Friday, August 16, 2013

Facebook Lock ကျနေသူများ နှင့် ဖုန်းနံပတ်တောင်းပြီး Code ဖြည့်ခိုင်းနေပါတယ် ဆိုတဲ့သူများအတွက် ဖြေရှင်းနည်းအသစ်

  http://www.kreativbuero.de/wp-content/uploads/2011/01/fb_lock-296x300.png


ကဲဒီကောင်ကတော့ တော်တော်လေးကို အဖြစ်များလာပါတယ်

ရော်နယ်ဒိုကို ပြေးဖက်လို့ ထောင်တစ်ရက်ကျတာ တန်ပါတယ်

ရော်နယ်ဒိုကို ပြေးဖက်လို့ ထောင်တစ်ရက်ကျတာ တန်ပါတယ်

16.8.2013

ရီးရဲလ်က ချဲလ်ဆီးကို ၃-၁ဂိုးနဲ့ အနိုင်ရတဲ့ ဂွန်းနက် နိုင်ငံတကာဖလား ဗိုလ်လုပွဲမှာရော်နယ်ဒိုကို ကွင်းအတွင်း ပြေးဝင်ဖက်ခဲ့တဲ့
ပရိသတ်ဟာ တစ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီပွဲမှာ ၂ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုကို ပြေးဖက်ခဲ့တာကတော့ အသက် ၁၉နှစ်အရွယ် ဂျိုကာဆိုတဲ့ ပရိသတ်ဖြစ်ပြီး အဖမ်းခံရတာထက် ရော်နယ်ဒိုနဲ့ စကားပြောခဲ့ရလို့ ပျော်ရွှင်နေပြီး ရလိုက်တဲ့ ကျေနပ်ပီတိနဲ့ ပေးခံရတဲ့ အပြစ်ဒဏ် ထိုက်တန်တယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။

ခင်ဗျား(ရော်နယ်ဒို)က ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပါဗျာ။ ကျွန်တော် ခင်ဗျားနောက်လိုက်ပြီး အမြဲအားပေးခဲ့တာပါလို့ ဂျိုကာ ပြောနေတုန်း ရဲတွေရောက်လာခဲ့တာပါ။ အဲဒီအချိန်မှာ သူပြောခဲ့တာက “ ကျေးဇူးပြုပြီး ရဲတွေကို ဖမ်းခွင့်မပြုလိုက်ပါနဲ့ဗျာ”ဆိုတာပါပဲ။

ဒီအချိန်မှာ ရော်နယ်ဒိုဟာ ဂျိုကာကို တင်းတင်းဖက်ထားခဲ့ပါတယ်။ “ရော်နယ်ဒိုနဲ့ စကားပြောခွင့်ရတာ ကျွန်တော့်အတွက် မဟာအခွင့်အရေးပါပဲ။ ဒီအခွင့်အရေးကို ကျွန်တော်မဖြစ်မနေရအောင် ယူမှာပါ။ ဒီအတွက် အထိန်းသိမ်းခံရတာလည်း တန်ပါတယ်”လို့ ဂျိုကာက ပြောခဲ့ပါသေးတယ်။
http://yoyarlay.com/sport/football/37210-2013-08-15-17-23-19
ဇော်ထွန်း(ရိုးရာလေး)

YoYarLay
ရီးရဲလ်က ချဲလ်ဆီးကို ၃-၁ဂိုးနဲ့ အနိုင်ရတဲ့ ဂွန်းနက် နိုင်ငံတကာဖလား ဗိုလ်လုပွဲမှာရော်နယ်ဒိုကို ကွင်း အတွင်း ပြေးဝင်ဖက်ခဲ့တဲ့ ပရိသတ်ဟာ တစ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီပွဲမှာ ၂ဂိုးသွင်း ခဲ့တဲ့ ရော်နယ်ဒိုကို ပြေးဖက်ခဲ့တာကတော့ အသက် ၁၉နှစ်အရွယ် ဂျိုကာဆိုတဲ့ ပရိသတ်ဖြစ်ပြီး အဖမ်း ခံရတာထက် ရော်နယ်ဒိုနဲ့ စကားပြောခဲ့ရလို့ ပျော်ရွှင်နေပြီး ရလိုက်တဲ့ ကျေနပ်ပီတိနဲ့ ပေးခံရတဲ့ အပြစ်ဒဏ် ထိုက်တန်တယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။

ခြောက်တန်းကျောင်းသူလေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု အမျိုးသားတစ်ဦးစွပ်စွဲခံရ

အသက် ၁၄ နှစ်အရွယ် ခြောက်တန်းကျောင်းသူလေးတစ်ဦးကို အကြိမ်ကြိမ်အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲ ကာအသက် ၃၀ ကျော် အမျိုးသားတစ်ဦးကို ကလေးမိဘများက သြဂုတ် ၁၃ ရက်တွင် လှည်းကူးရဲစခန်း ၌တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အစ္စလာမ်မိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်းဝင်ရောက်လာ

အစ္စလာမ်မိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်းဝင်ရောက်လာ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ရှိ အောင်မင်္ဂလာပရိယတ္တိ ဘုန်းကြီးကျောင်းတွင် အစ္စလာမ်ဘာ သာဝင်ငါးဦးကို ဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲအခမ်းအနား ကျင်း ပခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ စဝ်စံထွန်း ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ အဆိုပါ ဘုန်းတော်ကြီး ကျောင်းတွင် ကျောင်းထိုင်ဆရာ တော် ဦးရေဝတဦးစီးပြီး ရပ် စောက်မြို့မှ အစ္စလာမ်ဘာသာ ဝင်များဖြစ်ကြသည့်

ဒေါ်တင်အေး၊ ဒေါ်ခင်မာအေး၊ ဒေါ်ခင်မာထွေး၊ ဒေါ်မို့မို့အေး၊ ဦးဇော်ဝင်း(ခ)ဇော် ဝင်းမောင်တို့ ငါးဦးကို တောင်ကြီး မြို့ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာ တော်ကြီးများနှင့် မြို့နယ်သံဃ မဟာနယကအဖွဲ့၊ သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်း ခြင်းနှင့် ဗုဒ္ဓဘာသာ ကို ခံယူကြောင်းကို အတိအလင်း ကြေညာသည့် အခမ်းအနားကို ပြုလုပ်ခဲ့သည်။

''ကျွန်တော့်ရင်ထဲမှာ ပီတိ ဖြစ်ရပါတယ်။ အရင်က အနှိမ်ခံ ခဲ့ရတာတွေ ခု ရဲရဲတင်းတင်းနေ ထိုင်ရဲပါပြီ။ အရင်ကတည်းက ဒီ ဘာသာကို ဝင်ချင်နေတာပါ''ဟု ဦးဇော်ဝင်းမောင်က ပြောသည်။ ကျောင်းထိုင်ဆရာတော် ဦးရေဝတက ''ဒီပွဲလေး လုပ်ဖြစ် တာက ကိုယ့်ဘာသာကို ယုံကြည် ပြီး ဝင်လာတဲ့သူတွေကို သူတို့ဘဝ လုံခြုံမှုရှိအောင် ပြုလုပ်ပေးရတာ ပါ''ဟု ပြောသည်။ အဆိုပါ အခမ်းအနားသို့ တောင်ကြီးမြို့နေ ပရိတ်သတ် ၆၀၀ ကျော် တက်ရောက်ခဲ့ပြီး ယခု ဗုဒ္ဓဘာသာသို့ ပြောင်းလဲ လာသည့် မိသားစုတွင် မိသားစု ဝင်ရှစ်ဦးရှိပြီး ဘာသာကူးပြောင်း ခဲ့သူများမှာ မိခင်နှင့် သားတစ် ဦး၊ သမီးသုံးဦးတို့ဖြစ်ကြောင်း သိ ရသည်။ ယင်းတို့အား ဗုဒ္ဓဘာသာ ဝင်အဖြစ် အသိအမှတ်ပြု လက် မှတ်များကို မြို့နယ်သံဃမဟာ နာယက အဖွဲ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ(တောင်ကြီး)
Yangon Media Group

အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းဝင်ရောက်လာသည့် မိသားစုဝင်များကို သြဂုတ် ၁၄ ရက်နေ့ကတွေ့ရစဉ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ရှိ အောင်မင်္ဂလာပရိယတ္တိ ဘုန်းကြီးကျောင်းတွင် အစ္စလာမ်ဘာ သာဝင်ငါးဦးကို ဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။ တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိအဆိုပါဘုန်းတော်ကြီး ကျောင်းတွင် ကျောင်း ထိုင်ဆရာ တော် ဦးရေဝတဦးစီးပြီး ရပ် စောက်မြို့မှ အစ္စလာမ်ဘာသာ ဝင်များဖြစ်ကြသည့်

စာမေးပွဲမှာ စာခိုးချလို့ မရစေတဲ့ ခေါင်းစွပ် ၀တ်စုံ


Photo: စာမေးပွဲမှာ စာခိုးချလို့ မရစေတဲ့ ခေါင်းစွပ် ၀တ်စုံ
Friday, August 16, 2013

စာမေးပွဲမှာ ကျောင်းသားတွေ တယောက်နဲ့ တယောက် မျက်စပစ်ပြတာ၊ အဖြေမျှဝေတာ၊ ခိုးချတာတွေ မဖြစ်ပေါ်အောင် ထိုင်းနိုင်ငံ တက္ကသိုလ်တခု
က နောက်ဆုံးပေါ် နည်းပညာတခုကို တီထွင်လိုက်တာလား မေးခွန်း ထုတ်
စရာပါ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Kasetsart University က နှစ်လည်စာမေးပွဲ စစ်ဆေးရာမှာ ကျောင်းသားတွေကို မျက် စေ့၊ နားတွေကာထားတဲ့
မြင်းတွေကို မျက်လုံးအုပ်တဲ့ မျက်ကာတွေလိုမျိုး စက္ကူနဲ့ လုပ်ထားတဲ့ မျက်ကာတွေ ၀တ်ဆင်ဖို့ ဖန်တီးလိုက်တာ ထင်ပါတယ် ။

ဒါမှမဟုတ် စာမေးပွဲ ဖြေဆိုသူတွေ ပတ်ဝန်းကျင် အနှောက်အယှက်
မဖြစ်အောင် ကာရံထားလိုက်တာ လား၊ သေချာတာက စာခိုးချမှာ စိုးရိမ်တာနေမှာပါ။

Kasetsart University တက္ကသိုလ်က ကျောင်းသားတွေကို ပုံပါအတိုင်း မျက်ကာ စက္ကူခေါင်းစွပ် ၀တ်ဆင်စေပြီး စာမေးပွဲ စစ်ခဲ့တာကို
ကျောင်းသားဟောင်းတဦးက အင်တာနက်ပေါ်တင်ခဲ့ပြီး ချက်ချင်းဆိုသလို အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ လူအများ သိခွင့် ရသွားခဲ့တာပါ။

ဒါပေမယ့် ခဏတာလေးအတွင်း အဲဒီဓာတ်ပုံကို ဖြုတ်ချသွားခဲ့ပေမယ့်
တချို့ စာဖတ်သူ တွေက ဓာတ်ပုံကိုဆွဲချကူးယူထားလိုက်ပါတယ်။

ဒါနဲ့ပဲ အဲဒီတက္ကသိုလ်မှာ ကျောင်းသားတွေကို စာမေးပွဲစစ်ဆေးရာမှာ စာခိုးမချအောင် ဘယ်အချိန် ကတည်းက ဒီလို မျက်ကာ တွေ ၀တ်ဆင်ခိုင်းသလဲ၊ အတန်းတိုင်းမှာ ဒီလိုပဲ စာမေးပွဲ စစ်နေတာလား
ဆိုတာ စုံစမ်းနေကြတယ်လို့ Coconuts Bangkok အွန်လိုင်း သတင်း တပုဒ်က စိတ်ဝင်စားစရာဆိုထားပါတယ်။

စာတတ်ရေးထက် စာမေးပွဲ အောင်ရေး အဓိက ထားတဲ့ ပညာရေး စနစ်ဖြစ်နေတဲ့ မြန်မာပြည်က တက္ကသိုလ်တွေမှာရော အခု ထိုင်းတက္ကသိုလ်က ကျောင်းသားတွေ စာမေးပွဲစစ်တိုင်း မျက်ကာ
ခေါင်းစွပ်တွေ ၀တ်ရသလို လုပ်ဖို့ လိုနေလား ဆိုတာ တွေးစရာ ရှိပါတယ်။

ဒါမှ မဟုတ် မရိုးသေးတဲ့ ပေတံ၊ မီနီ စာအုပ်၊ ပေါင်မှာ စာရေးတဲ့ စနစ်တွေ သုံးပြီး စာခိုးချသူတွေ အသုံး ပြုနေ ဆဲလားဆို တာ ၁၀ တန်း စာမေးပွဲ
ကြီးတွေ တိုင်း စာစစ်ဌာနကျောင်းတွေရဲ့ အိမ်သာခန်းတွေနဲ့ လမ်းမ
တချို့မှာ သက်သေထူနေပါ လိမ့်မယ်။

ဧရာဝတီblog
စာမေးပွဲမှာ ကျောင်းသားတွေ တယောက်နဲ့ တယောက် မျက်စပစ်ပြတာ၊ အဖြေမျှဝေတာ၊ ခိုးချတာတွေ မဖြစ်ပေါ်အောင် ထိုင်းနိုင်ငံ တက္ကသိုလ်တခုက နောက်ဆုံးပေါ် နည်းပညာတခုကို တီထွင်လိုက် တာလား မေးခွန်း ထုတ်စရာပါ။

တောင်ပြုန်းဘုရားပွဲ ငွေတောင်းသူများကို ဂေါပကအဖွဲ့ ဖယ်ရှား သွားမည်ဟုဆို


Photo: တောင်ပြုန်းဘုရားပွဲ ငွေတောင်းသူများကို ဂေါပကအဖွဲ့ ဖယ်ရှား
သွားမည်ဟုဆို
Friday, August 16,2013 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းရွာ ဘုရားပွဲတော်သို့ လာရောက် ငွေတောင်းရမ်း သူများနှင့် ကြဲချငွေကောက်သူများကို အဆိုပါ ဘုရားဂေါပက အဖွဲ့ကဖယ်ရှားသွားမည် ဖြစ်ကြောင်း တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ တောင်ပြုန်း ပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှ ရောက်ရှိ
လာသော တောင်းစားသူများနှင့် တောင်ပြုန်းကျေးရွာ အနီးဝန်းကျင်မှ အပျော်တမ်း ငွေကောက်သူများကို ပွဲတော်ကျင်းပရေး ကော်မတီ က သြဂုတ်လ ၁၄ ရက်နေ့မှ စတင်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပွဲတော် လုံခြုံရေး ရဲဝန်ထမ်း၊ မီးသတ် ဝန်ထမ်းတို့နှင့် ပူးပေါင်းပြီး နေ့စဉ် ဖယ်ရှားရှင်းလင်းသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အနယ်နယ် အရပ်ရပ်မှ တောင်ပြုန်းပွဲသို့ ဘုရားဖူးသူများကို ကားပေါ်မှ
ငွေကြဲချခြင်း မပြုလုပ်ကြရန် ပွဲတော်အဝင် ဂိတ်ပေါက်မှ နေ့စဉ် အသံချဲ့
စက်ဖြင့် သတိပေးနေသော်လည်း ပွဲတော် လာသူများမှာ ငွေများကို ကြဲမြဲ ကြဲချနေခြင်းကြောင့် ငွေကြေး တောင်းရမ်းသူနှင့် အပျော်တမ်း ငွေကောက်နေ
သူများ ပိုမို များပြားလာရခြင်း ဖြစ်ကြောင်း အဆိုပါ ဂေါပကအဖွဲ့ထံမှ သိရသည်။

“၂ နှစ်လောက် ရှိပြီ။ တောင်းတဲ့လူတွေနဲ့ အပျော်တမ်း ကောက်သူတွေ များလာတယ်။ မနက်ဖြန်က စပြီး ဖယ်ရှားမှာပါ။ ကလေးတွေကို မိဘနဲ့ ဆက်သွယ်ပြီး ပြန်အပ်မယ်။ နယ်ဝေးက လူတွေကို ပြန်လွှတ်မယ်” ဟု တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းက ဆိုသည်။

အဆိုပါ ရွေ့လျား တောင်းစားသူများမှာ ချောက်၊ ရေနံချောင်း၊ မင်းဘူး၊ မကွေး၊ မိတ္ထီလာစသော နယ်ဝေးများမှ အုပ်စုလိုက် ရောက်ရှိလာခြင်း ဖြစ်ပြီး ပွဲတော်အတွင်း လစ်လပ် နေရာများတွင် ယာယီ တဲထိုးကာ ပွဲတော် ပြီးသည်အထိ တောင်းရမ်းကြကာ ယင်းတောင်ပြုန်း ပွဲတော်ပြီးပါက ရတနာ့ဂူ နတ်ပွဲ၊ ပခန်းမင်းကြီးပွဲ စသဖြင့် ပွဲများသို့ လှည့်လည် တောင်း
ရမ်းကြကြောင်း အဆိုပါ တောင်းရမ်းသူများထံမှ စုံစမ်းသိရှိရသည်။

“ယောက်ျားက အုတ်သယ်တဲ့ကားမှာ အလုပ်လုပ်တယ်။ ကားပေါ်က လိမ့်ကျပြီး လက်ကျိုးသွားတော့ ကလေး နှစ်ယောက်နဲ့ လုပ်ကိုင် မစားတတ်လို့၊ ကျောင်းတော်ရာက လာတောင်းတဲ့အဖွဲ့က ခေါ်လို့ လိုက်လာတာ။ ကျောင်းတော်ရာအဖွဲ့မှာ လူ ၂၀ ကျော် ပါတယ်။ မနေ့က ၁၈၀၀ ရတယ်” ဟု မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုမြို့နယ်ရှိ
ကျောင်းတော်ရာမှ လာရောက် တောင်းရမ်းနေသူ အသက် ၃၀ ကျော်
အရွယ် ဒေါ်ကြည်က ဆိုသည်။

ပွဲတော်အတွင်းသို့ အနာကြီးရောဂါ ဝေဒနာရှင်များ လာရောက် တောင်းရမ်း
ပါက ၎င်းတို့ကို နေရပ် သို့မဟုတ် ဆေးရုံ ဆေးခန်းများသို့ ပို့ဆောင်ပေး
ကြောင်း ယင်းပွဲတော် တာဝန်ရှိသူက ဆက်လက် ရှင်းပြသည်။

မတ္တရာမြို့နယ် နံ့သာမြိုင် အနာကြီးရောဂါ ဝေဒနာရှင်များအတွက် ထားရှိသောရွာမှ အနာကြီး ဝေဒနာရှင် အများစု ပါဝင်သော လူ ၅၀၀ ဦးခန့်သည် ပွဲတော်အတွင်း မဝင်ရသဖြင့် ပွဲတော်အပြင် ကားလမ်းဘေး လယ်ကွင်းများတွင် တဲထိုး၍ အုပ်စုလိုက် နေကြပြီး ယင်းကျေးရွာများရှိ ထမင်း ရောင်းသူများက ၎င်းတို့ကို ပိုက်ဆံပေးသော်လည်း ထမင်း မရောင်းသဖြင့် နံ့သာမြိုင်ရှိ ဝေဒနာရှင်များ အတွက် ရောင်းသော ထမင်းဆိုင်ကိုပါ ရွှေ့လာရကြောင်း၊ စားစရိတ်အဖြစ် တစ်ရက်လျှင် ၁၂၀၀ ကျပ် ရှိပြီး သြဂုတ်လ ၁၃ ရက်နေ့အတွက် တောင်းရငွေသည် နေ့လယ်
ပိုင်းခန့်အထိ ကျပ် ၂၀၀ ခန့်သာ ရသေးကြောင်း အဆိုပါကျေးရွာမှ အနာကြီး ဝေဒနာရှင် ဦးတင်ဇာလွင်က ပြောကြားသည်။

အဆိုပါ ဝေနာရှင်များထဲမှ ၅၀ ဦးခန့်သည် တောင်ပြုန်းပွဲ ပြီးပါက ရတနာ့ဂူပွဲသို့ ဆက်လက် အလှူခံ ထွက်မည် ဖြစ်ပြီး နယ်မြေဝေးခြင်း၊
နေထိုင်ရန် နေရာ မရှိခြင်းတို့ကြောင့် ဝေဒနာရှင် အများစုသည်
ရတနာ့ဂူသို့ မသွားရောက်နိုင်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ အနေနှင့် အနာကြီးရောဂါ
ဝေဒနာရှင်များကို ပွဲတော် အတွင်းသို့ ဝင်ရောက်ခွင့် မပြုကြောင်းနှင့်
နှစ်စဉ် တောင်ပြုန်းပွဲတွင် တောင်းရမ်း စားသောက်နေသူ ဦးရေ ၅၀၀ ကျော်မှ ၃၀၀၀ ခန့်အထိ ရှိပြီး တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာကြောင်း အဆိုပါဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

မိုးကြိုး (MDY)
The Voice Weekly

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းရွာ ဘုရားပွဲတော်သို့ လာရောက် ငွေတောင်းရမ်း သူများနှင့် ကြဲချငွေကောက်သူများကို အဆိုပါ ဘုရားဂေါပကအဖွဲ့ကဖယ်ရှား သွား မည် ဖြစ်ကြောင်း တောင်ပြုန်းပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက ပြောကြား သည်။

ထိုင်းအစိုးရက ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား တစ်စုတစ်စည်းတည်း ထားရှိရန်စီစဉ်

ထိုင်းအစိုးရက ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား တစ်စုတစ်စည်းတည်း ထားရှိရန်စီစဉ်

၁၅-၈-၂၀၁၃

ထိုင်းနိုင်ငံ တစ်ဝန်းရှိ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား ယာယီ အဆောက်အအုံ များဆောက်လုပ်၍ ရတ်ချာဘူရီ နှင့် တက်ခ်ပြည်နယ် တို့တွင် ထားရှိရန် အစိုးရ၏ စီစဉ်မှုကို ဒေသခံများက ကန့်ကွက်ခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

အစိုးရအနေဖြင့် ထိုကဲ့သို့ တစ်စုတစ်စည်းတည်း ထားရှိရန် ဆောင်ရွက်မည် ဆိုလျှင် ပြဿနာများ ပိုမို ပေါ်ပေါက် လာနိုင်ကြောင်း နှင့် ၎င်းအစီအစဉ် ကို ကန့်ကွက်ကြောင်း ရတ်ချာဘူရီ နှင့် တက်ခ်ပြည်နယ် မှ ကိုယ်စားလှယ် များက ပြောကြား ခဲ့သည်။ အဆိုပါ အစီအစဉ်အား ထိုင်းလူမှု ဖွံ့ဖြိုး တိုးတက်ရေး နှင့် လုံခြုံရေး ၀န်ကြီး ပါဗီနာ ဟောင်ဆတ်ကူ က အဆိုပြုခြင်း ဖြစ်ကြောင်း နှင့် ဘင်္ဂါလီများ နှင့် ပတ်သက်၍ မည်ကဲ့သို့ အထောက်အကူ ပေးနိုင်မည် ဆိုသည့် ကိစ္စရပ် နှင့် ပတ်သက်၍ ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီများအား စုစည်း ထားရှိခြင်း အားဖြင့် ကုလသမဂ္ဂ က ကြီးကြပ် ကွပ်ကဲမှု ပြုလုပ်ရာတွင် အဆင်ပြေ ချောမွေ့စေမည် ဖြစ်ကြောင်း ပါဗီနာ က ပြောကြား ခဲ့သည်။ သို့ရာတွင် ဘန်သမ်းဟင် ဒုက္ခသည် စခန်း ထားရှိမှုကြောင့် ဖြစ်ပေါ်နေသည့် ပြဿနာများကို ထောက်ပြ၍ အစိုးရ၏ အဆိုပါ အစီအစဉ်အား ရတ်ချာဘူရီ ပြည်နယ်ရှိ သမ်ဘွန်ဆူအမ်ဖန်း အုပ်ချုပ်ရေး အဖွဲ့ အကြီးအကဲ က ကန့်ကွက် ပြောကြား ခဲ့သည်။

အဆိုပါ ဒုက္ခသည်စခန်းသည် ပြည်နယ်၏ အဓိက ရေအရင်းအမြစ် ဖြစ်သည့် မြစ်၏ မြစ်ညာတွင် တည်ဆောက် ထားသည့်အတွက် ဒေသခံများက စိတ်ပျက်လျက် ရှိပြီး ၄င်း ဒုက္ခသည် စခန်းအား ပြောင်းရွှေ့ပေးရန် ဆန္ဒ ရှိနေကြကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ထို့အပြင် မြို့နေ လူထု အနေဖြင့်လည်း ပြဿနာရပ်များ ပေါ်ပေါက် လာမည်ကို မလိုလားသည့် အတွက် ၄င်း ဘင်္ဂါလီများ ထားရှိမည့် ကိစ္စရပ်ကို မနှစ်မြို့ ကြကြောင်း သိရသည်။ အစိုးရ အနေဖြင့် ၄င်း အစီအစဉ်ကို ပြန်လည် သုံးသပ်မှု ပြုလုပ်ရန် သွမ်းဘွန်ဆူအမ်ဖန်း ကျေးရွာ အကြီးအကဲ က တိုက်တွန်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily
ထိုင်းနိုင်ငံ တစ်ဝန်းရှိ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား ယာယီ အဆောက်အအုံ များဆောက်လုပ်၍ ရတ်ချာဘူရီ နှင့် တက်ခ်ပြည်နယ် တို့တွင် ထားရှိရန် အစိုးရ၏ စီစဉ်မှုကို ဒေသခံများက ကန့်ကွက် ခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

မန္တလေးမြို့တွင် ညပိုင်း ဆိုင်ကယ် မောင်းနှင်သူများကိုပါ အယ်လ်ကိုဟောလ် ပမာဏတိုင်း ကိရိယာဖြင့် စစ်ဆေးအရေးယူမည်

မန္တလေးမြို့တွင် ညပိုင်း ဆိုင်ကယ် မောင်းနှင်သူများကိုပါ အယ်လ်ကိုဟောလ် ပမာဏတိုင်း ကိရိယာဖြင့် စစ်ဆေးအရေးယူမည်
Friday, August 16,2013

မန္တလေးမြို့တွင် ညပိုင်းဆိုင်ကယ် မောင်းနှင်သူများကိုပါ အရက်မူးတိုင်း ကိရိယာဖြင့် စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပညာပေးအဆင့် အနေဖြင့် ညပိုင်း ကားမောင်းသူများကိုသာ ယင်းကိရိယာ နှစ်ခုဖြင့် စတင်စစ်ဆေး နေခဲ့ရာမှ အရက်မူးတိုင်း ကိရိယာများ ထပ်မံဝယ်ယူပြီး ကနဦး ဒဏ်ငွေရိုက် အရေးယူမှု စတင်နေပြီ ဖြစ်သည်။ ညပိုင်းတွင် အဆင်ခြင်မဲ့ ဆိုင်ကယ် မောင်းနှင်မှုများကြောင့် မန္တလေးမြို့တွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှု ပိုမိုများပြား လာသဖြင့် စစ်ဆေးစေမည် ဖြစ်ကြောင်း သိရသည်။

''ယာဉ်တိုက်မှုက ဆိုင်ကယ်ကြောင့် ပိုများတယ်။ လုံခြုံရေး လိုအပ်ချက်အရ ရဲတပ်ဖွဲ့ဝင်တွေရော ပူးပေါင်းဆောင်ရွက်စေပြီး ကားတွေတင် မကဘဲ ဆိုင်ကယ်မောင်းနှင်တဲ့ သူတွေကိုပါ ကိရိယာနဲ့ စစ်ဆေးအရေးယူ ရတော့မှာပါ။ အရက်သောက်ထားမှုက သတ်မှတ်ကိရိယာမှာ ပိုပြနေရင် အဲဒီလူကို ဆက်မောင်းခွင့် မပေးဘဲ မြို့ခံဆိုရင် အာမခံမယ့်သူ တစ်ယောက်ကို ဖုန်းဆက်ခေါ်ခိုင်းပြီး ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးပြီး နောက်ရက် စည်ပင်တရားရုံးမှာ ဒဏ်ငွေဆောင်ရမယ်။ မြို့ခံမဟုတ်ဘဲ နယ်ကဆိုရင်တော့ မဖြစ်မနေ တစ်ညအိပ် ထိန်းသိမ်းမှာပါ'' ဟု လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကညန၊ ယကက၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များဖြင့် ည ၉ နာရီမှ နံနက် ၁ နာရီအထိ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ စစ်ဆေး တွေ့ရှိပါက စည်ပင်ပုဒ်မဖြင့် ဒဏ်ငွေ ကျပ်တစ်သောင်းမှ သုံးသိန်းအထိ ဒဏ်ငွေတပ် အရေးယူမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

မန္တလေးမြို့တွင် ညခင်းပိုင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆ ဖြစ်စဉ်တစ်ခုအား တွေ့ရစဉ်
မန္တလေးမြို့တွင် ညခင်းပိုင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆ ဖြစ်စဉ်တစ်ခုအား တွေ့ရစဉ်
 မန္တလေးမြို့တွင် ညပိုင်းဆိုင်ကယ် မောင်းနှင်သူများကိုပါ အရက်မူးတိုင်း ကိရိယာဖြင့် စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပဋိပက္ခပါဝင်သူ ၆ဦး ရုံးတင်စစ်ဆေး

Muslim Rohingya women walk inside the Bawdupha Internally Displaced Persons (IDP) camp located on the outskirts of Sittwe, capital of Myanmar's western Rakhine state.
ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ရွှေးပြောင်းနေထိုင်ရတဲ့ ဒုက္ခသည်စခန်း (Credit: AFP) 
ရခိုင်ပြည်နယ်က ​လူမျိုးရေးပဋိပက္ခတွေ ​စတင်ဖြစ်ပွားခဲ့တဲ့ ​ဖြစ်ရပ်မှာ ​ပါဝင်ခဲ့တဲ့ ​ဗုဒ္ဓ ဘာသာ ဝင် ​ခြောက်ဦး ​တရားရင်ဆိုင်နေရပြီလို့ ​သိရပါတယ်။

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးကို ခွဲစိတ်ရန် သြဂုတ် ၁၅ ရက်က စင်ကာပူသို့ ထွက်ခွာခဲ့ပြီး ရာနှုန်းပြည့် ကျန်းမာနိုင်မည် ဖြစ်ကြောင်း သိရ

8.1.1
ကိုဝင်းဇော်ဦးအား စင်ကာပူသို့ မထွက်ခွာမီ မင်္ဂလာဒုံ လေဆိပ်တွင် သြဂုတ် ၁၅ ရက်က တွေ့ရစဉ်
မကွေးတိုင်း ဒေသကြီးမှ အရပ် ခုနစ်ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦး၏ ကျန်းမာရေး စစ်ဆေး ခွဲစိတ် မှုများ ပြုလုပ်ရန်အတွက် သြဂုတ် ၁၅ ရက်က စင်ကာပူနိုင်ငံသို့ ထွက်ခွာသွား ပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ ဖမ်းဆီးထားသည့် ဘင်္ဂါလီများအရေး မြန်မာနှင့် ထိုင်း ဆွေးနွေး

8.1.1
မလေးရှား နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဘရူနိုင်း နိုင်ငံခြားရေး ၀န်ကြီးနှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးတို့အား ထိုင်းနိုင်ငံ ဟွာဟင်းမြို့တွင် သြဂုတ် ၁၄ ရက်က တွေ့ရစဉ်
လှေဖြင့်ခိုးဝင် လာသောကြောင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးထားသည့် ဘင်္ဂါလီများ အရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပွန်တိုဗီချက်ချိုင်ကူက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား သြဂုတ် ၁၄ ရက်က ထိုင်းနိုင်ငံ ဟွာဟင်းမြို့၌ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည်

8.1.1
လေးနှစ်အတွင်း အပြီးတည်ဆောက်မည့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်ပုံစံငယ်ကို တွေ့ရစဉ်
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ စတင်ကာ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

Thursday, August 15, 2013

အိန္ဒိယရေငုပ်သင်္ဘော ပေါက်ပွဲမှုဖြစ်ပွား သင်္ဘောသား ၁၈ ဦး ပိတ်မိနေ

Photo: အိန္ဒိယရေငုပ်သင်္ဘော ပေါက်ပွဲမှုဖြစ်ပွား သင်္ဘောသား ၁၈ ဦး ပိတ်မိနေ 

အိန္ဒိယရေတပ် ၏ INS Sindhurakshak အမည်ရှိ ရေငုပ်သင်္ဘော သည် သြဂုတ်လ ၁၄ ရက် အစောပိုင်းတွင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်း ရေတပ်သင်္ဘောကျင်း ၌ ပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း နှင့် အဆိုပါ ရေငုပ်သင်္ဘော အတွင်း သင်္ဘောသား ၁၈ ဦး ပိတ်မိနေသည်မှာ စိုးရိမ် ရဖွယ်ရှိကြောင်း ဆင်ဟွာ သတင်းတစ်ပုဒ်အရ သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် သြဂုတ်လ ၁၃ ရက် ညလယ်ပိုင်း ၁၂ နာရီခန့် တွင် ဖြစ်ပွားခဲ့ပြီး တစ်ဆက်တည်း မှာပင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရေတပ် တာဝန်ရှိသူ များ၏ ပြောကြားချက် အရ သိရသည်။ မွမ်ဘိုင်း မီးသတ် တပ်ဖွဲ့နှင့် ဆိပ်ကမ်း ဆိုင်ရာ ထိန်းသိမ်းရေး အာဏာပိုင် အဖွဲ့တို့မှ မီးသတ်ကား အနည်းဆုံး ၁၆ စီးသည် အခင်း ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာခဲ့ပြီး အောင်မြင်စွာ မီးငြိမ်းသတ် နိုင်ခဲ့သော်လည်း အဆိုပါ သင်္ဘောပေါ်တွင် ပိတ်မိနေသော သင်္ဘောသား ၁၈ ဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေဆဲ ဖြစ်ကြောင်း နှင့် ဒဏ်ရာရရှိ သူများကို ဆေးကုသမှု ခံယူရန် အတွက် အိန္ဒိယ ရေတပ်၏ Asvini ဆေးရုံသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ် နှင့် ပတ်သက်၍ အိန္ဒိယ ရေတပ် တာဝန်ရှိ သူများက ရေငုပ်သင်္ဘော အတွင်းရှိ တော်ပီဒိုများ ပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သော်လည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily
အိန္ဒိယရေတပ် ၏ INS Sindhurakshak အမည်ရှိ ရေငုပ်သင်္ဘော သည် သြဂုတ်လ ၁၄ ရက် အစော ပိုင်းတွင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်း ရေတပ်သင်္ဘောကျင်း၌ ပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း နှင့် အဆိုပါ ရေငုပ်သင်္ဘောအတွင်း သင်္ဘောသား ၁၈ ဦး ပိတ်မိနေသည်မှာ စိုးရိမ် ရဖွယ်ရှိကြောင်း ဆင်ဟွာ သတင်းတစ်ပုဒ်အရ သိရသည်။

Samsung စက်ရုံ လုပ်ငန်းခွင် ဆိုးရွားမှု ဘရာဇီး တရားစွဲ

Photo: Samsung စက်ရုံ လုပ်ငန်းခွင် ဆိုးရွားမှု ဘရာဇီး တရားစွဲ
Thursday, 15 August 2013

ဘရာဇီးနိုင်ငံ၊ အမေဇိုးနက်စ်ပြည်နယ်၊ မြို့တော် မနော့စ်ရှိ တောင်ကိုရီးယား Samsung အီလက်ထရွန်နစ် ပစ္စည်း စက်ရုံတွင် အလုပ်သမားများကို အလွန်အကျွံ ခိုင်းစေမှုကြောင့် နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀၈သန်း ရလိုမှုအတွက် Samsungကို တရားစွဲဆိုလိုက်ကြောင်း ဘရာဇီး အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်ဟု သိရသည်။

အဆိုပါ စက်ရုံမှ အလုပ်သမားများကို တစ်နေ့လျှင် ၁၅နာရီခန့် အလုပ်ခိုင်းစေရာတွင် ၁၀နာရီခန့် မတ်တပ်ရပ် အလုပ်လုပ်ရပြီး တစ်ခါတစ်ရံတွင် တစ်လလျှင် ၂၇ရက် ဆက်တိုက် အလုပ်လုပ်ရကြောင်း၊ အလုပ်သမားဝန်ကြီးဌာနက ပြောကြားခဲ့သည်။ Samsung ကုမ္ပဏီ၏ ကမ္ဘာပေါ်ရှိ စက်ရုံကြီး ၅၂ရုံတွင် တစ်ခုအပါအဝင်ဖြစ်သော မနော့စ်မြို့တော်စက်ရုံတွင် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းစက်ရုံတွင် လုပ်သားအင်အား ၆၀၀၀ခန့် အလုပ်လုပ်ကိုင်လျက် ရှိပြီး စက်ရုံမှ ထုတ်လုပ်သည့် ပစ္စည်းများကို လက်တင် အမေရိကနိုင်ငံများသို့ တင်ပို့ခြင်း ဖြစ်သည်။ Tribuna Hoje သတင်းစာ၏ ဝက်ဘ်ဆိုက်တွင်
ဖော်ပြထားချက်အရ ဖုန်း၊ ဘက်ထရီ၊ အားသွင်းစက်၊ နားကြပ်နှင့် အသုံးပြုသူ လက်စွဲစာအုပ်တို့ကို ဗူးအတွင်းထည့်ရန်အတွက် အလုပ်သမားတစ်ဦးလျှင် ခြောက်စက္ကန့်သာ အချိန်ပေးထားကြောင်း၊ ဂျူတီတစ်ဆိုင်းလျှင် အလုပ်သမားတစ်ဦးသည် ဗူး ၆၈၀၀အထိ ထုပ်ပိုးရကြောင်း ဖော်ပြထားသည်။ ရုပ်မြင်သံကြားပြစက်တစ်လုံးကို ဗူးအတွင်းသို့ ထည့်သွင်းရန်အတွက် အချိန် ၄ ဒဿမ ၈စက္ကန့် ပေးထားပြီး စမတ်ဖုန်း တစ်လုံးကို တပ်ဆင်ရန်အတွက် ၈၅စက္ကန့်သာ ပေးထားကြောင်း သိရသည်။

အထက်ပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်သွားမည်
ဖြစ်ကြောင်း၊ Samsung ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ လုပ်ငန်းခွင် အခြေအနေများကို နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ အလုပ်သမားများ ခံစားခွင့် စံနှုန်းများနှင့် ကိုက်ညီအောင် အထူးဂရုစိုက် လုပ်ဆောင်ကြောင်းကိုလည်း Samsung ကုမ္ပဏီက ပြောကြားထားသည်ဟု ဆိုသည်။ ဘရာဇီးနိုင်ငံ၊ မနော့်စ်မြို့တော် စက်ရုံရှိ အလုပ်သမားများကလည်း Samsung ကုမ္ပဏီ
အပေါ် တိုင်ကြားမှုပေါင်း ၁၂၀၀ခန့် ပြုလုပ်ထားကြောင်း သိရပါသည်။

Myanmar ICT
ဘရာဇီးနိုင်ငံ၊ အမေဇိုးနက်စ်ပြည်နယ်၊ မြို့တော်မနော့စ်ရှိ တောင်ကိုရီးယား Samsung အီလက် ထရွန်နစ် ပစ္စည်းစက်ရုံတွင် အလုပ်သမားများကို အလွန်အကျွံ ခိုင်းစေမှုကြောင့် နစ်နာကြေး အဖြစ် ဒေါ်လာ ၁၀၈သန်း ရလိုမှုအတွက် Samsungကို တရားစွဲဆိုလိုက်ကြောင်း ဘရာဇီး အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်ဟု သိရသည်။

ရွှေအိမ်သည်လို မျိုးစောင့်တရား အမေစုမှာ ရှိခဲ့လျှင်

Photo: ရွှေအိမ်သည်လို မျိုးစောင့်တရား အမေစုမှာ ရှိခဲ့လျှင်
Thursday, 15 August 2013

၂၀၁၅ မှာ ဘယ်သူသမ္မတဖြစ်မယ်ဆိုတဲ့ ထင်မြင်ချက်တွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရေပန်းစားနေတာ ကြာပါပြီ။ ဟိုအကြောင်း ဒီအကြောင်း
ထွေရာလေးပါး စကားများဆိုပါက စိတ်မ၀င်စားခဲ့သော်လည်း အခုလို ကိစ္စမျိုးကိုတော့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ စိတ်ဝင်စားမိတာ အမှန်ပါ။ သမ္မတဖြစ်နိုင်တယ်လို့ ရေပန်းစား နေတဲ့ပုဂ္ဂိုလ်တွေထဲမှာ အမေစုလည်း ပါဝင်နေပါတယ်။ အခြားပုဂ္ဂိုလ်ကြီးတွေလည်း ပါတာတော့ ကြားမိပေမယ့် အမေစုကို မယှဉ်နိုင်ဘူးလို့ အသံတွေ ထွက်လာပါတယ်။
အမေစုလို့ သုံးနှုန်းတာဟာ ဘယ်လိုသဘောမျိုးမှမဟုတ်ဘဲ ကိုယ့်အမေအရွယ်မို့လို့ ခေါ်ဆိုရခြင်းဖြစ်ပါတယ်။ ၂၀၁၅ မှာ အမေစုကို သမ္မတဖြစ်စေချင်သူတွေကလည်း အများကြီးရှိပါတယ်။ အမေစု သမ္မတဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးရမယ်လို့ အမျိုးမျိုးသော လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှု တွေ ကိုလည်း ကြားနေရပါတယ်။ ကျွန်တော်ထင်တာက လက်ရှိ ဖွဲ့စည်းပုံအတိုင်း ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ရင်ရော အမေစု သမ္မတ မဖြစ်နိုင်
ဘူးလားပေါ့။ နိုင်ငံရေးအကြောင်း နှံ့စပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြောပြလိုက်
တော့မှ အဖြေက ရှင်းသွားပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားကို ယူထားလို့ လက်ရှိဖွဲ့စည်းပုံ အတိုင်းဆိုရင် သမ္မတမဖြစ်နိုင်လို့ ပြင်ခိုင်းနေတာပေါ့လို့ပြောပြခဲ့ပါတယ်။
အဲဒီစကားကြားလိုက်တော့ ကျွန်တော်အတွေးထဲမှာ အမေစုသာ
မြန်မာနိုင်ငံသားတစ်ဦးနဲ့ လက်ထပ်ခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ခိုင်းဖို့
ပြောစရာမလိုဘဲ အလိုအလျောက် ပြည်သူတင်မြှောက်တဲ့ ၂၀၁၅ သမ္မတဖြစ်ခွင့်ရမှာ သေချာပါတယ်။ ဒါပေမယ့် အမေစုရယ်… နိုင်ငံခြားသား
ကိုလက်ထပ်မိလို့ သမ္မတဖြစ်ခွင့်မရခဲ့ရင်လဲ စိတ်ထိခိုက် မနေပါနဲ့။ ကိုယ်ကိုယ်တိုင် ပြန်ပြင်လို့မရတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့လို့ 
သား (၂) ယောက်တောင် ရနေပြီ မို့လား။

အမေစုကို ရွှေအိမ်သည်ဆိုတဲ့ မင်းသမီးလေးလို မျိုးစောင့်တရားရှိခဲ့လျှင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိပါတယ်။ ရွှေအိမ်သည်ကိုတော့ နိုဘယ်ဆုရှင် အမေစု သိမယ်ထင်ပါတယ်။ ကျန်စစ်သားမင်းကြီးရဲ့ သမီး ပုဂံနှင်းဆီလို့ တင်စားခေါ်ဝေါ်ခဲ့ရတဲ့ ပုဂံပြည်ရဲ့ အနာဂတ် အမျိုးသားရေးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မင်းသမီး တစ်ပါးဖြစ်ပါတယ်။ ရွှေအိမ်သည် မင်းသမီးလေးရဲ့ မျိုးစောင့်တရားထိန်းသိမ်းခဲ့ပုံလေးကို သမိုင်းကြောင်းထဲက အတိုင်း ပြန်သတိရစေဖို့ ပြောပြချင်ပါတယ်။

ပုဂံဧကရာဇ် နိုင်ငံတော်ရဲ့ အရှင်သခင် ကျန်စစ်သားမင်းကြီးဟာ သမီးတော်
ရွှေအိမ်သည်နဲ့ ပဋိက္ခရားကုလား မင်းသားတို့ ချစ်ကြိုက်နေတာကို တစ်နေ့တော့ သိသွားတယ်။ အဲဒီလို သိသွားတဲ့ နောက်ပိုင်း ညီလာခံ သဘင်မှာ သမီးတော်လေးရဲ့ ချစ်ရေးချစ်ရာကိစ္စကို ပွင့်ပွင့်လင်းလင်း
ပြောပြပြီး မှူးကြီး မတ်ရာတွေနဲ့ တိုင်ပင်တယ်။ ကျန်စစ်သားမင်းကြီးကို မှူးမတ်တွေက ဘယ်လိုလျှောက်တင်ခဲ့သလဲဆိုတော့ “ မှန်လှပါမင်းကြီး …. ရွှေအိမ်သည် မင်းသမီးလေးကို ပဋိက္ခရား ကုလားမင်းသားနဲ့ လက်ထပ်ထိမ်းမြှားပေးမယ်ဆိုရင် ပုဂံနေပြည်တော်ဟာ နောင် အရှည်မှာ ကုလားပြည်ဖြစ်တော့မယ် ” လို့ လျှောက်တင်ခဲ့ကြပါတယ်။
ဒီတော့ ကျန်စစ်သားမင်းကြီးဟာ သမီးတော် ရွှေအိမ်သည်ကို ပဋိက္ခရား ကုလားမင်းသားနဲ့ မပေးစားခဲ့ပါဘူး။ ရွှေအိမ်သည် မင်းသမီးလေးကလည်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အဿဝတီဓမ္မ ၏ သား၊ နာဂသမန်း ဆိုတဲ့ ကိုယ့်နိုင်ငံသားကိုပဲ သဘောတူ ကြည်ဖြူစွာ လက်ထပ်ခဲ့တယ်၊

နောက်ပိုင်းမှာ အလောင်းစည်သူ အလောင်းအလျာကို မွေးဖွားခဲ့တယ်။ ယနေ့အချိန်ထိ ပုဂံပြည်ဟာ စေတီပုထိုး ဂူအမျိုးမျိုးနဲ့ မြန်မာ့ ယဉ်ကျေးမှု ဗိသုကာ မြို့တော်အဖြစ် နောင်သားစဉ်မြေးဆက်တိုင်အောင် ဂုဏ်ယူ
ဝင့်ကြွားနေရဆဲပဲ ဖြစ်ပါတယ်။ အကယ်၍ ရွှေအိမ်သည် မင်းသမီးသာ ပဋိက္ခရားနဲ့ လက်ထပ်ခဲ့ရင် ပုဂံပြည်ရဲ့ စေတီဘုရားတွေနေရာမှာ ဗလီတွေ များနေရာယူနေပြီလား မပြောတတ်ပါ။ 

ဒီဘက်ခေတ် မြန်မာကို ကမ္ဘာကသိအောင် လုပ်ဆောင်ပေးနေတယ်လို့
မြန်မာပြည်သူပြည်သားတွေ လေးစားအားကျနေရတဲ့ အမေစုကတော့ ထိုအခွင့်အရေးမျိုး ရနိုင်တော့မှာ မဟုတ်ပါဘူး။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကို ကောင်းရင်းလည်းစံ၊ မကောင်းရင်လည်း ခံရမယ့်အခြေအနေမျိုး
ဖြစ်ပါတယ်။ သမ္မတလုပ်ချင်ပါတယ်လို့ တစာစာ ပြောနေပေမယ့် အမေစုက မြန်မာပြည်သူပြည်သားတွေ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ
ကိုတော့ အလေးအနက်ထားပုံ မပေါ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၉၆၉၊ မျိုးစောင့်ဥပဒေတွေကို ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူတွေ တက်တက်ကြွကြွ လှုပ်ရှားနေချိန်မှာ အမေစု နှုတ်ဆိတ်နေခဲ့တယ်။

ပြီးတော့အမေစုဟာ နိုင်ငံခြားသားကိုလက်ထပ်ပြီး နိုင်ငံခြားမှာနေလာခဲ့လို့လားတော့ မပြောတတ်ဘူး။ မြန်မာနိုင်ငံ သားတွေအပေါ်မှာလည်း သံယောဇဉ်ရှိပုံမပြဘူး။ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်နဲ့ ဘင်္ဂါလီ ရုန်းရင်းဆန်ခတ်မှု တွေဖြစ်တုန်းက အမေစုက ဘင်္ဂါလီတွေဘက်ကိုသာ စာနာသနားကြောင်း စကားတွေပြောခဲ့ပြီး ရခိုင်လူမျိုးတွေ အတွက် စိတ်မကောင်းဖြစ်တဲ့ စကားတစ်ခွန်းမှ မပြောခဲ့ဖူးပါဘူး။ ကုလသမဂ္ဂ က စေလွှတ်လိုက်တဲ့ သောမတ်စ် ကင်တားနားက ဘင်္ဂါလီတွေဘက်ကနေ တစ်ဖက်သတ်ပြောဆိုပေးပြီး ကုလသမဂ္ဂကို အစီရင်ခံစာ တင်ပြပေးခဲ့တာ
တောင် အမေစုက မြန်မာနိုင်ငံသား ရခိုင်လူမျိုးတွေအတွက် တစ်ခွန်းမှ မဟခဲ့ဘူး။ တကယ်လို့ အမေစုသာ သမ္မတ ဖြစ်ခဲ့ရင် ဘင်္ဂါလီတွေကို
မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု နေထိုင်ခွင့်ပေးမှာလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါပြီ။

အမေစုဟာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို ချစ်မြတ်နိုးတန်ဖိုးထားတတ်သူ မဟုတ်တဲ့အတွက် သမ္မတ ဖြစ်လာခဲ့ လျှင် မြန်မာနိုင်ငံထဲမှာ အမေစုရဲ့ အစွယ်အပွားတွေ ၀င်လာကြတော့မှာ ဖြစ်ပါတယ်။ အခု အမေစုက အင်္ဂလိပ်နဲ့ ယူတာတောင် သမ္မတဖြစ်ခွင့်ရတယ်ဆိုလျှင် အနာဂတ်မြန်မာ
နိုင်ငံတော်ရဲ့ သမ္မတတွေဟာ အမေရိကန်၊ တရုတ်၊ အိန္ဒိယ စတဲ့ လူမျိုးတွေ
နဲ့ လက်ထပ်တဲ့ ဘယ်ယောင်္ကျား၊ မိန်းမ မဆို သမ္မတဖြစ်နိုင်တယ် ဆိုတဲ့ အခွင့်အရေးတွေ ရရှိသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား စစ်စစ် သမ္မတကို မီးခွက်နဲ့ ထွန်းပြီး ရှာရမယ့် ကိန်းဆိုက်ပါလိမ့်မယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်မှ အမေစု သမ္မတဖြစ်မယ်ဆိုရင်
မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မထောက်ခံနိုင်ဘူးလို့ဘဲ ပွင့်ပွင့်
လင်းလင်း ပြောချင်ပါတယ်။ 

အထက်မှာ ပြောခဲ့သလို အမေစုဟာ နိုင်ငံခြားသားကို ယူခဲ့တဲ့အတွက် သမ္မတမဖြစ်ထိုက်ပါဘူး။ အဲဒီ အမည်းစက်ကို ဖျောက်ဖျက်ဖို့ အခြေခံ ဥပဒေထဲက အချက်ကို ရွေးပြီး ပြင်ဆင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ သားစဉ်
မြေးဆက်အတွက် ရင်လေးစရာ အဖြစ်မျိုးတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အမေစုကို တစ်ခုပဲ ပြောချင်ပါတယ်။ ဘယ်သူမပြု မိမိမှုလို့ပဲ ကိုယ့်ကိုယ်ကို အပြစ်တင်ပါ။ မဆိုင်တဲ့အကြောင်း အရာတွေကို ခုတုံးလုပ်ပြီး ကိုယ့်အရိပ်
မဲကို ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့။ အမေစုသာ ရွှေအိမ်သည် မင်းသမီးလို မျိုးစောင့်တရားရှိခဲ့လျှင် ၂၀၁၅ မှာ ပြိုင်ဘက်မရှိ သမ္မတဖြစ်ခွင့်ရနိုင်ပါတယ် ။ အခုတော့ …. ။

အောင်ချေ(စစ်တွေ)
၂၀၁၅ မှာ ဘယ်သူသမ္မတဖြစ်မယ်ဆိုတဲ့ ထင်မြင်ချက်တွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရေပန်းစားနေတာ ကြာပါပြီ။ ဟိုအကြောင်း ဒီအကြောင်း ထွေရာလေးပါး စကားများဆိုပါက စိတ်မ၀င်စားခဲ့သော်လည်း အခုလို ကိစ္စမျိုးကိုတော့ မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ စိတ်ဝင်စားမိတာ အမှန်ပါ။ သမ္မတဖြစ်နိုင်တယ်လို့ ရေပန်းစား နေတဲ့ပုဂ္ဂိုလ်တွေထဲမှာ အမေစုလည်း ပါဝင်နေပါတယ်။ အခြားပုဂ္ဂိုလ်ကြီးတွေလည်း ပါတာတော့ ကြားမိပေမယ့် အမေစုကို မယှဉ်နိုင်ဘူးလို့ အသံတွေ ထွက်လာပါတယ်။

မြန်မာ့နိုင်ငံအရေးအခြေအနေပြောင်းလဲလာသကဲ့သို့ BNI နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့လည်း တိုးတက်

Photo: မြန်မာ့နိုင်ငံအရေးအခြေအနေပြောင်းလဲလာသကဲ့သို့ BNI နိုင်ငံတကာ
မြန်မာ့ သတင်းအဖွဲ့လည်း တိုးတက်
Thursday, August 15, 2013

အကြိမ် ၂၀ မြောက် (၆ လပတ်) BNI Burma News International အစည်းအဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပရာ မြန်မာ့နိုင်ငံ
အရေးအခြေအနေပြောင်းလဲလာသကဲ့သို့ တိုင်းရင်းသားမီဒီယာအဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော BNI မီဒီယာအဖွဲ့လည်း တိုးတက်လာပြီဖြစ်ကြောင်း
အဖွဲ့အတွင်း လေ့လာပံ့ပိုးပေးသည့် Ms. Kenneth Van Toll ကပြောပါ သည်။

“ မြန်မာနိုင်ငံ ပြောင်းလဲလာသလို ဘီအဲန်အိုင်အဖွဲ့လဲပြောင်းလဲ လာတာတွေ့ရတယ်။ အရင်က ပြည်ပမှာနေပြီး အလုပ် လုပ်ကြတယ် အခုဆိုရင် ပြည်တွင်းအထိဝင်ပြီးအလုပ်လုပ်နေပြီဆိုတော့ဆက်ပြီး မာလ်တီမီဒီယာအဆင့် News Agency ကြီးတိုးမြှင့်လုပ်သွားဖို့အဆိုပြု
နေကြပါတယ်။ ဘယ်လို လုပ်ကြမလဲဆိုတာ အဖွဲ့ဝင်တွေက နည်းလမ်း
မျိုးစုံကို သုံးသပ် ရွေးချယ်ပြီး လက်တွဲလုပ်သွားဖို့တိုက်တွန်းပါတယ်” ဟု အစည်းအဝေးစတင်သည့် ယနေ့မနက်က Ms. Kenneth က ပြောဆို
သွားပါသည်။

BNI အစည်းအဝေးကို ထိုင်းနိုင်ငံချင်းမိုင်မြို့ မယ့်တိုင်မြို့နယ် Royal Ping Resort တွင်ပြုလုပ်ခဲ့ကြရာ တက်ရောက်သူ ၃၀ ကျော်ရှိပါသည်။ ဩဂတ်စ်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။

အစည်းအဝေး ဒုတိယနေ့နှင့် တတိယနေ့များတွင်လည်း အဖွဲ့ဝင်များ၏ အဖွဲ့အစည်းတိုးတက်ရေး Multimedia ဖြစ်ပေါ်ရေး တို့ကိုဆက်လက်
ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆိုပါသည်။

Ms. Kenneth Van Toll သည် BNI အဖွဲ့အစည်းအား လေ့လာကာ အဖွဲ့အစည်းတိုးတက်မှုအတွက် နည်းဗျူဟာများပို့ချ ပေးခြင်း၊ အဖွဲ့ဝင်များ တိုးတက်ရေးအတွက် တွေ့ဆုံအားပေး အကြံဉာဏ်ပေးခြင်းများ ပြုလုပ်
နေသူတဦးဖြစ်ပါသည်။

နိုင်ငံတကာ မြန်မာ့သတင်း BNI တွင် လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ကချင်သတင်းဌာန၊ ကုလားတန်သတင်းဌာန၊ ကန္တာရ၀တီတိုင်း(မ်)၊
ရွှေဟင်္သာသတင်းဌာန၊ ကေအိုင်စီ (Karen Information Center)၊ ခိုနုမ်းထုန်သတင်းဌာန၊ မဇ္ဈိမသတင်းဌာန၊ နိရဉ္စရာသတင်းဌာန၊ သတင်းနှင့်မီဒီယာကွန်ယက်နှင့် သျှမ်းသံတော်ဆင့်သတင်းဌာန အစရှိ လွတ်လပ်သည့်သတင်းမီဒီယာ အဖွဲ့ ၁၁ ဖွဲ့ဖြင့် ပေါင်းစည်းထားပါသည်။

Panglong(Burmese)
အကြိမ် ၂၀ မြောက် (၆ လပတ်) BNI Burma News International အစည်းအဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပရာ မြန်မာ့ နိုင်ငံ အရေးအခြေအနေပြောင်းလဲလာသကဲ့သို့ တိုင်းရင်းသားမီဒီယာအဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော BNI မီဒီယာအဖွဲ့လည်း တိုးတက်လာပြီဖြစ်ကြောင်း အဖွဲ့အတွင်း လေ့လာပံ့ပိုးပေးသည့် Ms. Kenneth Van Toll ကပြောပါ သည်။

'မဟာဆန်တဲ့ မာယာမျက်နှာဖုံး 'ဇာတ်ကားရဲ့ မင်းသားနေရာ နိုင်းနိုင်း သရုပ်ဆောင် မှာဖြစ်ကြောင်း သိရ"

Photo: 'မဟာဆန်တဲ့ မာယာမျက်နှာဖုံး 'ဇာတ်ကားရဲ့ မင်းသားနေရာ နိုင်းနိုင်း သရုပ်ဆောင် မှာဖြစ်ကြောင်း သိရ"
Thursday, August 15, 2013

Shine Entertainment ကုမ္ပဏီနဲ့ ငွေလမင်း ရုပ်ရှင်ထုတ်လုပ် ရေး ကုမ္ပဏီတို့ ပူးပေါင်းပြီး မလေး ရှားနိုင်ငံမှ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ R.Perakas Rajaram ရိုက်ကူးမယ့် "မဟာဆန်တဲ့ မာယာမျက်နှာဖုံး" 
ရုပ်ရှင်ဇာတ်ကား၏ အဓိကဇာတ် ဆောင် မင်းသားနေရာမှာ နိုင်းနိုင်း သရုပ်ဆောင်မယ်လို့ သိရပါတယ်။

ဒီဇာတ်ကားမှာ အဓိကသရုပ် ဆောင်မင်းသား အပြောင်း အလဲ ဖြစ် ပေါ် ခဲ့ပြီး နိုင်းနိုင်း ပါဝင်သရုပ် ဆောင်သွားမှာဖြစ်ကြောင်းကို ဒီ ဇာတ်လမ်း ဖန်တီးသူ စတီးက "ဒီ ဇာတ်လမ်းကို နိုင်းနိုင်းက ရိုက်ပေးမယ်ပြော
ပါတယ်။ အစပထမတုန်းက ရွေးတဲ့ထဲမှာသူကပါပြီးသားပါ။ သူ့ကို ကျွန် တော်တို့ ဘက်ကတောင်းဆိုတာက ဘော်ဒီတွေကစား ဖို့အတွက် ၁လခွဲ လောက် ထိ သူတို့လိုချင်တဲ့ ပုံစံ ဖြစ်အောင် လုပ်ပေးဖို့ ပြော
ထားပါတယ်" လို့ ပြောပါတယ်။ 

ဒီဇာတ် ကားရိုက်ကူးဖို့ အတွက် သြဂုတ် လ ၁၃ ရက်နေ့ မှာ မလေးရှားကို သရုပ် ဆောင်များနဲ့အတူသွားမှာဖြစ်ပြီး စက်တင်ဘာလကျမှမြန်မာနိုင်ငံကို
ပြန်လည်ရောက်ရှိမှာဖြစ် ကြောင်း စတီး ကပြောပါတယ်။

ဒီဇာတ်ကားမှာနိုင်းနိုင်း၊ နဝ ရတ်၊ ဝါဝါအောင်၊ ဇော်ဇော်အောင်၊ တခြားမြန်မာ သရုပ်ဆောင်များနဲ့ မလေးရှားမှ အိန္ဒိယသရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပြီး မလေးရှား နိုင်ငံမှာရောက် ရှိနေတဲ့မြန်မာ လုပ်သားများကြုံတွေ့ ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ရိုက် ကူးသွား မှာဖြစ်တယ်လို့သိရပါ တယ်။ မြန်မာပြည်သူတွေ အနေများတဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နော်ဝေး၊ မလေးရှား၊ မြန်မာနိုင်ငံစတဲ့ နိုင်ငံ ၅နိုင်ငံမှာပြ သဖို့ ရည်ရွယ်ထား ကြောင်းသိရပါတယ်။

Popular Journal
Shine Entertainment ကုမ္ပဏီနဲ့ ငွေလမင်း ရုပ်ရှင်ထုတ်လုပ် ရေး ကုမ္ပဏီတို့ ပူးပေါင်းပြီး မလေး ရှားနိုင်ငံမှ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ R.Perakas Rajaram ရိုက်ကူးမယ့် "မဟာဆန်တဲ့ မာယာမျက်နှာဖုံး" ရုပ်ရှင်ဇာတ်ကား၏ အဓိကဇာတ် ဆောင် မင်းသားနေ ရာမှာ နိုင်းနိုင်း သရုပ်ဆောင်မယ်လို့ သိရပါတယ်။

ရွှေတိဂုံ နိုင်ငံခြားသား ဧည့်ဝင်ကြေး တိုးကောက်မည်

Photo: ရွှေတိဂုံ နိုင်ငံခြားသား ဧည့်ဝင်ကြေး တိုးကောက်မည်
Thursday, August 15, 2013

ပြည်ပဧည့်သည် ဝင်ရောက်မှု အများဆုံး စေတီတော်ဖြစ်သော ရွှေတိဂုံ
စေတီတော်၏ နိုင်ငံခြား ဧည့်ဝင်ကြေးကို အောက်တိုဘာလမှစ၍ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ယင်းစေတီတော်၏ ဂေါပက အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဝင်းကြိုင်က ပြောကြားသည်။

နိုင်ငံခြားသား ဧည့်ဝင်ကြေးကို ၁၉၉၅ ခုနှစ်မှ စတင်၍ နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာ သတ်မှတ် ကောက်ခံခဲ့ရာမှ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ရှစ်ဒေါ်လာအထိ တိုးမြှင့်ကောက်
ခံမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

တိုးမြှင့်ကောက်ခံရရှိသည့် ငွေများဖြင့် ရွှေတိဂုံစေတီတော်၏ ရင်ပြင်တော်ပေါ်ရှိ ထင်ရှားသော နေရာများနှင့် စေတီပုထိုး၊ ရုပ်ပွားဆင်းတုတော်၊ ရုပ်တုနေရာများတွင် အင်္ဂလိပ်ဘာသာဖြင့် ဆိုင်းဘုတ်များ ရေးသားချိတ်ဆွဲခြင်း၊ ဘုရားသမိုင်းနှင့် စေတီလမ်းညွှန် စာအုပ်များကို အင်္ဂလိပ် ဘာသာဖြင့် အခမဲ့ဖြန့်ဝေပေးသွားခြင်းတို့
ပြုလုပ်မည် ဖြစ်ကြောင်း ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရွှေတိဂုံစေတီတော် အပါအဝင် အခြားယဉ်ကျေးမှု ဇုန်များဖြစ်သော ပုဂံ၊ အင်းလေးဇုန်တို့တွင်လည်း ဧည့်ဝင်ကြေးများ တိုးမြှင့်ကောက်ခံလိုက်ခြင်း
ကြောင့် ယဉ်ကျေးမှုဇုန် အုပ်စုလိုက် ခရီးသွား လုပ်ငန်းများ အနည်းငယ် ထိခိုက်မှု ရှိကြောင်း Supreme Services Team (S.S.T) ခရီးသွားကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးစောလှချစ်က ပြောကြားသည်။

“ဒီလိုတိုးကောက်မယ် ဆိုတာကို ကြိုတင် အကြောင်းကြားခဲ့တာ မရှိဘူး။ သတ်မှတ်ထားတဲ့ဈေးနဲ့ ကြိုရောင်းထားရတော့ အုပ်စုလိုက်လုပ်တဲ့ ကုမ္ပဏီတွေ ထိတာပေါ့။ ဧည့်သည်တွေကို မျက်နှာ အပျက်မခံနိုင်တော့ ဘယ်တတ်နိုင်မလဲ စိုက်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိ ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားဧည့်သည် တစ်ရက်လျှင် ပျမ်းမျှ ၈၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အလားတူကာလ
အတွင်း တစ်ရက်လျှင် နိုင်ငံခြားသား ခရီးသွား ဧည့်သည် ပျမ်းမျှဦးရေ ၆၀၀ ခန့် ဝင်ရောက်မှု ရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဟိန်းမြတ်စိုး
The Voice Weekly
ပြည်ပဧည့်သည် ဝင်ရောက်မှု အများဆုံး စေတီတော်ဖြစ်သော ရွှေတိဂုံစေတီတော်၏ နိုင်ငံခြား ဧည့်ဝင်ကြေး ကို အောက်တိုဘာ လမှစ၍ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ယင်းစေတီတော်၏ ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဝင်းကြိုင်က ပြောကြားသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနမှ အွန်လိုင်းရေဒီယို ထုတ်လွှင့်

Photo: သျှမ်းသံတော်ဆင့်သတင်းဌာနမှ အွန်လိုင်းရေဒီယို ထုတ်လွှင့်
Thursday, August 15, 2013

သျှမ်းသံတော်ဆင့်သတင်းဌာနမှ တိုးချဲ့သော အစီအစဉ်အဖြစ် SHAN Radio အွန်လိုင်းရေဒီယို အစီအစဉ်ကို လာမည့်တနင်္လာနေ့ ဩဂတ်စ်လ ၁၉ ရက်နေ့တွင် စတင်ထုတ်လွှင့်မည်ဖြစ်ပါသည်။

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သျှမ်းဘာသာ ဖြင့်စတင် ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

သျှမ်းပြည်တွင်းသတင်း၊ အာစီယံသတင်း၊ ပြည်ပရောက်သျှမ်းအလုပ်သမား
များသတင်း၊ နိုင်ငံတကာသတင်း၊ စီးပွားရေးသတင်း၊ ကျန်းမာရေး၊ အားကစားနှင့်အနုပညာသတင်းများအပြင် ခေတ်ဟောင်းတေး၊ ခေတ်ပေါ်တေး အစီအစဉ်များကိုပါ အချိန်ဇယားဆွဲ၍ ထုတ်လွှင့်ပေးမည်ဖြစ် ပါသည်။

www.radio.panglong.org တွင် ဝင်ရောက်နားထောင်နိုင်ပြီး ပရိသတ်များဝေဖန် အကြံဉာဏ်ပြုလို သည်များကို ပေးထားသည့် cbox တွင် ထည့်သွင်းရေးသားထားပေးနိုင်ကြောင်း အသိပေး အကြောင်း ကြား အပ်ပါသည်။

http://www.radio.panglong.org/index.php?option=com_content&view=article&id=53&Itemid=8
Panglong(Burmese)
သျှမ်းသံတော်ဆင့်သတင်းဌာနမှ တိုးချဲ့သော အစီအစဉ်အဖြစ် SHAN Radio အွန်လိုင်းရေဒီယို အစီအစဉ်ကို လာမည့်တနင်္လာနေ့ ဩဂတ်စ်လ ၁၉ ရက်နေ့တွင် စတင်ထုတ်လွှင့်မည်ဖြစ်ပါသည်။

အထပ်မြင့် စည်းမျဉ်း မလိုက်နာနိုင်၍ ဆောက်ခွင့်ပြုရန် တင်ပြီးမှ ပြန်လည် ပယ်ဖျက်မှုရှိ

Photo: အထပ်မြင့်စည်းမျဉ်းမလိုက်နာနိုင်၍ ဆောက်ခွင့်ပြုရန်တင်ပြီးမှ ပြန်လည်
ပယ်ဖျက်မှုရှိ
Thursday, August 15, 2013

အထပ်မြင့် ဆောက်လုပ်ရန် တင် ပြထားသော်လည်း ရန်ကုန်စည်ပင်၏ စည်းမျဉ်းဥပဒေများကို လိုက်နာနိုင်မှု မရှိ၍ လုပ်ငန်းရှင်များဘက်မှ ပယ်ဖျက် သွားသည်များ ရှိနေကြောင်း အထပ်မြင့် အဆောက်အအုံဆောက်
လုပ်ရေးဆိုင် ရာ စံချိန်စံညွှန်း စိစစ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးရီဝင်းက ပြောသည်။ ယခုဘဏ္ဍာနှစ် အတွင်း ရန်ကုန် စည်ပင်သို့ လာရောက်လျှောက်ထား သော အဆောက်အအုံ ၆၆ လုံးရှိပြီး ဌာနမှ မူအားဖြင့်ခွင့်ပြုပြီးအဆောက် အအုံ ၂၃ လုံး၊ သတ်မှတ်ချက်နှင့် မ

ကိုက်ညီ၍ ခွင့်ပြုပေးနိုင်မှု မရှိသော အဆောက်အအုံ ၈ လုံး၊ လုပ်ငန်းရှင် များဘက်မှ သတ်မှတ်ချက်ကြောင့် ဆောင်ရွက်လိုမှု မရှိတော့သည့် အဆောက် အအုံ ၈ လုံးနှင့် ခွင့်ပြုရန် စိစစ်နေဆဲ အဆောက်အအုံ ၂၇ လုံးရှိကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။ အထပ်မြင့်အဆောက်အအုံဆို သည်မှာ ရှစ်ထပ်နှင့်အထက်အဆောက် အအုံကိုဆိုလိုခြင်းဖြစ်ပြီး လက်ရှိအချိန် ထိ တင်ပြမှုတွင် ၃၂ ထပ် အထိ အမြင့် ဆုံးပါဝင်လာကြောင်း သိရသည်။ရွှေတိဂုံဘုရားမြင်ကွင်းလမ်း ကြောင်း ဦးဝိစာရလမ်း၌ ၂၅ ထပ်အမြင့် အဆောက်အအုံ ဆောက်လုပ်လိုခြင်းနှင့် မြေချန်ဆောက်လုပ် ရန်လိုသည်ကို ၎င်းတို့မြေနှင့် မကိုက်ညီခြင်းတို့ကြောင့် လုပ်ငန်းရှင်များ ဘက်က ပယ်ဖျက်သွား ခြင်းများရှိသည်ဟု ဦးရီဝင်းက ပြောသည်။ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် လိုအပ်သော စည်းကမ်းချက်များ၌ မြေကွက်ပိုင်ဆိုင် မှု မှန်ကန်ခြင်း၊ မြေကွက်အတိုင်း အတာ မှန်ကန်ခြင်း၊ မြေယာအမှု ကင်းရှင်းရန် လိုအပ်ခြင်း၊ စည်းကမ်းနှင့် အညီ မြေချန် များထားရှိရန် လိုအပ်ခြင်း၊ လေနှင့် အလင်းရောင်ရရှိရန် လိုအပ်ခြင်း၊ အမှိုက်စွန့်ပစ်မှု၊ မိလ္လာစွန့်ပစ်မှု အတွက် လုံလောက်သော စနစ်ရှိခြင်း၊ ရေနုတ် မြောင်းများ လုံလောက်စွာရှိခြင်းနှင့် အထပ်မြင့် များဖြစ်၍ နေထိုင်သူများ အား သောက်သုံးရေပေးဝေနိုင်ရေးစီမံကိန်း များ ပါဝင်သည်ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်တွင် ရန်ကုန်စည်ပင် မှ အထပ်မြင့်အဆောက်အအုံများအား သောက် သုံးရေ ပေးဝေနိုင်ခြင်း မရှိရာ တည်ဆောက်သူများဘက်မှသာ စီစဉ် ဆောင်ရွက်ရသည်ဟု သိရသည်။

”လုပ်လုပ်လုပ်လို့ ပြောတယ်။ ပြီး တော့ ဇက်ကြိုးဆွဲထားတယ်။ ကျွန် တော် တို့က ဘာလုပ်ရမှာလဲ။ ဆောက် ပါ ဆောက်ပါ ပြီးတော့ခွင့်မပြုဘူးလို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်” ဟု စည်းကမ်းချက်များနှင့် ပတ်သက်၍ ကြားသိရသောသတင်းစကားကို ဦးရီဝင်း က ပြောပြသည်။ စည်းကမ်းသတ် မှတ်ချက် များ ကြောင့် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးသွားရန်ကို မလိုသော်လည်း စိစစ်ခွင့်ပြုအားနည်း၍ ရန်ကုန်မြို့၏ အနှစ်သာရ ပျက်စီးသွားမည်ကိုလည်း စိုးရိမ်သည်ဟု ဦးရီဝင်းက ဆက်ပြော သည်။ အထပ်မြင့်ဆောက်လုပ်ပါကမြေချန် ရမည့် စည်းကမ်းချက်၌ မြို့တွင်း ခြောက်မြို့နယ်ဖြစ်ပါက အရှေ့ ၃ ပေ၊ ဘေးနှစ်ဖက် ၃ ပေစီနှ င့် နောက်ဘက် တွင် နောက်ဖေးလမ်းကြားရှိပါက ၃ ပေ ချန်၍ မရှိပါက ၆ ပေချန်ရမည် ဖြစ် ကြောင်း၊ မြို့တွင်းပြင်ပနှင့် ရွှေတိဂုံ ကန့် သတ်ဇုန်တွင်မူ အရှေ့ပေ ၂ဝ၊ ဘေး ၃ ပေစီနှင့် အနောက် ၆ ပေချန်ရန်လိုပြီး ကျန်လမ်းမကြီးနှင့် လမ်းသွယ်များ၌မူ အရှေ့ ၁၂ ပေ၊ ဘေး ၃ပေစီနှင့် နောက် ဘက် ၆ ပေစီချန်ရန်လိုအပ်သည်။

ယင်းအပြင် မြေ အကျယ် ပေ ၅ဝ နှင့်အထက်ရှိမှာသာ ၁၂ ထပ်နှင့် အ ထက် အဆောက်အအုံများကို ဆောက် လုပ်ခွင့်ပြုပြီး ဆိတ်ငြိမ်နေရာများတွင်မူ ၄ ထပ်ခွဲအထိသာ ခွင့်ပြုကြောင်း၊ ရွှေတိဂုံဘုရား ကန့်သတ်မြေအတွင်း ဖြစ် ပါက ဟိုတယ်တည်ဆောက်လျှင် ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၁၉ဝ မကျော်ရဘဲ သာမန် အဆောက် အအုံဖြစ်လျှင် ၇၈ ပေအထိသာ ခွင့်ပြု ကြောင်း ရွှေတိဂုံကန့်သတ်ဧရိယာပြင်ပ ဖြစ်ပါက ၄၁၇ ပေ အထိခွင့်ပြုထား ကြောင်း သိရသည်။ယင်းအပြင် အထပ်မြင့်အဆောက် အအုံတည်ဆောက်ရာတွင် လေကြောင်း လိုင်းအတွင်း ကျရောက်ပါ က လေ ကြောင်းဦးစီး၏ ထောက်ခံချက်လိုပြီး လေကြောင်းဦးစီးက ပေ ၂ဝဝ ထက် ကျော်ပါက ခွင့်မပြုကြောင်း သိရသည်။ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရန်အတွက် ဘေးပတ်ဝန်း ကျင် နေအိမ်များမှ လည်း ထောက်ခံရန် လိုအပ်ပြီး ထောက်ခံမှုတွင် အရှေ့ ၃ အိမ်၊ အနောက် ၃ အိမ်နှင့် ဘေး ၂ အိမ်စီ ထောက်ခံရမည်ဟု သိရသည်။

”တချို့က ၁ဝ အိမ်တော့ ကောက် လာတယ်။ ဟိုအဝေးကြီးက ဖြစ်နေတာ မျိုးတွေရှိတယ်။ အဲဒါတွေမရဘူး”ဟု ဦးရီဝင်းက ဆိုသည်။ ယခင် က ဘေးအိမ်များ ထောက်ခံချက်မတောင်းခံမိ၍ အဆောက် အအုံ ဆောက် လုပ်ရန် ခွင့်ပြုပြီးမှ ဘေးအိမ် များမှ ကန့်ကွက်ခဲ့သည်များ ကြုံကြိုက်ခဲ့ ဖူးကြောင်း၊ ယင်းအခြေအနေမျိုး တွင် ဖြေရှင်းရခက်ခဲ သဖြင့် ဘေး အိမ်များ၏ ထောက်ခံချက်တောင်းခံခြင်းဖြစ်သည် ဟု ၎င်းထံမှ သိရသည်။

ဝေမာထွန်း
Popular Myanmar News Journal
အထပ်မြင့် ဆောက်လုပ်ရန် တင်ပြထားသော်လည်း ရန်ကုန်စည်ပင်၏ စည်းမျဉ်းဥပဒေများကို လိုက်နာနိုင်မှု မရှိ၍ လုပ်ငန်းရှင်များ ဘက်မှ ပယ်ဖျက် သွားသည်များ ရှိနေကြောင်း အထပ်မြင့် အဆောက်အအုံဆောက် လုပ်ရေးဆိုင်ရာ စံချိန်စံညွှန်း စိစစ်ရေးကော်မတီမှ

ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့မ ရဲစခန်းမှ ခိုးမှုဖြင့် ထွက်ပြေး တိမ်းရှောင်နေ သည့် တရားခံအား စုံစမ်း၍ ပူးပေါင်း ဖမ်း ဆီးပေးခဲ့

Photo: ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့မရဲစခန်းမှ ခိုးမှုဖြင့်ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံအား စုံစမ်း၍ ပူးပေါင်းဖမ်းဆီးပေးခဲ့
Thursday, August 15, 2013

၁၂.၈.၂၀၁၃ ရက်နေ့တွင် ကျောက်တန်းမြို့မရဲစခန်းသို့ ဧရာဝတီတိုင်း
ဒေသကြီး၊ ကန်ကြီးထောင့်မြို့မရဲစခန်းမှဆက်သွယ်လာပြီး ၎င်းရဲစခန်း၏ (ပ)၆၄/၂၀၁၃၊ပုဒ်မ ၃၈၀ အမှုမှ တရားခံ အောင်အောင်(ဘ)ဦးလှဝင်း၊ (၁၄)ရပ်ကွက်၊ ပုသိမ်မြို့နေသူမှာ ကျောက်တန်းမြို့သို့ ထွက်ပြေးတိမ်း
ရှောင်သွားကြောင်း သတင်းရရှိသဖြင့် စုံစမ်းဖမ်းဆီးပေးပါရန် အကူအညီတောင်းခံလာခဲ့ပါသည်။

ထိုသို့အကူအညီတောင်းခံလာမှုအပေါ် ကျောက်တန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် တရားခံအောင်အောင်အား စုံစမ်းရှာဖွေခဲ့ရာ
၎င်းသည် ဇနီးဖြစ်သူနှင့်အတူ ကျောက်တန်းမြို့တစ်ဖက်ကမ်း၊ အငူကျေးရွာနေဇနီးဖြစ်သူ၏မိဘများအိမ်တွင် ရောက်ရှိတိမ်းရှောင်
နေကြောင်း၊ ငွေကြေးများပါရှိလာပြီး ၎င်းရွာတွင်အခြေတကျနေထိုင်ရန်
စီစဉ်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

ရရှိသတင်းများအား ကန်ကြီးထောင့်မြို့မရဲစခန်းသို့ဆက်သွယ် အကြောင်းပြန်ကြားခဲ့ပြီး ကန်ကြီး ထောင့်မြို့မရဲစခန်း မှတပ်ဖွဲ့ဝင်များ
ရောက်ရှိလာသည့် ၁၃.၈.၂၀၁၃ ရက်နေ့တွင် အတူပူးပေါင်း၍
၁၂၃၀ အချိန်၌ တရားခံအောင်အောင်နှင့်ဇနီးတို့ ပုန်းခိုနေထိုင်သည့် အငူကျေးရွာရှိ နေအိမ်သို့ ၀င်ရောက်ဖမ်းဆီးခဲ့ပါသည်။

အဆိုပါနေအိမ်တွင် တရားခံအောင်အောင်နှင့်ဇနီးတို့အားဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ အမှုမှသက် သေခံငွေများ၊ ရွှေထည်ပစ္စည်းများ၊ အ၀တ်အထည်များ၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၃၇၉၃၈၀၀)အား
ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၂.၈.၂၀၁၃ ရက်နေ့တွင် ကျောက်တန်းမြို့မရဲစခန်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့မ ရဲစခန်းမှဆက်သွယ်လာပြီး ၎င်းရဲစခန်း၏ (ပ)၆၄/၂၀၁၃၊ပုဒ်မ ၃၈၀ အမှုမှ တရားခံ အောင်အောင်(ဘ) ဦးလှဝင်း၊ (၁၄)ရပ်ကွက်၊ ပုသိမ်မြို့နေသူမှာ ကျောက်တန်းမြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရရှိသဖြင့် စုံစမ်းဖမ်းဆီးပေးပါရန် အကူအညီတောင်းခံလာခဲ့ပါသည်။

အမေရိကန် လျှို့ဝှက်ထောက် လှမ်းမှု မဖြေရှင်းပါက နှစ်နိုင်ငံကြား ယုံကြည်မှု လျော့စေမည်ဟု ဘရာဇီး သတိပေး

Photo: အမေရိကန် လျှို့ဝှက်ထောက်လှမ်းမှု မဖြေရှင်းပါက နှစ်နိုင်ငံကြား ယုံကြည်မှု လျော့စေမည်ဟု
ဘရာဇီး သတိပေး
Thursday, August 15, 2013

အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီက ဘရာဇီး ပြည်သူ များ၏ တယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးကို လျှို့ဝှက်
ထောက်လှမ်းခဲ့သည့် ကိစ္စကို ဖြေရှင်းခြင်း မပြုပါက နှစ်နိုင်ငံ ကြား ယုံကြည်မှုကို လျော့ပါးစေမည် ဖြစ်ကြောင်း ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီးက သတိပေး ပြောကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်၏ အဆိုပါ ထောက်လှမ်းမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် စိန်ခေါ်ချက် အသစ် ဖြစ်ကြောင်း ဘရာဇီးသို့ အလည်အပတ် ရောက် ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံ အပြီးတွင် ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီယို ပတ်ထရီယိုတာက သတင်းထောက်များကို ပြောကြားသည်။

“ဒီစိန်ခေါ်ချက်ကို ကျေနပ်လောက်အောင် မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အချင်းချင်း မယုံကြည်မှုဆိုတဲ့ အရိပ်က လိုက်နေမှာပါ” ဟု ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီးကပြော ကြားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အမေရိကသည် အမေရိကန် ပြည်သူများ အတွက်သာမက ဘရာဇီး အပါအဝင် ကမ္ဘာ့ပြည်သူများ၏ လုံခြုံရေးကို အထောက်အပံ့ ပေးနေရသည့် အဖြစ်ကို ဘရာဇီး အစိုးရ အနေနှင့် လုံးလုံး နားလည် လက်ခံသွားစေရန် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြား သည်။

အမေရိကန်က ယခုကဲ့သို့ အင်တာနက်နှင့် တယ်လီဖုန်း သုံးစွဲသူများ၏ မှတ်တမ်းများကို လျှို့ဝှက် ထောက်လှမ်းသည့် ကိစ္စနှင့် ပတ်သက်၍ ယခု ထောက်လှမ်းမှုသည် ဥပဒေနှင့် ညီညွတ်စွာ ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းကဲ့သို့ ထောက်လှမ်းမှုများကြောင့် ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက်မှု များစွာကို တားဆီးရာတွင် အထောက်အကူ ပေးနိုင်ခဲ့ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ကာကွယ် ပြောကြားလျက် ရှိသည်။

အမေရိကန် စီအိုင်အေ၏ ကန်ထရိုက် ကုမ္ပဏီ တစ်ခုတွင် အိုင်တီ ဝန်ထမ်း အဖြစ် အလုပ် လုပ်ခဲ့ဖူးသော စနိုးဒန်သည် အမေရိကန် ထောက်လှမ်းရေး လျှို့ဝှက် သတင်းများကို ဖွင့်ချခဲ့မှုအရ အမေရိကန်သည် ဘရာဇီး အပါအဝင် နိုင်ငံကြီးများရှိ ပြည်သူများ၏ အင်တာနက် သုံးစွဲမှုနှင့် တယ်လီဖုန်း မှတ်တမ်းများကို လျှို့ဝှက် ရယူခဲ့ကြောင်း ဘရာဇီးနိုင်ငံထုတ် O Globo သတင်းစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဘရာဇီး အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ၁၆ ခု ရှိသော အမေရိကန် လုံခြုံရေး အေဂျင်စီ၏ ဌာနခွဲမှလည်း နိုင်ငံခြား ဆက်သွယ်ရေး ဂြိုဟ်တုမှ ထုတ်လွှင့်မှုများကို ကြားဖြတ် ဖမ်းယူခဲ့သည် ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ထောက်လှမ်းရေး လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သူ စနိုးဒန်သည် ယခုအခါ ရုရှားတွင် ခိုလှုံ နေထိုင်လျက် ရှိပြီး ၎င်းကို အမေရိကန်သို့ လွှဲပြောင်းပေးခြင်း မရှိသောကြောင့် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံမည့် ထိပ်သီး ဆွေးနွေးပွဲကို အမေရိကန်က ပယ်ဖျက်ခဲ့သည်။

The Voice Weekly
အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီက ဘရာဇီးပြည်သူများ၏ တယ်လီဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးကို လျှို့ဝှက်ထောက်လှမ်းခဲ့သည့်ကိစ္စကို ဖြေရှင်းခြင်းမပြုပါက နှစ်နိုင်ငံ ကြား ယုံကြည်မှုကို လျော့ပါးစေမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးက သတိပေး ပြောကြား လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖက်ဒရယ်စနစ် ဖော်ဆောင်ရာတွင် သယံဇာတ ခွဲဝေသုံးစွဲခွင့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကျေအလည် ဆွေးနွေးရန် လိုအပ်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အကြံပြု

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖက်ဒရယ်စနစ် ဖော်ဆောင်ရာတွင် သယံဇာတ ခွဲဝေသုံးစွဲခွင့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကျေအလည် ဆွေးနွေးရန် လိုအပ်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အကြံပြု
 Thursday, 15 August 2013

နိုင်ငံ၏ သယံဇာတများ ခွဲဝေသုံးစွဲခွင့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကျေအလည် ဆွေးနွေးညှိနှိုင်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ဖက်ဒရယ်စနစ်ကို လေ့လာသုံးသပ် သင့်ကြောင်း ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ ပြည်ထောင်စုစနစ်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)အပေါ် လေ့လာ တင်ပြချက်တွင် အကြံပြု တင်ပြထားသည်။

ကော်မတီ အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ဖက်ဒရယ်စနစ်ကို လေ့လာ၍ "လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်ဟူသော အသုံးအနှုန်း မသုံးခဲ့သော်လည်း ဖက်ဒရယ်စနစ်ကို အခြေခံသော ၀ိသေသ လက္ခဏာများ ပါဝင်ပြီးဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးနေသော ဖက်ဒရယ်စနစ်၏ အင်္ဂါရပ်များ ပါရှိပြီးဖြစ်ကြောင်း၊ လက်တွေ့ညှိနှိုင်း ကျင့်သုံးရင်း အများလက်ခံလာစေရန် ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဆိုပါက အောင်မြင်မည် ဟု ယုံကြည်ပါသည်" ဟု သုံးသပ်ခဲ့ပြီး ဆောင်ရွက်သင့်သည်များကို ထည့်သွင်းအကြံပြုခဲ့ရာတွင် ထိုသို့ထည့်သွင်း အကြံပြုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တိုင်းရင်းသား လူမျိုးများအား စွမ်းရည်မြှင့်တင်ပေးမှုကို အစီအမံဖြင့် ဆောင်ရွက်၍ ရာထူးတာဝန်များ ခွဲဝေခန့်အပ် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆောင်ရွက်သင့်ကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာ၊ ဓလေ့ထုံးတမ်း၊ တိုင်းရင်းသား လက္ခဏာများကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးသင့်ကြောင်း၊ အမျိုးသားရေး ကိုယ်ပိုင်လက္ခဏာ၊ တိုင်းရင်းသားတိုင်းကို အသိအမှတ်ပြု ဘုံအကျိုးစီးပွားကို ဖော်ဆောင်သွားရန် လိုကြောင်း၊ ပြည်ထောင်စုအစိုးရ အရာထမ်း၊ ၀န်ထမ်းများသည် တာဝန်ထမ်းဆောင်သော နေရာဒေသရှိ တိုင်းရင်းသား ဘာသာစကား တတ်ကျွမ်းရန် လိုအပ်ကြောင်း အကြံပြု တင်ပြထားသည်။

အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းများကို လေ့လာသုံးသပ်၍  ဖက်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံများနှင့် နှိုင်းယှဉ်ဖော်ပြပြီး "နိုင်ငံတကာ၌ ဖက်ဒရယ်စနစ် ကျင့်သုံးကြသော နိုင်ငံများ၌ အချုပ်အခြာ အာဏာကို မထိပါးစေသော အာဏာခွဲဝေ ကျင့်သုံးကြကြောင်း၊ နိုင်ငံရေး စနစ် ဖော်ဆောင်ခြင်းသည် ပုံတူယူ၍ လုပ်ဆောင်ခြင်း မပြုအပ်ဘဲ မိမိနိုင်ငံ၏ တိုင်းရင်းသား လူမျိုးများ၏ သဘောသဘာဝနှင့် သမိုင်းနောက်ခံ အခြေပြု ဆောင်ရွက်သင့်ကြောင်း အကြံပြု တင်ပြထားသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ် စားလှယ် များ ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
Eleven Media Group
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ် စားလှယ် များ ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
နိုင်ငံ၏ သယံဇာတများ ခွဲဝေသုံးစွဲခွင့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကျေအလည် ဆွေးနွေးညှိနှိုင်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ဖက်ဒရယ်စနစ်ကို လေ့လာသုံးသပ် သင့်ကြောင်း ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ ပြည်ထောင်စုစနစ်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)အပေါ် လေ့လာ တင်ပြချက်တွင် အကြံပြု တင်ပြထားသည်။

အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့်ထိန်းသွားရန် သမ္မတဦးသိန်းစိန် သတိပေး

Photo: အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့်ထိန်းသွားရန် သမ္မတဦးသိန်းစိန် သတိပေး
Thursday, August 15, 2013

အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့်ထိန်းသွားရန် သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော် သမ္မတ ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသည် အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စုအဆင့် ဒုတိယ၀န်ကြီးများနှင့် ပြည်ထောင်စုအဆင့် ဒုတိယ၀န်ကြီး အဆင့်ရှိ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ ကတိသစ္စာ ခံယူကြသည့် အခမ်း အနားဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ပြည်သူတွေဟာ ကျွန်တော်တို့နိုင်ငံကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့နိုင်ငံ ဖြစ်လိုကြပါတယ်။ နောက် တစ်ခု က လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် လိုကြပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူရွေးချယ်တဲ့ အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့ ဆန္ဒဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ပြည်သူရဲ့ ဆန္ဒတွေကို အောင်မြင်အောင် ဆောင်ရွက်ပေးရေးဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာတွေလုပ်ကြရ မလဲဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်အောင် လုပ်ရပါမယ်" ဟု ပြောကြားသည်။

အစိုးရ အနေဖြင့် ကျန်ရှိသည့် လပေါင်း ၃၀ သက်တမ်းအတွင်း ပြည်သူများ တိုက်ရိုက်ခံစားလိုသော ရေကောင်းရေသန့် ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သွားလာမှု အဆင်ပြေစေရေး၊ အလုပ်အကိုင် ရရှိရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ကြရန်နှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန် ဆန်ဆန် ၀ိုင်းဝန်းပြီး လုပ်ကြရန် လိုအပ်သည်ဟု သမ္မတဦးသိန်းစိန် က ပြောကြားသည်။

အထက်ပါ လုပ်ငန်းများသည် ပြည်သူများ၏ ဆန္ဒနှင့် မျှော်မှန်းချက်ဖြစ် သည့်အပြင် အစိုးရအဖွဲ့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက် ဖြစ်သောကြောင့် လုပ်ငန်းများ အောင်မြင်အောင် အစိုးရတစ်ဖွဲ့လုံး တက်ညီလက်ညီ ၀ိုင်းလုပ်ကြဖို့ လိုအပ်သည်ဟုလည်း သမ္မတက ပြောကြားသည်။

နိဂုံးချုပ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရ တစ်ဖွဲ့လုံးအား "တစ်ဦးချင်း တာဝန်ဆိုတာကတော့ အလုပ်လုပ်ကြတဲ့ အခါမှာ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တတ်တာ ရှိပါတယ်။ အဲဒီလို လုပ်မှားကိုင်မှားတွေ ကို စေတနာအလျောက် မှားယွင်းတာတွေ ကို ပြုပြင်ပေး မှာ ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်းအောင် စောင့်ထိန်းသွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်" ပြောကြားသည်။

ရာထူးတိုးမြှင့် ခံထားရသူများသည် ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရခြင်းနှင့်အတူ နိုင်ငံ့တာဝန်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ တာဝန်များအပြင် တစ်ဦးချင်း လိုက်နာစောင့်ထိန်းရမည့် တာဝန်များကိုလည်း တိုးမြှင့်ယူကြ ရမည်ဟုလည်း နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ပြီးခဲ့သည့်လ ၃၀ အတွင်းမှာ အစိုးရ ဌာနအချို့နှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းဝင် အချို့၏ ပြုပြင်ပြောင်းလဲအုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်းမြင်သာမရှိခြင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လိုအပ်ချက်များကို တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် လုပ်ဆောင်ပေးမှု အားနည်းခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် အားနည်းခြင်း၊ အဂတိ လိုက်စားခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ အပါအ၀င် ဌာနဆိုင်ရာ အရာရှိအချို့ကို တာဝန်မှ အနားပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်။

Eleven Media Group
အစိုးရတစ်ဖွဲ့လုံး ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် စောင့် ထိန်းသွားရန် သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြား ခဲ့သည်။

အစိုးရ အဖွဲ့အစည်းများသို့ ကမ်းလွန်သဘာဝဓာတ်ငွေ့ အရှုံးခံ ရောင်းချနေ သည့်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၂၈ ဒသမ ၉၃၃ ရှုံးနေ၍ ဈေးနှုန်းမြှင့်ရန် လိုအပ်ကြောင်း ဒုတိယ၀န်ကြီး ပြောကြား

၂၀၁၂ ခုနှစ် ဇွန်မှ ၂၀၁၃ ခုနှစ် ဇွန်လအထိ နိုင်ငံပိုင် စက်ရုံများသို့ ပြည်တွင်း သုံး ကမ်းလွန်သဘာဝဓာတ်ငွေ့ ရောင်းချရာတွင် Total E& P Myanmar Co.Ltd သို့ ပေးချေရသည့် ဈေးနှုန်းနှင့် ရောင်းဈေးကွာခြားမှုကြောင့်

အင်တာနက် လွတ်လပ်ခွင့် တင်းကျပ်ထားသည့် အင်တာနက် ရန်သူစာရင်းတွင် တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စသည့်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံ ပါဝင်နေ

ပြင်သစ်နိုင်ငံအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် နယ်စည်းမထား သတင်းထောက်များ အဖွဲ့မှ ထုတ်ပြန်သော အင်တာနက်ရန်သူနိုင်ငံ များစာရင်း (Enemies of Internet-2012) တွင် မြန်မာနိုင်ငံ သည် တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စသည့်နိုင်ငံများနှင့်အတူ ပါဝင်နေကြောင်း ၎င်းတို့စာရင်းအရ သိရသည်။

ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီး နစ်မြုပ်ခဲ့သည့် သင်္ဘောမှ မြန်မာ သင်္ဘောသား ၂၁ ဦးအား ဒေါ်လာတစ်သန်းကျော် လျော်ကြေးပေးအပ်

ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီးတွင် ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က နစ်မြုပ်ခဲ့သည့် MV.HARITA BAUHITE သင်္ဘောပေါ်တွင် တာဝန် ထမ်းဆောင်နေ သည့် မြန်မာသင်္ဘောသား ၂၁ ဦးတို့မှ သေဆုံး သူ၊ ပျောက်ဆုံး သူ၊ ဒဏ်ရာရရှိသူများကို လျော်ကြေးငွေ ဒေါ်လာ ၁ သန်းကျော်ကို သြဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ Dolphin Restaurant တွင် ပေးအပ်ခဲ့သည်။

ကမ္ဘာလှည့် ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင် အပျော်စီး သင်္ဘော MS.Super Star Libra သီလ၀ါ ဆိပ်ကမ်းသို့ ရောက်ရှိ

Photo: ကမ္ဘာလှည့် ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင်အပျော်စီး သင်္ဘော MS.Super Star Libra သီလ၀ါ ဆိပ်ကမ်းသို့ ရောက်ရှိ
Thursday, 15 August 2013

ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင်အပျော်စီး သင်္ဘောသည် ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဟောင်ကောင်အခြေစိုက် Star Cruises (HK) Limited မှ MS. Super Star Libra အပျော်စီးသင်္ဘော လာရောက်သည့် ခရီးစဉ်အား ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ပံ့ပိုးမှုဖြင့် Myanmar Voyages International Tourism Co.ltd က စီစဉ်ခဲ့ခြင်း ဖြစ် သည်။ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော MS. Super Star Libra တွင် ခရီးသည် ၉၆၀၊ သင်္ဘောဝန်ထမ်း ၉၁၄ ဦး လိုက်ပါလာပြီး ခရီးသည် အများစုမှာ မလေးရှား (တရုတ်) လူမျိုးများ ဖြစ်ကြသည်။ အဆိုပါ အပျော်စီး သင်္ဘောသည် ယင်းနေ့ညနေ ၆ နာရီတွင် မြန်မာနိုင်ငံမှ ခရီးသည် ၁၅ ဦးအား တင်ဆောင်လျက် ထိုင်းနိုင်ငံ၊ ဖူးခက်ဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။

"ကုန်းလမ်းနဲ့ပဲဖြစ်ဖြစ်၊ ရေလမ်းနဲ့ပဲဖြစ်ဖြစ် ခရီးသွားလာခြင်းဟာ အတွေး အမြင်သစ်၊ အတွေ့အကြုံသစ်နဲ့ ဗဟုသုတ အသစ်တွေကို ရရှိစေပါတယ်။ ကျွန်တော်တို့ Myanmar Voyages အနေနဲ့ အမေရိကန်၊ ဥရောပ စတဲ့နိုင်ငံတွေ က မြန်မာနိုင်ငံကို လာရောက်တဲ့ အပျော်စီးသင်္ဘော ခရီးစဉ်တွေ ကို စီစဉ်ခဲ့ပြီး ဖြစ်ပါတယ်" ဟု Myanmar Voyages မှ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြားသည်။

MS. Super Star Libra အပျော်စီးသင်္ဘောတွင် လိုက်ပါလာသော ကမ္ဘာလှည့် ခရီးသည်များသည် သြဂုတ် ၁၄ ရက်တွင် ရွှေတိဂုံဘုရား၊ ရန်ကုန်မြို့တွင်း၊ သန်လျင်မြို့နှင့် သန်လျင်ဈေး၊ တိုင်းရင်းသားကျေးရွာ စသည့်နေရာများသို့ တစ်နေ့တာ သွားရောက်လည်ပတ် ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း သိသာထင်ရှားသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှု များကြောင့် ၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ ကာလမှစတင်ကာ မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေ တိုးတက်လာခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက်မှ သာမက ရေလမ်းခရီးဖြင့်ပါ လာရောက်ခြင်းများ ရှိလာခဲ့သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က အမေရိကန် ခရီးသွားအများစု ပါဝင်သည့် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V Azamar နှင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က ဗြိတိန်လူမျိုး ခရီးသည်အများစု ပါဝင်သည့် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V  Minerva ရန်ကုန်ဆိပ်ကမ်း သို့ ရောက်ရှိခဲ့ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရန်ကုန်မြို့နှင့် ပဲခူးမြို့များသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ 

MS. Super Star Libra အပျော်စီး သင်္ဘောအား သီလ၀ါဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နား ထားသည်ကို သြဂုတ် ၁၄ ရက်က တွေ့ရစဉ်
Eleven Media Group
MS. Super Star Libra အပျော်စီး သင်္ဘောအား သီလ၀ါဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နား ထားသည်ကို သြဂုတ် ၁၄ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့တွင်း လေ့လာလည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည် ၉၆၀ လိုက်ပါလာသည့် ဟောင်ကောင်အပျော်စီး သင်္ဘောသည် ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့် များ ဖမ်းဆီးရမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသို့ပြန်မည့် ထိုင်းနိုင်ငံသားတစ်ဦးထံမှ ကျည်ဆန်တောင့် များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အီဂျစ်အကြမ်း ဖက်မှု နိုင်ငံတကာ ရှုတ်ချ

Photo: အီဂျစ်အကြမ်းဖက်မှု နိုင်ငံတကာရှုတ်ချ
Thursday, August 15, 2013

အီဂျစ်အစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက်ပြီး နှိမ်နင်းတာဟာ အတော် ရှက်စရာကောင်းတဲ့ လုပ်ရပ်တခုလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သတ်မှတ်လိုက်သလို  ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆန့်ကျင်တဲ့ သိပ်ကိုဆိုးဝါးတဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ ပြောကြားလိုက် ပါတယ်။

အခုလိုအကြမ်းဖက်ဖြိုခွင်းမှုကနေ အဖြေရှာလို့ ရနိုင်မှာမဟုတ်ပဲ အီဂျစ်နိုင်ငံ သားတွေကြား ပိုပြီးသွေးကွဲမှုတွေသာ ဖြစ်ပွားလာနိုင်တယ်လို့  ဗုဒ္ဓဟူးနေ့ အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ  ဝန်ကြီး Kerry က ပြောကြားလိုက်တာပါ။  အီဂျစ်အစိုးရအနေနဲ့  လူသားတွေရဲ့ အခြေခံရပိုင်ခွင့် ကို လေးစားဖို့နဲ့  ဆန္ဒပြလူစုဘက်ကလည်း အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ ပါ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဝန်ကြီး Kerry လိုပဲ သမ္မတ အိမ်ဖြူကလည်း အီဂျစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုံ့ချလိုက်ပြီး အရေးပေါ်အခြေအနေကြေညာချက်ကို ကန့်ကွက်လိုက်ပါတယ်။ ဒါ့အပြင် လုံခြုံရေးတပ်သားတွေ အနေနဲ့ စိတ်ရှည် သည်းခံဖို့ပါ ပန်ကြားလိုက်ပါတယ်။

အီဂျစ်အစိုးရကရော  အတိုက်အခံ အစ္စလာမ်ဝါဒီတွေဘက်ကပါ   အကြမ်းဖက် မှု ပိုတိုးလာမယ့်ကိစ္စတွေကို ရှောင်ရှားကြဖို့နဲ့  နိုင်ငံရေးဆွေးနွေးမှုတွေ ပြန်လုပ်ကြဖို့လည်း   ဥရောပ  အင်အားကြီးနိုင်ငံတွေက တိုက်တွန်းခဲ့ကြ ပါတယ်။

VOA News
အီဂျစ်အစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက်ပြီး နှိမ်နင်းတာဟာ အတော်ရှက်စရာကောင်းတဲ့ လုပ်ရပ်တခု လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သတ်မှတ်လိုက်သလို  ဒါဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆန့်ကျင်တဲ့ သိပ်ကိုဆိုးဝါးတဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။