Thursday, October 3, 2013
သံတွဲမြို့ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၁၆/၂ဝ၁၃)
၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၂ ရက်
၁၃၇၅ ခု တော်သလင်းလပြည့်ကျော် ၁၃ ရက်
သံတွဲမြို့ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
ဆန္ဒပြရာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ သုံးပါက အရေးယူမည့်ပုဒ်မ ဥပဒေကြမ်းတွင် ထည့်သွင်း
၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အမျိုးသားခေါင်းဆောင် (ဗိုလ်ချုပ်အောင်ဆန်း) ပုံကို ဆန္ဒပြရာတွင် သုံးပါက အရေးယူမည့်ပုဒ်မ အပါအဝင် ပုဒ်မ ၁၀ ခုပါ ဥပဒေကြမ်းကို အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည်။
ပြီးခဲ့သည့်သတ္တမအကြိမ် လွှတ်တော် အစည်းအဝေးတွင် ရွှေပြည်သာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
သံတွဲ ပဋိပက္ခဖြစ်စဉ်ကြောင့် ခြောက်ဦးသေဆုံးကာ ဒဏ်ရာရရှိသူလေးဦး ဆေးရုံတွင် ကုသနေ
ဖြစ်စဉ်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မြင်ကွင်း
စက်တင်ဘာ စတုတ္ထပတ်မှ စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့
ပဋိပက္ခ ဖြစ်စဉ်အတွင်း အောက်တိုဘာ ၂ ရက် ညနေပိုင်းအထိ သေဆုံးသူ
ခြောက်ဦးအထိရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ
တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂ ရက် ညနေပိုင်းက ပြောကြားသည်။
ထို့ပြင် ပဋိပက္ခဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ လေးဦးအထိ ရှိနေပြီး ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း သိရသည်။
မန္တလေးမြို့ ၊ ဗိုလ်ချုပ်ရွာ (၆၉) လမ်းနှင့် ရွှေနှင်းဆီလမ်းထောင့်ရှိ ဂိုဒေါင်တွင် လုံခြုံရေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ဖောက်ထွင်းမှုဖြစ်ပွား
![]() |
| အခင်းဖြစ်ပွားခဲ့သော Panasonic ဂိုထောင်အား တွေ့ရစဉ် |
အောက်တိုဘာ ၁ ရက်ညပိုင်းက မန္တလေးမြို့၊ ဗိုလ်ချုပ်ရွာ (၆၉) လမ်းနှင့် ရွှေနှင်းဆီ လမ်းထောင့်ရှိ Panasonic ဘက်ထရီဂိုဒေါင်တွင် လုံခြုံရေးအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ရုံးခန်းတွင်းရှိ မီးခံသေတ္တာကို ဖောက်ထွင်းခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
အင်တာနက်အသုံးပြုသူ မိဘပြည်သူများသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးတင်ပြ
ဆက်သွယ်ရေးနှင့်သတင်းအချက်အ
အဆိုပါ စီမံကိန်းအရ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ISP နှင့် National Gateway များ အဆင့်မြှင့် တင်ခြင်းနှင့် အသစ်တပ် ဆင်ခြင်း လုပ်ငန်းများကို သတင်းအချက်အလက်နှင့်နည်းပညာ
နတ်မော်ကယ် ကျောက်မီးသွေးစက်ရုံကို ကန့် ကွက်သည့် ပန်ကြားလွှာ အောက်တိုဘာလဆန်းတွင် သမ္မတထံ ပို့ မည်
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့ နတ်မော်ကယ်ကျေးရွာအနီးတွင်
ကျောက်မီးသွေးဓါတ်အားပေး စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ဒေသခံများက
ကန့်ကွက်သည့် ပြည်သူ့ပန့်ကြားလွှာ ကို အောက်တိုဘာလဆန်းတွင် သမ္မတထံ
ပေးပို့မည်ဖြစ်သည်ဟု ကလေးဒေသခံ ကျူရှင်ဆရာ တစ်ဦးဖြစ်သူ ဦးမြင့်သိန်းက
အောက်တိုဘာ ၁ ရက်တွင် မဇ်္ဈိမသို့ ပြောသည်။
ယင်းသို့ ကန့်ကွက်သည့် ပန်ကြားလွှာ ပေးပို့နိုင်ရန် စက်တင်ဘာ ၂၉ ရက်က ကလေးဝမြို့၊ မထုကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ အထက်ချင်းတွင်း လူငယ်ကွန်ရက်များ၊ သံဃာတော်များ ဦးဆောင်က လူ ၄၀၀ ခန့် တက်ရောက်ခဲ့ သည်ဟုလည်း ဦးမြင့်သိန်းကပြောသည်။
ယင်းသို့ ကန့်ကွက်သည့် ပန်ကြားလွှာ ပေးပို့နိုင်ရန် စက်တင်ဘာ ၂၉ ရက်က ကလေးဝမြို့၊ မထုကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ အထက်ချင်းတွင်း လူငယ်ကွန်ရက်များ၊ သံဃာတော်များ ဦးဆောင်က လူ ၄၀၀ ခန့် တက်ရောက်ခဲ့ သည်ဟုလည်း ဦးမြင့်သိန်းကပြောသည်။
လက်ပံတောင်း သိမ်းဆည်းမြေ လျော်ကြေးထုတ်ဖို့ သတ်မှတ်ရက်တိုးပြီ
လက်ပံတောင်းတောင် ဒေသက သိမ်းဆည်းထားတဲ့ မြေယာလျော်ကြေးတွေ ကို စက်တင်ဘာလ ၃၀ နောက်ဆုံးထား ထုတ်ယူဖို့ သက်ဆိုင်ရာက ကြေညာ ခဲ့ပေမယ့် သတ်မှတ် ရက်ထက် နောက်ဆုတ်ပေးမှာဖြစ်ပြီး စီမံကိန်းနဲ့ လွတ်ကင်းတဲ့ နေရာတွေမှာ တစ်နှစ်တစ်ရာသီစာ စိုက်ပျိုးခွင့် ပေးမယ်လို့ လက်ပံတောင်းတောင် ဒေသခံတွေက ပြောပါတယ်။
အစပိုင်းမှာတော့ လျော်ကြေးငွေကို သတ်မှတ်ချိန်အထိ မထုတ်ယူရင် အဲဒီငွေတွေကို ဒေသဖွံ့ဖြိုးရေး အတွက် အသုံးပြုမယ်လို့ ပြောခဲ့ပြီးနောက် ခုအခါမှာ သတ် မှတ် ရက် ကို နောက် ဆုတ် ပေး လိုက်တယ်လို့ သိရပေမယ့် ဘယ်အချိန်ထိ နောက်ဆုံး ပေးတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
မြန်မာ့တပ်မတော်ကို ဗြိတိန်က သင်တန်းပေးမယ်
မြန်မာ့တပ်မတော်ကို ဗြိတိန်က နိုင်ငံက သင်တန်းတွေ ပေးတော့မှာဖြစ်ပါတယ်။ မြန်မာစစ်တပ်အရာရှိကြီး ၃၀ ကို တရားဥပဒေ စိုးမိုးမှုမှာ တပ်မတော်က ဘယ်လို နေရာက ရှိရမယ်ဆိုတဲ့ သင်တန်းဖြစ်တယ်လို့ ဗြိတိန်ရဲ့ သင်တန်းကျောင်း အကြီးအကဲက ပြောပါတယ်။
တစ်ထောင့်ငါးရာတန် ဖုန်းတွေအတွက် အင်တာနက်Setting ထည့်သွင်းနည်း လေးပါ
အရင်ဆုံး မိမိဖုန်းရဲ့ Setting >More>Mobile Network>Access Point Names နေရာ မှာဖြည့်သွင်းပေး ရမှာပါ
Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
ပြီးလျှင်အောက်ပါအတိုင်း ဖြည့်သွင်းပေးကြရအောင်ဗျာ
အထပ်မြင့် ယာဉ်ရပ်နားစခန်း တည်ဆောက်ရန် နေရာ ပဏာမ ရွေးချယ် ပြီးစီး
ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကုန်မြို့ အတွင်း အထပ်မြင့် ယာဉ်ရပ်နား စခန်း တည်ဆောက်မှု နှင့် ပတ်သက်၍ ဗိုလ်ချုပ်လမ်း နှင့် ကမ်းနားလမ်း တို့အား ပဏာမ ရွေးချယ် ထားသော်လည်း ဘတ်ဂျက် နှင့် မြေနေရာ အနေအထား ပေါ်မူတည်၍ ရွေးချယ်မည် ဖြစ်သည်ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။
နိုင်ငံတော် သမ္မတ သံတွဲသို့ ရောက်ရှိ၊ ဗိုလ်ချုပ်ကြီးလှမင်း မီးရှို့ခံ ကျေးရွာများကို သွားရောက် ကြည့်ရှု့
အောက်တိုဘာလ ၁ ရက်နေ့က ရခိုင်သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ကျောက်ဖြူမြို့မှ တဆင့် ပဋိပက္ခများ ဖြစ်ပွားနေရာ သံတွဲမြို့သို့ ရောက်ရှိလာ သည်ဟု သတင်း ရရှိသည်။
သံတွဲမြို့တွင် သမ္မတ ဦးသိန်းစိန်နှင့် အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်
နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ(၃)ရက်နေ့ နံနက် (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်တိမ်အသင့်
ပရီးမီးယားလိဂ် ရာသီအစ ရှုံးပွဲ မရှိစံချိန် အဲဗာတန် ဆက်လက်ထိန်းသိမ်း
အဲဗာတန်
အသင်းသည် စက်တင်ဘာ ၃၀ ရက်က ကစားခဲ့သည့် အိမ်ကွင်း ပွဲစဉ်တွင် နယူး ကာဆယ်
အသင်းကို ၃ဂိုး-၂ဂိုးဖြင့် အနိုင် ရရှိကာ ပရီးမီးယားလိဂ် ရာသီအစ
ရှုံးပွဲမရှိ စံချိန် ကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့ကြောင်း သိရသည်။
၎င်းပွဲစဉ်အပြီးတွင် အဲဗာတန် အသင်းသည် အမှတ်ပေးဇယား စတုတ္ထ နေရာသို့ တက်လှမ်း နိုင်ခဲ့သည်။
၎င်းပွဲစဉ်အပြီးတွင် အဲဗာတန် အသင်းသည် အမှတ်ပေးဇယား စတုတ္ထ နေရာသို့ တက်လှမ်း နိုင်ခဲ့သည်။
စက်တင်ဘာအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁၀) ကြိမ်ပြုလုပ်ခဲ့ကာ သဘောတူညီချက် တစ်ခုမျှမရရှိဘဲ တိုင်းရင်းသားဒေသများ၌ တိုက်ပွဲဖြစ်ပွားမှု (၁၅) ကြိမ်ရှိခဲ့
၂၀၁၃ ခုနှစ်
စက်တင်ဘာအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၁၀) ကြိမ် ပြုလုပ်ခဲ့ကာ သဘောတူညီချက်
တစ်ခုမျှမရရှိခဲ့ဘဲ တိုင်းရင်း သားဒေသများ၌ တိုက်ပွဲဖြစ်ပွားမှု (၁၅)ကြိမ်ရှိခဲ့ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်နေသော Myanmar Peace Monitor ၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပွားမှုများမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TN LA) ဒေသ၌ အကြိမ်ရေ အများဆုံးဖြစ်ခဲ့ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/ KIA) အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုများမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TN LA) ဒေသ၌ အကြိမ်ရေ အများဆုံးဖြစ်ခဲ့ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/
မလေးရှားရောက် မြန်မာနိုင်ငံသားများအား လူမျိုးဘာသာမခွဲခြားဘဲ ကာကွယ်စောင့်ရှောက်ပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြော ကြား
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို လူမျိုးဘာသာမခွဲခြားဘဲ အကာအကွယ်ပေးရန် စောင့်ရှော က်ရန်လိုအပ်ကြောင်းနှင့် နိုင်ငံသားများ၏လိုအပ်ချက်ကို ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှားနိုင်ငံသို့ ရောက်ရှိစဉ် ပြော ကြားခဲ့ကြောင်း အောက်တိုဘာ ၂ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အရ သိရ သည်။
Wednesday, October 2, 2013
သံတွဲ အကြမ်းဖက်မှု သေဆုံးသူများထဲမှ ၅-ဦးအား သံတွဲတွင် မြှုပ်နှံ

သံတွဲမြို့ သဗြုချိုင်ကျေးရွာမှာ မနေ့ကအကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူများရှိခဲ့သော်လည်း အချို့မှာ မည်သူမည်ဝါဟု၍လည်း မသိရှိနိုင်သေး တာကြောင့် သေဆုံးသူဦးရေကို အတိအကျ မပြောနိုင်သေးပဲ ထိုအထဲမှ ၅-ဦးအား ယနေ့ နေ့လည်က သံတွဲမြို့တွင် အစ္စလာမ်ဘာသာထုံးစံ အတိုင်း မြှုပ်နှံ လိုက်ပြီ ဖြစ် ပါတယ်။
မန်ယူ သို့ မပြောင်းမီ အာဆင်နယ် တွင် ရော်နယ်ဒို လေ့ကျင့် ခဲ့

အာဆင်နယ် မှာ ၎င်းတို့ အသင်း သမိုင်းတွင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ကို ခေါ်ယူ ရန် နီးစပ် ခဲ့ပြီးမှ လက်လွတ် ခဲ့ရကြောင်း နည်းပြ အာစင်ဝင်းဂါး က ၀န်ခံ ခဲ့သည်။
အာရှမှ အမျိုးသားများ လိင်အကြမ်းဖက်ခြင်း

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အာရှတိုက်နေ အမျိုးသားများကို report ထုတ်ပြန်ခဲ့ရာမှာ အမျိုးသား လေး ဦး မှာတစ်ဦးဟာ ကာမကျူးလွန် မှုပြုနေကြတယ်လို့ ထုတ်ပြန်ထားပါ တယ်။
ကမ္ဘာ့ အဆိပ်ပြင်း ဆုံး ရေဘဝဲ

အပြာရောင် အကွင်း အကွင်း လေး တွေ ပါရှိတဲ့ အတွက် သူ့ကို အင်္ဂလိပ် လို Blue - ringed octopus လို့ခေါ် ပါတယ်။ အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် မုဒ္ဒရာ တို့မှာ ပို အတွေ့များပါတယ်။ သန္တာေ ကျာက် တန်းတွေ ကြား ထဲမှာ နေထိုင် တတ် ပါတယ်။
ယာဉ်အားမဆင်မခြင်မောင်းနှင်၍ ယာဉ်တိုက်လူသေဆုံး
၁.၁၀.၂၀၁၃ရက်နေ့
၂၃၃၀အချိန် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်း အတိုင်း မြောက်မှတောင် သို့
ကောင်းမြတ်၊ (ဘ)ဦးတင်အောင် ၊တောင်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်လာသော
၁ဂ/-----၊ပါရမီ
ရခိုင်ပြည်နယ်က ပဋိပက္ခတွေ အဆုံးသတ်ရေး ပူးပေါင်းကြိုးပမ်းဖို့ သမ္မတတိုက်တွန်း

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခတွေ ဆက်လက်မဖြစ်ပွား ရအောင် ပြည်နယ်အစိုးရ အနေနဲ့ ပြည်သူတွေနဲ့ ပူးတွဲပြီး ကြိုးပမ်းသွားဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
သံတွဲမှာ ၅ ဦးသေ၊ အိမ် ၁၀၀ မီးရှို့ခံရ

ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးနွယ်တဲ့ ပဋိပက္ခအတွင်း ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ သံတွဲမြို့နယ် အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
သမ္မတဦးသိန်းစိန် သံတွဲရောက်

မနေ့ကတည်းက ရခိုင်ပြည်နယ်ကို ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဒီ ကနေ့ ညနေပိုင်းမှာတော့ သံတွဲမြို့ ဆီ ရောက်သွားပါပြီ။
သံတွဲအကြမ်းဖက်မှု ကုလ-ကန်စိုးရိမ်

ရခိုင်ပြည်နယ် သံတွဲမြို့မှာ လူအသေအပျောက်တွေရှိခဲ့တဲ့အထိ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိ ပက္ခတွေ နဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်း က စိုးရိမ်တဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန် ခဲ့ကြပါတယ်။
တေးသံရှင်ဆိုတေး ကျန်းမာရေးအခြေအနေတိုးတက်

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တစ်လကျော်ကြာ တက်ရောက် ဆေးကုသလျက်ရှိသော တေးသံရှင် ဆိုတေး၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုတိုးတက်ကောင်းမွန်လျက်ရှိကြောင်း ဆိုတေး၏ မိသားစုဝင်များ က ပြော ကြားသည်။
ကျောက်ဖြူတွင် ယာဉ်တိုက်မှု ဖြစ်ပွား၊ ၁၈ ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဒီနေ့ မနက်စောစောက ယာဉ်တိုက်မှု ၁ ခုဖြစ်ပွားပြီး လူ ၁၈ ဦး ဒဏ်ရာ ရသွားပါတယ်။
မွန်ပြည်နယ်တွင် တရားမဝင်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော် ယာဉ် များစဖမ်း

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အခွန်ဆောင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် တရားမဝင် ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များကို အောက်တိုဘာလမှစတင်ကာ ရွေ့လျား စစ်ဆေးရေး အဖွဲ့ (Mobile Team) များဖြင့် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲအုပ် တင်မျိုးဇော် က ပြော ကြား သည်။
အရာရှိအဆင့် (ပြည်သူ့စစ်) မောင်းနှင်လာသော ကားပေါ်မှ ကျောက်စိမ်းတုံးများဖမ်းမိ

မန္တလေးတိုင်းဒေသကြီး ၊ ပုသိမ်ကြီးမြို့နယ် ၊ ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၂၅ ရက်နေ့က မန္တလေးမှမူဆယ်သို့ ထွက်ခွာမည့် အရာရှိအဆင့်နှင့် ဒုဗိုလ်အဆင့်ရှိသူတို့ မောင်းနှင်လာသော စူပါကာစတန် ကားပေါ် မှ တရားမ၀င်ကျောက်စိမ်းတုံးများကို အကောက်ခွန်ဦးစီးဌာနနှင့် နယ်မြေခံရဲစခန်း၊ ၁၆ မိုင်ဂိတ် တာဝန်ကျတို့ ပူးပေါင်းရှာဖွေ ဖမ်းမိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်
Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် အောက်တိုဘာ ၁ရက်နေ့ညက သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
Subscribe to:
Posts (Atom)

