Monday, September 30, 2013

ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရွှေမန်းဆို

ထူးခြားသည့် ပထဝီ အနေအထားအရ ရခိုင်ပြည်နယ်တွင် နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် ရခိုင်တိုင်းရင်းသားများ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ရခိုင်တိုင်းရင်းသားများ သာ မကာကွယ်ခဲ့ပါက မြန်မာနိုင်ငံ မြေပုံသည် ယခုအတိုင်း တည်ရှိနေမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရှုံးခဲ့သည့် ငွေစက္ကူများ ဗိုလ်ချုပ် ပုံဖြင့် ပြန်ထုတ်ရန် အဆို ပြည်သူ့လွှတ်တော်သို့ တင်မည်

ငွေ စက္ကူများတွင် ဗိုလ်ချုပ်ပုံ ပြန် လည်ရိုက်နှိပ်ထုတ်ဝေရန် အဆို ရှုံးနိမ့်ခဲ့သည့်အတွက် ရန်ကုန်တိုင်း ဒေ သကြီးလွှတ်တော်ကိုယ်စား လှယ်ဦးကျော်၏ အဆိုအား ပြည် သူ့လွှတ်တော် သို့ ဆက်လက်တင် သွင်းသွားမည်ဟု သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်ကပြောသည်။

" ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲနှင့်ပိတ်ပွဲကို စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း ART အဒါရိုက်တာအဖြစ်ဆောင်ရွက်နေသူ စင်ရော်မောင်မောင်ပြော "

Photo: " ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲနှင့်ပိတ်ပွဲကို စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း ART အဒါရိုက်တာအဖြစ်ဆောင်ရွက်နေသူ စင်ရော်မောင်မောင်ပြော "
Monday, September 30, 2013

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲကို ပရိသတ်များက စိတ်ဝင်စားလျက်ရှိပါတယ်။ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲနဲ့ ပိတ်ပွဲ အခမ်းအနားကို နေပြည်တော် ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း တွင် စည်ကားစွာကျင်းပမှာ ဖြစ်ပြီး ကွင်းဖွင့်ပွဲနှင့်ပိတ်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှု များကိုဆောင်ရွက်နေပါတယ်။ အခုလိုမျိုးပွဲမဝင်ခင် ကြိုတင်ပြင်ဆင်နေမှု
များနဲ့ အပတ်သက်ပြီး Art ဒါရိုက်တာ အဖြစ် ဆောင်ရွက်နေသူ စင်ရော်မောင်မောင်က " ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲအတွက် ကြိုတင်ပြင်ဆင် နေ
တာ အခုဆိုရင် ၇လကျော် လောက်ရှိပါပြီ။

ဒီအတွက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ပေးထားတာ။ သူတို့နဲ့ပူး
ပေါင်းပြီး ဇာတ်ညွှန်းတွေရေး သလို ပရိုဂျက်တာမတ်ပင်လို့ ခေါ်တဲ့ ကွင်းမှာပြမယ့်ဟာတွေ၊ LED မှာထိုးမယ့်ဟာတွေအပြင် ဆက်တင်တွေ၊ Sound Effect တွေလုပ်ဖြစ်တယ်။ ဒီလိုမျိုးလုပ် ဖို့အတွက် နိုင်ငံခြားက အကူ အညီယူရတာမျိုးလည်းရှိတယ်။ များသောအားဖြင့် တရုတ်ပြည်
သူ့သမ္မတနိုင်ငံနဲ့ ထိတွေ့ဆက် ဆံရတာများတယ်။ သူတို့ဘက် က လည်း အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကူညီပေး တဲ့အပိုင်းတွေ၊ အတတ်ပညာ နည်းပညာတွေအတွက် လူအင် အားပေးတာမျိုးတွေလည်းရှိ တယ်။ မကျင်းပခင် ကြိုတင်ပြင် ဆင်မှုတွေအတွက် ကြိုရောက် နေတဲ့
အဖွဲ့တွေ လည်းရှိတယ်။

သူတို့နဲ့အကြိမ်ကြိမ် ဆွေးနွေးပြီး ဆောင်ရွက်နေပါတယ်။ ဖွင့်ပွဲ ပိတ်ပွဲကို
လူအင်အားအရ ၈ဝဝဝ နဲ့ ၁ဝဝဝဝကြား လုပ်သွားဖို့ရှိ တယ်။ သူ့အစီအစဉ်နဲ့ လူအင် အားသုံးသွားမှာပါ။အရင်တုန်း က လုပ် သွားတဲ့ သူများနိုင်ငံ တွေက ဖွင့်ပွဲ၊ ပိတ်ပွဲနဲ့ တခြားဆီ တမူထူးခြား အောင်လုပ်သွား မှာပါ။ အဲဒီတုန်းက ညပိုင်းမှာမီးအမှောင်ချပြီး တကယ့်ကမ္ဘာ့အဆင့်မီမြူးဇစ်တွေ၊ လိုက်တင်တွေ
လုပ်ကြသလို CountDown ကို ရိုးရိုးတန်းတန်းပုံစံမျိုးလုပ်မှာ မဟုတ်ပါဘူး။

ကွင်းထဲမှာ ရိုက်ကူးပြီးသမျှ တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက်လည်း အမေရိကန်ပညာရှင်တွေနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနတို့
ပူးပေါင်းဆောင် ရွက်သွားမယ့် အစီအစဉ်တွေ လည်းရှိတယ်။ ကွင်းအတွင်း ပြသမယ့် LED အတွက် အရုပ် တွေကိုလည်း ယဉ်ကျေးမှုဌာနနဲ့ ဆရာမောင်တင်ဦးရယ်၊ ကျွန်တော် ရယ်၊

ကင်မရာပညာရှင်တွေက သေချာလေးလုပ်ထားတယ်။ ဒါ့အပြင် ဆိုင်းပညာ
ရှင်တွေ၊ ကွန်ပျူတာပညာရှင်တွေစတဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဆောင်
ရွက်နေပါတယ်။ ပန်း တိုင်ကိုရောက်ဖို့အတွက်လည်း ရက်အနည်းငယ်
သာလိုတော့တယ်" လို့ ရှင်းပြခဲ့ပါတယ်။

ကိုယ့်မြေကိုယ်ရေမှာ အခု လို ဆီးဂိမ်းအားကစားပြိုင်ပွဲကို ကျင်းပ ခွင့်ရတဲ့အပေါ်ကိုလည်း " ကျွန်တော်တို့ ငယ်ငယ်တုန်းက ပဉ္စမအကြိမ် ရန်ကုန်မှာကျင်းပတဲ့ပွဲကို ကြည့်ခဲ့ရတယ်။ အဲဒီတုန်းက အသက်ကလည်း ငယ် သေးတယ်။

အဲဒီအချိန်တုန်းက မြန်မာဘောလုံးအသင်းက တော် တော်နာမည်ကြီးတယ်။ အဲဒီအချိန် တုန်းကဆိုရင် အရမ်းပျော်ခဲ့ကြတယ်။ အခု ပြန်လည်ကျင်း ပခွင့်ရခဲ့တာပါ။ ဒီပွဲကြီးကို ကိုယ်တိုင်လည်း ဆင်နွှဲခွင့်ရတဲ့အပြင် ကိုယ် တတ်စွမ်းတဲ့အနုပညာနဲ့ ပါဝင် ခွင့်ရတဲ့အတွက်လည်း ဝမ်းသာ သလို ဂုဏ် လည်းယူပါတယ်" လို့ ဒါရိုက်တာ စင်ရော်မောင်မောင် က ပြောပါတယ်။

ထွဋ်မြတ်
Popular Journal

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲကို ပရိသတ်များက စိတ်ဝင်စားလျက် ရှိပါတယ်။ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲနဲ့ ပိတ်ပွဲ အခမ်းအနားကို နေပြည်တော် ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း တွင် စည်ကားစွာကျင်းပမှာ ဖြစ်ပြီး ကွင်းဖွင့်ပွဲနှင့်ပိတ်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှု များကိုဆောင်ရွက်နေ ပါတယ်။ အခုလိုမျိုးပွဲမဝင်ခင် ကြိုတင်ပြင်ဆင်နေမှုများနဲ့ အပတ်သက်ပြီး Art ဒါရိုက်တာ အဖြစ် ဆောင်ရွက်နေသူ စင်ရော်မောင်မောင်က " ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲအတွက် ကြိုတင်ပြင်ဆင် နေတာ အခုဆိုရင် ၇လကျော် လောက်ရှိပါပြီ။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး ဆွေးနွေးချက် လွှတ်တော်နှင့် သမ္မတတို့ကို တင်ပြ မည်ဟု သူရဦးရွှေမန်းဆို



Photo: ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး ဆွေးနွေးချက် လွှတ်တော်နှင့် သမ္မတတို့ကို တင်ပြ မည်ဟု သူရဦးရွှေမန်းဆို
Monday, September 30, 2013

မြန်မာနိုင်ငံ၏ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ရခိုင်ပြည်သူလူထုက တင်ပြသည့် အချက်များကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်များနှင့် ပြည်နယ် အစိုးရ အဖွဲ့များကို တင်ပြကာ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့တော်ရှိ International Business Centre (IBC) တွင် ပြုလုပ်သည့် ရခိုင်လူထုနှင့် တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်များက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးနှုန်း သက်သာစွာဖြင့် လျှပ်စစ်မီး အချိန်ပြည့် ရရှိရေး၊ လုပ်သားအများစု အလုပ်ဖန်တီးပေးနိုင်သည့် စက်မှုလက်မှု လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး၊ ဟိုတယ်ဇုန် လုပ်ငန်းများ၊ ခရီးသွားနှင့် အပန်းဖြေစခန်းများ ဖော်ဆောင်ပေးရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ပေးရေး၊ လူငယ်စွမ်းရည် မြှင့်တင်ရေး၊ လယ်ယာမြေနှင့် ရေလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ လုံခြုံ ရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး စသည့်ကိစ္စများကို တင်ပြခဲ့ကြသည်။

ရခိုင်ပြည်နယ် ကိုယ်စားပြု ကိုယ်စားလှယ် ရှစ်ဦးတင်ပြမှုနှင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်မှ ကိုယ်စားလှယ်များ၏ တင်ပြချက်များကို လာမည့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြမည် ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုလည်း တင်ပြသွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် လွှတ်တော်နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့များကိုလည်း တင်ပြသွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။
“အချို့ကိစ္စတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် လွှတ်တော်နဲ့ ရခိုင်လူထု ပေါင်းလုပ်ရမယ်။ အချို့ကိစ္စတွေကို ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ ပူးပေါင်းလုပ်ရမယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။
“လျှပ်စစ်မီးရရှိရင် စက်မှုလုပ်ငန်းတွေ အကောင်အထည် ဖော်နိုင်မယ်။ အလုပ်အကိုင်တွေ ဖန်တီးနိုင်မယ်။ လူနေမှုဘဝတွေ တိုးတက်လာမယ်။ လျှပ်စစ်မီးရတာနဲ့ ဆင့်ကဲ့ဆင့်ကဲ လုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်” ဟု ရခိုင်ပြည်နယ် ကိုယ်စားပြု တင်ပြခဲ့သူ ဦးသန်းရွှေက ပြောကြားသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်မြေ လုံခြုံရေးမှာ အဓိက အရေးပါကြောင်း ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ အဓိက အလေးပေး တင်ပြခဲ့ကြသည်။

ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ၏ တင်ပြချက် အချို့သည့် ရခိုင်ပြည်နယ်သာမက ပြည်ထောင်စုတစ်ခုလုံး လိုအပ်ချက် ဖြစ်နေသဖြင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် Master Plan ရေးဆွဲရာတွင် ထည့်သွင်းကာ အကောင်အထည် ဖော်ရမည် ဖြစ်ကြောင်း ဦးရွှေမန်းက ဆိုသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး မိသားစု တွေ့ဆုံပွဲကို သူရဦးရွှေမန်း အပါအဝင် လွှတ်တော် အသီးသီးမှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်မှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် လူဦးရေ ၇၀၀ ဝန်းကျင် တက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် မိသားစုတစ်စု၏ တစ်လဝင်ငွေမှာ ၄၂၀၀၀ ကျပ် (လူတစ်ဦး၏ တစ်နေ့ ဝင်ငွေ ၂၃၃ ကျပ်) ဝန်းကျင် ရှိပြီး မိသားစု တစ်စုလျှင် ပျမ်းမျှ ၆ ဦး ရှိကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် သဘာဝ သယံဇာတ၊ ရှေးဟောင်း အမွေအနှစ်များ၊ ရေအရင်းအမြစ်နှင့် ရေထွက်ပစ္စည်းများ ကြွယ်ဝမှု၊ လုပ်သားအင်အား လုံလောက်မှုနှင့် လုပ်ခ သက်သာမှု၊ ပင်လယ်ထွက်ပေါက် အခွင့်အလမ်း၊ ပထဝီ တည်နေရာ အရေးပါသည့် နေရာတွင် တည်ရှိနေသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ခေတ်မီ ဖွံ့ဖြိုးသည့် နည်းပညာများ အသုံးမပြုနိုင်မှု၊ လျှပ်စစ်မရရှိမှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးမှု နည်းပါးသဖြင့် စီးပွားရေး နိမ့်ကျ နေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

The Voice Weekly
မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံး ပြည်နယ် ဖြစ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ပြု လုပ်သည့် ဆွေးနွေးပွဲတွင် ရခိုင်ပြည်သူလူထုက တင်ပြသည့် အချက်များကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်များနှင့် ပြည်နယ် အစိုးရ အဖွဲ့များကို တင်ပြကာ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

စွန်းဝူခုံးဇာတ်ရုပ်ကို ထပ်သရုပ်ဆောင်ရန် မလွယ်ကူတော့ကြောင်း ပြောဆိုလိုက်သည့် ဒွန်နီယန်

တရုတ်နိုင်ငံတွင်သာမက အာရှနိုင်ငံအများအပြားတွင် အောင်မြင်မှုများ ရရှိခဲ့သော “အနောက်သို့ခရီး သွားခြင်း” ဇာတ်လမ်းတွဲများတွင် မျောက်မင်းကြီးစွန်းဝူခုံးအဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်နိုင် ခဲ့သော ဟောင်ကောင်အခြေစိုက် တရုတ်မင်းသား ဒွန်နီယန်က နောက်ထပ်တစ်ဖန် စွန်းဝူ ခုံးဇာတ် ရုပ်ကိုသရုပ် ဆောင်နိုင်ရန် မလွယ်ကူတော့ကြောင်း ၀န်ခံပြောကြားလိုက်သည်။
ဟောင်ကောင်တွင် ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့သည့် အခမ်းအနားတွင် နာမည်ကျော်ကြားခဲ့သော ဇာတ်ကောင်များနှင့် သရုပ်ဆောင်များက အတူယှဉ်တွဲသရုပ်ပြခဲ့ကြပြီး ထိုပွဲသို့ ဒွန်နီယန်၊ ဂျိုချမ်း၊ ကျန်းကျီလင် တို့အပြင် ကိုရီးယားမင်းသား လီဗြောင်ဟွန်းလည်း တက်ရောက်ခဲ့သည်။ ထိုပွဲသို့တက်ရောက်လာသော အသက် ၅၀ နှစ်အရွယ် မင်းသား ဒွန်နီယန်က “အနောက်သို့ ခရီးသွားခြင်း” ဇာတ်လမ်းအား နောက်ထပ် တစ်ဖန် ပြန်လည်ရိုက်ကူးရန်မှာ မလွယ်ကူတော့ကြောင်း ၀န်ခံခဲ့သည်။

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်

ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေး ပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည် တို့လည်း ပါဝင်ပါတယ်။

လာမည့် ကျောင်းဖွင့်ရာသီ ပြဋ္ဌာန်းစာအုပ်တန်ဖိုး နှစ်ဆတက်မည်

လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စာရွက်သား အရည်အသွေး မြှင့်ထားသော အလယ်တန်းနှင့် အထက်တန်းအဆင့် အတန်းများအတွက် ပြဋ္ဌာန်းစာအုပ် တန်ဖိုးမှာ ယခင်တန်ဖိုး ထက် နှစ်ဆ တက်မည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး လက်မှတ်ထိုးပွဲတွင် ပါတီအားလုံး သက်သေ လုပ်ရန် အစိုးရဖိတ်ကြား

အစိုးရက အောက်တိုဘာလအတွင်း ကျင်းပရန် စီစဉ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ပွဲတွင် နိုင်ငံရေး ပါတီအားလုံး တက်ရောက်ကာ သက်သေအဖြစ် လက်မှတ်ထိုးရန် ဖိတ်ခေါ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

နိုင်/ကျဉ်းများလွှတ်ပေးရန် မန္တလေးသို့ လမ်းလျှောက်ခဲ့သည့် ဆရာတော် မန္တလေးမှ ရခိုင်သို့ ထပ်မံ လမ်းလျှောက်မည်

လွှတ်ပေးရန် ကျန်ရှိနေသော လက်ကျန်နိုင်ငံရေးအကျဉ်းသားများနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော် ထုတ်ရာတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသူများ အမြန်ဆုံး ပြန်လွှတ်ပေးရန်အတွက် ဆရာတော် ဦးရက္ခ၀ံသက မန္တလေးမြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ထပ်မံ လမ်းလျှောက်သွားမည်ဖြစ်ကြောင်း လမ်းလျှောက်ရာတွင် ၀န်းရံမည့်သူဖြစ်သည့် ရခိုင်လူငယ်အဖွဲ့ဝင်မှ ကိုကျော်လင်းနိုင်က စက်တင်ဘာ ၂၉ ရက်တွင် ပြောသည်။

အခြေခံဥပဒေနှင့် ပတ်သက်သည့် ပြည်သူ့သဘောထားကို လွှတ်တော်ကော်မတီထံ ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထားတင်မည်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည် အသစ်ရေးဆွဲမည်ကို ဆုံးဖြတ်နိုင်ခြင်း မရှိသေးသောကြောင့် ပြည်သူ့ ဆန္ဒရယူကာ ဒီဇင်ဘာလ ၁ ရက် နောက်ဆုံးထား၍ လွှတ်တော်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို တင်ပြမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ရန်ကုန်မြို့တော်၏ ရေပေးဝေမှုစနစ် အရေးပေါ် ဖွံ့ဖြိုးရန်အတွက် ဂျပန်နိုင်ငံမှ ယန်းသန်း ၁၉၀၀ ကူညီမည်

ရန်ကုန်မြို့၏ ရေပေးဝေရေးစနစ် အရေးပေါ် ဖွံ့ဖြိုးရန်အတွက် ဂျပန်နိုင်ငံမှ ယန်းသန်း ၁၉၀၀ ကူညီပေး မည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ကူညီရန်အတွက် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို စက်တင်ဘာ ၂၈ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့တော်ခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အီရန်၏ နျူကလီးယားလက်နက်များ လျှော့ချမည်ဆိုခြင်းသည် ဟန်ဆောင်ခြင်းဖြစ်ကြောင်း အစ္စရေးပြော

အီရန်သမ္မတသစ်၏ လက်ထက်တွင် နျူကလီးယား ခြိမ်းခြောက်မှုများ ယခင်ကထက် လျော့နည်း သွားသည်ဆိုသော အမြင်များကို ပြန်လည်ဖြေရှင်းရန်အတွက် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာ ဟု (Benjamin Netanyahu) သည် နယူးယောက်မြို့သို့ တနင်္ဂနွေနေ့က ထွက်ခွာသွားခဲ့ကြောင်း စက်တင်ဘာ ၂၉ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

ဒေသလုံခြုံရေးအားနည်းသဖြင့် ပြည်သူ့စစ်များ ဖွဲ့ပေးရန် ရခိုင်အဖွဲ့အစည်းများ သူရဦးရွှေမန်းထံ တင်ပြ

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ရခိုင်ပြည်နယ် ၁၇မြို့နယ်မှ ကိုယ်စားလှယ် များ တွေ့ဆုံပွဲတွင် ရခိုင်ဒေသ၌ နယ်မြေလုံခြုံရေးအားနည်းသောကြောင့် တပ်မတော်အောက် တွင် ပြည်သူ့ စစ်များ ဖွဲ့စည်းပေးရန် အဓိက တင်ပြခဲ့သည်။

သုညဘ၀နဲ့ စခဲ့ရသော ဘီလျံနာ သူဌေးများ


သုညဘ၀နဲ့ စခဲ့ရသော ဘီလျံနာ သူဌေးများ
Monday, September 30, 2013

၁။ရေးဒီုဘီ

ကမ္ဘာကျော် Dolby Laboratoriesကုမ္ပဏီကို ထူထောင်ထားသူ ဖြစ်သည်။ ယခုအခါ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ဘီလျံချမ်းသာသည်။သို့သော် သူ၏ ပထမဦးဆုံးအလုပ်မှာ ရုပ်သံကုမ္ပဏီဖြစ်သော Ampexမှာ အချိန်ပိုင်း အလုပ်သမားတစ်ဦးဖြစ်သည်။

၂။အော်ပရာဝင်းဖရေး

ဘီလျံနာသူဌေးတစ်ဦးဖြစ်ပြီး အမေရိကန်ရုပ်သံအစီအစဉ်တင်ဆက်သူ၊ မင်းသမီး၊ ထုတ်လုပ်သူနှင့် ပရဟိတာဒါနရှင်အဖြစ် လျှမ်းလျှမ်း တောက်ကျော်ကြားသော အော်ပရာဝင်းဖရေး၏ ပထမဆုံးအလုပ်မှာ နစ်ရှ်ဗယ်လီမြို့ရှိ သူ့ဖခင်၏ ဆံသဆိုင်နံဘေးမှာ ကပ်ကာဖွင့်ခဲ့ရသည့် ကုန်စုံဆိုင်ငယ်ကလေးဖြစ်သည်။


၃။ဒေးဗစ်မာဒေါက်

Doleသစ်သီးကုမ္ပဏီကို ပိုင်ဆိုင်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ချမ်းသာသည်။ သူသည် 1943 ခုနှစ်တွင် တပ်မတော်သို့ မ၀င်ခင် ဓာတ်ဆီဆိုင်အလုပ်သမားအဖြစ် ဘ၀စတင်ခဲ့ရသူ ဖြစ်သည်။

၎။တီဘွန်နီပစ်ကန်

အမေရိက၏အကြီးဆုံး ရေနံနှင့် သဘာဝကုမ္ပဏီ တစ်ခုဖြစ်သော Mesa Petroleumကုမ္ပဏီကို ပိုင်ဆိုင်သူဖြစ်သည်။ အမရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံချမ်းသာသည်။ သို့သော် သူ၏ ပထမဆုံးအလုပ်မှာ သတင်းစာပို့သမားဖြစ်သည်။

၅။အင်ဒရူးဘီးလ်

ဘီးလ်ဘဏ်နှင့် ဘီးလေကြောင်းနှင့် အာကာသပညာကုမ္ပဏီကိုထူထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည်။ သို့သော် သူ၏ ပထမဆုံးအလုပ်မှာ ရုပ်မြင်သံကြားစက် ရောင်းသူဖြစ်သည်။

၆။ချားလ်ရှဝက်ဘ်

ကမ္ဘာ့အကြီးဆုံး အကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ လျံချမ်းသာသည်။ သို့သော် သူ၏ပထမဆုံးအလုပ်မှာ သစ်ကြားသီးရောင်းသူဖြစ်သည်။


၇။ဂျွန်အက်ဒ၀ပ် အန်းဒါးဆင်း

Aceအဖျော်ယမကာကုမ္ပဏီကို ထူထောင်သူ ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ဘီလျံ ချမ်းသာသည်။ သို့သော် သူ၏ ပထမဆုံးအလုပ် မှာ ပြောင်းဖူးပေါက်ပေါက်ဆုပ်ရောင်းသူ ဖြစ်သည်။

၈။ မက်ခ်ဇက္ကာဘက်

ယခုအခါ Facebook၏ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ ဘီလျံ ချမ်းသာသည်။ သို့သော်သူသည် မထင်မရှားဘ၀ဖြင့် Facebookကုမ္ပဏီကို စတင်ထူထောင်ခဲ့ရသူဖြစ်သည်။

၉။စတိဗ်ဂျော့

Appleကုမ္ပဏီကို ပူးတွဲထူထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ သို့သော် သူ၏ ပထမဆုံးအလုပ်မှာ အရစ်ကျစနစ်ဖြင့် ပစ္စည်းရောင်းခြင်းဖြစ်သည်။


ရေးမိရေးရာလေးများ
၁။ရေးဒီုဘီ

ကမ္ဘာကျော် Dolby Laboratoriesကုမ္ပဏီကို ထူထောင်ထားသူ ဖြစ်သည်။ ယခုအခါ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ဘီလျံချမ်းသာသည်။သို့သော် သူ၏ ပထမဦးဆုံးအလုပ်မှာ ရုပ်သံကုမ္ပဏီဖြစ်သော Ampexမှာ အချိန်ပိုင်း အလုပ်သမားတစ်ဦးဖြစ်သည်။

လူကုန်ကူးခံရတဲ့ ကလေးငယ် ၉၀ ကို ကယ်တင်နိုင် ၃၀၀ ကိုဖမ်းဆီး



တရုတ်နိုင်ငံမှာ လူကုန်ကူးမှုခံရတဲ့ ကလေးငယ်အယောက်ပေါင်း ၉၀ ကျော်ကို ရဲတွေက ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးမှု လုပ်ငန်းလုပ်ကိုင်သူလို့ ယူဆရသူ လူပေါင်း ၃၀၀ ကျော်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။
chinese children
ပြည်နယ်ပေါင်း ၁၁ ပြည်နယ်က ရဲတွေ စုပေါင်းပြီး လူကုန်ကူးမှု ဂိုဏ်းကို နှိမ်နင်းခဲ့ရာက ခုလို ဖမ်းဆီး တာတွေ၊ ကယ်တင်တာတွေ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အရက်ချက်စက်ရုံတစ်ခုမှ စွန့်ပစ်သည့် ရေဆိုးပြဿနာကို ဒေသခံများ ခံစားနေရ

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွှေညောင်မြို့နယ် တောင်လေးလုံးကျေးရွာအုပ်စု၊ ဖက်နမ်ကျေးရွာအနီး တည်ရှိသည့် ကျားမင်းကြီး အရက်ချက်စက်ရုံမှ ထွက်ရှိသည့် ရေဆိုးရေညစ်များ၊ အနံ့အသက်များနှင့် ပတ်သက်သည့် ပြဿနာများ ကို ဒေသခံများ ခံစားနေရကြောင်း ဒေသခံများနှင့် ဖက်နမ်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးလှမောင်က စက်တင်ဘာ ၂၉ ရက်တွင် ပြောသည်။

သုံးနှစ်အတွင်း လူဦးရေ တဝက် မိုဘိုင်းဖုန်း သုံးစွဲနိုင်မည်

လာမယ့် ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းကျရင် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း သုံးစွဲသူအရေအတွက် ငါးဆကျော် တိုးတက်လာမှာဖြစ်ပြီး၊ ဒါဟာ တိုင်းပြည်ရဲ့ လူဦးရေတဝက်လောက် မိုဘိုင်းဖုန်း သုံးစွဲလာနိုင်ကြမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ နော်ဝေး Telenor ကုမ္ပဏီက ခန့်မှန်းပြောဆို လိုက်ပါတယ်။

မန္တလေးနှင့် စစ်ကိုင်းတွင် မဟာသြဘာ အသေးစားငွေကြေးအဖွဲ့မှ ငွေထုတ်ချေး

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း မြို့နယ် နှစ်ခုတွင် မဟာသြဘာ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းမှ အခြေခံ လူတန်းစားများအတွက် ချေးငွေအမျိုးအစား သုံးမျိုးကို သက်သာသော အတိုးနှုန်းဖြင့် ငွေထုတ်ချေးပေးနေကြောင်း ထိုအဖွဲ့အစည်းမှ သိရသည်။
မဟာသြဘာ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းမှ စိုက်ပျိုးရေးလုပ်ငန်းသုံး ချေးငွေ၊ ဈေးသည် ရင်းနှီးချေးငွေ၊ ပညာရေးချေးငွေတို့ကို မန္တလေးတိုင်းရှိ ကျောက်ဆည်မြို့နှင့် စစ်ကိုင်းတိုင်းရှိ ရွှေဘိုမြို့နယ် များတွင် ထုတ်ချေးပေးနေပြီး အတိုးနှုန်း ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေခြင်း ဖြစ်သည်။

လက်ပံတောင်းတောင်သို့ ချီတက်ဆန္ဒပြသူတွေ တားဆီးခံရ


 
လက်ပံတောင်းတောင်ဒေသရှိ လယ်တီဆရာတော်ဘုရားရဲ့သိမ်တော်နဲ့ ဒဿနိက အဆောက် အအုံ တွေ ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးဖို့တွက် မန္တလေးကနေ လက်ပံတောင်းတောင်ကို ချီတက်ဆန္ဒပြ လာစဉ် လမ်းမှာ အာဏာပိုင်တွေရဲ့ တားဆီးမှုခံခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖမ်သမားကြောင့် အိပ်နေတဲ့ ကျောင်းသား အယောက် ၄၀ သေဆုံး

Photo: အကြမ်းဖမ်သမားကြောင့် အိပ်နေတဲ့ ကျောင်းသား အယောက် ၄၀ သေဆုံး
Monday, September 30, 2013

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက စိုက်ပျိုးရေးဆိုင်ရာ ကောလိပ်တခုမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ၀င်ရောက် ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းသူကျောင်းသား အနည်းဆုံး အယောက် ၄၀လောက် သေဆုံးခဲ့တယ်လို့ နိုင်ဂျီးရီးယား စစ်တပ်ကပြောပါတယ်။

အဆိုပါ လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ Boko Haram အဖွဲ့ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နိုင်ဂျီးရီးယား စစ်တပ်ရဲ့ အဆိုအရ လက်နက်ကိုင်သမားတွေဟာ ညအချိန် အိပ်ပျော်နေတဲ့ ကျောင်းသားတွေကို ၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျောင်းစာသင်ခန်းတွေကိုလည်း မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိအခြေအနေအရ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နိုင်ငံဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ အီရန်နိုင်ငံ Baghdad မြို့မှာလည်း အသေခံဗုံးခွဲမှုတစ်ခုကြောင့် လူပေါင်း ၂၄ဦးသေဆုံးခဲ့ပြီး ၂၇ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အခု အသေခံ ဗုံးခွဲတိုက်ခိုက် မှုနဲ့ဆိုရင် စက်တင်ဘာလအတွင်းမှာပဲ ပဋိပက္ခကြောင့် သေဆုံးသူအယောက်ပေါင်း ၇၉၀ ရှိသွားပြီး ဒီတနှစ်အတွင်းဆိုရင် သေဆုံးသူ အယောက်ပေါင်း ၄၆၀၀ ကျော်သွားပြီးလို့သိရပါတယ်။

ABC Radio Australia

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ Boko Haram ခေါင်းဆောင်ကို ဗီဒီယိုတခုမှာတွေ့ရစဉ် (Credit: ABC)
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက စိုက်ပျိုးရေးဆိုင်ရာ ကောလိပ်တခုမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ၀င်ရောက် ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းသူကျောင်းသား အနည်းဆုံး အယောက် ၄၀လောက် သေဆုံးခဲ့ တယ်လို့ နိုင်ဂျီးရီးယား စစ်တပ်ကပြောပါတယ်။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် ကြီးမားသည့် စိန်ခေါ်မှု ၁၀ ချက်နှင့် ရင်ဆိုင်နေရဟု လေ့လာသုံးသပ်သူများ ဆို နိုင်ငံရေးနှင့် စီးပွားရေးတွင် တပ်မတော်က အများအပြားပါဝင်နေမှုမှာ အရေးကြီးဆုံးစိန်ခေါ်မှုဖြစ်

လက်ရှိမြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများတွင် အခွင့်အလမ်းကောင်းများရှိနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ကြီးမားသည့်စိန်ခေါ်မှု ဆယ်ချက်ရှိနေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုလိုက်သည်။
လက်ရှိအစိုးရသက်တမ်းအတွင်း တိုင်းရင်းသားပါတီများ မှတ်ပုံတင်နိုင်မှု၊ တိုင်းရင်းသား လက်နက်ကိုင် များနှင့် အပစ်အခတ်ရပ်စဲလာမှုနှင့် နိုင်ငံရေးအကျဉ်းသားအမြောက်အများ လွှတ်ပေးမှုတို့မှာ နိုင်ငံရေး အကူးအပြောင်း၏ အခွင့်အလမ်းကောင်းများဖြစ်သည်ဟု ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှ တမှု စောင့်ရှောက်ရေးအဖွဲ့(#IPSJ)ကို တည်ထောင်ထားသည့် ဒေါက်တာသောင်းထွန်း က ပြောသည်။

ယခုလောလောဆယ် ကမ္ဘာ့အလိုရှိဆုံး အမျိုးသမီးဗြိတိန် မုဆိုးမ

ဖြစ်စဉ်ကတော့ စက်တင်ဘာ ၂၁ ရက်နေ့လယ်၊ဈေးဝယ် သူများနဲ့စည် ကားနေချိန်မှာ မျက်နှာဖုံးစွပ် သေနတ်ကိုင်လူဆိုးလူ ကြမ်း ၁၅ ယောက်ခန့် ဟာ အုပ် စု ၂ စုခွဲပြီး ကုန်တိုက်ထဲအတင်း ၀င်ကာ ““မူဆလင်တွေဘေး ဖယ်”” ဆိုပြီး ဈေးဝယ်သူတွေကိုအရမ်း ကာရော ပစ်ခတ်ကြပါပေါ့လား ဆိုပြီးဈေးဝယ်သူကိုယ်တွေ့ကြုံ သူတွေကပြောပါတယ်။ အချို့ကို ဖမ်းဆီးပြီး၊ မူဆလင်ဘာသာဝင် ဟုတ်၊မဟုတ်စစ်မေးတယ်။

ဝဲကြီးကျေးရွာဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများ လာရောက်အဖမ်းခံ

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ (၁၉)ရက် နံနက်(၂)နာရီ (၁၅)မိနစ်တွင် တာဝန်ချိန် ရဲဝတ်စုံဖြင့် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဝဲကြီးကျေး ရွာနေ ပြစ်မှုကျူးလွန်သူ ဇော်လတ်ပါအဖွဲ့များအား ဝင်ရောက်ဖမ်းဆီးစဉ် ဇော်လတ်၏ဇနီးမှ လီဆယ်အော် ဟစ်ခြင်းကြောင့် ကျေးရွာသူ ကျေးရွာသား (၃၀၀)ဦးခန့်တို့က တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်၍ ရဲတပ်ဖွဲ့ဝင်များအား ရိုက်နှက်ခဲ့ သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ယင်းသတင်းကို သတင်းစာ များတွင် ဖော်ပြ ခဲ့ပြီးဖြစ်သည်။

ပြည်ထောင်စု ၀န်ကြီးများက နိုင်ငံရေးပါတီ ၃၇ ခုမှ ခေါင်းဆောင် ၇၀ ဦးခန့်နှင့် တွေ့ဆုံကာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးတွင် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တက်ရောက်မည်ဖြစ်ကြောင်း ရှင်းပြ

S-30-9
စက်တင်ဘာ ၂၉ ရက်က ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါ တီခေါင်းဆောင်များ တွေ့ဆုံနေ သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-MPC)
အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါတီ ၃၇ ခုမှ ပါတီခေါင်းဆောင် ၇၀ ၀န်းကျင်တို့ စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံကာ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးတို့ကို ဆွေးနွေးမှုပြုလုပ် ခဲ့ကြပြီး ပြည်ထောင်စု ၀န်ကြီးများက အောက်တိုဘာလကုန်တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တက်ရောက်မည်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့ကြောင်း သတင်းရရှိသည်။

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီး တရားခံအား အာမခံ ပေးလိုက်ခြင်းကို မကျေနပ်၍ မီးရှို့မှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာမှ ထိန်းသိမ်းလျက်ရှိ

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီးနောက် တရားခံအား အာမခံဖြင့် လွှတ်လိုက်သည်ကို မကျေနပ်၍ မီးရှို့မှု ဖြစ်ပွားသည်ကို သက်ဆိုင်ရာမှ ထိန်းသိမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံရာ၌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား

Q-30-9
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းအား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ ဆုံဆွေးနွေးပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- ငြိမ်းဇော်လင်း)
မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်းနှင့် ရှိသည်ဆိုလျှင်လည်း လုံလောက်မှု မရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂၉ ရက်က ပြောကြား သည်။

ရန်ကုန်မြို့တော် ခန်းမရှေ့ ဟုန်ရှင်းကုမ္ပဏီ အလုပ်သမားများ ဆန္ဒပြမှု အတွက် အလုပ်သမား ခေါင်းဆောင်များကို အမှုဖွင့် တရားစွဲဆို

T-30-9


ရန်ကုန်မြို့တော် ခန်းမရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သော ဟုန်ရှင်း အလုပ်သမားများအနက် ဦးဆောင်သူ အလုပ်သမား ခေါင်းဆောင်လေးဦး ကို စက်တင်ဘာ ၂၈ ရက်တွင် ကျောက်တံတား ရဲစခန်းမှ မမစ (ပ) ၃၅၁/၁၃၊ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် CPI ကုမ္ပဏီက ကြိုးပမ်းနေပြီး နေပြည်တော်၌ CPI ကုမ္ပဏီရုံးခန်း တည်ဆောက်ရန် စီစဉ်နေဟုဆို

O-30-9
မြစ်ဆုံစီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏သမ္မတ သက်တမ်းကာလအတွင်း မြစ်ဆုံစီမံကိန်းအား ရပ် ဆိုင်းကြောင်း တရားဝင်ထုတ်ပြန် ကြေညာထားသော်လည်း လက်ရှိကာလ၌ CPI ကုမ္ပဏီ အနေဖြင့် မြစ်ဆုံစီမံကိန်းအား ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းနေပြီး နေပြည်တော်၌လည်း CPI ကုမ္ပဏီ၏ ရုံးခန်းတည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (ARBRO) ၏ ဒုတိယအကြိမ် လူထုအကြံပြု အစည်းအဝေးမှ သိရသည်။

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့

U-30-9
တနင်္သာရီမြစ် ရေလွှမ်းမိုးမှုကို တွေ့ရစဉ်
တနင်္သာရီတွင် မြစ်ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံ ခဲ့ရပြီး ချောင်း လမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ဒုတိယအဆင့် အကျိုးတူ ပူးပေါင်းမှု သဘောတူညီချက် (Joint Venture Agreement) ကို အောက်တိုဘာလ တွင် လက်မှတ်ရေးထိုးမည်

J-30-9


သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ဒုတိယအဆင့်ဖြစ်သည့် အကျိုးတူ ပူးပေါင်းမှု သဘောတူညီချက် (Joint Venture Agreement) ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရသည်။