ အမျိုးသမီးတွေ အတွက် အလုပ်ခွင် နေရာ လျော့ ပါတယ်တဲ့။

မနှစ်ကဆို ဒေါ်လာဘီလျံနဲ့ချီပြီး ချမ်းသာတဲ့ သူဌေးကြီးတဦးက ထိုင်းနိုင်ငံက မိန်းမလျှာ တဦးကို ဒေါ်လာ သန်းချီ တင် တောင်းပြီး ခမ်းနားတဲ့ မင်္ဂလာပွဲတောင် ကျင်းပခဲ့တာမျိုးတောင် ရှိခဲ့တယ်။

မြန်မာနိုင်ငံက လိင်တူချစ်သူတွေထဲက တချို့လည်း ဖြတ်၊ ဖောက်၊ ချုပ် လုပ်ထားကြတဲ့ သတင်းတွေ ကြားနေရပါတယ်။ တချို့လည်း နိုင်ငံခြားထွက်ပြီး လုပ်ကြသလို တချို့လည်း ပြည်တွင်းမှာပဲ လက်တည့် စမ်းလိုက်လို့ မလိုလား အပ်တဲ့ ဖြစ်စဉ် တွေ ဖြစ်ပြီး အသက်ဆုံးပါး သွားရတာမျိုးတောင် ရှိတယ်လို့ ဆိုကြတယ်။

ဖြတ်၊ ဖောက်၊ ချုပ် လုပ်လိုက်တဲ့သူတွေအတွက် မှတ်ပုံတင်မှာ ဘယ်လို ပြောင်းလဲ ဖြည့်စွက်ရမလဲ ဆို တာတော့ မြန်မာ ပြည်မှာ သေချာ မရှင်းလင်းသေးပါဘူး။

ဒီအပြင် မြန်မာပြည်က လိင်တူ ချစ်သူ ဆို တာတွေမှာ ခွဲခြား ဆက်ဆံခံရတာတွေ ရှိနေသေးပြီး တလောက မန္တလေးဘက် မှာ လိင်တူချစ်သူတချို့ ကျုံးဘေးနားမှာ သောင်းကျန်းတယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ဖမ်းဆီး နှိမ် ချ အပြစ်ပေးတာခံကြရတယ်လို့ သတင်းပေါ်ထွက်ခဲ့ပါတယ်။

အလှဖန်တီးတဲ့ သူ့ရဲ့ ဆိုင်တွင်းမှာ သာမန်အချိန်တွေ့ရတဲ့ PAT၊
ဓာတ်ပုံ- အိမ့်သံစဉ်

အိမ့်သံစဉ်
သူ့နာမည်က PAT ပါ။ သူဟာ မကြာသေးခင်ကမှ မိန်းကလေး ဘ၀ကို ပြောင်းလဲခံယူခဲ့သူ လည်းဖြစ်ပါ တယ်။ မြန်မာပြည်မှာ အများ ခေါ်ကြတာတော့ ဖြတ်၊ ဖောက်၊ ချုပ် ပေါ့လေ။

လက်ပံတောင်းဇီးတောမှာ ဖမ်းခေါ်သွားသူတွေကို စစ်မေးပြီး ပြန်လွှတ်

ဗုဒ္ဓဘာသာအပေါ် အကြမ်းဖက်မှုအား ကန့်ကွက်သည့်အနေဖြင့် မန္တလေးတွင် လူ ၆၀၀ ခန့် ဆန္ဒပြ

ဗုဒ္ဓဘာသာ၏ အထင်ကရနေရာများကို အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် နိုင်ငံတကာ မီဒီယာများတွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အမြင်လွဲစေသည့် ရေးသားဖော်ပြချက်များကို ကန့်ကွက်သည့်အနေဖြင့် သြဂုတ် ၆ ရက် က မန္တလေးတွင် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၆၀၀ ခန့် စုဝေးဆန္ဒပြခဲ့ကြသည်။

Tuesday, August 6, 2013

တင်ဒါအောင်မြင်သည့် ကုမ္ပဏီတစ်ခုလျှင် အနည်းဆုံးဘတ်စ်ကား (၇၅) စီး ရန်ကုန်တွင် ပြေးဆွဲပေးရမည်

မြန်မာပြည်၏ ဖွံ့ဖြိုးတိုးတက် မှုတွင် အကူအညီထောက်ပံ့မှုရစေရန် ကဏ္ဍအလိုက် တင်ဒါများခေါ်ယူခဲ့ရာ တွင် ယခုအခါတွင် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က. ည.န) အနေဖြင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန်တင်ဒါ များခေါ်ယူခဲ့ကြောင်းသိရှိရသည်။

ပင်လယ်ရေကြောင်း မှ မှောင်ခိုသွင်း ဟန်းဆက် သုံးလ အတွင်း တစ် သိန်းကျော် ရှိ

 Photo: ပင်လယ်ရေကြောင်းမှ မှောင်ခိုသွင်း ဟန်းဆက် သုံးလအတွင်း တစ်သိန်းကျော် ရှိ
Tuesday, August 06, 2013

၂၀၁၃ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ဇွန်လကုန်အထိ သုံးလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ မှောင်ခို တင်သွင်းလာသည့် ဟန်းဆက် အလုံးရေမှာ တစ်သိန်းကျော်အထိ ရှိနေကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်ဟု ဆိုသည်။

ယင်းဝန်ကြီးဌာနအနေဖြင့် နယ်စပ်တစ်လျှောက်တွင် မှောင်ခို ကုန်သွယ်နေမှုများအား ဖမ်းဆီးအရေးယူနိုင်ရန်အတွက် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလမှစ၍ Mobile Teamအဖွဲ့များဖြင့် စစ်ဆေးခဲ့ရာတွင်လည်း ရှမ်းပြည်နယ်၊ နောင်ချိုတွင် မြို့ရှောင်လမ်းများမှတစ်ဆင့် တရားမဝင် တင်သွင်းနေသည့် ဟန်းဆက်အလုံးရေ ၁၆၀၀ကျော်အား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ယခုအခါတွင် ပင်လယ်ရေကြောင်းမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများကို ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်းရှိ ကမ်းရိုးတန်း ကုန်သွယ်မှုဆိုင်ရာ ဆိပ်ကမ်းနယ်မြေ၊ ပင်လယ်ဝမှ ရန်ကုန်မြစ်တစ်လျှောက် နယ်မြေနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်း ဆိပ်ကမ်းများတွင် နယ်မြေခွဲခြား စစ်ဆေးသွားမည်ဟု ဆိုသည်။ ကုမ္ပဏီများက နှစ်စဉ် ဟန်းဆက်တင်သွင်းရန် လိုင်စင်ယူထားသည့် ပမာဏမှာ အလုံးရေ သိန်းချီ၍ ရှိသော်လည်း အမှန်တကယ် အခွန်ဆောင်ပြီး တင်သွင်းသည့် အရေအတွက်မှာ သောင်းဂဏန်းသာ ရှိကြောင်း သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တွက်ချက်မည်ဆိုပါက ဟန်းဆက် လိုအပ်ချက်များပြားနေပြီး ကုန်သွယ်မှု စာရင်းများအရ တရားဝင် ကုန်သွယ်မှု အရေအတွက်နှင့် တန်ဖိုးမှာ နည်းပါးနေပြီး လေဆိပ်၊ ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှ တရားမဝင် တင်သွင်းမှုမှာ များပြားနေသည်ဟု ဆိုသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပင်လယ်ရေကြောင်း၊ ကုန်သွယ်မှုမှတစ်ဆင့် မှောင်ခိုတင်သွင်းလာသော ဟန်းဆက် အလုံးရေမှာ ငါးသောင်းကျော်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ဒဿမ ၁သန်းကျော်ဖိုး ရှိကြောင်း သိရပါသည်။

နိုင်ငံတော်မှ ပြည်သူများ ဆက်သွယ်ရေး ပိုမို ကောင်းမွန်လာစေရန်အတွက် ယခုနောက်ပိုင်းတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို တစ်သုတ်ပြီး တစ်သုတ် ချထားပေးလျက် ရှိသကဲ့သို့ ဟန်းဆက်ဝယ်လိုအားလည်း များလာခဲ့ရာ ဟန်းဆက်အရောင်းဆိုင်များလည်း ရန်ကုန်တစ်မြို့လုံးတွင် မှိုပေါက်သလို တစ်ဆိုင်ပြီး တစ်ဆိုင် နေရာအနှံ ပေါ်ပေါက်လာကြသည်။

ဟန်းဆက်အမျိုးအစားများကလည်း သောင်းကျော်မှ သိန်းကျော်အထိ ဘယ်ခေတ်ကာလနှင့်မျှ မတူအောင် စုံလင်လှသည်။ မိမိ တတ်နိုင်သည့် အနေအထားနှင့်အညီ ဝယ်ယူသုံးစွဲနိုင်သည်။ ထိုဟန်းဆက်များထဲတွင် အထက်က သတင်းလို မှောင်ခိုအလုံးများ အဘယ်မျှ ပါဝင်နေမည်တော့ မသိနိုင်ပါလေ။

Myanmar ICT
 ၂၀၁၃ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ဇွန်လကုန်အထိ သုံးလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ မှောင်ခို တင်သွင်းလာသည့် ဟန်းဆက် အလုံးရေမှာ တစ်သိန်းကျော်အထိ ရှိနေကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်ဟုဆိုသည်။

Sunday, August 4, 2013

နောင်လာမည့် ငါးနှစ်တာ ကာလအတွင်း ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန်များအား တိုးချဲ့မှုများ ပြုလုပ်မည်

B-4-8
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်အား တွေ့ရစဉ်
နောင်လာမည့် ငါးနှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များအား တိုးချဲ့ မှုများ ပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးစိုးမင်း ၏ ပြောကြား ချက်အရ သိရသည်။

ရှစ်လေးလုံးငွေရတု အခမ်းအနား ရန်ပုံငွေရရှိရေး အမှတ်တရပစ္စည်း ရောင်းချခြင်းနှင့် လက်မှတ်ရေးထိုးပွဲ ကျင်း

W-4-8
ရှစ်လေးလုံးငွေရတု အခမ်းအနား ရန်ပုံငွေရရှိရေး အမှတ်တရပစ္စည်း ရောင်းချခြင်းနှင့် လက်မှတ်ရေး ထိုးပွဲတွင် ဦးမြအေး၊ ဦးမင်းကိုနိုင်၊ သရုပ်ဆောင် ခိုင်သင်းကြည်နှင့် လူမင်းတို့ အား တွေ့ရစဉ်
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနား ရန်ပုံငွေရရှိရေး အမှတ်တရပစ္စည်းများ ရောင်းချခြင်းနှင့် လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ မြေနီကုန်း၊ မပိုလမ်းပေါ်ရှိ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်တွင် သြဂုတ် ၃ ရက် နံနက် ၈ နာရီခွဲခန့်က ပြုလုပ်ခဲ့သည်။

ရှစ်လေးလုံး အရေးတော်ပုံနေ့တွင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် သံဃာတော်တစ်ပါးမှ ရက်အကန့် အသတ်မရှိ အစာငတ်ခံ ဆန္ဒပြ

U-4-8
အစာငတ်ခံ ဆန္ဒပြနေသော  ဆရာတော်ဘဒ္ဒန္တ ရက္ခ၀ံသအား သြဂုတ် ၃ ရက်နေ့ နံနက်ပိုင်း တွင် တွေ့ ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ယခုလ ၈ ရက်တွင် ကျရောက်သည့် ရှစ်လေးလုံး အရေးတော်ပုံနေ့တွင် နိုင်ငံအတွင်း ဖမ်းဆီးထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားအားလုံးကို နိုင်ငံတော်အစိုးရမှ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်