Thursday, August 15, 2013

သျှမ်းသံတော်ဆင့် သတင်းဌာနမှ အွန်လိုင်းရေဒီယို ထုတ်လွှင့်

Photo: သျှမ်းသံတော်ဆင့်သတင်းဌာနမှ အွန်လိုင်းရေဒီယို ထုတ်လွှင့်
Thursday, August 15, 2013

သျှမ်းသံတော်ဆင့်သတင်းဌာနမှ တိုးချဲ့သော အစီအစဉ်အဖြစ် SHAN Radio အွန်လိုင်းရေဒီယို အစီအစဉ်ကို လာမည့်တနင်္လာနေ့ ဩဂတ်စ်လ ၁၉ ရက်နေ့တွင် စတင်ထုတ်လွှင့်မည်ဖြစ်ပါသည်။

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သျှမ်းဘာသာ ဖြင့်စတင် ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

သျှမ်းပြည်တွင်းသတင်း၊ အာစီယံသတင်း၊ ပြည်ပရောက်သျှမ်းအလုပ်သမား
များသတင်း၊ နိုင်ငံတကာသတင်း၊ စီးပွားရေးသတင်း၊ ကျန်းမာရေး၊ အားကစားနှင့်အနုပညာသတင်းများအပြင် ခေတ်ဟောင်းတေး၊ ခေတ်ပေါ်တေး အစီအစဉ်များကိုပါ အချိန်ဇယားဆွဲ၍ ထုတ်လွှင့်ပေးမည်ဖြစ် ပါသည်။

www.radio.panglong.org တွင် ဝင်ရောက်နားထောင်နိုင်ပြီး ပရိသတ်များဝေဖန် အကြံဉာဏ်ပြုလို သည်များကို ပေးထားသည့် cbox တွင် ထည့်သွင်းရေးသားထားပေးနိုင်ကြောင်း အသိပေး အကြောင်း ကြား အပ်ပါသည်။

http://www.radio.panglong.org/index.php?option=com_content&view=article&id=53&Itemid=8
Panglong(Burmese)
သျှမ်းသံတော်ဆင့်သတင်းဌာနမှ တိုးချဲ့သော အစီအစဉ်အဖြစ် SHAN Radio အွန်လိုင်းရေဒီယို အစီအစဉ်ကို လာမည့်တနင်္လာနေ့ ဩဂတ်စ်လ ၁၉ ရက်နေ့တွင် စတင်ထုတ်လွှင့်မည်ဖြစ်ပါသည်။

အထပ်မြင့် စည်းမျဉ်း မလိုက်နာနိုင်၍ ဆောက်ခွင့်ပြုရန် တင်ပြီးမှ ပြန်လည် ပယ်ဖျက်မှုရှိ

Photo: အထပ်မြင့်စည်းမျဉ်းမလိုက်နာနိုင်၍ ဆောက်ခွင့်ပြုရန်တင်ပြီးမှ ပြန်လည်
ပယ်ဖျက်မှုရှိ
Thursday, August 15, 2013

အထပ်မြင့် ဆောက်လုပ်ရန် တင် ပြထားသော်လည်း ရန်ကုန်စည်ပင်၏ စည်းမျဉ်းဥပဒေများကို လိုက်နာနိုင်မှု မရှိ၍ လုပ်ငန်းရှင်များဘက်မှ ပယ်ဖျက် သွားသည်များ ရှိနေကြောင်း အထပ်မြင့် အဆောက်အအုံဆောက်
လုပ်ရေးဆိုင် ရာ စံချိန်စံညွှန်း စိစစ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးရီဝင်းက ပြောသည်။ ယခုဘဏ္ဍာနှစ် အတွင်း ရန်ကုန် စည်ပင်သို့ လာရောက်လျှောက်ထား သော အဆောက်အအုံ ၆၆ လုံးရှိပြီး ဌာနမှ မူအားဖြင့်ခွင့်ပြုပြီးအဆောက် အအုံ ၂၃ လုံး၊ သတ်မှတ်ချက်နှင့် မ

ကိုက်ညီ၍ ခွင့်ပြုပေးနိုင်မှု မရှိသော အဆောက်အအုံ ၈ လုံး၊ လုပ်ငန်းရှင် များဘက်မှ သတ်မှတ်ချက်ကြောင့် ဆောင်ရွက်လိုမှု မရှိတော့သည့် အဆောက် အအုံ ၈ လုံးနှင့် ခွင့်ပြုရန် စိစစ်နေဆဲ အဆောက်အအုံ ၂၇ လုံးရှိကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။ အထပ်မြင့်အဆောက်အအုံဆို သည်မှာ ရှစ်ထပ်နှင့်အထက်အဆောက် အအုံကိုဆိုလိုခြင်းဖြစ်ပြီး လက်ရှိအချိန် ထိ တင်ပြမှုတွင် ၃၂ ထပ် အထိ အမြင့် ဆုံးပါဝင်လာကြောင်း သိရသည်။ရွှေတိဂုံဘုရားမြင်ကွင်းလမ်း ကြောင်း ဦးဝိစာရလမ်း၌ ၂၅ ထပ်အမြင့် အဆောက်အအုံ ဆောက်လုပ်လိုခြင်းနှင့် မြေချန်ဆောက်လုပ် ရန်လိုသည်ကို ၎င်းတို့မြေနှင့် မကိုက်ညီခြင်းတို့ကြောင့် လုပ်ငန်းရှင်များ ဘက်က ပယ်ဖျက်သွား ခြင်းများရှိသည်ဟု ဦးရီဝင်းက ပြောသည်။ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် လိုအပ်သော စည်းကမ်းချက်များ၌ မြေကွက်ပိုင်ဆိုင် မှု မှန်ကန်ခြင်း၊ မြေကွက်အတိုင်း အတာ မှန်ကန်ခြင်း၊ မြေယာအမှု ကင်းရှင်းရန် လိုအပ်ခြင်း၊ စည်းကမ်းနှင့် အညီ မြေချန် များထားရှိရန် လိုအပ်ခြင်း၊ လေနှင့် အလင်းရောင်ရရှိရန် လိုအပ်ခြင်း၊ အမှိုက်စွန့်ပစ်မှု၊ မိလ္လာစွန့်ပစ်မှု အတွက် လုံလောက်သော စနစ်ရှိခြင်း၊ ရေနုတ် မြောင်းများ လုံလောက်စွာရှိခြင်းနှင့် အထပ်မြင့် များဖြစ်၍ နေထိုင်သူများ အား သောက်သုံးရေပေးဝေနိုင်ရေးစီမံကိန်း များ ပါဝင်သည်ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်တွင် ရန်ကုန်စည်ပင် မှ အထပ်မြင့်အဆောက်အအုံများအား သောက် သုံးရေ ပေးဝေနိုင်ခြင်း မရှိရာ တည်ဆောက်သူများဘက်မှသာ စီစဉ် ဆောင်ရွက်ရသည်ဟု သိရသည်။

”လုပ်လုပ်လုပ်လို့ ပြောတယ်။ ပြီး တော့ ဇက်ကြိုးဆွဲထားတယ်။ ကျွန် တော် တို့က ဘာလုပ်ရမှာလဲ။ ဆောက် ပါ ဆောက်ပါ ပြီးတော့ခွင့်မပြုဘူးလို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်” ဟု စည်းကမ်းချက်များနှင့် ပတ်သက်၍ ကြားသိရသောသတင်းစကားကို ဦးရီဝင်း က ပြောပြသည်။ စည်းကမ်းသတ် မှတ်ချက် များ ကြောင့် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးသွားရန်ကို မလိုသော်လည်း စိစစ်ခွင့်ပြုအားနည်း၍ ရန်ကုန်မြို့၏ အနှစ်သာရ ပျက်စီးသွားမည်ကိုလည်း စိုးရိမ်သည်ဟု ဦးရီဝင်းက ဆက်ပြော သည်။ အထပ်မြင့်ဆောက်လုပ်ပါကမြေချန် ရမည့် စည်းကမ်းချက်၌ မြို့တွင်း ခြောက်မြို့နယ်ဖြစ်ပါက အရှေ့ ၃ ပေ၊ ဘေးနှစ်ဖက် ၃ ပေစီနှ င့် နောက်ဘက် တွင် နောက်ဖေးလမ်းကြားရှိပါက ၃ ပေ ချန်၍ မရှိပါက ၆ ပေချန်ရမည် ဖြစ် ကြောင်း၊ မြို့တွင်းပြင်ပနှင့် ရွှေတိဂုံ ကန့် သတ်ဇုန်တွင်မူ အရှေ့ပေ ၂ဝ၊ ဘေး ၃ ပေစီနှင့် အနောက် ၆ ပေချန်ရန်လိုပြီး ကျန်လမ်းမကြီးနှင့် လမ်းသွယ်များ၌မူ အရှေ့ ၁၂ ပေ၊ ဘေး ၃ပေစီနှင့် နောက် ဘက် ၆ ပေစီချန်ရန်လိုအပ်သည်။

ယင်းအပြင် မြေ အကျယ် ပေ ၅ဝ နှင့်အထက်ရှိမှာသာ ၁၂ ထပ်နှင့် အ ထက် အဆောက်အအုံများကို ဆောက် လုပ်ခွင့်ပြုပြီး ဆိတ်ငြိမ်နေရာများတွင်မူ ၄ ထပ်ခွဲအထိသာ ခွင့်ပြုကြောင်း၊ ရွှေတိဂုံဘုရား ကန့်သတ်မြေအတွင်း ဖြစ် ပါက ဟိုတယ်တည်ဆောက်လျှင် ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၁၉ဝ မကျော်ရဘဲ သာမန် အဆောက် အအုံဖြစ်လျှင် ၇၈ ပေအထိသာ ခွင့်ပြု ကြောင်း ရွှေတိဂုံကန့်သတ်ဧရိယာပြင်ပ ဖြစ်ပါက ၄၁၇ ပေ အထိခွင့်ပြုထား ကြောင်း သိရသည်။ယင်းအပြင် အထပ်မြင့်အဆောက် အအုံတည်ဆောက်ရာတွင် လေကြောင်း လိုင်းအတွင်း ကျရောက်ပါ က လေ ကြောင်းဦးစီး၏ ထောက်ခံချက်လိုပြီး လေကြောင်းဦးစီးက ပေ ၂ဝဝ ထက် ကျော်ပါက ခွင့်မပြုကြောင်း သိရသည်။ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရန်အတွက် ဘေးပတ်ဝန်း ကျင် နေအိမ်များမှ လည်း ထောက်ခံရန် လိုအပ်ပြီး ထောက်ခံမှုတွင် အရှေ့ ၃ အိမ်၊ အနောက် ၃ အိမ်နှင့် ဘေး ၂ အိမ်စီ ထောက်ခံရမည်ဟု သိရသည်။

”တချို့က ၁ဝ အိမ်တော့ ကောက် လာတယ်။ ဟိုအဝေးကြီးက ဖြစ်နေတာ မျိုးတွေရှိတယ်။ အဲဒါတွေမရဘူး”ဟု ဦးရီဝင်းက ဆိုသည်။ ယခင် က ဘေးအိမ်များ ထောက်ခံချက်မတောင်းခံမိ၍ အဆောက် အအုံ ဆောက် လုပ်ရန် ခွင့်ပြုပြီးမှ ဘေးအိမ် များမှ ကန့်ကွက်ခဲ့သည်များ ကြုံကြိုက်ခဲ့ ဖူးကြောင်း၊ ယင်းအခြေအနေမျိုး တွင် ဖြေရှင်းရခက်ခဲ သဖြင့် ဘေး အိမ်များ၏ ထောက်ခံချက်တောင်းခံခြင်းဖြစ်သည် ဟု ၎င်းထံမှ သိရသည်။

ဝေမာထွန်း
Popular Myanmar News Journal
အထပ်မြင့် ဆောက်လုပ်ရန် တင်ပြထားသော်လည်း ရန်ကုန်စည်ပင်၏ စည်းမျဉ်းဥပဒေများကို လိုက်နာနိုင်မှု မရှိ၍ လုပ်ငန်းရှင်များ ဘက်မှ ပယ်ဖျက် သွားသည်များ ရှိနေကြောင်း အထပ်မြင့် အဆောက်အအုံဆောက် လုပ်ရေးဆိုင်ရာ စံချိန်စံညွှန်း စိစစ်ရေးကော်မတီမှ

ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့မ ရဲစခန်းမှ ခိုးမှုဖြင့် ထွက်ပြေး တိမ်းရှောင်နေ သည့် တရားခံအား စုံစမ်း၍ ပူးပေါင်း ဖမ်း ဆီးပေးခဲ့

Photo: ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့မရဲစခန်းမှ ခိုးမှုဖြင့်ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံအား စုံစမ်း၍ ပူးပေါင်းဖမ်းဆီးပေးခဲ့
Thursday, August 15, 2013

၁၂.၈.၂၀၁၃ ရက်နေ့တွင် ကျောက်တန်းမြို့မရဲစခန်းသို့ ဧရာဝတီတိုင်း
ဒေသကြီး၊ ကန်ကြီးထောင့်မြို့မရဲစခန်းမှဆက်သွယ်လာပြီး ၎င်းရဲစခန်း၏ (ပ)၆၄/၂၀၁၃၊ပုဒ်မ ၃၈၀ အမှုမှ တရားခံ အောင်အောင်(ဘ)ဦးလှဝင်း၊ (၁၄)ရပ်ကွက်၊ ပုသိမ်မြို့နေသူမှာ ကျောက်တန်းမြို့သို့ ထွက်ပြေးတိမ်း
ရှောင်သွားကြောင်း သတင်းရရှိသဖြင့် စုံစမ်းဖမ်းဆီးပေးပါရန် အကူအညီတောင်းခံလာခဲ့ပါသည်။

ထိုသို့အကူအညီတောင်းခံလာမှုအပေါ် ကျောက်တန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် တရားခံအောင်အောင်အား စုံစမ်းရှာဖွေခဲ့ရာ
၎င်းသည် ဇနီးဖြစ်သူနှင့်အတူ ကျောက်တန်းမြို့တစ်ဖက်ကမ်း၊ အငူကျေးရွာနေဇနီးဖြစ်သူ၏မိဘများအိမ်တွင် ရောက်ရှိတိမ်းရှောင်
နေကြောင်း၊ ငွေကြေးများပါရှိလာပြီး ၎င်းရွာတွင်အခြေတကျနေထိုင်ရန်
စီစဉ်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

ရရှိသတင်းများအား ကန်ကြီးထောင့်မြို့မရဲစခန်းသို့ဆက်သွယ် အကြောင်းပြန်ကြားခဲ့ပြီး ကန်ကြီး ထောင့်မြို့မရဲစခန်း မှတပ်ဖွဲ့ဝင်များ
ရောက်ရှိလာသည့် ၁၃.၈.၂၀၁၃ ရက်နေ့တွင် အတူပူးပေါင်း၍
၁၂၃၀ အချိန်၌ တရားခံအောင်အောင်နှင့်ဇနီးတို့ ပုန်းခိုနေထိုင်သည့် အငူကျေးရွာရှိ နေအိမ်သို့ ၀င်ရောက်ဖမ်းဆီးခဲ့ပါသည်။

အဆိုပါနေအိမ်တွင် တရားခံအောင်အောင်နှင့်ဇနီးတို့အားဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ အမှုမှသက် သေခံငွေများ၊ ရွှေထည်ပစ္စည်းများ၊ အ၀တ်အထည်များ၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၃၇၉၃၈၀၀)အား
ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၂.၈.၂၀၁၃ ရက်နေ့တွင် ကျောက်တန်းမြို့မရဲစခန်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့မ ရဲစခန်းမှဆက်သွယ်လာပြီး ၎င်းရဲစခန်း၏ (ပ)၆၄/၂၀၁၃၊ပုဒ်မ ၃၈၀ အမှုမှ တရားခံ အောင်အောင်(ဘ) ဦးလှဝင်း၊ (၁၄)ရပ်ကွက်၊ ပုသိမ်မြို့နေသူမှာ ကျောက်တန်းမြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရရှိသဖြင့် စုံစမ်းဖမ်းဆီးပေးပါရန် အကူအညီတောင်းခံလာခဲ့ပါသည်။

အမေရိကန် လျှို့ဝှက်ထောက် လှမ်းမှု မဖြေရှင်းပါက နှစ်နိုင်ငံကြား ယုံကြည်မှု လျော့စေမည်ဟု ဘရာဇီး သတိပေး

Photo: အမေရိကန် လျှို့ဝှက်ထောက်လှမ်းမှု မဖြေရှင်းပါက နှစ်နိုင်ငံကြား ယုံကြည်မှု လျော့စေမည်ဟု
ဘရာဇီး သတိပေး
Thursday, August 15, 2013

အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီက ဘရာဇီး ပြည်သူ များ၏ တယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးကို လျှို့ဝှက်
ထောက်လှမ်းခဲ့သည့် ကိစ္စကို ဖြေရှင်းခြင်း မပြုပါက နှစ်နိုင်ငံ ကြား ယုံကြည်မှုကို လျော့ပါးစေမည် ဖြစ်ကြောင်း ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီးက သတိပေး ပြောကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်၏ အဆိုပါ ထောက်လှမ်းမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် စိန်ခေါ်ချက် အသစ် ဖြစ်ကြောင်း ဘရာဇီးသို့ အလည်အပတ် ရောက် ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံ အပြီးတွင် ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီယို ပတ်ထရီယိုတာက သတင်းထောက်များကို ပြောကြားသည်။

“ဒီစိန်ခေါ်ချက်ကို ကျေနပ်လောက်အောင် မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အချင်းချင်း မယုံကြည်မှုဆိုတဲ့ အရိပ်က လိုက်နေမှာပါ” ဟု ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီးကပြော ကြားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အမေရိကသည် အမေရိကန် ပြည်သူများ အတွက်သာမက ဘရာဇီး အပါအဝင် ကမ္ဘာ့ပြည်သူများ၏ လုံခြုံရေးကို အထောက်အပံ့ ပေးနေရသည့် အဖြစ်ကို ဘရာဇီး အစိုးရ အနေနှင့် လုံးလုံး နားလည် လက်ခံသွားစေရန် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြား သည်။

အမေရိကန်က ယခုကဲ့သို့ အင်တာနက်နှင့် တယ်လီဖုန်း သုံးစွဲသူများ၏ မှတ်တမ်းများကို လျှို့ဝှက် ထောက်လှမ်းသည့် ကိစ္စနှင့် ပတ်သက်၍ ယခု ထောက်လှမ်းမှုသည် ဥပဒေနှင့် ညီညွတ်စွာ ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းကဲ့သို့ ထောက်လှမ်းမှုများကြောင့် ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက်မှု များစွာကို တားဆီးရာတွင် အထောက်အကူ ပေးနိုင်ခဲ့ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ကာကွယ် ပြောကြားလျက် ရှိသည်။

အမေရိကန် စီအိုင်အေ၏ ကန်ထရိုက် ကုမ္ပဏီ တစ်ခုတွင် အိုင်တီ ဝန်ထမ်း အဖြစ် အလုပ် လုပ်ခဲ့ဖူးသော စနိုးဒန်သည် အမေရိကန် ထောက်လှမ်းရေး လျှို့ဝှက် သတင်းများကို ဖွင့်ချခဲ့မှုအရ အမေရိကန်သည် ဘရာဇီး အပါအဝင် နိုင်ငံကြီးများရှိ ပြည်သူများ၏ အင်တာနက် သုံးစွဲမှုနှင့် တယ်လီဖုန်း မှတ်တမ်းများကို လျှို့ဝှက် ရယူခဲ့ကြောင်း ဘရာဇီးနိုင်ငံထုတ် O Globo သတင်းစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဘရာဇီး အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ၁၆ ခု ရှိသော အမေရိကန် လုံခြုံရေး အေဂျင်စီ၏ ဌာနခွဲမှလည်း နိုင်ငံခြား ဆက်သွယ်ရေး ဂြိုဟ်တုမှ ထုတ်လွှင့်မှုများကို ကြားဖြတ် ဖမ်းယူခဲ့သည် ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ထောက်လှမ်းရေး လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သူ စနိုးဒန်သည် ယခုအခါ ရုရှားတွင် ခိုလှုံ နေထိုင်လျက် ရှိပြီး ၎င်းကို အမေရိကန်သို့ လွှဲပြောင်းပေးခြင်း မရှိသောကြောင့် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံမည့် ထိပ်သီး ဆွေးနွေးပွဲကို အမေရိကန်က ပယ်ဖျက်ခဲ့သည်။

The Voice Weekly
အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီက ဘရာဇီးပြည်သူများ၏ တယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးကို လျှို့ဝှက်ထောက်လှမ်းခဲ့သည့်ကိစ္စကို ဖြေရှင်းခြင်းမပြုပါက နှစ်နိုင်ငံ ကြား ယုံကြည်မှုကို လျော့ပါးစေမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးက သတိပေး ပြောကြား လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖက်ဒရယ်စနစ် ဖော်ဆောင်ရာတွင် သယံဇာတ ခွဲဝေသုံးစွဲခွင့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကျေအလည် ဆွေးနွေးရန် လိုအပ်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အကြံပြု

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖက်ဒရယ်စနစ် ဖော်ဆောင်ရာတွင် သယံဇာတ ခွဲဝေသုံးစွဲခွင့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကျေအလည် ဆွေးနွေးရန် လိုအပ်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အကြံပြု
 Thursday, 15 August 2013

နိုင်ငံ၏ သယံဇာတများ ခွဲဝေသုံးစွဲခွင့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကျေအလည် ဆွေးနွေးညှိနှိုင်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ဖက်ဒရယ်စနစ်ကို လေ့လာသုံးသပ် သင့်ကြောင်း ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ ပြည်ထောင်စုစနစ်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)အပေါ် လေ့လာ တင်ပြချက်တွင် အကြံပြု တင်ပြထားသည်။

ကော်မတီ အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ဖက်ဒရယ်စနစ်ကို လေ့လာ၍ "လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်ဟူသော အသုံးအနှုန်း မသုံးခဲ့သော်လည်း ဖက်ဒရယ်စနစ်ကို အခြေခံသော ၀ိသေသ လက္ခဏာများ ပါဝင်ပြီးဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးနေသော ဖက်ဒရယ်စနစ်၏ အင်္ဂါရပ်များ ပါရှိပြီးဖြစ်ကြောင်း၊ လက်တွေ့ညှိနှိုင်း ကျင့်သုံးရင်း အများလက်ခံလာစေရန် ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဆိုပါက အောင်မြင်မည် ဟု ယုံကြည်ပါသည်" ဟု သုံးသပ်ခဲ့ပြီး ဆောင်ရွက်သင့်သည်များကို ထည့်သွင်းအကြံပြုခဲ့ရာတွင် ထိုသို့ထည့်သွင်း အကြံပြုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တိုင်းရင်းသား လူမျိုးများအား စွမ်းရည်မြှင့်တင်ပေးမှုကို အစီအမံဖြင့် ဆောင်ရွက်၍ ရာထူးတာဝန်များ ခွဲဝေခန့်အပ် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆောင်ရွက်သင့်ကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာ၊ ဓလေ့ထုံးတမ်း၊ တိုင်းရင်းသား လက္ခဏာများကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးသင့်ကြောင်း၊ အမျိုးသားရေး ကိုယ်ပိုင်လက္ခဏာ၊ တိုင်းရင်းသားတိုင်းကို အသိအမှတ်ပြု ဘုံအကျိုးစီးပွားကို ဖော်ဆောင်သွားရန် လိုကြောင်း၊ ပြည်ထောင်စုအစိုးရ အရာထမ်း၊ ၀န်ထမ်းများသည် တာဝန်ထမ်းဆောင်သော နေရာဒေသရှိ တိုင်းရင်းသား ဘာသာစကား တတ်ကျွမ်းရန် လိုအပ်ကြောင်း အကြံပြု တင်ပြထားသည်။

အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းများကို လေ့လာသုံးသပ်၍  ဖက်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံများနှင့် နှိုင်းယှဉ်ဖော်ပြပြီး "နိုင်ငံတကာ၌ ဖက်ဒရယ်စနစ် ကျင့်သုံးကြသော နိုင်ငံများ၌ အချုပ်အခြာ အာဏာကို မထိပါးစေသော အာဏာခွဲဝေ ကျင့်သုံးကြကြောင်း၊ နိုင်ငံရေး စနစ် ဖော်ဆောင်ခြင်းသည် ပုံတူယူ၍ လုပ်ဆောင်ခြင်း မပြုအပ်ဘဲ မိမိနိုင်ငံ၏ တိုင်းရင်းသား လူမျိုးများ၏ သဘောသဘာဝနှင့် သမိုင်းနောက်ခံ အခြေပြု ဆောင်ရွက်သင့်ကြောင်း အကြံပြု တင်ပြထားသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ် စားလှယ် များ ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
Eleven Media Group
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ် စားလှယ် များ ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
နိုင်ငံ၏ သယံဇာတများ ခွဲဝေသုံးစွဲခွင့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကျေအလည် ဆွေးနွေးညှိနှိုင်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ဖက်ဒရယ်စနစ်ကို လေ့လာသုံးသပ် သင့်ကြောင်း ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ ပြည်ထောင်စုစနစ်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)အပေါ် လေ့လာ တင်ပြချက်တွင် အကြံပြု တင်ပြထားသည်။

အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့်ထိန်းသွားရန် သမ္မတဦးသိန်းစိန် သတိပေး

Photo: အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့်ထိန်းသွားရန် သမ္မတဦးသိန်းစိန် သတိပေး
Thursday, August 15, 2013

အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့်ထိန်းသွားရန် သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော် သမ္မတ ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသည် အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စုအဆင့် ဒုတိယ၀န်ကြီးများနှင့် ပြည်ထောင်စုအဆင့် ဒုတိယ၀န်ကြီး အဆင့်ရှိ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ ကတိသစ္စာ ခံယူကြသည့် အခမ်း အနားဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ပြည်သူတွေဟာ ကျွန်တော်တို့နိုင်ငံကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့နိုင်ငံ ဖြစ်လိုကြပါတယ်။ နောက် တစ်ခု က လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် လိုကြပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူရွေးချယ်တဲ့ အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့ ဆန္ဒဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ပြည်သူရဲ့ ဆန္ဒတွေကို အောင်မြင်အောင် ဆောင်ရွက်ပေးရေးဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာတွေလုပ်ကြရ မလဲဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်အောင် လုပ်ရပါမယ်" ဟု ပြောကြားသည်။

အစိုးရ အနေဖြင့် ကျန်ရှိသည့် လပေါင်း ၃၀ သက်တမ်းအတွင်း ပြည်သူများ တိုက်ရိုက်ခံစားလိုသော ရေကောင်းရေသန့် ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သွားလာမှု အဆင်ပြေစေရေး၊ အလုပ်အကိုင် ရရှိရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ကြရန်နှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန် ဆန်ဆန် ၀ိုင်းဝန်းပြီး လုပ်ကြရန် လိုအပ်သည်ဟု သမ္မတဦးသိန်းစိန် က ပြောကြားသည်။

အထက်ပါ လုပ်ငန်းများသည် ပြည်သူများ၏ ဆန္ဒနှင့် မျှော်မှန်းချက်ဖြစ် သည့်အပြင် အစိုးရအဖွဲ့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက် ဖြစ်သောကြောင့် လုပ်ငန်းများ အောင်မြင်အောင် အစိုးရတစ်ဖွဲ့လုံး တက်ညီလက်ညီ ၀ိုင်းလုပ်ကြဖို့ လိုအပ်သည်ဟုလည်း သမ္မတက ပြောကြားသည်။

နိဂုံးချုပ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရ တစ်ဖွဲ့လုံးအား "တစ်ဦးချင်း တာဝန်ဆိုတာကတော့ အလုပ်လုပ်ကြတဲ့ အခါမှာ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တတ်တာ ရှိပါတယ်။ အဲဒီလို လုပ်မှားကိုင်မှားတွေ ကို စေတနာအလျောက် မှားယွင်းတာတွေ ကို ပြုပြင်ပေး မှာ ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်းအောင် စောင့်ထိန်းသွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်" ပြောကြားသည်။

ရာထူးတိုးမြှင့် ခံထားရသူများသည် ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရခြင်းနှင့်အတူ နိုင်ငံ့တာဝန်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ တာဝန်များအပြင် တစ်ဦးချင်း လိုက်နာစောင့်ထိန်းရမည့် တာဝန်များကိုလည်း တိုးမြှင့်ယူကြ ရမည်ဟုလည်း နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ပြီးခဲ့သည့်လ ၃၀ အတွင်းမှာ အစိုးရ ဌာနအချို့နှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းဝင် အချို့၏ ပြုပြင်ပြောင်းလဲအုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်းမြင်သာမရှိခြင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လိုအပ်ချက်များကို တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် လုပ်ဆောင်ပေးမှု အားနည်းခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် အားနည်းခြင်း၊ အဂတိ လိုက်စားခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ အပါအ၀င် ဌာနဆိုင်ရာ အရာရှိအချို့ကို တာဝန်မှ အနားပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်။

Eleven Media Group
အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့် ထိန်းသွားရန် သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြား ခဲ့သည်။

အစိုးရ အဖွဲ့အစည်းများသို့ ကမ်းလွန်သဘာဝဓာတ်ငွေ့ အရှုံးခံ ရောင်းချနေ သည့်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၂၈ ဒသမ ၉၃၃ ရှုံးနေ၍ ဈေးနှုန်းမြှင့်ရန် လိုအပ်ကြောင်း ဒုတိယ၀န်ကြီး ပြောကြား

၂၀၁၂ ခုနှစ် ဇွန်မှ ၂၀၁၃ ခုနှစ် ဇွန်လအထိ နိုင်ငံပိုင် စက်ရုံများသို့ ပြည်တွင်း သုံး ကမ်းလွန်သဘာဝဓာတ်ငွေ့ ရောင်းချရာတွင် Total E& P Myanmar Co.Ltd သို့ ပေးချေရသည့် ဈေးနှုန်းနှင့် ရောင်းဈေးကွာခြားမှုကြောင့်

အင်တာနက် လွတ်လပ်ခွင့် တင်းကျပ်ထားသည့် အင်တာနက် ရန်သူစာရင်းတွင် တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စသည့်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံ ပါဝင်နေ

ပြင်သစ်နိုင်ငံအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် နယ်စည်းမထား သတင်းထောက်များ အဖွဲ့မှ ထုတ်ပြန်သော အင်တာနက်ရန်သူနိုင်ငံ များစာရင်း (Enemies of Internet-2012) တွင် မြန်မာနိုင်ငံ သည် တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စသည့်နိုင်ငံများနှင့်အတူ ပါဝင်နေကြောင်း ၎င်းတို့စာရင်းအရ သိရသည်။

ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီး နစ်မြုပ်ခဲ့သည့် သင်္ဘောမှ မြန်မာ သင်္ဘောသား ၂၁ ဦးအား ဒေါ်လာတစ်သန်းကျော် လျော်ကြေးပေးအပ်

ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီးတွင် ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က နစ်မြုပ်ခဲ့သည့် MV.HARITA BAUHITE သင်္ဘောပေါ်တွင် တာဝန် ထမ်းဆောင်နေ သည့် မြန်မာသင်္ဘောသား ၂၁ ဦးတို့မှ သေဆုံး သူ၊ ပျောက်ဆုံး သူ၊ ဒဏ်ရာရရှိသူများကို လျော်ကြေးငွေ ဒေါ်လာ ၁ သန်းကျော်ကို သြဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ Dolphin Restaurant တွင် ပေးအပ်ခဲ့သည်။

ကမ္ဘာလှည့် ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင် အပျော်စီး သင်္ဘော MS.Super Star Libra သီလ၀ါ ဆိပ်ကမ်းသို့ ရောက်ရှိ

Photo: ကမ္ဘာလှည့် ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင်အပျော်စီး သင်္ဘော MS.Super Star Libra သီလ၀ါ ဆိပ်ကမ်းသို့ ရောက်ရှိ
Thursday, 15 August 2013

ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင်အပျော်စီး သင်္ဘောသည် ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဟောင်ကောင်အခြေစိုက် Star Cruises (HK) Limited မှ MS. Super Star Libra အပျော်စီးသင်္ဘော လာရောက်သည့် ခရီးစဉ်အား ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ပံ့ပိုးမှုဖြင့် Myanmar Voyages International Tourism Co.ltd က စီစဉ်ခဲ့ခြင်း ဖြစ် သည်။ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော MS. Super Star Libra တွင် ခရီးသည် ၉၆၀၊ သင်္ဘောဝန်ထမ်း ၉၁၄ ဦး လိုက်ပါလာပြီး ခရီးသည် အများစုမှာ မလေးရှား (တရုတ်) လူမျိုးများ ဖြစ်ကြသည်။ အဆိုပါ အပျော်စီး သင်္ဘောသည် ယင်းနေ့ညနေ ၆ နာရီတွင် မြန်မာနိုင်ငံမှ ခရီးသည် ၁၅ ဦးအား တင်ဆောင်လျက် ထိုင်းနိုင်ငံ၊ ဖူးခက်ဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။

"ကုန်းလမ်းနဲ့ပဲဖြစ်ဖြစ်၊ ရေလမ်းနဲ့ပဲဖြစ်ဖြစ် ခရီးသွားလာခြင်းဟာ အတွေး အမြင်သစ်၊ အတွေ့အကြုံသစ်နဲ့ ဗဟုသုတ အသစ်တွေကို ရရှိစေပါတယ်။ ကျွန်တော်တို့ Myanmar Voyages အနေနဲ့ အမေရိကန်၊ ဥရောပ စတဲ့နိုင်ငံတွေ က မြန်မာနိုင်ငံကို လာရောက်တဲ့ အပျော်စီးသင်္ဘော ခရီးစဉ်တွေ ကို စီစဉ်ခဲ့ပြီး ဖြစ်ပါတယ်" ဟု Myanmar Voyages မှ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြားသည်။

MS. Super Star Libra အပျော်စီးသင်္ဘောတွင် လိုက်ပါလာသော ကမ္ဘာလှည့် ခရီးသည်များသည် သြဂုတ် ၁၄ ရက်တွင် ရွှေတိဂုံဘုရား၊ ရန်ကုန်မြို့တွင်း၊ သန်လျင်မြို့နှင့် သန်လျင်ဈေး၊ တိုင်းရင်းသားကျေးရွာ စသည့်နေရာများသို့ တစ်နေ့တာ သွားရောက်လည်ပတ် ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း သိသာထင်ရှားသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှု များကြောင့် ၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ ကာလမှစတင်ကာ မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေ တိုးတက်လာခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက်မှ သာမက ရေလမ်းခရီးဖြင့်ပါ လာရောက်ခြင်းများ ရှိလာခဲ့သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က အမေရိကန် ခရီးသွားအများစု ပါဝင်သည့် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V Azamar နှင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က ဗြိတိန်လူမျိုး ခရီးသည်အများစု ပါဝင်သည့် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V  Minerva ရန်ကုန်ဆိပ်ကမ်း သို့ ရောက်ရှိခဲ့ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရန်ကုန်မြို့နှင့် ပဲခူးမြို့များသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ 

MS. Super Star Libra အပျော်စီး သင်္ဘောအား သီလ၀ါဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နား ထားသည်ကို သြဂုတ် ၁၄ ရက်က တွေ့ရစဉ်
Eleven Media Group
MS. Super Star Libra အပျော်စီး သင်္ဘောအား သီလ၀ါဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နား ထားသည်ကို သြဂုတ် ၁၄ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင်အပျော်စီး သင်္ဘောသည် ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့် များ ဖမ်းဆီးရမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသို့ပြန်မည့် ထိုင်းနိုင်ငံသားတစ်ဦးထံမှ ကျည်ဆန်တောင့် များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အီဂျစ်အကြမ်း ဖက်မှု နိုင်ငံတကာ ရှုတ်ချ

Photo: အီဂျစ်အကြမ်းဖက်မှု နိုင်ငံတကာရှုတ်ချ
Thursday, August 15, 2013

အီဂျစ်အစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက်ပြီး နှိမ်နင်းတာဟာ အတော် ရှက်စရာကောင်းတဲ့ လုပ်ရပ်တခုလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သတ်မှတ်လိုက်သလို  ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆန့်ကျင်တဲ့ သိပ်ကိုဆိုးဝါးတဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ ပြောကြားလိုက် ပါတယ်။

အခုလိုအကြမ်းဖက်ဖြိုခွင်းမှုကနေ အဖြေရှာလို့ ရနိုင်မှာမဟုတ်ပဲ အီဂျစ်နိုင်ငံ သားတွေကြား ပိုပြီးသွေးကွဲမှုတွေသာ ဖြစ်ပွားလာနိုင်တယ်လို့  ဗုဒ္ဓဟူးနေ့ အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ  ဝန်ကြီး Kerry က ပြောကြားလိုက်တာပါ။  အီဂျစ်အစိုးရအနေနဲ့  လူသားတွေရဲ့ အခြေခံရပိုင်ခွင့် ကို လေးစားဖို့နဲ့  ဆန္ဒပြလူစုဘက်ကလည်း အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ ပါ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဝန်ကြီး Kerry လိုပဲ သမ္မတ အိမ်ဖြူကလည်း အီဂျစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုံ့ချလိုက်ပြီး အရေးပေါ်အခြေအနေကြေညာချက်ကို ကန့်ကွက်လိုက်ပါတယ်။ ဒါ့အပြင် လုံခြုံရေးတပ်သားတွေ အနေနဲ့ စိတ်ရှည် သည်းခံဖို့ပါ ပန်ကြားလိုက်ပါတယ်။

အီဂျစ်အစိုးရကရော  အတိုက်အခံ အစ္စလာမ်ဝါဒီတွေဘက်ကပါ   အကြမ်းဖက် မှု ပိုတိုးလာမယ့်ကိစ္စတွေကို ရှောင်ရှားကြဖို့နဲ့  နိုင်ငံရေးဆွေးနွေးမှုတွေ ပြန်လုပ်ကြဖို့လည်း   ဥရောပ  အင်အားကြီးနိုင်ငံတွေက တိုက်တွန်းခဲ့ကြ ပါတယ်။

VOA News
အီဂျစ်အစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက်ပြီး နှိမ်နင်းတာဟာ အတော်ရှက်စရာကောင်းတဲ့ လုပ်ရပ်တခု လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သတ်မှတ်လိုက်သလို  ဒါဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆန့်ကျင်တဲ့ သိပ်ကိုဆိုးဝါးတဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

Wednesday, August 14, 2013

ဝံသာနုစိတ်ဓာတ်ဖြင့် ပြောရပါလျှင့့် 


Photo: ၀ံသာနုစိတ်ဓာတ်ဖြင့် ပြောရပါလျှင့့် 

14.8.2013

သြဂုတ်လ ၁၂ ရက်နေ့က Facebook  တွင် တွေ့ရသော ဆရာမရွှေကူမေနှင်း၏ “ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့သည့် ဥပဒေ” ဟူသော ဆောင်းပါးကို ဖတ်ရသဖြင့် စဉ်းစားမိသမျှ မေးခွန်းများနှင့် အမြင်များကို ချရေး မိခြင်းဖြစ်ပါတယ်။
 ၂၀၁၅ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ အခြေခံဥပဒေပြင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တင်မြှောက်ဖို့အရေးကိုပဲ NLD မှ အထူးအာရုံစိုက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူမ သမ္မတဖြစ်လိုကြောင်း အကြိမ်ပေါင်းများစွာ မရေတွက်နိုင်အောင် ပြောခဲ့ပြီးဖြစ်သလို ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတဖြစ်စေချင်တဲ့ မီဒီယာအများအပြားကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို ဇောင်းပေး ရေးလာကြပါတယ်။ အဓိကပြင်ချင်ကြတာကတော့ အခြေခံဥပဒေ ပုဒ်မ ၅၉။ (စ) မှာပါတဲ့ ဒုတိယသမ္မတ လောင်း၏ မိဘ၊ သားသမီး နှင့် ခင်ပွန်း၊ ဇနီး များက နိုင်ငံခြားသား မဖြစ်စေရဟူသောဥပဒေ ဖြစ်ပါတယ်။ ပြင်ဆင်စေချင်တဲ့ ရည်ရွယ်ချက်ကလည်း ၂၀၁၅ နဲ့ ၂၀၂၀ ကာလ ကြား ၅ နှစ်တာကို ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတဖြစ်စေချင်တာကြောင့်ပါ။ ထို ပုဒ်မ ၅၉။ (စ) အချက်မျိုးကို ဘယ်သူကစပြီး ဥပဒေထဲ ထည့်စေချင်တာလဲ၊ ၂၀၂၀ ကျော်သွားလျှင်ရော ဒီဥပဒေနဲ့ အဆင်ပြေပါ့မလား၊ ဒေါ်အောင်ဆန်းစုကြည်လို နိုဘယ်လ်ဆုရရှိထားတဲ့ အရည်အချင်းရှိ ပုဂ္ဂိုလ်တစ်ယောက်ကရော သမ္မတထိုင်ခုံမှ ထိုင်ရမှ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်မှာလား ဆိုတဲ့ မေးခွန်းတွေလည်း မေးစရာရှိလာပါတယ်။
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၉။ (စ) ပါ အချက်သည် သမိုင်းအခေါ် ဝံသာနုစိတ်ဓာတ်၊ နိုင်ငံရေးအခေါ် အမျိုးသားရေး စိတ်ဓာတ်၊ ယနေ့ခေတ်အခေါ် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အနာဂါတ်မြန်မာနိုင်ငံအတွက် ရည်ရွယ်ကာ လွတ်လပ်ရေးမရခင်ကတည်းက ထည့်သွင်းထားသည့်အချက်ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးစွဲချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းပြုပြည်ပြုလွှတ်တော်မှ ထည့်သွင်းခဲ့သော ဥပဒေ ဖြစ်ပြီး ထိုစဉ်က မြန်မာခေါင်းဆောင်များနှင့် မြန်မာလူထု တစ်ရပ်လုံးက မြန်မာနိုင်ငံကို မြန်မာစစ်စစ်၊ အခြား နိုင်ငံသားများနှင့် ပတ်သက်ဆက်နွယ်မှုမရှိသူကိုသာ နိုင်ငံတစ်ခုလုံးကို ပုံအပ်ချင်နေချိန်ပါ။ သို့သော် လွတ်လပ် ရေးရပြီး ၆၅ နှစ်ကြာလာချိန်မှာ မြန်မာပြည်သူအချို့စိတ်ထဲမှာ ဝံသာနုစိတ်ဓာတ် (သို့) အမျိုးသားရေးစိတ်ဓာတ် (သို့) ပြည်ထောင်စုစိတ်ဓာတ်တွေ ခေါင်းပါးလာကြပါတယ်။ လူ သန်းပေါင်း ၆၅ သန်းကျော်ရှိတဲ့ ပြည်ထောင်စုထဲက ပြည်ထောင်စုသား အများအပြားရှိတဲ့အထဲမှာမှ နိုင်ငံခြားသားနှင့် လက်ထပ်ပေါင်းသင်း နေသူတစ်ဦးတည်းသာ သမ္မတအဖြစ် ရွေးချယ်ဖို့ သမိုင်းထဲက ခေါင်းဆောင်များ ရေးဆွဲထားတဲ့ ဥပဒေကို ပြင်ဆင်ကြမယ်ဆိုရင် အတိတ်က ခေါင်းဆောင်တွေလက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်သလို ဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ အနာဂတ်လည်း မကောင်းနိုင်ပေ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ၎င်း ရဲ့ ဖခင် ကိုယ်တိုင် ဝံသာနုစိတ်ဓာတ်အပြည့်နဲ့ ထည့်သွင်းထားတဲ့ ဥပဒေကို နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့ သမီးက ပြန်ဖျက်ပြီး သမ္မတ လုပ်ရလောက်အောင် မမိုက်မဲသင့်ဘူးထင်ပါတယ်။ 
မြန်မာလူထုအနေနဲ့ ၂၀၁၅ မှ ၂၀၂၀ ကာလအတွင်းကိုသာ မကြည့်ဘဲ ၂၀၂၀ ကျော်သွားချိန် ဒီဥပဒေ နဲ့ အဆင်ပြေပါ့မလား ဆိုတာကို အလေးအနက်ထား စဉ်းစားဖို့လိုပါတယ်။ ဒီကနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ နိုင်ငံခြားသားများ စိမ့်ဝင်ထိုးဖောက်မှုပြဿနာကို နိုင်ငံငယ်များသာမက နိုင်ငံကြီးများကပါ ရင်ဆိုင်နေရပြီး ဖြေရှင်းဖို့ အသည်းအသန်ကြိုးစားနေရတာ အားလုံးအသိပဲဖြစ်ပါတယ်။ အထူးသဖြင့် လူဦးရေ အများဆုံး နိုင်ငံကြီး (၂) နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိကြားမှာရှိတဲ့ မြန်မာနိုင်ငံတွက် ဒီအန္တရာယ်ကို ကြိုတင်ပြင်ဆင် ထားဖို့လိုပါတယ်။ လက်တလော ဘင်္ဂလားဒေ့ရှ်က လူဦးရေအများအပြား စိမ့်ဝင်မှုကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောမှာ ရခိုင်တိုင်းရင်းသား မရှိသလောက် နေရဖယ်ပေးလိုက်ရပြီဖြစ်ပါတယ်။ လွှတ်တော်နိုင်ငံရေး အခင်းအကျင်းအရ ၎င်းကဲ့သို့သော ဒေသများကလည်း လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်လာမှာဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်လိုက်ပါက ဒုသမ္မတအရွေးခံကာ သမ္မတထိုင်ခုံပေါ်ထိ ရောက် သွားကြမှာပါ။ သမ္မတကို လွှတ်တော်ကပဲ ရွေးခွင့်ရှိပြီး ပြည်သူတစ်ရပ်လုံးက ရွေးခွင့်မရှိတဲ့အတွက် လွှတ်တော် ထဲမှာ ဘင်္ဂါလီ (သို့) မွတ်ဆလင် (သို့) နိုင်ငံခြားသားအထင်ကြီးသူ အများအပြား ရောက်လာရင်တောင် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် အခြေခံဥပဒေ ပြင်ဖို့ စိုင်းပြင်းနေကြသူတွေအနေနဲ့ ၅ နှစ်တာ ကာလ ကို မကြည့်ဘဲ နောင်နှစ်ပေါင်းများစွာကို ကြည့်ဖို့လိုပါတယ်။
မြန်မာ့နိုင်ငံရေး သမိုင်းအဆက်ဆက်ကို လေ့လာကြည့်ပါက ဒီကနေ့ နိုင်ငံရေး အခြေအနေက အားရ စရာ အကောင်းဆုံး အခြေအနေလို့ပြောလို့ရပါတယ်။ အစိုးရနဲ့ အတိုက်အခံပူးပေါင်းပြီး နိုင်ငံတိုးတက်အောင် လုပ်ဆောင်နေကြသလို လွှတ်တော်ထဲမှာလည်း တိုင်းရင်းသားပေါင်းစုံပါဝင်ကာ ဥပဒေပြုရေးလုပ်ဆောင်နေ တာကြောင့် တစ်ကမ္ဘာလုံးက ချီးကျူးနေကြတာ သက်သေဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို အရည် အချင်းရှိသူတစ်ဦးကလည်း လွှတ်တော် နာယက ဖြစ်မှ၊ သမ္မတ ဖြစ်မှ မဟုတ်ပါဘူး၊ ဘယ်လိုအခြေအနေမဆို ပြည်သူ့အကျိုး ဆောင်ရွက်နိုင်မှာပါ။ ကမ္ဘာပေါ်မှာလည်း အခြားငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အများအပြားက သမ္မတမလုပ်ပဲ လူထုအကျိုးဆောင်ရွက်နေကြသူတွေ အများပြားရှိပါတယ်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း သမ္မတလုပ်မည့်အစား သမ္မတအကြံပေးတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ကာ ငယ်ရွယ်ထက်မြတ်တဲ့ ပြည်ထောင်စုသားတစ်ဦးကို သမ္မတထိုင်ခုံပေါ် ထိုင်ခိုင်းရင်လည်း သင့်တော်ပါတယ်။
အချုပ်အားဖြင့် ယခုတစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်မယူဘဲ နေလိုက်ခြင်းဖြင့် လူတိုင်းလည်း အခြေခံဥပဒေကို လေးစားလာမည်ဖြစ်သလို နောက်နောင် ဘယ်နိုင်ငံခြားသား မျိုးနွယ်ဝင်များ ကလည်း မျှော်မှန်းရဲမည်မဟုတ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ပိုမိုလေးစားပြီး သမိုင်းကောင်း ကျန်ခဲ့မှာပါ။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲထားတဲ့အချက်ကို သမီးဖြစ်သူက သမ္မတလုပ်ချင်လို့ ဖျက်မယ်ဆိုပါလျှင် အနာဂါတ်မှာ ဥပဒေပြင်ဖို့ ခက်ခဲသွားပြီး ဒေါ်အောင်ဆန်းစုကြည်လည်း သမိုင်းတရားခံ ဖြစ်သွားပါလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံ၊ အထူးသဖြင့် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်အစဉ်အလာ ကြီးမားတဲ့ ထေရဝါဒဗုဒ္ဓဘာသာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတစ်ခုလုံးကို စိတ်တိုင်းကျ စီမံအုပ်ချုပ်ပိုင်ခွင့် ပေးရမည့်သူတစ်ယောက်အတွက် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းကမ်းချက်လေး (၇) ချက်လောက် ကိုတော့ ပြည့်စုံကိုက်ညီသင့်ပေသည်။ 

မျိုးချစ်
မြန်မာ့သားကောင်း
သြဂုတ်လ ၁၂ ရက်နေ့က Facebook တွင် တွေ့ရသော ဆရာမရွှေကူမေနှင်း၏ “ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့သည့် ဥပဒေ” ဟူသော ဆောင်းပါးကို ဖတ်ရသဖြင့် စဉ်းစားမိသမျှ မေးခွန်းများနှင့် အမြင်များကို ချရေး မိခြင်းဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ အခြေခံဥပဒေပြင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တင်မြှောက်ဖို့အရေးကိုပဲ NLD မှ အထူးအာရုံစိုက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူမ သမ္မတဖြစ်လိုကြောင်း အကြိမ်ပေါင်းများစွာ မရေတွက်နိုင်အောင် ပြောခဲ့ပြီးဖြစ်သလို ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတဖြစ်စေချင်တဲ့ မီဒီယာအများအပြားကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို ဇောင်းပေး ရေးလာကြပါတယ်။ အဓိကပြင်ချင်ကြတာကတော့ အခြေခံဥပဒေ ပုဒ်မ ၅၉။ (စ) မှာပါတဲ့ ဒုတိယသမ္မတ လောင်း၏ မိဘ၊ သားသမီး နှင့် ခင်ပွန်း၊ ဇနီး များက နိုင်ငံခြားသား မဖြစ်စေရဟူသောဥပဒေ ဖြစ်ပါတယ်။ 

၇ နှစ် အရွယ် မိန်းကလေး ငယ် ကို ရထားပေါ် မှာ အဓမ္မ ကျင့်မှု အိန္ဒိယ မှာ ဖြစ်

121222042845-10-india-protest-1222-horizontal-gallery

အသက် ၇ နှစ် အရွယ် မိန်းကလေး ကို ရထားတွဲ အိမ်သာထဲ မှာ အဓမ္မပြုကျင့်ခဲ့ တဲ့ သံသယ ရှိသူ တွေ ကို အိန္ဒိယ ရဲတပ် ဖွဲ့  က အပူ တပြင်း လိုက်လံ ဖမ်းဆီးနေ ပြီ ဖြစ်ပါတယ်။


စဉ်းစားဆင်ခြင်ပြီးမှ ချက်တင် လုပ်စေချင်

၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့က ဖြစ်ပွားသည့် အဖြစ်အပျက်လေး တစ်ခု ဖြစ်သည်။ ဆိုရှယ် မီဒီယာ သို့မဟုတ် လူမှုကွန်ရက် သို့မဟုတ် အင်တာနက် ဆက်သွယ်မှုများ ခေတ်စားလာသည့် အချိန်တွင် လူငယ်များ သတိထားစရာ အဖြစ်အပျက် တစ်ခုလည်း ဖြစ်သည်။

မောင်တောတွင် လုံခြုံရေး အထူး ဂရုစိုက်ရန် သတိပေး

လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းများ ဝင်ရောက်နိုင်သည် ဆိုသည့် သတင်းများကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် တောင်ပြို လက်ဝဲမြို့နယ်ခွဲ အတွင်းရှိ ဌာနဆိုင်ရာ ရုံးများကို လုံခြုံရေး အစီအစဉ်များ ချကာ အထူး ဂရုစိုက်ရန် ညွှန်ကြားထားကြောင်း မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံ ရေပိုင်နက်၌ သင်္ဘော နစ်မြုပ်မူတွင် သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သည့် မြန်မာ သင်္ဘောသား ၂၀ ကျော်အတွက် အမေရိကန် ဒေါ်လာ တစ်သန်းကျော်ကို သြဂုတ်လ ၁၄ ရက် ယနေ့တွင် ပေးလျော်မည် ဖြစ်ကြောင်း SSR သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးသုံးစွဲ သူများကိုသာ ဖမ်းဆီး ရောင်းဝယ် သူများကို ရဲတပ်ဖွဲ့ မျက်ကွယ်ပြု

မူးယစ်ဆေးသုံးစွဲ သူများကိုသာဖမ်းဆီး ရောင်းဝယ် သူများကို ရဲတပ်ဖွဲ့ မျက်ကွယ်ပြု
ရန်ကုန်- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါး သုံးစွဲ သူများကိုသာ ဖမ်းဆီးပြီး အဓိက ကျသော ရောင်းချနေသူ များကိုမူ မျက်ကွယ် ပြုထားကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက လွှတ်တော်သို့ တင်သွင်းသော အစီရင် ခံစာတွင် ဖော်ပြ ထားသည်။

ကလေးတွေ လိင်စော်ကားခံရပြီး လက်နက်ကိုင် အဖွဲ့ထဲ သွင်းခံနေရ

အာဖရိက အလယ်ပိုင်း သမ္မတ နိုင်ငံမှာ ကလေး အယောက် တသိန်းကျော် ခန့်ဟာ လိင်ပိုင်း ဆိုင်ရာ အဓမ္မ ပြုကျင့်ခံနေရပြီး လက်နက်ကိုင် အဖွဲ့တွေထဲ သိမ်းသွင်းခံ နေရတယ်လို့ Save the Children အဖွဲ့ကြီးက ပြောပါတယ်။

ခြောက်ရက်အတွင်း တတိယအကြိမ် ဝန်ကြီးများ ပြောင်းလဲ၊ ခန့်အပ် တာဝန်ပေး

ခြောက်ရက်အတွင်း တတိယအကြိမ်အဖြစ် ဝန်ကြီးများ ပြောင်းလဲခန့်အပ်တာဝန်ပေးမှုအဖြစ် သြဂုတ်လ ၁၃ ရက်တွင် ဒုဝန်ကြီးများကို သမ္မတ ဦးသိန်းစိန်က ခန့်အပ်တာဝန်ပေးလိုက်သည်။

တောင်ကုတ်တွင် မွတ်စလင် ၁၀ ဦးကို သတ်ဖြတ်မှုဖြင့် သံသယရှိသူများကို ရုံးတင်ပြီ

အမြင်မတူသော လူအုပ်စုနှစ်ခုကြား ပဋိပက္ခများဖြစ်ပွားမှုကို အရှိန်မြင့်တက်စေခဲ့သည့် လွန်ခဲ့သော တစ်နှစ်ကျော် က တောင်ကုတ်မြို့တွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သံသယ ရှိသူများကို သြဂုတ် ၁၃ ရက်က ခရိုင်တရားရုံး၌ စတင်အမှုစစ်ပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက မဇ္ဈိမ ကိုပြောသည်။

နိုင်ငံတော်ဘာသာနေ့ ကျင်းပရန် စီစဉ်


ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့သည့် သြဂုတ် ၂၆ ရက်တွင် နိုင်ငံတော်ဘာသာနေ့ ကျင်းပရန် အတွက် စီစဉ်နေသည်ဟု အဆိုပါပွဲကျင်းပရန် စီစဉ်နေသည့် ထေရ၀ါဒဓမ္မကွန်ရက်မှ သိရသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့သွားရောက်တွေ့ဆုံ

Photo: ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့သွားရောက်တွေ့ဆုံ
Wednesday, August 14, 2013

ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်အိုးဟေး ကင်တားနား(Thomas Ojae Quintana) သည် ယမန်နေ့ည ရှစ်နာရီ
က ၈၈မျိုးဆက်ကျောင်းသားများ၏ ပွင့်လင့်လူ့အဖွဲ့အစည်း ရုံးသို့ သွားရောက်တွေ့ဆုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သူနဲ့တွေ့တဲ့အခါ မီဒီယာ လွတ်လပ်ခွင့်တွေ၊ အသင်းဖွဲ့ဥပဒေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ မီဒီယာဥပဒေတွေ အသင်းဖွဲ့ ဥပဒေတွေ ပြုစုတော့မယ်ဆိုရင် သဘောထားကြီးဖို့နဲ့ ကျယ်ပြန့်ဖို့လည်း လိုသလို လူ့အခွင့်အရေး ရှုထောင့်ကလည်း လေးလေးနက်နက် ထည့်သွင်း စဉ်းစားဖို့ လေးလေးနက်နက် လိုတယ် ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ သူကလည်းပဲလွှတ်တော်ထဲက လူတွေနဲ့ စကားပြောကြည့်တဲ့အခါ တခြားအဖွဲ့ အစည်းတွေနဲ့ တွေ့ရှိတဲ့အခါမှာ သူသိရှိရတယ် သူ့အနေနဲ့လည်း အလေးထား ဆောင်ရွက်ပေးမယ်လို့လည်း ပြောသွားပါတယ်”ဟု ပွင့်လင်း လူ့အဖွဲ့စည်း၏ လူ့အခွင့်အရေး တာဝန်ခံဖြစ်သူ ကိုပြုံးချိုကပြောကြားသည်။

ယင်းကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ကင်တာနားသည် မြန်မာနိုင်ငံသို့(၇)ကြိမ်မြောက် ပြန်လည် ရောက်ရှိ
လာခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သို့ သွားရောက်စဉ် ရခိုင်ပြည်သူများမှ ဆန္ဒပြခြင်း ခံခဲ့ရသည်။ ဆက်လက်၍ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့ကိုလည်း သွားရောက်မည်ဖြစ်ကြောင်း ဆက်လက် သိရသည်။

မြန်မာ့ခေတ်
ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်အိုးဟေး ကင်တားနား(Thomas Ojae Quintana) သည် ယမန်နေ့ည ရှစ်နာရီက ၈၈မျိုးဆက်ကျောင်းသားများ၏ ပွင့်လင့်လူ့အဖွဲ့အစည်း ရုံးသို့ သွားရောက်တွေ့ဆုံးခဲ့ကြောင်း သိရသည်။

မြစ်ရေကြီးခြင်း၊ ရေလျှံခြင်းများကြောင့် အိမ်ထောင်စု တစ်သောင်းကျော်မှ လူဦးရေ ငါးသောင်းနီးပါး ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရ

B-14-8
တနင်္သာရီတိုင်းမြို့ပေါ်နှင့် အနီးဝန်းကျင်တွင် ရေကြီးနေသည်ကို သြဂုတ် ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဇော်မိုးဦး(မြိတ်))
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှု များပြားခြင်းနှင့် မြစ်ရေကြီး၊ ရေလျှံခြင်းတို့ကြောင့် အိမ်ထောင်စုပေါင်း တစ်သောင်းကျော်ရှိ လူဦးရေ ငါးသောင်းနီးပါးမှာ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရဆဲဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။

ကင်ဆာရောဂါ အဖြစ်အများဆုံး (၁၀)နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်နေပြီး ဓာတုဆေး အသုံးပြုထားသော စားသောက်ကုန်များကြောင့် အဖြစ်အများဆုံးဟု သိရ

A-14-8
အရောင်တင်ဆေး အသုံးပြုထားသော နနွင်းမှုန့်၊ ငရုတ်သီးမှုန့်များကို တွေ့ရစဉ် (ဓာတ်ပုံ-မို့မို့)
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ထုတ်ပြန်ထားသော စာရင်းအရ မြန်မာနိုင်ငံသည် ကင်ဆာရောဂါ အဖြစ် အများဆုံး (၁၀) နိုင်ငံစာရင်းတွင် ပါဝင်နေပြီး ဓာတုဆေးဝါး မလွတ်ကင်းသော စားသောက်ကုန် များကြောင့် အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ သိရသည်။

ရန်ကုန်မြို့အတွင်း တစ်လလျှင် ကားငါးစီးနှုန်း အခိုးခံနေရ

U-14-8
ရန်ကုန်မြို့ လသာလမ်းမပေါ်တွင် ညအိပ်ရပ်နားထားသော ယာဉ်များအား တွေ့ရစဉ်
ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တစ်လလျှင် ပျမ်းမျှကားငါးစီးနှုန်း အခိုးခံနေရကြောင်း သိရသည်။
ယခုနှစ် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကားခိုးမှု ၃၁ မှု ဖြစ်ပွားခဲ့ပြီး ထက်ဝက်ကျော် ဖြစ်စဉ်မှ ကျူးလွန်သူ များကို ဖမ်းမမိသေးဘဲ စုံစမ်းစစ်ဆေးနေသည့် အဆင့်သာ ရှိနေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါ ကားခိုးခံရမှု ၃၁ မှုမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင်အတွင်း ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အာရှမြောက်ပိုင်း အပူချိန် လွန်ကဲမှုကြောင့် သေဆုံးမှုရှိ

The hottest temperatures in China
တရုတ်နိုင်ငံက အပူဒဏ်ခံနိုင်ဖို့အတွက် လူတစ်ဦးနဲ့တစ်ဦးရေလောင်းနေကြပုံ (Credit: Reuters) 
အာရှတိုက်မြောက်ပိုင်း ​ဒေသတခွင်လုံးမှာ ​မပူချိန်လွန်ကဲမှုကြောင့် ​လူအတော်များများ ​သေဆုံးခဲ့သလို ​လျှပ်စစ်ဓါတ်အားတွေလည်း ​လျော့လိုက်ပျက်စီးနိုင်လောက်တဲ့အဆင့်အထိ ​အပူချိန်မြင့်တက်ခဲ့တယ်လို့ ​ဆိုပါတယ်။

မွတ်စလင်နဲ့ မြန်မာတို့ တွေ့ဆုံဆွေးနွေးမှု လုပ်ဖို့ ကုလတိုက်တွန်း

စစ်တွေမြို့ပြင်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ ကလေးငယ်များ (Credit: Reuters) 
မြန်မာအစိုးရနဲ့ ​ရခိုင်ပြည်နယ်က ​မွတ်စလင်တွေအကြား ​တွေ့ဆုံဆွေးနွေးမှုတွေ ​လုပ်ဖို့ ​ကုလသမဂ္ဂ ​ဒုက္ခသည်များဆိုင်ရာ ​မဟာမင်းကြီးရုံးက ​အရာရှိ ​Andrian ​Edwards ​က ​ပြောလိုက်ပါတယ်။

သမ္မတရုံး ညွှန်ကြားချက်ဖြင့် ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းအား ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်များ ကန့်ကွက်မည်

Z-14-8
သြဂုတ် ၁၂ ရက်က မြန်မာ့ရုပ်ရှင် အစည်းအရုံး၌ ပြုလုပ်သော ဆွေးနွေးပွဲတွင် ဒါရိုက်တာ ၀င်းထွန်းထွန်း ဆွေးနွေးနေစဉ် (ဓာတ်ပုံ - လင်းလင်းခိုင်)
ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့က မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် ဖခင်နှင့်သမီး ကြည့်ရှုရန် မသင့်လျော်သည့် ဇာတ်ကားအများစု ပါဝင်နေသည်ဟု အကြောင်းကြားစာ

ကရင်ပြည်နယ် ကော့ကရိတ် ရဲစခန်းအား DKBA တပ်ဖွဲ့က လက်နက်ဖြင့် ၀ိုင်းသည့်ပုံစံမျိုး ဖြစ်ပေါ်ခဲ့

ကရင်ပြည်နယ်ရှိ ကော့ကရိတ် ရဲစခန်းအား သြဂုတ် ၁၂ ရက် နေ့လယ်တွင် DKBA (တိုးတက်သော ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်)က လက်နက်ဖြင့် ၀ိုင်းခဲ့သည့်ပုံစံမျိုး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ် ဒေသခံများ၏ ပြောကြားချက်အရ သြဂုတ် ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် DKBA တပ်ဖွဲ့ဝင် ၄၀ ဦးခန့်က ကော့ကရိတ် ရဲစခန်းအား လက်နက်ဖြင့် ၀ိုင်းခဲ့သည့်ပုံစံ ဖြစ်ပေါ်ခဲ့ပြီး နေ့လည် ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း သိရသည်။